- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:27177] Jokes (2)
သူ့အလှ
သူငယ်ချင်း ၂ ယောက် စကားပြောနေကြသည်....
"သူငယ်ချင်း ..... ခုငါကြိုက်နေတဲ့ ကောင်မလေးက တော်တော်ကိုလှတာကွ"
"ဟုတ်လား "
"အေး.... သူ့မျက်ခုံးလေးတွေက ဇင်ယော်တောင်လေးတွေလိုပဲ..... မျက်လုံးလေးကလည်း ရွှေသမင်မျက်လုံးလေး... သူ့လည်တိုင်ကလေးဆိုရင် ဗျိုင်းကလေးလိုပဲ ..... လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာလေး...."
"ဟင်.....ဟုတ်လား........ဒါဆို မင့်ကောင်မလေးက လူနဲ့ မတူဘူးပေါ့... "
နားလည်မှု
မြန်မာနိုင်ငံ ကျေးလက်ဒေသမှ တောင်သူဦးကြီးတစ်ယောက် ရန်ကုန်သို့လာလည်သည်...
ရန်ကုန်သို့ရောက်ပြီးနောက် ဘုရားသွားရန်အတွက် လိုင်းကားတက်စီးသည်...
ဘေးခုံတန်းတွင် တစ်နေရာစာထိုင်လို့ရနိုင်သည်ကို
တွေ့သဖြင့် ထိုင်နေသောမိန်းကလေးအား ပြောလိုက်သည်...
"သမီး...... ဟိုဘက်နည်းနည်းတိုးပါလား ...... အဘ ဖင်ကလေးချချင်လို့"
"ဘာ..... ရှင် ရိုင်းလှချည်လား ...... အသက်ကိုမှ အားမနာ... မဖယ်ပေးနိုင်ဘူး.... ဟွန်း.."
"ဒါဆိုလည်း ရပါတယ်ကွယ် .... အဘ နောက်ကပဲ တွယ်လိုက်တော့မယ်....."
ဘယ်လိုလဲ
ဆရာဖြစ်သူက တပည့်များအား အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်ရန် ဆုံးမနေသည်
"အေး ငါ့တပည့်တို့ .... မင်းတို့ မသေမချင်းမှတ်ထား ...... ဘယ်အလုပ်မဆိုအောက်ခြေကစရတယ်ကွ... ပြီးမှ တဖြည်းဖြည်းချင်း အပေါ်ကို တက်ရတယ်..."
တပည့်တစ်ယောက်ကမေးသည်..
"ဆရာ ..... ရေတွင်းတူးရင်ကော ဟင်..."
ပညာရှိ
ပညာရှိကြီးတစ်ဦးက သူ့တပည့်အား မှာကြားနေသည်....
"ငါ့တပည့် ဆရာ့ကို ခပ်မြင့်မြင့် စာအုပ်တစ်အုပ်ပေးကွာ "
တပည့်က ဆရာ့ဗီရိုထဲမှ အတွေးအခေါ်စာအုပ်ကို ယူလာသည်...
"နိမ့်သေးတယ်.... မြင့်တာယူခဲ့"
နောက်တစ်ခါ ဗေဒင်ပညာ စာအုပ်ကို ယူပေးပြန်သည်...
"နိမ့်သေးတယ် "
နောက်တစ်ခါ ခန္ဓာဗေဒ ကျမ်းစာအုပ် ယူလာပေးသည်.....
"နိမ့်သေးတယ်"
နောက်တစ်ခါ နက္ခတ်ပညာအကြောင်းစာအုပ်ကို ယူပေးပြန်သည်.....
"မရဘူး.... နိမ့်သေးတယ်..."
တပည့်ဖြစ်သူ စိတ်ရှုပ်လာသဖြင့်ဆရာအားမေးသည်...
"ဆရာခင်ဗျား.... ဒီစာအုပ်တွေက ဆရာ့ဆီမှာ ရှိတဲ့ အမြင့်ဆုံး စာအုပ်တွေပါခင်ဗျာ..... ဒါတွေကိုတောင် ဆရာက နိမ့်သေးတယ်ဆိုတော့ ဘယ်လိုစာအုပ်မျိုးကိုများ အလိုရှိတာပါလဲခင်ဗျာ......"
"အိမ်း..... နေ့လည် တရေးတမော ခေါင်းခု အိပ်လို့ရအောင် မြင့်တဲ့ စာအုပ်လိုချင်တာကွ..."
မျက်စိလျှင်ဖို့လိုပါတယ်...
ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့်ကို ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့ ဆို ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲ...လုံ့လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့ ရဲ့ အားနည်းချက်လို့  ဆိုရမလားပဲ…။
ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။ ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့ ရှေ့မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့…။ အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။
"ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…" ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ လေးလေးပင်ပင်နဲ့ …
"ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ... ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး" ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။
"အီးးးးးးး"
"အူးးးးးးး"
"အိုးးးးးးး"
ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …
"ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့ တွေဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့" မယုံမရှိကြပါနဲ့ ။ 'ဆရာဝန်ဖြစ်ချင်တယ်ဆိုရင'် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ 'တာ' သွားပါတယ်။ စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။ လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ 'ပြွတ်' ကနဲ မြည်အောင် စုပ်…။ ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။ အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့ တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။ "ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။ အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က... လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို... ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…"
"တိန်…" "တိန်…" "တိန်…"
မှတ်ကရော
အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။
ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။
"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။
ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။
အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။
အဲ … ဒါမှမဟုတ် …"
စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။
"မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"
မဆဲနဲ့
ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို
လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ
နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို
မြင်ခဲ့ကြရတယ်။ နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့က
လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို ဗဟုသုတအနေနဲ့
ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့
ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။
ဆရာမက"တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချင်တယ် "
"ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီး
ဘယ်လိုမြင်သလဲ။" ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့
ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။
ဒါနဲ့ ဆရာမက "အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့
ဟုတ်ပြီလား။" ဆရာမကဆက်ပြီး "မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း"
မောင်မောင်က "အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ"
