[MM Daily Mail:3219] [Richard Aung] သူစိမ်းမျက်လုံးတွေ အောက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်




The Irrawaddy's Blog


(အိမ့်သံစဉ်)











ယနေ့ အိမ်နီချင်း အချို့က လာပြောသည်။


ကျနော့်ကို အသွားအလာ အပြော အဆို အထူး သတိထားဖို့ စေတနာဖြင့် သတိပေးပါကြောင်း ......... အမျိုးမည်မသိ လူစိမ်းများ ကျနော့်အိမ်ကို လာစောင့်ကြည့်နေကြောင်း၊ ( လူစိမ်းဆိုကတည်းက သဘော ပေါက်ပါသည်) အပြောအဆို အနေအထိုင် သတိထားနေစေလိုကြောင်း စေတနာနှင့် လာပြောရှာပါသည်။




ကျနော့် မိသားစုနှင့် ကျနော့် အမေ ကလည်း အပြုံးမပျက် ပြန်ပြောလိုက်ပါသည်တဲ့။ ငါ့သားလေး ရိုးရိုးသားသား စီးပွားရှာစာရင်း သူ့ အားလပ်ချိန်က လုပြီး တိုင်းပြည် အတွက် သူမှန်တယ် ထင်ရာကို သူလုပ်နေတာ။ ပြည်သူကို ဖိစီးနှိပ်စက်နေတာ မဟုတ်ဘူး၊ သူ လုပ်တဲ့ နိုင်ငံရေး ကလည်း အများ အကျိုးအတွက်ပဲ ဖြစ်သင့်တာကို သူလုပ်နေတာ၊ သူ့ကိုယ်ကျိုးအတွက် သူ့မိသားစု အတွက် ဘာမှ မမျှော်ကိုးပဲ လုပ်နေတာ သူ့ ကို လာစောင့်ကြည့် ခြိမ်းခြောက်နေလို့လည်း သူ ကြောက်မှာ မဟုတ်ဘူး....... မပူကြပါနဲ. လို့ အိမ်နီးချင်းတွေကို အမေ က သူပြန်ပြောလိုက်တာကို လာပြောရှာပါတယ်။




ဒီလိုပဲ ဟိုးနှစ် ကျနော် အဖမ်းမခံရခင်တုန်းကလည်း အဲဒီလိုပါပဲ။ အိမ်နီးချင်းတွေ က အရင် သတင်းလာ ပေးပါတယ်၊ ဖုန်းနံပတ် မပေါ် အသံဖျက်ထားတဲ့ အသံတွေနဲ့လည်း ကျနော် အဖမ်းခံရတော့မယ့်  အကြောင်း အသိပေး တိမ်းရှောင်ခိုင်းတဲ့ စကားတွေ ပြောပါတယ်။




ကျနော်က ဘာဖြစ်လို့ တိမ်းရှောင်ရမှာလဲ။ ဥပဒေကို လက်တလုံးခြား လုပ်၊ ရာထူး အာဏာ ကိုသုံးပြီး မတရား ကိုယ်ကျိုးစီးပွား ရှာစားထားသူလည်း မဟုတ်၊ နိုင်ငံပျက်စီးရာ ပျက်စီးကြောင်း မတရား အလုပ်တွေ လုပ်ခဲ့သူလည်း မဟုတ်။




ကျနော် သင်ခဲ့လေ့ကျင့်ခဲ့ရသမျှကလည်း (သူရ) အများ အကျိုး အတွက် ရဲရင့်ခြင်း၊ (သစ္စာ)- အများပြည်သူ အကျိုးအတွက် တည်ကြည်စွာ ထမ်းရွက်သစ္စာစောင့်ထိန်းခြင်း၊ (သိပ္ပ) အတတ်ပညာ အတွေးအခေါ် တို့ကို ခေတ်မှီရင့်ကျက်အောင် လေ့ကျက်တွေးခေါ်ပြီး ခေတ်နဲ့ အညီ အမိမြေကို ကာကွယ်တည်ဆောက် စောင့်ရှောက်ခြင်း စတာတွေဟာ မျိုးချစ်စစ်သည် ကျောင်းဆင်း အရာရှိတိုင်း ကျင့်သုံးရမယ့် ခံယူချက်တွေ


