[MM Daily Mail:3219] [Richard Aung] ဆည်ရေမလွှဲပေးသည့်အတွက် လယ်သမားများ စိုက်ပျိုးရန် အခက်ကြုံ





DVB




|

ခင်မင်းေဇာ်






မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ ရွာသာကြီးကျေးရွာက လယ်သမားတွေ အတွက် မယ်ဇလီဆည်က ရေလွှဲမပေးတာကြောင့် စိုက်ပျိုးချိန်မှာ အခက်အခဲ ဖြစ်နေရပါတယ်။


ရေမရရှိဘဲ အခက်အခဲ ဖြစ်နေရတဲ့ လယ်မြေ ဧက ၃၅၀ ကျော်လောက် ရှိတယ်လို့ ပွင့်ဖြူမြို့နယ် ရွာသာကြီး ကျေးရွာ ဒေသခံ လယ်သမားတွေက ပြောပါတယ်။


လယ်သမား ဦးခင်မောင်တင့်က "အခက်အခဲကို သူတို့ရှေ့ ပြောပြန်တော့လည်း သူတို့က ဘယ်လိုပါ ညာလိုပါနဲ့ ဆိုပြီး ပြောနေတော့ ကျနော်တို့မှာက မတင်ပြတတ်ဘူး ခင်ဗျ။ သူတို့သွားပြောပြန်တော့လည်း မြောင်းမကောင်းလို့ ဆိုတဲ့အတွက် မြောင်းဖောက်ပေးပြန်တော့လည်း ရေက ခုထက်ထိမလာသေးဘူး။ အချိန်ကနှောင်းပြီ၊ ခုထက်ထိ ဧကပေါင်း ၃၅၀ လောက်ရှိတာ အခုဆိုရင် လုံးဝကို ကျနော်တို့ ရေမလာပါဘူး။ လာတဲ့ရေလေးကလည်း ၁ မှုတ်စ ၂ မှုတ်စ လို့ပဲ ပြောရမှာပါ" လို့ ဆိုပါတယ်။


ရေလွှတ်ပေးတဲ့ မယ်ဇလီဆည်က တာဝန်ရှိသူတချို့ကို သွားရောက် ပြောပေမယ့်လည်း မထူးခြားဘဲ စနေ၊ တနင်္ဂနွေ အလှည့်ကျပေးတယ်လို့ ဆိုပါတယ်။ တတ်နိုင်တဲ့ လယ်သမားတွေအနေနဲ့ ရေစုပ်စက် စတာတွေ သုံးပြီး မရရအောင် စိုက်ပျိုးခဲ့တဲ့ လယ်မြေတွေလည်း ရှိပါတယ်။


လယ်သမား ဦးမျိုးညွန့်က "ကျနော်တို့ သွားပြောတဲ့အချိန်မှာ ကျနော်တို့က အလွတ်သွားရတာ မဟုတ်ဘူးခင်ဗျ။ ပေးစရာကမ်းစရာတွေနဲ့ သွားရတာ။ ကျနော်တို့မှာ ဆန်ပါတယ်၊ ဆီပါတယ်၊ ငွေကြေး စသဖြင့်ပေါ့လေ။ အဲဒါမျိုးတွေ ပါတယ်ခင်ဗျ။ အဲဒါမျိုးနဲ့ ကျနော်တို့ သွားပြောတယ်။ သွားပြောတဲ့အချိန်မှာ တိုးပေးလိုက်တယ်။ နည်းနည်းတော့။ ဒါအချိန်ပိုင်း ကာလလေးတခုပဲ ၂ ရက်၊ ၃ ရက်။ အဲဒါအလွန်ဆုံးပဲ အဲထက်ပိုပြီး တိုးမပေးဘူး။ နောက်ကျတော့လည်း ပုံမှန်အတိုင်းပဲ ဖြစ်သွားတာပဲ။ ရေမလာတာ ပုံမှန်အတိုင်းပဲ" လို့ ပြောပါတယ်။


အခုချိန်မှာ လိုသလောက် ရေမလွှတ်ပေးပေမယ့် ရိတ်ချိန် ပျိုးချိန်ရောက်ရင်တော့ ရေကို အလုံးအရင်းနဲ့ လွှတ်တတ်တာကြောင့် ရိတ်သိမ်းခါနီး သီးနှံတွေ ပျက်စီးတာမျိုး ကြုံခဲ့ရပါတယ်။ ဒီလို အခက်အခဲတွေကို နိုင်ငံတော်က တာဝန်ရှိသူတွေ အားလုံးသိစေချင်တယ်လို့ လယ်သမား ဦးချစ်တင်က ပြောပါတယ်။


"ကျနော်တို့ နိုင်ငံတော်သမ္မတကြီး သိအောင်ကတော့ ဒါလေးတွေကို ကျနော်တို့ အောက်ခြေလေးတွေကို ပြောပေးပါလို့၊ ကျနော်တို့ ဆင်းရဲသားတွေမှာ တော်တော့်ကို ငတ်တွင်းနက်နေပါတယ်ပေါ့။ ကျနော်တို့မှာ ၀မ်းစာအတွက်လည်း တော်တော်ဆင်းရဲပါတယ်။ ဒီလယ်လေးတွေ လုပ်မှ စားရမှာဆိုတော့ မတတ်နိုင်တဲ့လူကလည်း ဒီလယ်လေးတွေကို အဆင်ပြေမှ စားရမှာ ဆိုတော့ ဒါလေးတွေကို ရေပေးဝေအောင် ကျနော်တော့ သမ္မတကြီးသိအောင် ပြောချင်ပါတယ်ခင်ဗျ။"


ဒီနှစ်မုတ်သုံရာသီ မြန်မာနိုင်ငံအောက်ပိုင်းမှာ မိုးရက်ဆက်နီးပါး ရွာပေမယ့် အထက်ပိုင်းမှာတော့ မိုးခေါင်နေပါတယ်။ ရေမရလို့ လယ်ထွန်ထားတာတွေလည်း ခြောက်သွေ့ပြီး မစိုက်ပျိုးနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။




--
Posted By Richard Aung to Richard Aung at 7/28/2012 09:33:00 AM

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
 
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။