မြန်မာ့သင်္ဘောကျင်း၊ သင်္ဘောလိုင်းနှင့် ကွန်တိန်နာဆိပ်ကမ်းများအတွက် စံနမူနာများ

ဗီယက်နမ်ရောက် မြန်မာပရိုဖက်ရှင်နယ်အင်ဂျင်နီယာ
ကိုပြေတယောက် ဗီယက်နမ်ကို ၂ပတ် သင်္ဘောတစင်းမှာ Innert Gas System ကော်မရှင်နင် အလုပ်လုပ်ဖို့ ရောက်လာတယ်။ ဟိုချီမင်းမြို့ကို စင်ကာပူက လေယဉ်ဆိုက်ပြီး၊ ချက်ချင်း နောက်လေယဉ်တစီးဆက်စီးပြီး Da Nanag မြို့ကို ရောက်တယ်။ ဟိုတယ်မှာ တည်ခိုပြီး သင်္ဘောရပ်ထားတဲ့ သင်္ဘောကျင်းကို သွားရတယ်။
သင်္ဘောကျင်းထဲ ၀င်ရတာတော့ လွယ်ပါတယ်။ ဒါပေမဲ့ သင်္ဘောက ရေထဲ ရပ်ထားတော့ ကရိန်းကြီး၊ ပစ္စည်းသည်တဲ့ ချင်းတောင်းထဲ လူ၂၀လောက် စီးပြီး၊ မော်တော်ဘုတ်ပေါ်ကို လူတွေသယ်ပေးရတယ်။ အသဲတယားယားနဲ့ပါ။ နောက် မော်တော်ဘုတ်ကို ထပ်စီးရတော့ South China Sea က မုန်တိုင်းလေထန်ချိန်ဆိုတော့ စက်လည်ပတ်ရေးအတွက် ဗီနာရှင်း သင်္ဘောကျင်းကို ၁၉၉၆ ပြုပြင်ပြောင်းလဲရေးအစမှာ တည်ထောင်ခဲ့ပါတယ်။ ၃နှစ်ကြာမှ သင်္ဘောကျင်းတည်ဆောက်မှုပြီးစီးခဲ့ပါတယ်။ ဟွန်ဒိုင်း ကိုးရီးယားနဲ့ ဖက်စပ်သင်္ဘောကျင်းလုပ်ငန်းဖြစ်ပါတယ်။ ၂၀၀၁ နောက်ပိုင်းမှာ တနှစ်ကို သင်္ဘောအကြီးစား ၂စင်းလောက် Docking & Repair လုပ်ငန်းစခဲ့ပြီး၊ သင်္ဘောအသေးများစွာ ပြင်ဆင်ပေးနိုင်ပါတယ်။ ၂၀၁၀မှာတော့ ဗီယက်နမ်ရေနံလုပ်ငန်းလည်း တိုးတက်လာတော့ ရေနံတင်သင်္ဘောကြီးများစွာ၊ ရုရှားနဲ့ဖက်စပ် ရေနံတူးစင်၊ ရေနံတူးတဲ့ သင်္ဘောများစွာ ပြင်ဆင်တဲ့လုပ်ငန်းများ လုပ်နိုင်ခဲ့ပါတယ်။ ဟွန်ဒိုင်း ကိုးရီးယားက ဖက်စပ်လုပ်တယ်ဆိုပေမဲ့ ဗီယက်နမ်အစိုးရက လုပ်တဲ့လုပ်ငန်းများမှာ အရှုံးများစွာ ပေါ်ခဲ့ပါတယ်။ ဒါကြောင့် သင်္ဘောကျင်းလုပ်ငန်းတောင် ဒေ၀ါလီခံရမဲ့အခြေအနေဖြစ်လာလို့ Patro Vietnam ဆိုတဲ့ ရေနံရောင်းစားတဲ့ အမြက်ထွက်တဲ့ အစိုးရကုမ္ပဏီက ကျားကန်၊ ၀ယ်ယူပေးရပါတယ်။