ဒါနဲ့ ဆရာမက "အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင် အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား"ဟု ပြောလိုက်တယ်။
အဲဒါနဲ့ ဆရာမကဆက်ပြီး "ပီတာလေးကို မေးလိုက်တယ်။" "ပီတာလေးရဲ့
အမြင်ကိုလဲပြောပါအုန်း" ပီတာလေးက "ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ"
ဟုဖြေလိုက်တယ်။
ဆရာမလဲ အံ့အားသင့်သွားတယ် "ဘယ်လိုပတ်သက်လို့တုန်းကွဲ့ "လို့  ဆရာမက
ပီတာလေးကိုမေးလိုက်တယ်။ ဒါနဲ့ပီတာလေးက "အဲဒီလူကြီးက" "မအေပေးလေးအောက်ကနေ
လှေခါးလာမလှုပ်နဲ့လို့ပြောလို့ ကျွန်တော်အမြင်ကတ်ကတ်နဲ့တွန်းချလိုက်တာပါ''
ဆရာမ။
မဟုတ်ဘူး
အလုပ်ထုတ်ခံရသော အိမ်ဖော် မ သည် သူဌေးကတော်ကို မကျေမနပ်နှင့် ပြောသည်။
" မမလေးဟာ သူဌေးကို ယူထားလို့သာ သူဌေးကတော် ဖြစ်နေတာ အိပ်ရာထဲမှာတော့ ကျွန်မက မမလေးထက် ပိုတော်တယ်"
" အဲ့တာနင့်ကို ဘယ်သူ ပြောတာလဲ..ငါ့ယောက်ျားပြောတာလား"
" မဟုတ်ဘူး ..မမလေး ရဲ့  ဒရိုင်ဘာ "
အဆဲပြိုင်ပွဲ
အဆဲပြိုင်ပွဲ ကျင်းပသည်း။
အချိန်အကြာဆုံးနှင့် ဆဲနည်းမထပ်ဘဲ ဆဲနိုင်သူ ပထမရမည် ဖြစ်သည်။
အမေရိကန် လူမျိုးဝင်ပြိုင်သည်။
၁၅ မိနစ်ကြာအောင် ဆဲနည်း မထပ်ဘဲ ဆဲ သွားသည်။
ရုရှား လူမျိုး တစ်ယောက်ဝင် ပြိုင်သည်။
နာရီဝက်ကြာအောင် ဆဲနည်း မထပ်ဘဲ ဆဲ သွားသည်။
မြန်မာတစ်ယောက် စင်ပေါ်တက်လာသည်။မိုက်ကြိုးကို ခလုတ်တိုက်မိပြီးချော်လဲသည်။
မိုက်ကို ဒေါသထွက်ထွက်နှင့် လက်ညှိုးထိုးပြီး ဆဲသည်။
၁၅ မိနစ် ၊ နာရီဝက် ၊ ၁ နာရီ ကြာ သွားသည် ။ ဆဲနည်း လုံးဝ မထပ်ချေ။
ဒိုင်လူကြီးများနှင့် ပရိသတ်များ အားလုံး အံ့ သြကုန်ကြသည်။
ထို့နောက် ထိုလူသည် ဒိုင်လူကြီး များဘက်သို့ မျက်နှာ လှည့် ပြီး
" ဒိုင်လူကြီးများ ခင်ဗျာ ...ကျွန်တော် စဆဲ လို့ရပါပြီ လား ခင်ဗျာ................ "
ကျောင်းသားဟာသ
မေး-ဒါကနောက်ဆုံးနှစ်လည်းဖြစ်တယ် ဒီစာမေးပွဲအောင်ရင်ဘွဲ့လည်းရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ
ဖြေ-သိပ်ကိုဝမ်းနည်းပြီး ယူကြုံးမရဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့... တကယ်လို့ ဘွဲ့ရခဲ့ရင် ကျွန်တော့်အနေနဲ့က တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့ တစ်ယောက် ဖြစ်သွားပါပြီ။ အခုက ကျောင်းတက်နေတာဆိုတော့ ဘာပြောပြော ကျောင်းသားဘ၀ ဆိုတော့ အိမ်က ထောက်ပံ့ပေးနေဆဲပါ ဒါပေမဲ့ ကျောင်းပြီးသွားရင်တော့ လုံးဝကို supply တွေ ပိတ်ကုန်မှာ ဖြစ်ပါတယ်။.. ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ ကျောင်းတော်ကြီးကို လွမ်းတာတို့၊ သူငယ်ချင်းတွေကို တမ်းတတာတို့၊ ချစ်သူလေးကို ခွဲရမှာတို့ထက် သောက်သုံးမကျတဲ့ ကောင်ကြီးဖြစ်သွားပြီဆိုပြီး ၀မ်းနည်းမိပါတယ်။
တစ်ချက်ပြုံးရင် တစ်ရက်အသက်ပိုရှည်စေဖို့
(1)
ဖက်ထုပ်လေးနှစ်ထုပ် မင်္ဂလာဆောင်တယ်။ သတို့သားဖက်ထုပ်က ဧည့်သည်တွေကို ပြန်ပို့ပြီးနောက် အိပ်ခန်းထဲဝင်လာတယ်။ ကုတင်ပေါ်မှာ အသားတုံးတစ်တုံးတွေ့တော့ ကြောက်အားလန့်အား ထအော်တယ်။
"ငါ့ သတိုးသမီး ဘယ်ရောက်သွားလဲ?"
အဲဒီအခါ အသားတုံးက ရှက်ရှက်နဲ့ပြန်ပြောတယ်။
"ဟင့်... သူများ အင်္ကျီချွတ်လိုက်တာနဲ့ သူများကို မမှတ်မိတော့ဘူးလားတဲ့!"
(2)
သခွါးသီး အသဲကွဲပြီး ငိုနေတယ်။ ခရမ်းသီးက ဘေးကနေပြီး နှစ်သိမ့်နေတယ်။
"အချစ်က လှပရုံတင်မကဘူး မူးယစ်စေတယ်၊ ကြေကွဲစေတယ်၊ မျက်ရည်ကျစေတယ်၊ ဟင်း! မင်းကွာ... ကြက်သွန်နီကိုမှ သွားချစ်မိတယ်လို့!"
(3)
ငိုပြီးပြန်လာတဲ့ ခြင်ကလေးကို ခြင်မေမေက ဘာဖြစ်တာလဲလို့ မေးတယ်။
ခြင်ကလေး "အီး..ဟီး.. ဖေဖေသေသွားပြီ!"
ခြင်မေမေ "ဟင်း... ဖေဖေက သားနဲ့အတူ စတိတ်ရှိုးသွားကြည့်တာ မဟုတ်လား!"
ခြင်ကလေး "ဟုတ်တယ်.. ပရိသတ်လက်ခုပ်တီးတဲ့အချိန် ဖေဖေမရှောင်ခဲ့ဘူး..."
(4)
ယောက်ျားဖြစ်သူက မိန်းမကိုမေးတယ်။
"နင့်ကိုငါ စိတ်ညစ်အောင်လုပ်တာတောင် နင်ပြန်မငြင်းခဲ့ဘူးနော်! နင့်ဒေါသကို နင်ဘယ်လို ထိန်းခဲ့တာလဲ!"
"ငါ အိမ်သာသွားဆေးတယ်လေ"
"ထူးလို့လား?"
