ဇူလိုင် ၃ ရက် လွတ်မြောက်လာသူများ စာရင်း ရသမျှ
မိုးမခ၊ ဇူလိုင် ၃၊ ၂၀၁၂
ယနေ့ကြေညာသော အကျဉ်းသား ၈၀ လွတ်မြောက်ခွင့်ပေးသည့်စာရင်းတွင် အောက်ပါ နိုင်ငံရေးအကျဉ်းသား ပါဝင်ကြောင်း သိရှိရသည်။ နံမယ်စာရင်းများကို ၈၈ မျိုးဆက် ကျောင်းသားများ၏ ရုံးခန်းမှာ စုံစမ်းရယူနိုင်သည်။ နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်သည်ဟု ပြောသည်။
ကောရိယို (မြင်းခြံ) ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်မှု
ကိုအေးအောင် (ကလေး)
သန်းဇော်၊ (မြင်းခြံ)
ဒေါက်တာကျော်ကျော် (မြင်းခြံ)
ပြည့်ဖြိုးအောင် (ပြည်)
အောင်အောင်ဦး (ကသာ)
အောင်ကျော်မိုး (မြစ်ကြီးနား)
ဒေါ်ဝင်း (ကော့သောင်)
မ၀ါ (ထားဝယ်)
မဦး (ထားဝယ်)
ကိုဝင်းလွင် (ထားဝယ်)
ဦးမြင့်ကြိုင် (အင်းစိန်) ၁၇(၁) ၁၃(၁) ၅ နှစ်ကျ။
အောင်မိုးဇော် ခေါ် မိုးသီး (အင်းစိန်) သင်းဖွဲ့ပုဒ်မ၊ ၆ နှစ်ကျ။
အေးအေးနွယ် ခေါ် အဲလီဇဘက် (အင်းစိန်)
စောဖရန်စစ် ခေါ် ကျော်ကျော် (အင်းစိန်)။ ၁၇(၁)၊ ၁၃(၁)၊ ၃ နှစ်ကျ
စောနိုင်ဝင်းခေါ် အလက်ဇန်းဒါး (အင်းစိန်)
မဇာနည်ဦး ခေါ် ဇာဇာ (အင်းစိန်)
စောဝီလျံ (အင်းစိန်) ။ ၅ နှစ်ကျ ၁၇(၁) ၁၃(၁)၊
ဇော်မင်းအောင် (အင်းစိန်) ၁၇(၁) ၁၃(၁) ၂ နှစ်ကျ၊
ကိုအေးသိန်း ခေါ် ရန်နိုင် (အင်းစိန်) ၁၇(၁) ၁၃(၁)
ထွန်းမြတ်သူ ၂၇ နှစ်ကျ၊ ၁၂ နှစ် နေခဲ့။ ၁၇(၁) ၁၃(၁)။ ၂၄(၁)၊ ၄၂၀။ ၄၆၈။
(ဓာတ်ပုံ - ကိုအေးအောင်၏ မိခင်နှင့် သားဓာတ်ပုံ၊ ဖေ့စ်ဘွတ်)
News Excerpts from Yangon Press International -
News Excerpts from Yangon Press International -
လွတ်မြောက်လာသူများထဲတွင် Generation Wave မှ ကိုဇင်လင်းအောင် ပါဝင်ခြင်းမရှိဟု နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောသည်။
ယခုလွတ်မြောက်လာသည့် မမာဏနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့မှ ဦးသက်ဦးက
" အခုကျွန်တော်တို့ စာရင်းရထား သလောက်ဆို အများဆုံး ၂၅ ဦးလောက်ပဲ နိုင်ငံရေး အကျဉ်းသားရှိသေးတယ်။ အခြား နစကနဲ့ ထောက်လှမ်းရေး တွေလည်းပါနေသေးတော့ တလောက ကျွန်တော်တို့ စာရင်းထုတ်ပြန်ထားတဲ့ နိုင်ငံရေး အကျဉ်းသား ၃၃၄ ဦးနဲ့စာရင် အရမ်းနည်းလွန်းနေပါတယ်" ဟု YPI သို့ ပြောသည်။
80 prisoners with some political prisoners released by regime
အင်းစိန် အကျဉ်းထောင်မှ ကျား ၉ ဦး မ ၃ ဦးလွတ်မြောက်
နံနက် ၁၀ နာရီခွဲ၊ ဇူလိုင် ၃၊ ၂၀၁၂၊ Yangon Press International
နိုင်ငံတော် သမ္မတ ၏ အမိန့်ဖြင့် ယနေ့လွှတ်ပေးမည့် အကျဉ်းသား ၈၀ ဦးတွင် အင်းစိန် အကျဉ်းထောင်မှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ လွတ်မြောက်လာသည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုဘောင်းဘောင်းက အတည်ပြုပြောဆိုသည်။