အင်္ဂလိပ်ကုမ္ပဏီ Harmworthy ဆိုတဲ့ ဘွိုင်လာမီးခိုးနဲ့ Inert Gas စနစ်ကို သင်္ဘောအတွက်ဝယ်ပြီး ဗီယက်နမ်တွေပဲ တပ်ဆင်ကြတယ်။ လွန်ခဲ့တဲ့ ၄နှစ်လောက်က ဗီနာရှင်းသင်္ဘောကျင်းက ဆောက်တဲ့ သင်္ဘောကြီးတစင်း ပရိုဂျက်။ အစိုးရပိုင်သင်္ဘောဆိုတော့ အာဏာပိုင်များ၊ အာဏာပြိုင်နေတာနဲ့ မပြီးနိုင်ဘူး၊ စင်ကာပူမှာ ၂နှစ်နဲ့ပြီးစီးမဲ့ သင်္ဘောဟာ အခု ၆နှစ်ကြာတဲ့အထိ ဆောက်နေဆဲဖြစ်ပါတယ်။ အခု ၆နှစ်ကြာမှ ပြီးပြီဆိုတော့ စင်ကာပူ Harmworthy က မြန်မာအင်ဂျင်နီယာ ကိုပြေ တယောက်တည်း Commission လာလုပ်ပါတယ်။ စင်ကာပူ၊ ကိုးရီးယား၊ တရုပ်ပြည်မှာဆို သင်္ဘောတစင်း အမြန်ဆောက်ပြီး၊ ၂နှစ်အကြာ ကုန်တင်၊ ပြေးနိုင်တော့ နောက်၃နှစ်လောက်ဆို အရင်းကြေသွားလေ့ရှိပါတယ်။ အခုတော့ ၆နှစ်ကြာလည်း သင်္ဘောကြီးက အိပဲ့၊ အိပဲ့နဲ့ မပြီးနိုင်ဖြစ်နေတယ်။
ဗီယက်နမ် အလုပ်သမား၊ အင်ဂျင်နီယာတွေ အလုပ်အင်မတန်လုပ်တယ်လို့ ကိုပြေက ပြောပြပါတယ်။ သင်္ဘောပိုင်တာက ဟိုချီမင်းမြို့နားက ဗီနာရှင်းသင်္ဘောကျင်း၊ သင်္ဘောတပ်ဆင်တဲ့နေရာက ဟိုချီမင်းမြို့နဲ့ မိုင် ၄၀၀ကျော်ဝေးတဲ့ Da Nang ဆိုတဲ့ ဗီယက်နမ်အလည်ပိုင်း ဆိပ်ကမ်းမြို့၊ ကိုပြေကို ကူညီလုပ်ကိုင်ပေးဖို့ သင်္ဘောကျင်းက ဗီယက်နမ်အင်ဂျင်နီယာ ၂ယောက် ထည့်ပေးတယ်။ အရမ်းအလုပ်လုပ်တယ်ဆိုပဲ။ သင်္ဘောအင်ဂျင်နီယာ၂ယောက်က အသက်၃၂နှစ်၊ ဗီယက်နမ်မှာ တခုတည်းသော ရေကြောင်းသိပ္ပွံတက္ကသိုလ် Maritime University က ဘွဲ့လွန်၊ မာစတာဘွဲ့ပိုင်ရှင် ၂ယောက်ဖြစ်တယ်။ သူတို့ကို ကူညဘို့ အသက် ၂၅နှစ်အရွယ် စက်ပြင်လေးတွေလည်း အရမ်းကြိုးစားပြီး၊ တပ်ဆင်၊ ဖြုတ်တပ်လုပ်ပေးကြပါတယ်။
