- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:27177] Fwd: သစ်ထူးလွင်
---------- Forwarded message ----------
From: Thit Htoo Lwin
Date: Tuesday, July 3, 2012
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင်
________________________________
လစ်လပ် ဒုတိယသမ္မတနေရာ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဖြစ်မည်ဟု သတင်းများထွက်ပေါ်
ပုဂ္ဂိုလ်ရေးမေးခွန်းများ မမေးရန် ဒေါ်အောင်ဆန်းစုကြည် မီဒီယာများသို့ပြောဆို
နေပြည်တော်မှာ ဘုန်းတော်ကြီးကျောင်း (၁၅)ကျောင်းခန့် မီးရှို့ ဖျက်ဆီးခံရ
ပိတ်ဆို့မှု လုံးဝရုပ်သိမ်းစေချင်ရင် လက်တွေ့ဆောင်ရွက်ပြဖို့ ဒေါ်စုပြောကြား
မလေးရှား ၀ - ၁ မြန်မာ (ပထမပိုင်းအပြီး)
မင်းပြား မြို့နယ် ပုလဲပေါက်ရွာမှ လယ်သမားများကို စကခ ၉ မှ တရားစွဲ
စစ်တွေမြို့မှ စစ်မူထမ်းဟောင်း အစောင့် တစ်ဦးရဲ့အိမ် မီးရှို့ခံရ
ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)
လယ်ယာမြေ အငြင်းပွားမှုတွင် ပါဝင် ဆက်နွယ်သော နိုင်ငံရေး သမားများကို တရားစွဲဆိုမည်
လယ်ယာမြေကိစ္စ ပြေလည်ပြီ
ကမ္ဘာကျော်မင်းသား ဂျက်ကီချမ်း ဇူလိုင် ၅ ရက်နေ့ မန္တလေး လာမည်
ဖူးတွေ့ခွင့်ရတော့မည့် သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီးဓမ္မစေတီ
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစရင်း
ဘင်္ဂလားဒေရှ် အကျဉ်းသား ၃၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေး
NLD ပါတီ ကိုယ်စားလှယ်များ အရည်အချင်းပြည့် မီရေး ဆောင်ရွက်နေ ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မ တက်မီ ကော့မှူးသွားမည်
၅၉ နှစ် ပြစ်ဒဏ်ချခံရသော ယုံကြည်ချက်အကျဉ်းသား ကိုအေးအောင် ကလေးထောင်မှ လွတ်
ဥရောပခရီးစဉ် အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း မြန်မာ ဗမာ အသုံးအပေါ် မှတ်ချက်ပေးပြောကြား
ရန်ကုန်နှင့် ဘီလူးချောင်း ဓာတ်အားပေးစက်ရုံ ပြုပြင်ရေး ဂျပန်ကူညီမည်
လွှတ်တော်တွင် ဥပဒေပြုရေး အလေးထား ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
လယ်သိမ်းခံ လယ်သမားများ အိုးအိမ်ရုံးရှေ့ ညအိပ်ဆန္ဒပြ
ယနေ့ ပြန်လွှတ်ပေးတဲ့ ကျဉ်းသားတွေ ထဲမှာ နိုင်/ကျဉ်း တချို့ ပါဝင်
ဆင်းရဲနွမ်းပါးကလေးငယ်များအတွက် ဘော်ဒါဆောင်ဖွင့်လှစ်
ပစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
အစိုးရဌာနများ အားနည်းချက် ဦးရွှေမန်းထံ စီးပွားရေးလုပ်ငန်းရှင်များတင်ပြ
လစ်လပ် ဒုတိယသမ္မတနေရာ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဖြစ်မည်ဟု သတင်းများထွက်ပေါ်
Posted: 03 Jul 2012 07:15 AM PDT
လစ်လပ်လျက်ရှိနေသည့် ဒုသမ္မတနေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား အစားထိုးခန့်အပ်မည့် ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း၌ သတင်း များ ထွက်ပေါ်လျက်ရှိသည်။