၎င်း လွှတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများအား ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးခန်းသို့ ယခုသတင်းရရှိချိန်တွင် သွားရောက်နေပြီဟုလည်း သိရှိရသည်။
ယင်းလွတ်မြောက်သူများထဲတွင် ပဲခူးမြို့မှ စောဝီလျံ ပါဝင်သည်ဟု အတည်ပြုနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးသက်ဦးက ပြောသည်။
(Photo - Screen shot from MOI, Burmese Regime)
Facebook excerpts - နိုင်ငံရေးအကျဉ်းသားများဖြစ်သော.. ကိုအေးအောင်၊ ကိုသန်းဇော်၊ ကိုပြည့်ဖြိုးအောင်၊ ကိုအောင်အောင်ဦးတို့  လွတ်မြောက်စာရင်းထဲ ပါသည်ဟု ဆိုသည်။
နံနက် ၁၀ နာရီခွဲ၊ ဇူလိုင် ၃၊ ၂၀၁၂၊ Yangon Press International
နိုင်ငံတော် သမ္မတ ၏ အမိန့်ဖြင့် ယနေ့လွှတ်ပေးမည့် အကျဉ်းသား ၈၀ ဦးတွင် အင်းစိန် အကျဉ်းထောင်မှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ လွတ်မြောက်လာသည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုဘောင်းဘောင်းက အတည်ပြုပြောဆိုသည်။
၎င်း လွှတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများအား ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးခန်းသို့ ယခုသတင်းရရှိချိန်တွင် သွားရောက်နေပြီဟုလည်း သိရှိရသည်။
ယင်းလွတ်မြောက်သူများထဲတွင် ပဲခူးမြို့မှ စောဝီလျံ ပါဝင်သည်ဟု အတည်ပြုနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးသက်ဦးက ပြောသည်။
(Photo - Screen shot from MOI, Burmese Regime)
Facebook excerpts - နိုင်ငံရေးအကျဉ်းသားများဖြစ်သော.. ကိုအေးအောင်၊ ကိုသန်းဇော်၊ ကိုပြည့်ဖြိုးအောင်၊ ကိုအောင်အောင်ဦးတို့  လွတ်မြောက်စာရင်းထဲ ပါသည်ဟု ဆိုသည်။
Kyaw Thu - FFSS Yangon Activity,
အလှူဒါန လက်နှင့်မကွာ ရွှေစင်စကြာ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇူလိုင် ၂၊ ၂၀၁၂
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇူလိုင် ၂၊ ၂၀၁၂
ရွှေစင်စင်္ကြာ (အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း) မိသားစုမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့ ၁.၇.၂ဝ၁၂ (တနင်္ဂနွေနေ့) နံနက်ပိုင်းတွင် HIV/AIDS ဝေဒနာရှင်များအား ကူညီစောင့်ရှောက်မှုများကိုပြုလုပ်နေသော မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းထံသို့ အလှူငွေပေးအပ်လိုကြောင်းဆက်သွယ်ခဲ့ရာ ၂.၇.