နောက်ဆုံးတော့ ဗီယက်နမ်မှာ ၂နှစ်နဲ့ပြီးရမဲ့ အစိုးရပိုင် ကုမ္ပဏီရဲ့ သင်္ဘောကြီး ၆နှစ်ကြာအောင် အကြီးကျယ်ရှုံးပြီး လုပ်နေရတာ အလုပ်သမားတွေ အလုပ်မလုပ်လို့ မဟုတ်တာ သေချာပါတယ်။ ဗဟိုဦးစီးမှု များလွန်းပြီး အာဏာပြိုင်နေကြတော့ ဌာနအချင်းချင်း သူ့စောင့်၊ ငါ့စောင့်နဲ့ ကြာသွားကြောင်း၊ လပ်စားလို့လား Corruption ကိစ္စကြောင့် ရှုံးသလား မေးစရာရှိပါတယ်။ စားတာတော့ စားမှာပေါ့။ သို့သော် လူတွေ အများကြီး ၀ိုင်းလုပ်တဲ့ သင်္ဘောသစ်ဆောက်တဲ့လုပ်ငန်းမှာ လပ်စားလို့တော့ သိပ်မလွယ်တော့၊ အာဏာပြမယ်၊ ပစ္စည်တွေ မလိုလားအပ်ပဲ ၀ယ်မယ်၊ သုံးမယ်၊ ဖြုန်တီးမှုကြောင့်လို့ ပြောရပါမယ်။
အဲဒီ Da Nang မြို့မှာ ရေနံချက်လုပ်ငန်း၊ စက်ရုံတွေလည်း အများကြီးရှိပါတယ်။ ရေနံတူးလုပ်ငန်းလည်း အများကြီး၊ ဗီယက်နမ် အင်ဂျင်နီယာများဟာ လစာငွေ ဒေါ်လာ ၁၀၀၀ ထက်တော့ ပိုမရကြပါဘူး။ တကယ်အလုပ်လုပ်ဖို့ကျတော့ မလေးရှား၊ စင်ကာပူ၊ ရုရှား၊ ကိုးရီးယား စတဲ့ Equipment Maker တွေကပဲ လာလုပ်သွားကြတယ်။ ဗီယက်နမ်အင်ဂျင်နီယာလေးများက Operation & Maintenance တွေပဲလုပ်ကြပါတယ်။ ဈေးချိုတဲ့ ပြည်တွင်းအလုပ်သမားတွေကို လွယ်တဲ့နေရာတွေမှာပဲ လုပ်ခိုင်းကြပါတယ်။
http://www.hyundai-vinashin.com

ဖက်စပ်စနစ် Joint Venture
နိုင်ငံပိုင်စီးပွားရေးများကတော့ ဖက်စပ်လုပ်ငန်းနဲ့ပဲ စတင်ရပါတယ်။ အစိုးရက လူအင်အား၊ မြေနေရာ၊ စွမ်းအင်၊ လေ၊ ရေ နဲ့ Facility လုပ်ပိုင်ခွင့်၊ အခွန်လျှော့ပေးခြင်း များကို ပေးမယ် ၅၁ရာနှုန်း သတ်မှတ်ပြီး၊ နိုင်ငံခြားကုမ္ပဏီက နည်းပညာ၊ စက်ပစ္စည်း၊ ကျွမ်းကျင်သူ၊ စက်အပိုပစ္စည်း၊ ကုန်ကြမ်းအချို့ အပြင် အရေးကြီးဆုံးဖြစ်တဲ့ ပစ္စည်းဝယ်မဲ့သူ Marketing များကို တာဝန်ယူကြပါတယ်။ သင်္ဘောကျင်း၊ ရေနံ၊ဓါတ်ငွေ့လို အလုပ်မျိုးကတော့ Joint Venture အစိုးရနဲ့ ပေါင်ပြီး လုပ်ချင်သူပေါပါတယ်။ ကိုးရီးယား၊ တိုင်ဝမ်၊ စင်ကာပူ သူတို့လည်း သင်္ဘောကျင်း၊ လျှပ်စစ်ထုတ်လုပ်ရေးတွေမှာ စက်ပစ္စည်းနဲ့နည်းပညာမတတ်နိုင်လို့ (ငွေရင်းမရှိလို့) ဖက်စပ်နဲ့စတင်ပါတယ်။ နှစ်၃၀ ကနေ နှစ်၉၉နှစ်အလွန်ဆုံးပါပဲ။ ဟောင်ကောင်ကျွန်းနဲ့မကာအိုကျွန်းတို့ကို တရုပ်က ဖက်စပ်ပုံစံ ငှားရမ်းခြင်း ၉၉နှစ်စာချုပ် မတရားချုပ်ဆိုခံရပါတယ်။ ဒီလိုပဲ စင်ကာပူက နိုင်ငံခြားအလုပ်သမားများစွာ အလုပ်လုပ်တဲ့ သင်္ဘောကျင်းများ Jurong Shipyard, Keppel Shipyard, Sambawang Shipyard .. ဧရာမသင်္ဘောကျင်းများလည်း ဂျပန်နဲ့ ဖက်စပ် စတင်ရပါတယ်။ နောက် နှစ်၃၀ကြာမှ စင်ကာပူအစိုးရ ငွေရှိလာတော့ ဂျပန်ပိုင်ရှယ်ယာများကို ပြန်လည်ဝယ်ယူလိုက်ပြီ၊ စင်ကာပူပြည်သူများပိုင် Public Listed Company အဖြစ် လုပ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ဂျပန်နည်းပညာ အထူးသဖြင့် စီမံခန့်ခွဲမှု Management Technique ကို စင်ကာပူအစိုးရက ရအောင်ယူလိုက်ပါတယ်။ သူများဆီက ပညာရဖို့ဆိုတာ ကိုယ်တိုင်က ပညာအခြေခံရှိမှဖြစ်တော့ စင်ကာပူအစိုးရက လူငယ်ပညာတတ်များကို ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ ဂျာမဏီ၊ ပြင်သစ်၊ နောက်ဆုံး အစ္စရေးအထိ ပညာတော်သင်များ၊ State Scholars များကို နှစ်၂၀စီမံကိန်းနဲ့ ပြုစုပျိုးထောင်ပါတယ်။ Human Resource is the Best Investment ဆိုတာ မြန်မာအစိုးရမျိးတောင် သိပါတယ်။ လက်တွေ့လုပ်ဖို့ကတော့ မလွယ်လှပါဘူး။ ကိုယ့်လူချည်းပဲ ..ဆိုရှယ်လစ်ပါတီဝင်ချည်း ရုရှားနိုင်ငံကို ပညာသင်စေလွှတ်နေတဲ့ ဗီယက်နမ်လိုနိုင်ငံမျိုး သိပ်မတိုးတတ်တာ မဆန်းလှပါဘူး။
ဘယ်လိုဖြစ်စေ.. ဖက်စပ်စနစ်ဟာ အနှစ်၂၀ကျော်သွားရင် နိုင်ငံပိုင်ဖြစ်သွားရပါတယ်။ ဂျပန်၊ ကိုးရီးယားများလည်း အနှစ်၂၀ ငွေရင်းနှီးပြီး၊ အမြက်များစွာ ရရှိသွားကြတယ်။ တရုပ်၊ ဗီယက်နမ်များလည်း သင်္ဘောကျင်း နဲ့ သင်္ဘောအဟောင်းများကို အပိုင်ရရှိသွားပါတယ်။ Management နည်းစနစ်ကို ဂျပန်၊ကိုးရီးယားများထံမှာ ရအောင်မယူနိုင်ရင်တော့ လွှဲပြောင်းယူပြီး ကုမ္ပဏီ ဒေ၀ါလီခံရမလို၊ အရှုံးပြသွားတဲ့ ဗီယက်နမ်က ဗီနာရှင်း VINASHIN သင်္ဘောကျင်းကို လိုမျိုးဖြစ်ရပ်တချို့တလေ အနာဂါတ်မြန်မာပြည်မှာမလွဲမသွေ ပေါ်လာဦးမှာပါ။