လက်ရှိအချိန်တွင် ဒုတိယသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦး သည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် တာဝန်မှ အနားယူခွင့် ကို တောင်းခံထား သည် ဖြစ်ရာ အဆိုပါ လစ်လပ်နေရာအတွက် အစားထိုးခြင်းဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတလောင်း ၃ ဦးကို တပ်မတော်မှ အမည်စာရင်းတင်သွင်းသူတစ်ဦး လွှတ်တော်မှ အမည်စာရင်းတင်သွင်း သူတစ်ဦးနှင့် မဲဆန္ဒနယ်အများဆုံး အနိုင်ရသည့် ပါတီမှ အမည်စာရင်း တင်သွင်းသူတစ်ဦး စုစုပေါင်း ၃ ဦးကိုတင် သွင်း၍ ယင်းတို့အနက်မှ သမ္မတကိုရွေးချယ် သည့်စနစ်ဖြစ်ရာ ဒုတိယ သမ္မတ(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး သည် တပ်မတော်မှ အမည်စာရင်း တင်သွင်းခဲ့သူဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတများ နေရာလစ်လပ်မှု ဖြစ်ပေါ်၍ အစားထိုး ရွေးချယ်ခံရပါက အဆိုပါ ရွေးချယ်ခံရသူသည် ဒုတိသမ္မတ ၀ါစဉ်၏ အနိမ့်ဆုံးအဖြစ်သတ်မှတ် ခံရမည် ဖြစ်ရာ ဦးဌေးဦးသည် ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံရပါက လက်ရှိဒုတိယ သမ္မတဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်း၏ နောက်တွင် ဒုတိယသမ္မတ (၂) အဖြစ် တာဝန်ယူရ မည် ဖြစ်ကြောင်း သိရသည်။
ဇော်ထိုက် - Yangon Media Grou
http://feeds.feedburner.com/thithtoolwin/yIWV
ပုဂ္ဂိုလ်ရေးမေးခွန်းများ မမေးရန် ဒေါ်အောင်ဆန်းစုကြည် မီဒီယာများသို့ပြောဆို
Posted: 03 Jul 2012 07:13 AM PDT
Photo - AP
အယ်န်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းနှင့် ပတ်သက်သည့်ပုဂ္ဂိုလ်ရေးမေးခွန်းများ ကိုမေးမြန်းခြင်း မပြုကြရန် မီဒီယာများ သို့ပြောကြားလိုက်သည်။
ဥရောပခရီးစဉ်မှအပြန် ဇူလိုင် ၃ ရက်တွင်အယ်န်အယ်ဒီ ရုံးချုပ်တွင်ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ပုဂ္ဂိုလ်ရေးမေးခွန်းမမေးပါနဲ့။ ကျွန်မပုဂ္ဂိုလ်ရေးမေး ခွန်းတွေဖြေလေ့ ဖြေထမရှိပါဘူး'' ဟု ယင်းက ဆိုသည်။အဆိုပါ ဥရောပခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တွင်ပြည်တွင်း ပြည်ပမှ မီဒီယာ ၄၀ ကျော်ခန့်တက်ရောက် ခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းတွင် ဥရောပခရီးစဉ်နှင့် မသက် ဆိုင် သည့် မေးခွန်းများကိုပါ ဖြေကြားပေးခဲ့သော်လည်း ပုဂ္ဂိုလ်ရေး နှင့် ပတ်သက်သည့် မေးခွန်း အချို့အား ဖြေဆိုခြင်းမရှိခဲ့ပေ။
၈၈ ကျောင်းသားများနှင့် တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး သတင်း ထောက်တစ်ဦး၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က''၈၈ မျိုးဆက်ကျောင်းသား တွေ ကလာတွေ့ ချင်တယ်ဆို လို့ တွေ့တာပါ။ ဆွေးနွေး တဲ့ ကိစ္စတွေကလည်း ကိုမင်းကိုနိုင်တို့၊ကို ကိုကြီးတို့၊ကိုပြုံးချိုတို့ဆွေးနွေးချင်တဲ့ ကိစ္စတွေဖြစ် ပါတယ်။ အဲဒီဟာတော့ ကာယကံရှင် ကိုမေးပါ။ ကျွန်မတို့ကတော့စည်းကမ်းအရ၊ မူအရ ကျွန်မတို့ လာတွေ့တဲ့ ဧည့်သည်တွေကဘာပြော တယ်ဆိုတာထုတ်ဖော်ပြောလေ့ မရှိပါဘူး။ ဘာမှထူးထူး ထွေထွေ တော့ မဟုတ်ပါ ဘူး။ မူအရပြောတာပါ။'' ဟု ပြန်လည် ဖြေကြားသည်။