ဖြစ်ပါတယ်။




စိတ်ဓါတ်ရေးရာ အရ စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက် မချ ဆိုတာကိုပဲ အမြဲကျင့်သုံးသူဖြစ်လေတော့ ကျနော် ထွက်မပြေးပါ။ လာဖမ်းမယ့် ရက်ကို အေးဆေးစွာစောင့်ပြီး နေခဲ့ပါတယ်။




မကြာပါဘူး ကျနော့်ကို ခန လိုက်ခဲပါလို့ ၀ရမ်းမပါ၊ စာမပါ။ ဘယ်သူမှန်း မသိသူ ရဲ အရာရှိတွေက လာခေါ်တာနဲ့ ပါသွားတော့တာပါပဲ။




ပြီးတော့ ဘယ်သူနဲ့မှ တွေ့ခွင့် မရတော့ပဲ၊ လူစိတ်နဲ့ ကိုယ်ချင်းစာ လူကြီးလူကောင်းစိတ် မရှိသူ အရာရှိ အချို့ရှေ့မှောက်မှာ ဥပဒေနဲ့ မညီတဲ့ စစ်မေးမှုတွေ ထိန်းချုပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။


နောက်တော့ ထောင်ဆယ်နှစ် ချခံရတော့တာပါပဲ။




ကျနော်တို့တွေ ဟာ ကိုယ့်လောဘ အတွက်၊ ကိုယ့်အတ္တ၊ ကိုယ်ကျိုးစီးပွား တွေ အတွက် တင်ရာမြင်ရာကို စမ်းတ၀ါးဝါးနဲ့ လုပ်နေကြသူတွေ မဟုတ်ပါ။




ရင်ထဲက ခံစားချက် ၊ မျက်မြင်ဖြတ်သန်းခဲ့ပြီးသော ခေတ်စနစ်ပေါ် အသိဥာဏ် ဆင်ခြင်တုံ မျော်မြင်တရား အခြေခံပြီး သမိုင်းက ပေးအပ်လာတဲ့ သမိုင်းပေး တာဝန်တွေထဲက ကိုယ်နဲ့ သက်ဆိုင် ဆက်စပ်ရာ လုပ်နိုင်သမျှ သော ခေတ်ဝန်ကို နိုင်သလောက် ၀င်ထမ်းကြခြင်းပဲဖြစ်ပါတယ်။




လာရောက်စောင့်ကြည့်သည် ဆိုတဲ့ အဖွဲ့တွေက ဘယ်သူဘယ်ဝါတွေလည်း ကျနော် မသိပါ။ စိတ်လည်း မ၀င်စားပါ။ သူတို့ကို ပြန်လည် အလေးထား စောင့်ကြည့်လေ့လာဖို့လည်း ကျနော်တို့မှာ အချိန်မရပါ။




သူတို့လို သူတို့တွေဟာ သူတို့ ကျနော်တို့ နိုင်ငံအတွက် တထောင့်တနေရာကနေ ပြုပြင်ပြောင်းလဲ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ထမ်းဆောင်ဖို့ အားလုံး ရဲ့ အင်အားတွေ၊ ကာယ ဥာဏ စွမ်းရည်တွေ လိုအပ်နေချိန်မှာ အကျိုးမဲ့ အချည်းနှီးဖြစ်စွာနဲ့ ဘာမဟုတ်တဲ့ စစ်ပုလိပ် အုပ်ချုပ်ရေး ခေတ်ကလို အပို အလုပ်တွေကို အချိန်ကုန် ငွေကုန် နိုင်ငံဘဏ္ဍာတွေ အကုန်ခံပြီး ဖြုန်းတီးနေကြတာကို စိတ်မကောင်းပါ။




ဒီလို အကျိုးမဲ့ အချည်းနှီးဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေ လူထု ကို ထိန်းချုပ်စောင့်ကြည့် ခြိမ်းခြောက် နေစေတဲ့ လုပ်ရပ်တွေ ကို ခေတ်စနစ်နဲ့ အညီ ပြောင်းလဲ အစားထိုးနိုင်ခြင်း မရှိသရွေ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ့် လမ်းကြောင်းကတော့ မှုန်ပျပျ သာ ဖြစ်နေအုံးမည် ထင်ပါကြောင်း ..............




by ကိုနေမျိုးဇင်



--
Posted By Richard Aung to Richard Aung at 7/26/2012 12:16:00 PM

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
 
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။