၂၀၀၀ နောက်ပိုင်းမှာ ဗီယက်နမ်ရဲ့ သင်္ဘောလုပ်ငန်း၊ သင်္ဘောပြင်၊ ရေနံတွင်းလုပ်ငန်း၊ ရေနံချက်လုပ်ငန်းတွေ တိုးတက်လာပေမဲ့ ဖက်စပ်လုပ်ကိုင်ရတော့ အရေးကြီးတဲ့နေရာတွေမှာ နိုင်ငံခြားဖက်စပ်လုပ်တဲ့ ကုမ္ပဏီက သူတို့နိုင်ငံက အလုပ်သမားတွေပဲ ခေါ်ပြီးလုပ်စေတယ်။ ဒါမှ မြန်မြန်ကုန်ထုတ်လုပ်နိုင်၊ ရောင်းချနိုင်မှာကိုး၊ အရေးမကြီးတဲ့ နေရာတွေတော့ ဗီယက်နမ်တွေကို လုပ်စေတယ်။ ဗီယက်နမ်တွေလုပ်ရင် ဌာနတွေ အချင်းချင်း အာဏာပြိုင်ပြီး၊ ဖြုန်းတီးမှုတွေ ဖြစ်လာကြတယ်။
နောက်ပို့င်းတော့ နိုင်ငံခြားကုမ္ပဏီများလည်း ဖက်စပ်မလုပ်ကြတော့ဘူး။ သူတို့ပိုင် ၁၀၀% လုပ်ကြတော့တယ်။ အရင်က လုပ်ခဲ့တာတွေကတော့ ဆက်လုပ်ပေါ့။
နောက်ဆုံး အနှစ်ချုပ်လိုက်ရင် ဖက်စပ်တွေလည်း သိပ်မရှုံးပါ။ ဗီယက်နမ်တွေချည်း လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ ရှုံးမြဲရှုံးနေပါတယ်။ ဗီယက်နမ်နည်း၊ ဗီယက်နမ်ဟန်နဲ့ လုပ်ကြတော့ ဆိုရှယ်လစ်စနစ်ကို Attitude ကို မဖြောက်နိုင်ကြသေးပါ။ နိုင်ငံခြားသား ၁၀၀% ပိုင်တဲ့ စက်ရုံတွေတော့ ဗီယက်နမ်များစွာကို ခန့်ထားနိုင်ပြီး၊ အမြက်လည်း ထွက်ကြပါတယ်။

သင်္ဘောလုပ်ငန်းကို ကြည့်ရင် အလွန်အမြက်ထွက်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ စက်မှု၊ ကုန်ထုတ်လုပ်ငန်းတိုးတက်လာလေ၊ ကုန်သယ်ဖို့ သင်္ဘောလုပ်ငန်းလည်း တိုးတက်လာပါမယ်။ ထို့အတူ ကွန်တိန်နာဆိပ်ကမ်း၊ ကွန်တိန်နာသင်္ဘောတွေလည်း အများကြီးလိုလာပြီး၊ ကိုယ့်နိုင်ငံအတွက် ကုန်ပစ္စည်းကို ကိုယ့်နိုင်ငံကုမ္ပဏီရဲ့ သင်္ဘောလိုင်းနဲ့ပဲ သယ်ယူပို့ဆောင်ရင်း စီးပွားရေးလုပ်ငန်းအားလုံး တပြိုင်တည်း တိုးတက်လာကြပါတယ်။