"ထူးတာပေါ့။ နင့်ရဲ့သွားတိုက်တံနဲ့ ဆေးတာလေ"
(5)
ဆရာက ကျောင်းသားတွေကို KFC ရဲ့ကြော်ငြာဖြစ်တဲ့ "We do chicken right"ကို ဘာသာပြန်ခိုင်းတော့ ကျောင်းသားတွေက မတူတဲ့အဖြေတွေနဲ့ အမှားလိုက် ဘာသာပြန်ထားကြတာတွေ့ရတယ်။ သူတို့ ဘာသာပြန်ထားတာတွေက...
(၁) ကျွန်တော်တို့ ကြက်လုပ်တာမှန်တယ်
(၂) ကျွန်တော်တို့ ကြက်လုပ်တယ်
(၃) ကျွန်တော်တို့မှာ ကြက်လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်
(၄) ကျွန်တော်တို့က ကြက်ညာဖက်ပဲလုပ်တယ်
(၅) ကျွန်တော်တို့က ကြက်ရဲ့ညာဖက်ကိုပဲလုပ်တယ်
(၆) ကျွန်တော်တို့ ကြက်လုပ်နိုင်တယ်။ မှန်လား?
(၇) ကျွန်တော်တို့ ကြက်လုပ်တာပဲ ကောင်းတယ်
(၈) ကျွန်တော်တို့ကပဲ ကြက်လုပ်လို့ရတယ်
(၉) ကြက်ရှိတယ်... ညာကြည့်ပါ
(၁ဝ) ကျွန်တော်တို့ ကြက်ကိုကောင်းကောင်းဆက်ဆံရမယ်
(၁၁) ကျွန်တော်တို့ ကြက်မှန်မှန်ကန်ကန်လုပ်တယ်
(၁၂) ကျွန်တော်တို့ ကြက်စစ်စစ်လုပ်တယ်
(၁၃) ကျွန်တော်တို့ မှန်တဲ့ကြက်လုပ်တယ်
(၁၄) ကျွန်တော်တို့ လက်ရှိကြက်လုပ်တယ်
ယောက္ခမ
ခိုးရာလိုက်မည့် ချစ်သူကို ကောင်လေး ကြည့်၍ မေးလိုက်သည်...
"အချစ် .... ဟင် .. ခိုးရာလိုက်တယ်လည်းဆိုသေး .. ဘာပစ္စည်းမှလည်းယူမလာပါလား . . .
"ဒီညတညတည်းပဲကိုကိုရယ်.ဘာယူရဦးမှာလဲမေမေကမှာလိုက်တယ်.
ခိုးပြေးတယ်ဆိုတာ စတိသဘောလောက်ဆ တော်ရောပေါ့တဲ့၊
မနက်ကျရင်နှစ်ယောက်စလုံး စောစောပြန်လာကြတဲ့။ ကိုကို့ ကို ခိုင်းစရာရှိလို့တဲ့ . . ."
သူနဲဝေးနေလို့ပါ.....
ဒေါ်စိန်ရဲ့သားမက်ကသူတို့မြို့ရဲ့ဘောလုံးအသင်းမှာရှေ့တန်းက ကစားတယ်။
မြို့ခံ အသင်း နိုင်လာချိန်မှာတော့ ဒေါ်စိန်ကကြွားလို့ကို မဆုံးတော့ဘူး။ တရက်တော့ အရှုံးကြီး ရှုံးလာတယ်လေ။
ဒေါ်စိန်ဘယ်လို့ဖြစ်တာလဲဆိုပြီ ဘေးက လူတွေက စ မေးမေး ကြတရ်.
ဒေါ်စိန် ပြန်ပြောလိုက်တာက....
" ကျုပ်သားမက်ကရှေ့တန်းက ကစားတာဆိုတော့ ဂိုးကနောက်မှာဆိုရှိတာဆိုတော့ဝင်ကုန်တော့တာပေါ့။..............."
ဒါတောင်ဖုန်းမှားဆက်တာ
မိန်းမဖြစ်သူ ဖုန်း ပြောပြီးသွားသည်.. ...
ဖုန်းချလိုက်သည်.... ယောက်ျားဖြစ်သူကစပြောသည်.... .
" ဟ .. ... ဖုန်းတစ်ခါပြောရင် တစ်နာရီနှစ်နာရီပြောတဲ့ မိန်းမ .. ခုကျတော့ နာရီဝက်နဲ့ ပြီးသွားပါလား အံသြစရာပဲ ဟေ့ ဘာလိုဖြစ်လို့လဲ"
"ဖုန်း မှားဆက်မိလို့"
ညမထွက်ရ
အချစ်အတွက် ကိုယ် ကောင်းကင်ပေါ်က ဓူဝံကြယ်ကို ဆွတ်ခူးပေးရမလား.......