၂ဝ၁၂ (တနင်္လာနေ့) ညနေ (၃း၃ဝ) နာ ရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဘုရားခန်းမဆောင်၌ ရွှေစင်စင်္ကြာ (အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း)မှ HIV/AIDS Prevention and Care Section မှ တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းထံသို့ အလှူငွေ ၃ဝ၅ဝဝဝဝိ/- (သိန်းသုံးဆယ်ငါးသောင်း) ကျပ်တိ တိအား လာရောက် လှူဒါန်းမှုကို ပြုလုပ်ခဲ့သည်။
HIV/AIDS Prevention and Care Section မှ ဝေဒနာရှင်စုစုပေါင်း (၃ဝဝ) ဦးခန့်အား အမှတ် (၃၇၆)၊ ကမ္ဘောဇ (၂) လမ်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ နေအိမ်(ဂေဟာ)နှင့် ဟိုက်စင်ဒူးဝါးလမ်း၊ စိုက်ပျိုးရေးခြံ၊ (၁၁) ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဂေဟာတို့တွင် ပြုစုစောင့် ရှောက်ကုသပေးလျှက်ရှိသည်။ ယင်းအလှူငွေ ပေးအပ်ပွဲအခမ်းအနားတွင် ရွှေစင်စင်္ကြာ (အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း) မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့သည်။ ငွေလှူဒါန်းခြင်း အစီအစဉ်ပြုလုပ် ပြီးချိန်တွင် အမေရိကန်နိုင်ငံရှိ ပန်းချီ မင်းကျော်ခိုင်ရေးဆွဲထားသော ဒေါ်ဖြူဖြူသင်း၏ Sketch ပုံတူပန်းချီကားချပ်အား နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှတစ်ဆင့် လက်ဆောင်ပေးအပ်ခဲ့သည်။ အခမ်းအနားပြီးဆုံးသွားချိန်တွင် ရွှေစင်စင်္ကြာ မိသားစုများ၊ ဝန်ထမ်းများမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် မကြာခင်ဖွင့်လှစ် ခွဲစိတ်ကုသပေးတော့မည်ဖြစ်သော မျက်စိခွဲစိတ်ခန်းသို့ ဝင်ရောက်လေ့လာကြည့်ရှုခဲ့ကြကာ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ရွှေစင်စင်္ကြာ (အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း) မိသားစုများသည် နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးနှင့် မိဘမဲ့ကလေးစောင့်ရှောက်ရေး ဂေဟာများတို့အား သိန်းပေါင်းမြောက်များစွာ စဉ်ဆက်မပျက် လှူဒါန်းသာ သနာပြုနေကြသော အလှူရှင်၊ ဒါနရှင်များပင် ဖြစ်တော့သည်။
(ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုစောင့်ရှောက်ခြင်းသည် ငါဘုရားအား ပြုစုစောင့်ရှောက်ခြင်းမည်ပေ၏။)
Aung Way - Poem
ရင်ပြင်နီတစ္ဆေနှင့် ဆုံတွေ့ခြင်း
အောင်ဝေး
ဇူလိုင် ၂၊ ၂၀၁၂

illustrator - Ko Myoe
သထုံလမ်းက
ရမ်းရမ်း ရော်ရော်
ခေါ်သံ တစ်စ
မိုးရေဆမ်းတဲ့ ည။
တဖျပ်ဖျပ်နဲ့ 
လှပ်လှပ် မှုန်မှုန်
ရွေ့တယ်ဆိုရုံကလေး။
မန္တလေးဆောင်ရှေ့
သစ်ရွက်လေဝှေ့ 
ငါတွေ့လိုက်ရတဲ့ တစ္ဆေ။
အလို- တစ္ဆေ
တစ္ဆေ
သူ့မျက်နှာမှာ
မျက်ရည်တွေနဲ့ပါလား။
အို