စင်ကာပူမှာ သင်္ဘောကျင်း၃ခုဟာ ကမ္ဘာအမြန်ဆုံး သင်္ဘောပြင်၊ သင်္ဘောဆောက်လုပ်ငန်းများဖြစ်ပါတယ်။ ကိုးရီးယား၊ ဂျပန်များကို အဆင့်မှီပါတယ်။ ရေနံနဲ့ပတ်သက်တဲ့ သင်္ဘော၊ ရေနံတူးစင်များကို အဆင့်မြင့် ဆောက်နိုင်ပါတယ်။ သင်္ဘောလိုင်း Naptune Oriental Line NOL ကလည်း သင်္ဘောပေါင်းများစွာပိုင်ဆိုင်ပြီး အလွန်ကြီးပါတယ်။ သင်္ဘောကျင်းများ၊ သင်္ဘောလိုင်များဟာ ဘီလျှံပေါင်းများစွာ တန်ဖိုးရှိတဲ့ အမြက်အစွန်းကောင်းလှတဲ့ ကုမ္ပဏီများဖြစ်ပါတယ်။
တရုပ်ပြည်ဆို COSCO သင်္ဘောလိုင်းက အနှစ်၂၀အတွင်း ကမ္ဘာပေါ် အကြီးဆုံးသင်္ဘောလိုင်းဖြစ်နေပါပြီ။
မြန်မာပြည်က ကြယ်ငါးပွင့်သင်္ဘောလိုင်း ရှိပါတယ်။ ဟိုးတုန်းက COSCO, NOL တို့ မပေါ်ခင်ကတည်းက ဗြီတိသျှတို့ တည်ထောင်ပေးတဲ့ ပင်လယ်ကူးသင်္ဘောလိုင်းဖြစ်ပါတယ်။ အနှစ်၄၀အတွင်း ဘာမှ မတိုးတက်ပါဘူး။ ဗီယက်နမ်က Vietnam National Shipping Line VINALINE သင်္ဘောလိုင်းကလည်း ၁၅နှစ်အတွင်း ဘီလျှံဒေါ်လာ ကုမ္ပဏီဖြစ်သွားပါတယ်။ နိုင်ငံခြားသားတွေကို ထိပ်ပိုင်းရာထူးတွေခန့်ပြီး၊ စီးပွားရေးဆန်ဆန်လုပ်ရင်တော့ တရုပ်ပြည်၊ စင်ကာပူ က သင်္ဘောလိုင်းတွေလို အမြက်များစွာရမှာဖြစ်ပေမဲ့ ၊ အခုတော့ ဆိုရှယ်လစ်ပါတီထဲက လူတွေအများကြီးခန့်ထားပြီး၊ ကြိုးနီစနစ်နဲ့ ဆိုရှယ်လစ်အာဏာပိုင်တွေပဲ အုပ်ချုပ်နေတော့ တိုးတက်မှုနှေးကွေးပါတယ်။ မြန်မာပြည်က စစ်အစိုးရလက်ထက်တုံးက စစ်ဗိုလ်တွေချည်းပဲ လုပ်ခိုင်းတာထက်တော့ တော်သေးပေမဲ့ ထူးမခြားနားပါပဲ။ ကောင်းတာတခုတော့ လူအင်အား၊ ပေါများလှတဲ့ ဗီယက်နမ် အလုပ်သမား၊ အင်ဂျင်နီယာများစွာ ခန့်ထားနိုင်တာ အမြက်တခုပါ။

Note: 24752 billion VND is eqv to S$1.5 billion dollars.