ရှင် ဘာမှ အပိုပြောမနေနဲ့ .. . ဒီ ည ရှင် အပြင် လုံးဝ မထွက်ရဘူး .. .. .
မောင်တော့မောင်ပဲ ...
ဟဲ လို မောင်လားဟင် ......
အင်း ဟုတ် တယ် မောင်ပါ .. ဒါနဲ့ အခုဆက်တာ ဘယ်သူလဲ
သိပြီလား
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။ လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။
"37............37............37" "
ဆရာဝန်တစ်ယောက်က လူနာများကိုမေးသည်။
" ဘာလို့  37 လို့ အော်နေရတာလဲ"
လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။
အဲဒါနဲ့ ဆရာဝန်လည်း ...အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း
"37............37............37"
"ဘာလိုအဲဒီလိုအော်နေကြတာလဲ" လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။
အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။ "ငါကိုပြောကြစမ်းပါအုံး....ဘာလို့ 37 လို့ အော်နေတာလဲ.." လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။
ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည့် လိုက်တယ်။
အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။
ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။
"38.............38.............38"
ရေဆွဲအိမ်သာ
ကိုချူချာ တိုက်ခန်းသစ်ရသည်။ နယ်မှရောက်လာသော ဆွေမျိုးများကိုလိုက်ပြသည်။
ရေဆွဲအိမ်သာရှေ့သို့ရောက်လာသည်။ ဆွေမျိုးများကမေးသည်။
``အဲ့ဒါဘာခေါ်သလဲ ဘာအတွက်သုံးသလဲ´´
``ကျွန်တော်လည်းမသိဘူး၊ ဟောဒီကြိုးကို ဆွဲလိုက်ရင် ရေကျလာတယ်။
လက်ဆေးဖို့အချိန်ရတယ်၊ အဲ..မျက်နှာသစ်ဖို့တော့အချိန် မမှီဘူး။´´
ကြက်တူရွေး
မိန်းမကြီးတစ်ယောက်ကြက်တူရွေး(၁)ကောင် ၀ယ်လာသည်။
ထိုကြက်တူရွေးမှာ ယခင်က မကောင်းသောအိမ်မှာ နေခဲ့ဖူးလေသည်။
အိမ်ရှင်မိန်းမဧ။် သမီးပျို(၂)ယောက် ကျောင်းမှ ပြန်လာတာ မြင်လျှင်
''ဟာ..အသစ်လေးတွေလာပြီ...အသစ်လေးတွေလာပြီ ''ဟု အော်လေသည်။
ထို့နောက်အိမ်ရှင်အဘိုးကြီး ၀င်လာတြာ မင်သည်နှင့် နှုတ်ဆက်လိုက်ပုံက.
.''ဟောဖေါက်သည်ကြီးတို့ကတော့RIGHT TIME ပဲဟေ့''
သတင်းကောင်း
ယောကျာ်းဖြစ်သူ အလုပ်က ပြန်လာသည်။ မိန်းမဖြစ်သူရဲ့ ညိုးငယ်သော မျက်နှာကို
ကြည့်ကာ အိမ်တွင် တစ်ခုခုဖြစ်ပြီဟု သိလိုက်သည်..
ယောကျာ်း ။ ။"မကောင်းတဲ့ သတင်းနဲ့ ငါ့ကို မကြိုနဲ့ကွာ၊ ရုံးမှာ
စိတ်ညစ်ရတာနဲ့ကိုပဲ ငါ့မှာ လုံလောက်နေပြီ"
...
မိန်းမ။ ။ကောင်းပြီ ရှင်ကို သတင်းကောင်းနဲ့ အရင်ပြောမယ်၊ ကျွန်မတို့ဆီမှာ
ကလေးငါးယောက် ရှိတယ်နော်။
အဲ - လေးယောက်ဟာ ဒီနေ့မှာ ခြေထောက်ရော လက်ရော မကျိုးဘူး"
ကြောက်တာပေါ့
တစ်ခါက ခွဲစိတ်ခန်းကနေ လူနာတစ်ယောက် ထွက်ပြေးလာတာကို
အပြင်မှာရှိတဲ့လူနာရှင်အမေက
မေးတယ်.....
အမေ။ ။သားခွဲစိတ်လို့ မပြီးသေးဘဲနဲ့ ဘာလို့ ထွက်လာတာလဲ...