ခြင်္သေ့တံခါး
သူသွားဖွင့်နေပါလား။
ည၏နတ္ထိ
လမ်းအဓိပတိ
ဘယ်သူမှ မရှိ
တစ္ဆေနဲ့ ငါ
မေတ္တာမျှမိ။
ငါ ။ ။ ခင်ဗျား သေဆုံးလား ... ကျဆုံးလား။
တစ္ဆေ ။ ။ ကျဆုံး။
ငါ ။ ။ ခင်ဗျား ဒဏ်ရာ။
တစ္ဆေ ။ ။ ကျည်ဆန် သုံးချက်
ဝဲဘက်ရင်အုံ-၁
ယာဘက်ရင်အုံ-၂။
ငါ ။ ။ ခင်ဗျား နာမည်။
တစ္ဆေ ။ ။ နေ၀င်းနိုင် (နာမည်လွှဲထားသည်)
ငါ ။ ။ ခင်ဗျား တစ္ဆေသက်။
တစ္ဆေ ။ ။ အနှစ် ငါးဆယ်။
ငါ ။ ။ ခင်ဗျား ကျဆုံးခဲ့တဲ့နေရာ။
တစ္ဆေ ။ ။ ရင်ပြင်နီ။
ငါ ။ ။ ခင်ဗျား အခုဘာကိုလွမ်းနေတာလဲ။
တစ္ဆေ ။ ။ သေဆုံးသွားတဲ့ နိုင်ငံတော်ကို။
ငါ ။ ။ ဘယ်တုန်းက သေသွားတာလဲ။
တစ္ဆေ ။ ။ ဒီနေ့ပဲ။
ငါ ။ ။ ဒီနေ့ဆိုတာ ဘယ်နေ့လဲ။
တစ္ဆေ ။ ။ ဒီနေ့ဆိုတာ နေ့တိုင်းပဲ
နေ့တိုင်းဟာ ဒီနေ့ပဲ။
(၀န်ခံချက် ။ ။ ၇၊ ၇၊ ၇၇ ပုသိမ်အကျဉ်းထောင်ထဲမှာ ရေးခဲ့ဖူးတဲ့ကဗျာကို၊ ယနေ့ ဆဲဗင်းဂျူလိုင် နှစ်ငါးဆယ်ပြည့်အတွက်၊ ပြန်လည်ပြင်ဆင် ရေး ဖွဲ့ ထားခြင်းဖြစ်ပါသည်)
ဇူလိုင် ၂၊ ၂၀၁၂

illustrator - Ko Myoe
သထုံလမ်းက
ရမ်းရမ်း ရော်ရော်
ခေါ်သံ တစ်စ
မိုးရေဆမ်းတဲ့ ည။
တဖျပ်ဖျပ်နဲ့ 
လှပ်လှပ် မှုန်မှုန်
ရွေ့တယ်ဆိုရုံကလေး။
မန္တလေးဆောင်ရှေ့
သစ်ရွက်လေဝှေ့ 
ငါတွေ့လိုက်ရတဲ့ တစ္ဆေ။
အလို- တစ္ဆေ
တစ္ဆေ
သူ့မျက်နှာမှာ
မျက်ရည်တွေနဲ့ပါလား။
အို
ခြင်္သေ့တံခါး
သူသွားဖွင့်နေပါလား။
ည၏နတ္ထိ
လမ်းအဓိပတိ
ဘယ်သူမှ မရှိ
တစ္ဆေနဲ့ ငါ
မေတ္တာမျှမိ။
ငါ ။ ။ ခင်ဗျား သေဆုံးလား ... ကျဆုံးလား။
တစ္ဆေ ။ ။ ကျဆုံး။
ငါ ။ ။ ခင်ဗျား ဒဏ်ရာ။
တစ္ဆေ ။ ။ ကျည်ဆန် သုံးချက်
ဝဲဘက်ရင်အုံ-၁
ယာဘက်ရင်အုံ-၂။
ငါ ။ ။ ခင်ဗျား နာမည်။
တစ္ဆေ ။ ။ နေ၀င်းနိုင် (နာမည်လွှဲထားသည်)
ငါ ။ ။ ခင်ဗျား တစ္ဆေသက်။
တစ္ဆေ ။ ။ အနှစ် ငါးဆယ်။
ငါ ။ ။ ခင်ဗျား ကျဆုံးခဲ့တဲ့နေရာ။
တစ္ဆေ ။ ။ ရင်ပြင်နီ။
ငါ ။ ။ ခင်ဗျား အခုဘာကိုလွမ်းနေတာလဲ။
တစ္ဆေ ။ ။ သေဆုံးသွားတဲ့ နိုင်ငံတော်ကို။
ငါ ။ ။ ဘယ်တုန်းက သေသွားတာလဲ။
တစ္ဆေ ။ ။ ဒီနေ့ပဲ။
ငါ ။ ။ ဒီနေ့ဆိုတာ ဘယ်နေ့လဲ။
တစ္ဆေ ။ ။ ဒီနေ့ဆိုတာ နေ့တိုင်းပဲ
နေ့တိုင်းဟာ ဒီနေ့ပဲ။
(၀န်ခံချက် ။ ။ ၇၊ ၇၊ ၇၇ ပုသိမ်အကျဉ်းထောင်ထဲမှာ ရေးခဲ့ဖူးတဲ့ကဗျာကို၊ ယနေ့ ဆဲဗင်းဂျူလိုင် နှစ်ငါးဆယ်ပြည့်အတွက်၊ ပြန်လည်ပြင်ဆင် ရေး ဖွဲ့ ထားခြင်းဖြစ်ပါသည်)
The Greatest Wedding Show
ရန်ကုန်မြို့ရဲ့ မင်္ဂလာဆောင်ဝတ်စုံပြပွဲ - The Greatest Wedding Show
ဓာတ်ပုံသတင်း
ဇူလိုင် ၂၊ ၂၀၁၂

ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံကြီးတွင် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် "The Greatest Wedding Show" ဖက်ရှင်ပြပွဲ မြင်ကွင်းများ ဖြစ်သည်။