ထို့အတူဥရောပခရီးစဉ် အတွင်းနော်ဝေနိုင်ငံအော်စလိုမြို့တွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် တွေ့ဆုံစဉ်မည်သည့် အရေးကိစ္စများ ဆွေးနွေးဖြစ်ခဲ့ကြောင်း သတင်းထောက် တစ်ဦး၏မေးမြန်း ချက်ကိုလည်းဒေါ်အောင်ဆန်းစုကြည် ကမူအရဖြေကြား ဖို့မရှိကြောင်းပြော ကြား သည်။
တည်ကြည်အေး - Yangon Media Group
http://feeds.feedburner.com/thithtoolwin/yIWV
နေပြည်တော်မှာ ဘုန်းတော်ကြီးကျောင်း (၁၅)ကျောင်းခန့် မီးရှို့ ဖျက်ဆီးခံရ
Posted: 03 Jul 2012 07:04 AM PDT
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် V-4 လမ်းမကြီးဘေး ရွှေနံ့သာရပ်ကွက်မှာ ရှိတဲ့
ဘုန်းတော်ကြီးကျောင်းများကို ယနေ့ ဇူလိုင်လ(၃)ရက်နေ့ ညနေ(၄)နာရီခန့် မှာ
မီးရှို့ခံရကြောင်း သိရပါတယ်။
မကြာခင်ရက်ပိုင်းက----
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ပိတ်ဆို့မှု လုံးဝရုပ်သိမ်းစေချင်ရင် လက်တွေ့ဆောင်ရွက်ပြဖို့ ဒေါ်စုပြောကြား
Posted: 03 Jul 2012 06:12 AM PDT
ဓါတ်ပုံ - ရိုက်တာ
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူ မှုတွေ အားလုံး ဖယ်ရှား နိုင်ရေးအတွက် အခုလို ယာယီဆိုင်းငံ့ ထား ချိန်မှာ သက်ဆိုင်သူတွေ က အောင်မြင်အောင် ဆောင်ရွက် ပြသနိုင်ဖို့ လိုတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က----
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မလေးရှား ၀ - ၁ မြန်မာ (ပထမပိုင်းအပြီး)
Posted: 03 Jul 2012 05:52 AM PDT
ယှဉ်ပြိုင်လျက်ရှိသည် AFC U-22 ခြေစစ်ပွဲ မလေးရှား အသင်းနှင့် မြန်မာအသင်းတို့ ပွဲစဉ်တွင် ပထမပိုင်း ပွဲချိန် ၄၅ မိနစ်နှင့် လေ့လွင့်အချိန်ပို ၂ မိနစ် ပြီးဆုံးပြီးနောက် မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင် ယှဉ်ပြိုင်လျက် ရှိသည်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၃ မိနစ်တွင် တိုက်စစ်မှူး ကောင်းစည်သူ (နံပါတ် - ၉) က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယှဉ်ပြိုင်ကစားလျက်ရှိသည့် မလေးရှားအသင်းနှင့် မြန်မာအသင်း ပွဲစဉ် မြင်ကွင်း။ မလေးရှား ၀ - ၁ မြန်မာ (ပထမပိုင်းအပြီး)
The Voice Weekly
http://feeds.feedburner.com/thithtoolwin/yIWV
မင်းပြား မြို့နယ် ပုလဲပေါက်ရွာမှ လယ်သမားများကို စကခ ၉ မှ တရားစွဲ
Posted: 03 Jul 2012 05:44 AM PDT
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပုလဲပေါက်ကျေးရွာ(ခေါ်) ဗလိပေါက်ကျေးရွာမှ ရပ်ရွာလူကြီး (၃) ဦးအား ကျောက်တော် အခြေစိုက် စကခ (၉) မှ တရားစွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။
တရားစွဲခံရသူများမှာ ဦးမောင်ပု၊ ဦးအလုံးမောင်၊ ဦးကျော်ဇံရွီတို့ ဖြစ်ကြသည်။ တရားစွဲ ဆိုသူမှာ ကျောက်တော် အခြေစိုက် စကခ(၉) တပ်မမှ ဗိုလ်ကြီး ဝေယံဖြိုး ဖြစ်ပြီး သူက တရားလိုလုပ်ပြီး မင်းပြားမြို့ မြို့နယ် ရဲစခန်းတွင် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
