---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/7/2
Subject: [လူဗိုလ်ဟူသည် ...] Dhyan သည် စိတ်၏ အလွန်
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 7/03/2012 10:02:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/7/2
Subject: [လူဗိုလ်ဟူသည် ...] Dhyan သည် စိတ်၏ အလွန်
To: lubo601@gmail.com
by Zay Ya on Sunday, July 1, 2012 at 1:41am
အနောက်တိုင်း ဘာသာစကား မှာ - ကျနော် တို့ အခု သုံးနေတဲ့ "ဘာဝနာ" ဆိုတဲ့ ဝေါဟာရနဲ့ ညီမျှတဲ့ စကား မရှိဘူး။ အနီးစပ်ဆုံး "Meditation" ဆိုတာသာ ရှိပါတယ်။
"ဝေါဟာရ ဖြစ်ပေါ်ရခြင်းဟာ အတွေ့အကြုံ အပေါ်မှာ အခြေတည်တယ်" ဆိုတဲ့ ဘာသာဗေဒ အဆိုတစ်ခု ရှိတယ်။ အဲ့ဒါကို မှီပြီး ပြောရင် - "ဝေါဟာရ အားနည်း ရခြင်းဟာ အတွေ့အကြုံ အားနည်း တာ ကြောင့် ဖြစ်တယ်" လို့ ကောက်ချက် ချပါတယ်။
အနောက်တိုင်း မှာတင် မကဘူး - အရှေ့တိုင်း ဘာသာစကားတွေမှာလည်း "ဘာဝနာ" နဲ့ တူမျှတဲ့ စကားလုံး ရှားပါးတယ်။ အလားတူ - အနောက်တိုင်း ဝေါဟာရကို အရှေ့တိုင်း အတွင်း ဖလှယ် သုံးစွဲတဲ့ အခါ မှာလည်း - ထပ်တူပြု မရနိုင် တဲ့ အရင်းခံ စကားလုံး မရှိတာ များသေး တယ်။ ဥပမာ - Scientific - သိပ္ပံနည်းကျသော၊ Technological - နည်းပညာ ပိုင်း ဆန်သော၊ Objective - ဓမ္မဓိဋ္ဌာန် ကျသော ~ အဲ့ထက် ပိုပြီး ထပ်ချဲ့ပြော ဖို့က ရှား ပါတယ်။
ဒါ့ကြောင့် အချို့ဝေါဟာရများကို ဖွင့်ဆိုတဲ့ အခါ ဖွင့်ဆိုရခက်တဲ့ အကြောင်း အရာ များ ရှိကြောင်း အရင်နားလည် ထားဖို့ လိုတယ်။
အနောက် အင်္ဂလိပ်တို့ ဘာသာစကားမှာလည်း ရှိ၊ ကျနော်တို့ အရှေ့ တိုင်း ဝေါဟာရ မှာလည်း ထပ်တူ ရှိတဲ့ ဝေါဟာရ သုံးလုံး အကြောင်း ပြောရင် -
၁။ ပထမ ဝေါဟာရ က "Concentration". စူးစိုက်မှု ဖြစ်ပြီး ဧကဂ္ဂရတ္တ "Ekagarata" လို့ ခေါ်ပါ တယ်။
၂။ ဒုတိယ ဝေါဟာရ က "Contemplation". ဆင်ခြင်မှု ဖြစ်ပြီး ဝိမာသျှ် "Vimarsh" လို့ ခေါ်တယ်။ သူကလည်း ပထမ ဝေါဟာရနဲ့ နင်လား ငါလားပဲ။ တစ်နေရာ တည်း အကြောင်းအရာ တစ်ခုတည်း ကို စူးစိုက်တယ်- တစ်ဆင့်မြင့်ပြီး - နားလည် သိမြင်အောင် -ဆင်ခြင် တွေးတော တာ ဖြစ် တယ်။ ဖြစ်ဖြစ် သမျှ အရာ အားလုံးကို မရောက်ဘူး။ မပြန့်နှံ့သွားဘူး။ ရှုမြင် သုံးသပ်တဲ့ အကြောင်း အချက် တစ်ခုကို အတွင်းပိုင်းထိ တိုးဝင်ပြီး နားလည်အောင် ကြည့်တဲ့ သဘောသာ ဖြစ်ပါတယ်။ Concentration ရဲ့ တစ်ဆင့် မြင့်တက် လာတဲ့ ဖြစ်စဉ် ပါပဲ။
၃။ တတိယ ဝေါဟာရ က "Meditation". ဘာဝနာ လို့ ကျနော် တို့ အလွယ် ခေါ် ပါ တယ်။ ဒါပေမယ့် အနောက်တိုင်းမှာ ဒီစကားလုံးကို နည်းအမျိုးမျိုးနဲ့ သုံး တယ်။ ကျနော် သိသလောက် အစောဆုံး အနေနဲ့ - Mercus Aurelius က Meditation အမည်နဲ့ စာအုပ်စတင် ရေးတယ်။ ဒါပေမယ့် ကျနော် တို့ နားလည် တဲ့ ဘာဝနာ နဲ့ ထပ်တူ မတူညီ ပါဘူး။ သူသုံးစွဲတဲ့ "Meditation" ဟာ - "Concentration နဲ့ Contemplation ကို ထပ်ပြီး လေးနက်သွားစေတဲ့ ဖြစ်စဉ်" ကိုသာ ဆိုလိုနေပြီး အခြား အဓိပ္ပာယ် ဖွင့်ဆိုချက် ရှိမနေဘူးရယ်။