မြန်မာ ဒီဇိုင်နာတို့၏ ဖန်တီးချက်များကို မြန်မာမိုဒယ်များ၊ သရုပ်ဆောင်များက ၀တ်ဆင် ပြသခဲ့ကြသည်။ (ဓာတ်ပုံ-AP/Khin Maung Win)
ဓာတ်ပုံသတင်း
ဇူလိုင် ၂၊ ၂၀၁၂

ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံကြီးတွင် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် "The Greatest Wedding Show" ဖက်ရှင်ပြပွဲ မြင်ကွင်းများ ဖြစ်သည်။
မြန်မာ ဒီဇိုင်နာတို့၏ ဖန်တီးချက်များကို မြန်မာမိုဒယ်များ၊ သရုပ်ဆောင်များက ၀တ်ဆင် ပြသခဲ့ကြသည်။ (ဓာတ်ပုံ-AP/Khin Maung Win)
Burmese Film Artists donated to Rakhine displaced families
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ငွေကျပ်သိန်း ၉၀၀ ကျော် ရခိုင်စစ်တွေသို့ ကိုယ်တိုင်လှူ
ဓာတ်ပုံသတင်း၊ Eleven Media Group Facebook က ကူးယူပါတယ်
ဇူလိုင် ၂၊ ၂၀၁၂
ယခုဇူလိုင်လဆန်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်သမားများ စုပေါင်းလှူဒါန်းတဲ့ ကျပ်ငွေ သိန်း ၉၀၀ ကျော်ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို သွားရောက်ပြီး ဒုက္ခသည်စခန်းအသီးသီးသို့ အနုပညာရှင်များကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ကြတာကို တွေ့ရပါတယ်။ Eleven Media Group က တင်ဆက်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည် ကူးယူတင်ပြတာ ဖြစ်ပါတယ်။
SUNDAY, JULY 1, 2012
The Democratic Party for New Society reformed inside Burma
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း) စုစည်းရေးကော်မတီ ဖွဲ့စည်း
တာရာဝေယံ၊ ဇူလိုင် ၂၊ ၂၀၁၂
အကြောင်းအမျိုးမျိုးကြောင့် အနယ်နယ်အရပ်ရပ်မှာ ပြန့်ကြဲနေတဲ့ လူ့ဘောင်သစ် ပါတီဝင်များနဲ့ ဒီမိုကရေစီအင်အားစုများကို စုစည်းနိုင်ဖို့အတွက် စုစည်းရေးကော်မတီ တစ်ရပ်ကို (၁၊ ၇၊ ၂၀၁၂) မှာ ဖွဲ့စည်းခဲ့ပါတယ်။
ကော်မတီမှာ ပါဝင်တဲ့သူတွေကတော့
၁။ ကိုဇေယျ (ရန်ကုန်)(တာဝန်ခံ)
၂။ ကိုအောင်ဇေယျ (ရွှေဘို)
၃။ ခွန်ရဲသွေး (တောင်ကြီး)။
၎။ ကိုညီညီ (ကျောက်တံတား)
၅။ မတင်တင်ချို(မရမ်းကုန်း)
၆။ ကိုမျိုးမြင့် (အင်းစိန်)
၇။ ကိုသီဟ (ပြည်) (ပြောရေးဆိုခွင့်ရှိသူ)
၈။ မနှင်းနှင်းမွှေး (သာကေတ) (ပြောရေးဆိုခွင့်ရှိသူ)
ကော်မတီဝင်များ
၁။ ကိုကျော်မိုးလွင်အောင် (သံတွဲ)
၂။ ကိုငြိမ်းချမ်း (မန္တလေး)
၃။ ကိုကျော်စိုး (မန္တလေး)
၎။ ကိုအေးကို (မန္တလေး)
၅။ ကိုကျော်ကြီး (ပဲခူး)
၆။ မသီတာ (မုံရွာ)
၇။ ကိုဘစိုးထွန်း (တွံတေး)
အရံကော်မတီဝင်များ
၁။ ကိုသန်းဝင်း (ပြည်)
၂။ ကိုဇော်ဇော် (ဗိုလ်တထောင်)
၃။ ကိုအိုက်ပွန် (ဟိုပုန်း)