သား။ ။မကြောက်ပါနဲ့ ခွဲစိတ်မှုအောင်မြင်မှာပါလို့ ပြောလို့အမေရ
...အမေ။ ။သြော်သားကလည်း ဒါကအားပေးစကားလေ ကြောက်ပြီးထွက်ပြေးစရာမလိုပါဘူး...သားကြောက်မှာစိုးလို့ပြောတဲ့ဟာကို...
သား။ ။ကြောက်တာပေါ့အမေရ..သားကိုပြောတာမှ မဟုတ်တာ..သူနာပြုဆရာမက ဆရာဝန်လက်တုန်နေတာတွေ့လို့ ပြောတာအမေရ...
ဘောင်းဘီထဲ ဘဲအရှင် .
တစ်ခါတုန်းက တောရွာတစ်ရွာမှာနေထိုင်တဲ့ လူကြီးတစ်ဦးက
မြို့မှာနေတဲ့သူရဲ့သားဆီကို အလည်အပတ်သွားပါသတဲ့၊
သူသွားရာမှာ ဘဲအရှင်တစ်ကောင်ကိုလည်းယူဆောင်သွားပါတယ်။
မြို့ရောက်တော့ ဘဲတစ်ကောင်ကိုင်ပြီး လျှောက်သွားနေတဲ့သူ့ကို မြို့ကလူတွေ
...လိုက်ကြည့်တာကိုခံရတော့
စိတ်ညစ်ညစ်နဲ့ ဘဲကိုလူမမြင်အောင် ဘောင်းဘီထဲထည့်တားလိုက်ပါရော၊
ပြီးတော့ ဘဲအသက်ရှုနိုင်ဖို့ ဘောင်းဘီကို ကြယ်သီးသာတတ်ပြီး
ဇစ်ကိုဆွဲမတင်ထားတော့ပဲ ဟထားလိုက်ပါသတဲ့ ၊
ကားမှတ်တိုင်မှာ ကားစောင့်နေခိုက်မှာ သူနဲ့သက်တူရွယ်တူ
မိန်းမကြီးတစ်ယောက်က သူ့ရဲ့ဘောင်းဘီဇစ်အဟကို
သေသေချာချာ စိုက်ကြည့်နေတာကိုတွေ့တော့ သူတော်တော်စိတ်ဆိုးသွားပြီး မေးလိုက်တယ်
"ခင်ဗျားက ဘာကြည့်နေတာလဲဗျ ကြည့်နေတာ မမြင်ဘူးတာကြနေတာပဲ"
အဲဒီမိန်းမကလည်း ခပ်ဆတ်ဆတ်ပဲ ပြန်ဖြေလိုက်တာကတော့
"မမြင်ဘူးလို့ ကြည့်တာမဟုတ်ဘူး၊
ဒီလိုပေကလပ် ပေကလပ် လုပ်ပြနေတဲ့ဟာကိုတော့
ခုမှမြင်ဘူးလို့ သေသေချာချာကိုကြည့်သွားတာ"
Facebook ခေတ်
အချစ်ရေ ..
အချစ် အမြန်ဆုံး နေပြန်ကောင်းလာပါစေလို့ မောင် ဆုတောင်းပေးပါတယ်။
အချစ်နေမကောင်းဘူး ဆိုတာကို သိသိချင်းပဲ မောင့်ရဲ့ Poker ဒေါင်းဖော်ဒေါင်းဖက် သူငယ်ချင်းတွေ၊ Mafia မိတ်ဆွေတွေ၊ မောင့် ဘောလုံးအသင်းကလူတွေ၊ ပြီးတော့ အချစ်ရဲ့ သူငယ်ချင်း လယ်သူမတွေ ၀ိုင်းပြီး သတင်းမေးကြ၊ ဆုတောင်းပေးကြတာ အချစ် Wall ပေါ်က မောင့် Post မှာ Comment တွေ ရာထောင်ချီသွားတယ် အချစ်ရယ်။
အချစ်ရဲ့ ဆေးရုံကုတင်ပေါ်ကပုံလေးကို မောင် Upload လုပ်ပြီး တင်လိုက်တော့လဲ ၀ိုင်းပြီး ၀မ်းနည်း Comment အားပေး Comment တွေ ပေးကြပြန်ရော။