Improve 5 times Revenue in 8 years period.
http://www.vinalines.com.vn/?page=about&show=1&act=0
မြန်မာသင်္ဘောလုပ်ငန်းများအတွက်နမူနာ
ဗီယက်နမ်နိုင်ငံအကြောင်း ရေးခြင်းဟာ သူတို့ရဲ့အားနည်းချက်ကို မြန်မာအာဏာပိုင်များ မကျင့်သုံးဖို့၊ အတိုက်အခံများ လွှတ်တော်တွင်းရောက်ပြီဖြစ်တဲ့အတွက် လုပ်သင့်တဲ့ အလုပ်တွေကို ကြံဖွံ့တွေထက် သာအောင်နည်းလမ်းကတော့ ပြည်ပရောက် မြန်မာပညာရှင်များကို အင်အယ်ဒီများ အင်အားများစွာ ဖြည့်ဆည်းထားဖို့ ဖြစ်ပါတယ်။
မြန်မာပြည်ပြုပြင်ပြောင်းလဲတဲ့ အခုချိန်ကာလမှာ လုပ်ရမဲ့အလုပ်တွေ အလွန်များလှပါတယ်။ သမ္မတဦးသိန်းစိန်က ပြည်ပရောက် မြန်မာများ ပြန်လာလုပ်ကြဖို့၊ မြန်မာပြည်တွင်းမှာ တတ်ကြွမ်းနားလည်တဲ့လူအင်အား Human Resources နည်းတဲ့အကြောင်း ပြောသော်လည်း၊ လက်တွေ့မှာတော့ အာဏာပိုင်များပဲ၊ သူတို့လူများနဲ့ ဆက်လက်လုပ်နေဆဲဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုတ် ကောင်းနေပေမဲ့ အာဏာပိုင်များကလည်း သူတို့ အာဏာမြဲအောင် နည်းမျိုးစုံ ရှာကြံပြီး၊ ရတဲ့အခွင့်အရေးကို ခိုးသားငါးရာ စုပေါင်းပြီး ဘောင်ဝင်အောင် ဗီယက်နမ်ပုံစံ လုပ်ဆောင်နေပါတယ်။
လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းများစွာမှာ လူသိထင်ရှား ကျော်ကြားတဲ့၊ ဓါတ်ငွေ၊ ကျောက်စိမ်း၊ လျှပ်စစ်၊ ကျွန်းသစ်၊ သားငါးလုပ်ငန်း ..စတဲ့ ပြည်တွင်းကုန်ကြမ်းကို ထုတ်ရောင်းတဲ့အလုပ်ကို အထူးသဖြင့် တရုပ်ကုမ္ပဏီများက ဖက်စပ် (သို့မဟုတ်) အပိုင်လုပ်ကိုင်ကြပါတယ်။ စက်ရုံနဲ့သင်္ဘောကျင်းလို Service Industry ကိုတော့ စင်ကာပူ၊ ထိုင်းနိုင်ငံများက ပူးပေါင်း ဖက်စပ်လုပ်ကိုင်လိုကြပါတယ်။ အနောက်နိုင်ငံများကတော့ တိုက်ရိုက်ဝင်လာတာ သိပ်နည်းပါတယ်။ အရှေ့တောင်အာရှနိုင်ငံများကတဆင့် ရင်းနှီးမြုတ်နှံကြမှာပါ။
သင်္ဘောလုပ်ငန်းအကြောင်း မြန်မာပြည်မှာ သင်္ဘောကျင်း၊ သင်္ဘောဆိပ်ကမ်း၊ ကြယ်ငါးပွင့်သင်္ဘေလိုင်း စတဲ့လုပ်ငန်းများ ဖက်စပ်လုပ်ကိုင်ခြင်းတွေ စတင်နေတာ နှစ်တော်တော်ကြာပါပြီ။ ထုံးစံအတိုင်ဲး့ နိုင်ငံခြားကုမ္ပဏီများအိပ်ထဲနဲနဲရောက်ပြီး၊ စစ်အစိုးရအရာရှိကြီးများ အိပ်ထဲများများရောက်တဲ့ ခြစားမှုကြောင့် မအောင်မြင်တာတွေ၊ အခု အစိုးရအသစ်မှာတော့ ပညာနည်းပါးပြီး၊ အာဏာသုံးအုပ်ချုပ်တဲ့ စစ်ခေါင်းဆောင်များကို ဝေစုပေးပြီး၊ ပယ်ထုတ်ဖို့ လုပ်နေပါတယ်။