၎။ ကိုအေးသွင် (အောင်လံ)
၅။ ကိုရန်နိုင်စိုး (သာကေတ) တို့ ဖြစ်ကြပါတယ်။
ကော်မတီအနေနဲ့
အမျိုးသားရင်ကြားစေ့ရေး၊
ပြည်တွင်းငြိမ်းချမ်းရေး၊
ပြည်ထောင်စုသားချင်းများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊
ဒီမိုကရေစီနှင့်လူ့အခွင့်အရေး အနှစ်သာရရှိရှိထွန်းကားရေး အခြေခံများအပေါ်ရပ်တည်ပြီး နိုင်ငံနဲ့လူထုအတွက် လက်ရှိနိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးလိုအပ်ချက်အရ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့တွင် ပိုမိုပွင့်လင်းမြင်သာပြီး တိုးတက်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ် မြန်နိုင်သမျှအမြန်ဆုံး ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
Mandalay Monk - Brothers from different religions
ဘာသာညီအစ်ကိုများ
မန္တလေးဘုန်းကြီး ၊ ဇူလိုင် ၂၊ ၂၀၁၂
ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ ဘာသာကြီး လေးရပ်အနက် ကမ္ဘာ့လူဦးရေ သန်း ပေါင်း ခြောက်ထောင်ရှိရာ ခရစ်ယန်ဘာသာ သန်းပေါင်း ၂၁၀၀၊ အစ္စလာမ်ဘာသာ သန်းပေါင်း ၁၃၀၀၊ ဟိန္ဒူဘာသာ သန်းပေါင်း ၁၀၀၀၊ ဗုဒ္ဓဘာသာ သန်းပေါင်း ၃၇၆ သန်း ဟု စာရင်းကို တွေ့ဖူး၏။
ကျန်ဦးရေတစ်ချို့ ဘာသာမဲ့နေကြ၏။ တစ်ချို့ နတ်ကိုးကွယ်၏။ ဤသို့ကြားဖူး၏။ ကမ္ဘာ့တိုက်ကြီး လေးတိုက် အာရှ တိုက်၊ ဥရောပတိုက် စသည် ကမ္ဘာအရပ်ရပ် ဘာသာစုံပြန့်နှံ့လျက်ရှိ၏။ ဗုဒ္ဓဘာသာတို့အတွက် ဗုဒ္ဓဘုရားက မေတ္တာကို အထူးဦးစားပေး ဟောခဲ့သော်လည်း တစ်ချို့ ဗုဒ္ဓဘာသာတို့သည် ဘာသာခြားတို့အပေါ် မေတ္တာမထားနိုင်ကြဘဲ မုန်းတီးရေး ဝါဒကို ဖန်တီးလိုကြ၏။
ဘဝရှင် မင်းတုန်းမင်းတရားကြီးလက်ထက် ဘာသာခြားတို့သည် မန္တလေးမြို့ကစ၍ အလျှို အလျှို ဝင်ရောက် လာကြ၏။ တားမရ ဆီးမနိုင်ဖြစ်၍ ဗုဒ္ဓဘာသာဝါဒ မေတ္တာ ကရုဏာကို လက်သုံးပြုလျက် သေနတ်ပစ်အတတ်၊ အမြောက်ပစ် အတတ်ကို တတ်မြောက်ရန်သင်ကြားစေကာ တတ်မြောက်သည့်အခါ ကာကွယ်ရေးဌာန ၀န်ထမ်းလုပ်စေလျက် အစ္စလာမ် ဘာသာဝင် မွတ်စလင်လူမျိုးတို့ကို သိမ်းသွင်းစည်းရုံးထားသည် ကြာဖူး၏။
ရှေးအခါ ထိုစဉ်က ဈေးချိုအရှေ့ဘက်ကိုပင် အမြောက်တန်းဟု ခေါ်တွင်စေလျက် မွတ်စလင်လူမျိုးတို့ စုရုံးနေထိုင် ကြ၏။ ၁၂၄၇-ခုနှစ်၊ မြန်မာသက္ကရာဇ် အင်္ဂလိပ်မင်းအုပ်ချုပ်သည့်အခါ မွတ်စလင်ခေါ် အစ္စလာမ်လူမျိုး၊ ခရစ်ယာန်လူမျိုးတို့ ပိုမိုများပြားလာ၏။ မြန်မာအမျိုးသမီးတို့ ဘာသာခြားလူမျိုး၊ နိုင်ငံရပ်ခြားလူမျိုးတို့နှင့် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြား ကြ၏။ ဘာသာခြားလူမျိုးများပြားလာ၏။
