[MM Daily Mail:3269] [Richard Aung] ၅ ရက်အတွင်း SSPP/SSA တပ်စခန်းများရုပ်ရန် ရမခ တိုင်းမှူး ညွှန်ကြား

သျှမ်းသံတော်ဆင့်







ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇောက သျှမ်းပြည်တပ်မတော် SSPP/SSA အား လှုပ်ရှားနေသည့် နယ်မြေအတွင်းမှ မဆုတ်ခွါပါက ၅ ရက်အတွင်း နယ်မြေရှင်းလင်းရေး လုပ်မည်ဖြစ်ကြောင်း ရှေ့တန်းရောက် သျှမ်းပြည်တပ်မတော် တပ်မှူးများကပြောသည်။





" ကျနော်တို့ရဲ့ မြို့နယ်အမှတ် ၁၀ နမ့်မ ဂွင် ဖြစ်တဲ့ လားရှိုး၊ သီပေါ၊ မိုင်းရယ် နဲ့ကပ်ရက်ဒေသ တွေ မှာ လှုပ်ရှားနေတဲ့ တပ် တွေကို အမြန် ဆုံးတပ်ရုပ်ပေးဖို့ ရမခတိုင်းမှူးက အခုလ ၂၁ ရက်နေ့က ဟန်နား ပြည်သူ့စစ်တပ်ဖွဲ့ဆီကနေ ညွှန်ကြားလာ တယ်။ လူထုကိုသနားရင် လှုပ်ရှားနေတဲ့နေရာကနေ ဌာနချုပ်ဝမ့်ဟိုင်းဆီကိုအမြန်ဆုံးတပ်ဆုတ်ပေးဖို့၊ မဆုတ်ပေးရင် ၅ ရက်အတွင်း နယ်မြေ ရှင်းလင်းရေး လုပ် မယ် - လို့ပြောတယ်" ဟု ရှေ့တန်းစစ်မျက်နှာရောက် SSPP/SSA အရာရှိတဦးက ပြောသည်။




SSPP/SSA မှ တပ်မှူးတဦးကလည်း မိမိတို့သည် မိဘပြည်သူကို ကြင်နာသောကြောင့် အပစ်ရပ်ရန် သဘောတူရခြင်းဖြစ် ကြောင်း၊ ယခု ကဲ့သို့ မိမိတို့အား ရောက်သည့်အရပ်မှ တပ်ဆုတ်ပြန်ရန် ညွှန်ကြားချက်ပေးလာသည့် မြန်မာအစိုးရတပ်အနေ ဖြင့်လည်း မိဘပြည်သူ အား အမှန်တကယ်ကြင်နာပါက ငြိမ်းချမ်းရေးသဘောတူညီချက်အတိုင်း တောတွင်းသို့ ဝင်ရောက် ခြင်းမပြုရန် လိုအပ်သည်ဟု သျှမ်းသံ တော်ဆင့်သို့ပြောသည်။




"မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတုန်းက ၀မ့်ဟိုင်းတွင် အခြေပြု၍ တပ်ဖွဲ့ဝင်များအား လက်ရှိ နေရာများတွင် ယာယီ အခြေပြု နေထိုင်သွားရန် ဆိုတဲ့အချက်ကို သဘောတူညီချက်ရထားတဲ့အလျောက် ကျနော်တို့ဆက် လက်လှုပ်ရှားသွားမယ်။ မြန် မာစစ်တပ်က ကျနော်တို့ကိုရန်ရှာလာရင်တော့ ကိုယ့်ကိုယ်ကိုကာကွယ်ရမှာဘဲ" ဟု ၎င်းက ဆက်ပြောသည်။




သို့သော် သျှမ်းပြည်မြောက်ပိုင်းရှိ အဆိုပါ မြို့နယ်အမှတ် ၁၀ နေဒေသခံများမှာမူ လယ်ယာစိုက်ပျိုးချိန်ဖြစ်သဖြင့် နယ် မြေရှင်းလင်းရေး၊ ခုခံကာကွယ်တိုက်ခိုက်ရေးတို့အတွက် စိုးရိမ်ပူပန်နေရကြောင်း၊ စပါးမရမှီထွက်ပြေးတိမ်းရှောင်ရမည့် အရေး တွေးပူနေကြကြောင်း ပြော ဆိုသည်။




မြန်မာအစိုးရစစ်တပ်သည် သျှမ်းပြည်တပ်မတော်တောင်ပိုင်း၏ အခြေချတပ်စခန်းများကိုလည်း တိုက်ခိုက်နေသည်ဖြစ်ရာ အပစ်ရပ်ရေး ဆွေးနွေးထားသည့် တိုင်းရင်းသားတပ်ဖွဲ့များအပေါ် မည်သည့်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေဆဲဖြစ်နေရ သည့်အကြောင်းကို နိုင်ငံ တော် သမ္မတကြီးထံ RCSS/SSA ကစာရေးသားပေးပို့မည်ဟုလည်း ခေါင်းဆောင်ဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါသည်။




အပစ်ရပ်ရေးဆွေးနွေးပြီးသည့်နောက်ပိုင်း ယနေ့အထိ သျှမ်းပြည်တပ်မတော် RCSS/ SSA နှင့် ၂၅ ကြိမ် SSPP/SSA တပ်ဖွဲ့နှင့် ၂၃ ကြိမ် မြန်မာအစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။



--
Posted By Richard Aung to Richard Aung at 7/24/2012 01:18:00 PM

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
 
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။