အရှေ့တိုင်းမှာပဲ ရှိပြီး အနောက်တိုင်းမှာ ဘယ်လိုမှ ဖလှယ်သုံးစွဲလို့ မရ တဲ့ ဝေါဟာရ ဟာ "Dhyan" ဖြစ် ပါ တယ်။ သူက စူးစိုက်မှုလည်း မဟုတ်၊ ဆင်ခြင် မှု လည်း မဟုတ်၊ အထက် အဓိပ္ပာယ် နဲ့ သုံးတဲ့ ဘာဝနာ လည်း မဟုတ် ဘူး။ စိတ်ကူး အတွေးစဉ်တို့ လုံးဝ ကင်းဆိတ် နေတဲ့ အခြေ အနေ တစ်ခု သာ ဖြစ်တယ်။
အထက် အမှတ်စဉ် ၁,၂,၃ ဟာ စိတ်အတွေးတို့ရဲ့ နယ်ပယ် ဖြစ်ပြီး၊ သိသူ နဲ့ အသိခံ (Observer နဲ့ Observed) က တကွဲ တပြား ဖြစ်တည်တယ်။ စူးစိုက် မယ် ဆိုရင်လည်း စူးစိုက်စရာ အရှုခံ ရှိတယ်။ ဆင်ခြင်မယ် ဆိုရင်လည်း ဆင်ခြင် စရာ အရှုခံ ရှိတယ်။ ဘာဝနာပြုတယ် ဆိုရင် လည်း ဘာဝနာ အရှုခံ ရှိတယ်။ အမှတ်စဉ် ၁,၂,၃၊ အားလုံး ဟာ အရှုဉာဏ် နဲ့ အရှုခံ အကြား ကွဲပြားနေမှု ရှိကြောင်း ပြဆိုနေပါတယ်။ ဒီလို ကွဲပြား နေတဲ့ ရှုမှတ်မှု မျိုးကို - စိတ်သန္တာန် က ကောင်းကောင်း အလုပ်လုပ် နိုင်တယ်။
"Dhyan" က အဲ့လို မဟုတ်ဘူး။ သူက စိတ်အတွေးတို့ရဲ့ အလွန်ပဲ။ Observer နဲ့ Observed မကွဲပြားနေဘူး။ Observer ကိုယ်တိုင်က Observed ဖြစ်တယ်။ ကွဲပြားနေတဲ့ နယ်နိမိတ် မျဉ်း ပျောက်ကွယ် သွားတယ်။ ဒါဟာ "Dhyan" ကို အခြားဘာသာစကားတွေ ဆီ ပြန်ဆို နိုင်ဖို့ ခက်ခဲ ရတဲ့ အကြောင်းရင်း ပဲ။
ဗုဒ္ဓဂေါတမအရှင် ပရိနိဗ္ဗာန်ပြုပြီး နှစ်အတန်ကြာ ( ယခုကတွက်ရင် - လွန်ခဲ့ တဲ့ နှစ် တစ်ထောင့်ရှစ်ရာ အလွန်မှာ ) ဗုဒ္ဓသာဝကတွေ တရုတ်ပြည် ကို ရောက် တယ်။ သူတို့ စတွေ့ရတဲ့ အခက်အခဲဟာ အဲ့ဒီ အခက်အခဲ ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါ့ကြောင့် ဒီ "Dhyan" ကို မိခင် ဘာသာစကားဆီ ပြန်ဆိုမယ့် အစား အသံကိုသာ ဖလှယ်ယူပစ် လိုက်တယ်။ တရုတ်အသံထွက် အားဖြင့် - "Dhyan" ဟာ "Ch'an" ဖြစ်လာတယ်။
နောက်နှစ် အတန်ကြာ တဲ့အခါ (လွန်ခဲ့တဲ့ နှစ် တစ်ထောင့်လေးရာ အကြာက) - ဂျပန်ဆီ ရောက်ပါတယ်။ ဂျပန် ဘာသာ အနေနဲ့ လည်း အဲ့ဒါကို ပြန်ဆိုရ ခက်နေပြန် တယ်။ ဒါ့ကြောင့် တိုက်ရိုက်အသံ ဖလှယ် ယူရင်း "Ch'an" ကနေ "Zen" ဖြစ်လာတယ်။
ဒီလို ပြန်ဆိုရခက်နေတဲ့ အပိုင်းကို ကြည့်ရင် -အရင်းခံက -- "Dhyan is beyond Mind" - Dhyan ရဲ့အဖြစ်ဟာ စိတ်အတွေးအကြံတို့ရဲ့ အလွန်မှာ တည်ရှိနေလို့ပဲ ဖြစ်ပါတယ်။
...................
For intro ~ Five Flavors of Ch'an.
...................
June 15th 2012 at 5:20 PM
...................
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 7/03/2012 10:02:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