အလွန်ကြည့်ကောင်းသော ရှုချင်ဖွယ်မြန်မာပြည်ကို သုံးသပ်ကြည့်ရှုရာတွင် ၁၂၈၂-ခုနှစ်ဆီလောက်က ပညာရေး တိုက်ပွဲများ အောင်မြင်စ ပေါ်လာသည်။ အင်္ဂလိပ်မင်း ဘုရင်ခံလက်အောက် နေရစေကာမူ အမျိုးရေး, ဘာသာရေး, သာသနာရေး တက်ကြွလှုပ်ရှားလာ၏။ မြန်မာသက္ကရာဇ် ၁၂၆၀-ဖွား ၁၂၆၁-ဖွားတို့ကအစ အင်္ဂလိပ်ကျောင်းထွက်တို့သည် မျက်စိပွင့်လာကြ၏။ နှလုံးရည်တိုက်ပွဲ ပေါ်ထွန်းလာ၏။ နိုင်ငံရေးအဖွဲ့အစည်းတွေ များပြားလာ၏။ အထူးအားဖြင့် မြန်မာ သက္ကရာဇ် ၁၂၇၁-ခု၊ ၁၂၇၂-ခု၊ ၁၂၇၃-ခု ၀န်းကျင် နှစ်များတွင်း မွေးဖွားလာသောပုဂ္ဂိုလ်တို့ ယောက်ျားဇာနည် ဖြစ်လာကြ၏။
ထို့ဖြစ်ရပ်အတောအတွင်း ထိုနှစ်များအတောအတွင်း မြန်မာ့ခေါင်းဆောင် ဆရာကြီးဦးရာဇတ်၊ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းတို့သမိုင်းကို စိတ်ထဲတွင် ထင်းထင်းကြီးပေါ်နေ၏။ ဒီးဒုတ်ဦးဘချို၊ ဖေ-ပု-ရှိန် မန္တလေးဦးဘဦး စသည် အလွန်အားကိုးရသော နိုင်ငံရေးခေါင်းဆောင်ကြီးတွေ အမြဲသတိရ ဂုဏ်ကျေးဇူးအောက်မေ့ပါ၏။
အလွန်တက်ကြွကြီးကျယ်သော ရဟန်းရှင်လူပြည်သူအများ အလွန်ညီညွတ်သော န၀မကွန်ဖရင့်ကြီး ဆိုတဲ့ အင်္ဂလိပ် တိုက်ပွဲ၊ လွတ်လပ်ရေးတိုက်ပွဲ အစည်းအဝေးကြီး မန္တလေး တာရဲတန်းတွင် ခုနှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည် ဆိုသည်မှာလည်း ထိုခေတ် ထိုနှစ်ဆီကပင် ဖြစ်၏။ (န၀မကွန်ဖရင့်အကြောင်းကို မှတ်တမ်းမှတ်ရာပြုမယ်ဆိုလျှင် ဘုန်ကြီးများ မတတ်နိုင်ပါ။ မရေးနိုင်ပါ။ ထိုမှတ်တမ်းသမိုင်းများကို ရှာဖွေလှန်လှော်ကြည့်ကြပါဟု တိုက်တွန်းလိုက်ပါ၏။ )
ထိုလွတ်လပ်ရေးတိုက်ပွဲ န၀မကွန်ဖရင့်၏ အထူးခြားဆုံးဖြစ်ရပ်တစ်ခုကို အထူး ပြောကြားလိုပါသေး၏။ ထိုပွဲကြီးကို မန္တလေး လေးပြင်လေးရပ် သံဃာပေါင်းစုံ၊ တိုက် ပေါင်းစုံ ပါဝင်ခဲ့ခြင်းဖြစ်ရပ်တစ်ခု။
နောက်တစ်ခုကို အထူးသိစေလိုသည်မှာ မန္တလေး မြန်မာ တရုပ် ကုလား မွတ်စလင်စသော လူမျိုးစုံတို့၏ ဤလွတ်လပ်ရေးတိုက်ပွဲကြောင့် အင်္ဂလိပ်အစိုးရသည် မြန်မာပြည်လွတ်လပ်ရေးပေးဖို့ စိတ်ဖြစ်ပေါ်လာသည်ဆိုသော သမိုင်းကြောင်းကို ဖွင့်ဆိုလိုက်ပေ၏။
ရန်ကုန်ယူနီဗာစီတီတက္ကသိုလ်မှာ ကျောင်းတက်နေသော ဆရာကြီးဦးရာဇတ်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့အကြောင်း ကို အနည်းငယ် ပြောရလျှင် သူတို့နှစ်ယောက်လုံး-
(၁) ငါတို့ မြန်မာပြည်မှာ မွေးဖွားသည်။
(၂) ငါတို့ မြန်မာထမင်းအာဟာရ စားသုံးနေသည်။
(၃) ငါတို့ မြန်မာပြည်မှာ ကျောင်းနေသည်။
(၄) ငါတို့ မြန်မာပြည်မှာ ပညာသင်သည်။
(၅) ငါတို့အလုပ်သည် မြန်မာပြည်လွတ်လပ်ရေးရဖို့ အလုပ်ဖြစ်သည်။