မြန်မာ ကြယ်ငါးပွင့်သင်္ဘောလိုင်း ၀က်ဆိုဒ် www.fivestarship.com

သီလ၀ါဆိပ်ကမ်း Myanmar International Terminals Thilawa (MITT)
Joint Venture with Hutchison Port Holdings (HPH)

မြန်မာ့သင်္ဘောကျင်းလုပ်ငန်း http://www.mot.gov.mm
ပြည်တွင်းမှာတော့ အခြေခံ ဖက်စပ်လုပ်ငန်း၊ FDI နိုင်ငံခြားရင်းနှီးမြုတ်နှံအဖွဲ့၊ ဦးပိုင်အဖွဲ့၊ ကျပ်ငွေကြေးဆိုင်ရာအဖွဲ့၊ စတော့အိတ်ချိန်း ၂၀၁၅မှာ စတင်ရေး စတဲ့ လုပ်ငန်းများအပြင် စီးပွားရေးလုပ်ငန်းများအတွက် အခြေခံ သွင်းကုန်၊ ပို့ကုန် ဥပဒေ၊ ရင်းနှီးမြှတ်နှံဥပဒေ၊ ငွေကြေး၊ ဘဏ်လုပ်ငန်းဥပဒေ၊ ကုမ္ပဏီဥပဒေ စတဲ့ ဥပဒေများကို နိုင်ငံခြားပညာရှင်များနဲ့ ပူပေါင်းရေးဆွဲ၊ ပြဌာန်းနေပါပြီ၊
အဲဒီဥပဒေများကို လက်တွေ အကောင်အထည်ဖေါ်ဖို့အတွက် ပြည်ပရောက်မြန်မာပညာရှင်များကို ခေါ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ပြည်ပရောက် မြန်မာအင်အားကို သုံးမယ်ပြောပြီး ပြန်လာမဲ့လူများကိုလည်း နေရာမပေးချင်၊ အထူးသဖြင့် လွှတ်တော်ထဲရောက်လာတဲ့ အင်အယ်ဒီနဲ့ အတိုက်အခံများကို ဘာမှ လုပ်ခွင့်မပေးပဲ၊ ထိုင်နားထောင်ခိုင်းထားရင်တော့ နောက် ၁၈နှစ်ကြာတဲ့အချိန်မှာ ယခု ဗီယက်နမ်လိုပဲ ပျော်ပျော်ပါးပါးပဲ ဆင်းရဲနေဦးမှာ ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံကို မှီဖို့ဆိုရင် ပြည်ပရောက် မြန်မာအင်အားကို လမ်းဖွင့်ပေးရင်း၊ လွှတ်တော်မှာလည်း ဒေါ်အောင်ဆန်းစုကြည်တို့ အင်အယ်ဒီအဖွဲ့ကို အခုကတည်းက အာဏာခွဲဝေပေးထားသင့်ပါတယ်။
သို့မှသာ မြန်မာ့စီးပွားရေးဟာ တောင်ကိုးရီးယားလို တိုးတက်လာမှာပါ။
မြန်မာပြုပြင်ပြောင်းလဲရေးနဲ့သင့်တော်တဲ့ နမူနာအဖြစ် ဗီယက်နမ်သင်္ဘောဆောက်၊ သင်္ဘော၊ ရေနံတူးလုပ်ငန်းကုမ္ပဏီများအကြောင်း တစိတ်တဒေသ အနည်းငယ်ရေးသား ဝေငှလိုက်ပါတယ်။
ဇော်အောင် (မုံရွာ)
http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:323257
--
With Faithfully
Zaw Aung
Mobile: +65 93360662
Email: uzawaung@gmail.com
Grace be with you all
--
With Faithfully
Zaw Aung
Mobile: +65 93360662
Email: uzawaung@gmail.com
Grace be with you all
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