" သူတို့က တပ်ကပိုင်တဲ့ လယ်တွေကို ရွာသားတွေ တက်ရောက် လယ်ထွန်တဲ့ အတွက် ရွာသားတွေရဲ့ ကိုယ်စား လူကြီး ၃ ဦးကို ဇွန်လ ၂၈ ရက်နေ့မှာ တရားစွဲဆိုတာ ဖြစ်ပါတယ်။ ကျန်တဲ့ ရွာသားတွေကိုတော့ တရားမစွဲတော့ဘူးလို့ ပြောပါတယ်။ မင်းပြားရဲစခန်းမှာ ဗိုလ်ကြီး ဝေယံဖြိုးက လာရောက် အမူဖွင့် တရားစွဲထားပါတယ်" ဟု တရားစွဲခံရရာတွင် ပါဝင်သူ ဦးမောင်ပုက ပြောသည်။
ပုလဲပေါက်ကျေးရွာမှ လယ်သမားများပိုင် လယ်ဧက ၄၁၅ ဧကကို ကျောက်တော် အခြေစိုက် စကခ (၉) မှ ၂၀၀၄ ခုနှစ်ကတည်းက သိမ်းယူသွားခဲ့သည်။ ၎င်းနောက်ပိုင်းမှာ လယ်သမားများကို တစ်ဧက ၁၃ တင်းနုန်းဖြင့် စစ်တပ်က သီးစား ပြန်ချခဲ့သည်။
၂၀၁၀ ရွှေးကောက်ပွဲ ပြီးနောက် ဦးသိန်းစိန် အစိုးရတက်လာသော အခါ အဆိုပါ လယ်များကို ရွာသားများက ပြန်ပေးရန် သမ္မတ ဦးသိန်းစိန်ကို အသနားခံခဲ့ကြသည်။
" ကျွန်တော်တို့ သမ္မတကြီးဆီကို အသနားခံတာက လွန်ခဲ့တဲ့နှစ် စက်တင်္ဘာလက ဖြစ်ပါတယ်။ ဒီလယ်တွေဟာ ကျွန်တော်တို့ရဲ့ ဓါးမဦးချ လုပ်ကိုင်လာတဲ့ လယ်တွေ ဖြစ်တဲ့ အတွက် လယ်တွေကို ပြန်ပေးဖို့ ရွာသားတွေအကုန်လုံး လက်မှတ် ရေးထိုးပြီး သမ္မတကြီးဆီကို မေတ္တာရပ်ခံခဲ့ပါတယ်" ဟု သူက ဆက်ပြောသည်။
ထိုသို့ အသနားခံခဲ့ပြီး နောက် မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဆိုပါ လယ်များကို စစ်တပ်က မပိုင်တော့ကြောင်း၊ သို့အတွက် ရွာသားများ အညီအမျှ ခွဲဝေ လုပ်စားကြရန် ယခုနှစ် မတ်လအတွင်းက ရွာရောက်ရှိလာစဉ် ပြောကြားခဲ့သည်ဟု ဆိုသည်။
" ကျွန်တော်တို့ကို မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပြီးတဲ့ နောက်ပိုင်းမှာ မြို့နယ် စည်ပင်ရဲ့ အမိန့်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသားတွေ စုပေါင်း လုပ်စားကြပါဆိုတော့ နွားအချဉ်း ၅၀ (ကောင်ရေ ၁၀၀) နဲ့ အတူ ရွာသားတွေက ဘုံပိုင် လယ် အဖြစ် ထွန်ယက် စိုက်ပျိုးကြတော့ စစ်တပ်က ရောက်လာပြီး ခုလို တရားစွဲဆိုတာ ဖြစ်ပါတယ်။"
တရားစွဲဆိုခံရပြီးနောက် ရဲစခန်းမှ လယ်သမား (၃) ဦးဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် လက်ခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
" ကျွန်တော်တို့ သုံးဦးကို စတရားစွဲတဲ့ ဇွန်လ ၂၈ ရက်နေ့မှာ မင်းပြားရဲစခန်းမှာ စစ်ဆေးပါတယ်။ ရဲမြို့နယ်မှူးက ဘာကြောင့် စစ်တပ်ပိုင်တဲ့ လယ်မှာ ခွင့်ပြုချက် မရှိဘဲ လယ်ထွန်ရသလဲ စသဖြင့် မေးပါတယ်။ နောက်လည်း ရဲက ဆက်မေးအုံးမှာ ဖြစ်ပါတယ်။ စစ်ဆေးပီးမှ ဒီအမူ မြို့နယ် တရားရုံးကို တင်မှာ ဖြစ်ပါတယ်" ဟု ဦးမောင်ပုက ဆိုသည်။
ယခု လယ်ထွန်ယက်စိုက်ပျိုးရာတွင် လယ်သမား ၂၀ ခန့် ပါဝင်ပြီး ကျေးရွာသား အများအပြားမှာ သူတို့ကိုလည်း နောက်ပိုင်းတွင် တရားစွဲဆိုလာမည်ကို စိုးရိမ်နေကြပြီး အကယ်၍ တရားစွဲဆိုပါက ဆင်းရဲကြသည့် အထဲ စားစရာ မရှိ လျော်စရာသာရှိ ဆိုသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည်ကို အထူး စိုးရိမ်နေကြသည်ဟု သိရသည်။
နိရဉ္စရာသတင်းဌာန
http://feeds.feedburner.com/thithtoolwin/yIWV
စစ်တွေမြို့မှ စစ်မူထမ်းဟောင်း အစောင့် တစ်ဦးရဲ့အ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