ဤနှစ်ဦးလုံး စိတ်ထားချင်းတူကြ၏။ မည်သို့ စိတ်ထားချင်းတူသော်လည်း ဆရာကြီး ဦးရာဇတ်က ဗိုလ်ချုပ် အောင်ဆန်း၏ လက်အောက်တွင် ဗိုလ်ချုပ် အောင်ဆန်း၏ သဘောတူညီချက်အရ မန္တလေးနေရှင်နယ်အမျိုးသား ကျောင်း အုပ်ကြီးအဖြစ် လုပ်ဆောင်ခဲ့ရာမှ နေ့စဉ်မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲကိုသာ အမြဲစဉ်းစားလျက် နေရှင်နယ် အမျိုးသား ကျောင်းကြီး၌ 'ရဲညွန့်တပ်ဖွဲ့' ဟူ၍ ဖွဲ့စည်းလျက် လွတ်လပ်ရေးတိုက်ပွဲ အမြဲတမ်းပြင်ဆင်နေသည်ကို ကြားဖူးသည်။
နောက်အင်္ဂလိပ်အစိုးရက ရဲညွန့် တပ်ဖွဲ့-မဖွဲ့ရ၊ မရှိရဟု တားမြစ်ပိတ်ပင်သည်ဟု ကြားရသည်။
ဆရာကြီးဦးရာဇတ်သည် မိတ္ထီလာဇာတိသား၊ ဗိုလ်ချုပ်အောင်ဆန်းသည် နတ်မောက် ဇာတိသား ဖြစ်၍ တစ်နယ် ထဲနေ တစ်ရေထဲသောက် တစ်ခရီးထဲ အတူသွားသော အာဇာနည်ပုဂ္ဂိုလ်ကြီး နှစ်ယောက်ဖြစ်၏။
တစ်ယောက်က မွတ်စလင် အစ္စလာမ်၊ တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်သော်လည်း မင်းက ဘယ်ဘာသာ၊ ငါက ဘယ်ဘာသာဟူ၍ ဘာသာနှင့်စပ်၍ မပြောခဲ့စဖူးဟု သိရ၏။ မြန်မာပြည်သားပီပီ မြန်မာပြည်လွတ်လပ်ရေး ရရေးကိုသာ တစိုက်မတ်မတ် လုပ်ခဲ့ကြသော ခေါင်းဆောင်ကြီးများဖြစ်၍ ထိုခေါင်းဆောင်ကြီးနှစ်ဦးအပါအ၀င် အာဇာနည်မြောက် များစွာတို့ အသက်ပေး သွေး, ချွေးဖြင့် ဆောင်ရွက်ခဲ့သော လွတ်လပ်ရေးပန်းတိုင်အောက်မှာ ကျွန်ုပ်တို့ ရဟန်းရှင်လူပြည်သူ များစွာ ပျော်ရွှင်စွာ နေထိုင်ကြရသည်မဟုတ်ပါလော။ ထိုသို့ ပျော်ရွှင်စွာနေထိုင်စဉ် "သခွပ်ပင်က မီးတကျီကျီ မဖြစ်ကြပါနဲ့၊ မလုပ်ကြပါနဲ့" ဟူ၍ ဘုန်းကြီးတစ်ပါးအနေဖြင့် တောင်းပန်စကား ပြောကြားအပ်ပါသတည်း။
အောက်ပါ ကဗျာကို ကောက်နုတ်ကိုးကားပြီး မိမိ၏ စာကို နိဂုံး ချုပ်အပ်ပါသည်။
"ကိုယ့်ချင်းစာ ထားကြည့်"
သည်တိုင်းပြည်ခို
သည်ရေကိုသောက်
သည်မြေအောက်က
ကူထောက်စီးပွား
ထုတ်ယူစားပြီး
ပြည်ဖွားအိမ်ရှင်
ရန်သူထင်
အသင်မှားနေပြီ။
အိမ်ရှင်ရိုကျိုး
အိမ်ရှင်ကိုးသော
မျိုးရိုးဘာသာ
သာသနာကို
ခြေရာနင်းလျက်
အတင်းဖျက်
ရက်စက်လွန်းနေပြီ။
အိမ်ရှင်ကဖွား
သမီးသားကို
ဇနီးအဖြစ်
လင်အဖြစ်ဖြင့်
အနှစ်ကိုနှုတ်
အညစ်မြှုပ်လျက်
မွေးထုတ်ကလေး
စပ်တူသွေးတွင်
အရေးချက်ချာ
မျိုးဘာသာအား
လုယူထား
စော်ကားလွန်းနေပြီ။
သင့်အိမ်ခိုလျက်
သင့်ကိုဖျက်
သင်လက်ခံမည်လော။
သမီးပျော်ပါး
သားပျော်ပါး
စော်ကားခံမည်လော။
(အထက်ပါ ကဗျာကို … ကဗျာ့ဘဏ်တိုက် စာမျက်နှာ ၈၇ ၊ နတ်တလူစာစဉ် (၁) ၊ ၀န၀ါသီ ဥေယျဓမ္မသာမိထေရ် (မဟာဗောဓိမြိုင် ) ဆရာတော်ပြုစုတဲ့ စာအုပ်မှ ကိုးကားဖော်ပြတာ ဖြစ်ပါတယ်)
(သရုပ်ဖော်ပုံတွေက မင်းကျော်ခိုင် လက်ရာတွေပါ)
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives





