အော် .. ဒါနဲ့ ပြောရဦးမယ်။ အချစ် အရင်တုန်းက ဆေးစစ်ထားတာတွေကို မောင် Scan ဖတ်၊ Upload လုပ်ပြီး အချစ်ရဲ့ ဆရာဝန် ကြည့်လို့ ရအောင် အဲဒီ Photo မှာ သူ့ကို Tag လုပ်ပေးထားတယ်။ အဲဒီ ဆရာဝန်က တော်တယ်နော်။ လူနာတွေကိုလဲ တော်တော် ဂရုစိုက်တယ်။ အချစ် ဆေးရုံပေါ်က ဆင်းတော့မှ သူ့ Wall ပေါ်မှာ မောင်တို့ ကျေးဇူးတင်စကား သွားရေးကြမယ်လေ နော်။ သူတင်သမျှ Post တွေကိုလဲ မောင် Like လုပ်ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။
အဲဒီ ဆရာဝန်နဲ့ မောင်နဲ့ Friend ဖြစ်နေလို့ အံ့သြသွားလား။ သူက မောင့် Mafia ဂိုဏ်းမှာ မောင့်ရဲ့ ညာလက်ရုံး အချစ်ရဲ့။ Mafia မှာ သူက မောင့်ထက်တောင် Level မြင့်သေးတယ်။
အချစ် ဆေးရုံပေါ်မှာ အေးအေးဆေးဆေး နေကောင်းအောင်သာ ဂရုစိုက်နော်။ ဟိုဟိုဒီဒီတွေ တွေးပြီး ဘာမှစိတ်ပူမနေနဲ့။
အချစ်ရဲ့ လယ်ကွက်လေးကို မောင် ပျိုးနှုတ်၊ မြက်ရိတ်၊ ပေါင်းသင်၊ ရေလောင်း၊ တိရိစ္ဆာန်တွေ အစာကျွေး အကုန်လုပ်ပေးထားတယ်။
အချစ်ရဲ့ စားသောက်ဆိုင်ကိုလဲ မောင်နေ့တိုင်း သွားသွားပြီး ဆိုင်ဖွင့်ပေးပါတယ် အချစ်ရဲ့။
ဒါနဲ့ စကားမစပ် အချစ်ရေ .. အချစ်သူငယ်ချင်း ဟို .. မီးပုံးပျံလေ မနေ့က သားလေးတစ်ယောက် ချောချောမောမော မွေးတယ် သိလား။ သူတို့ သားလေးက Photo ထဲမှာ ချစ်စရာလေး။ မောင်တောင် သူတို့ Wall ပေါ်မှာ သေချာသွားပြီး Congrat Comment ပေးလိုက်သေးတယ်။ မောင်တို့ကို အားကျစေချင်လို့နဲ့ တူပါတယ်။ ကလေး Photo မှာ မောင်တို့ ၂ယောက်ကို Tag ထားတယ် သိလား။
ဟွန်း .. အချစ် နေပြန်ကောင်းတော့မှ မြန်မြန် ကလေးယူပြီး အချစ်ဗိုက်ကို နေ့တိုင်း ဓာတ်ပုံရိုက် တင်ပြစ်မယ်။
ကဲ .. Note လဲ တော်တော် ရှည်သွားပြီ အချစ်ရယ်။ မောင် တစ်ခြား Comment ပေးစရာပေး၊ Like လုပ်စရာရှိတာတွေ လုပ်ပြီးရင် အချစ်ဆီ လာခဲ့တော့မယ်။
မောင့်ကို လွမ်းရင် ဒီမှာ Comment ပေးနော်။ အချစ် မြန်မြန် ကျန်းမာလာပါစေ။
ချစ်တဲ့မောင်
မငြင်းတော့ပါဘူး
ကျောင်းတွင် ဆ၇ာက ကလေးတယောက်ကိုမေးသည်..
`ကမ္ဘာကြီးက ဘယ်လိုပုံရှိသလဲကွ´
ကလေးက မဆိုင်းမတွ ဖြေသည်..
`လုံးတယ် ဆရာ´
´ကမ္ဘာကြီးလုံးကြောင်း ဘယ်လို သက်သေပြနိင်သလဲ´
ကလေးက ခဏတိတ်သွားပြီး ပြန်ဖြေသည်..
`ဆရာပြားတယ် ထင်ရင်လဲ ထားလိုက်ပါတော့ ဆရာ..ကျွန်တော် ဆရာနဲ့ ပြိုင်မငြင်းချင်ပါဘူး´
"သိသင့်တာကြာပြီ"
အင်္ဂလိပ်စာဘာသာရပ် သင်ခန်းစာ သင်ကြားနေတဲ့ ဆရာမက မေးလိုက်တော့ ကျောင်းသားတွေအားလုံး ပြိုင်တူ ပြန်ဖြေကြပုံလေးပါ. . .
"တစ်ဖက်သားရဲ့ စိတ်ပါဝင်စားမှု မခံရဘဲနဲ့ စကားတွေ တောက်လျှောက်ကြီး ပြောနေတဲ့လူမျိုးကို ဘယ်လို ခေါ်မလဲ . . . သိကြလား "
"ဆရာမပါ ခင်ဗျား "
ohms law..
Sir : tell ohms law..
stud: sir i dnt knw ful i knw only last part of it .
sir: k tel tht only..
stud: "this is called ohms law"..
Mind
GALILEO :Great mind
EINSTEIN:Genius mind
NEWTON:Xtraordinary mind
BILL GATES:Brilliant mind
but WE:Never mind. Lets continue our sleep. hehe :P
"သက်တမ်း"
ဖန်ဆင်းရှင်က ခွေးကိုဖန်တီးလိုက်သည်။
ခွေး၏သက်တမ်း ကို ၂၀-နှစ် ရှိစေဟု သတ်မှတ်လိုက်သည်။
ခွေးက ဆင်ခြေတက်၏။
ခွေး။ ။ ဖန်ဆင်းရှင်ခင်ဗျား။နှစ် ၂၀ တောင်ဆိုတော့ အချိန်အကြာကြီး "ဟောင်"နေရမှာပေါ့။ ၁၀-နှစ်ပဲ နေချင် ပါတယ်။ ပိုတဲ့ ၁၀-နှစ် ပြန်ယူပေးပါလား။
ဖန်ဆင်းရှင် သဘောတူလိုက်သည်။
ထို့ နောက်မျောက်ကို ဖန်ဆင်းပြန်၏။
မျောက်၏ ဘ၀-သက်တမ်းကို နှစ် ၂၀-ဟု သတ်မှတ်ပေးလိုက် ပြန်သည်။
မျောက်။ ။ အောင်မယ်-လေးလေး။ နှစ် ၂၀-လုံးလုံး လူတွေကို ဖျော်ဖြေ နေရမယ်။
သွားဖြဲပြ နေရမယ်ဆိုတော့ ဘယ်ကောင်းတော့မလဲ။
ဖန်ဆင်းရှင်ရယ်- ၁၀-နှစ်ပဲနေပါရစေ။
ကျန်တဲ့ ၁၀-ပြန်နှုတ်ပေးပါ။
ဖန်ဆင်းရှင် သဘောတူ လိုက်ပြန်သည်။
ထို့ နောက်နွားကို ဖန်ဆင်းပြန်၏။
နွား၏သက်တမ်းကို နှစ် ၆၀ ဟု သတ်မှတ်ပြန်ရာ နွားက သနားခံသည်။
နွား။ ။ ဖန်ဆင်းရှင်ခင်ဗျ။ နွားဆိုတာ လယ်ထွန်ရမယ်။
နေဒဏ် မိုးဒဏ် ခံရမယ်။
လယ်သမား မိသားစုအတွက် နို့ ထုတ်ပေးရမယ် ဆိုတာတွေကို လိုက်နာပါ့မယ်။
ဒါပေမယ့် နှစ် ၆၀-တောင် အဲဒီလိုကြီး လုပ်နေရမယ်ဆိုတော့ နွားတောင် မဖြစ်ချင်တော့ပါဘူး။
နှစ် ၂၀-ပဲ နေပါရစေ။ ပိုတဲ့ နှစ် ၄၀- ပြန်နှုတ် ပေးပါ လားနော်။့ နော့့် ။
ဖန်ဆင်းရှင် သဘောတူလိုက်ပြီးနောက် လူကို ဖန်ဆင်းလိုက်သည်။
လူ့ သက်တမ်းက နှစ် ၂၀-ဟု သတ်မှတ်ပေးလိုက်သည်။
လူက ဆင်ခြေ တက်သည်။
လူ။ ။ ဖန်ဆင်းရှင် အနေနဲ့ သတ်မှတ်ပေးတဲ့ လူအဖြစ်နှစ် ကျွန်တော် နှစ်-၂၀-နေရမယ်။
ဘ၀တလျှောက် အိပ်လိုက်။စားလိုက်၊ ကစားလိုက်လုပ်ရမယ်။
လက်ထပ်ရမယ်လို့ ပြဌာန်းထားတာတွေကို ကျေနပ်ပါတယ်။ လိုက်နာပါ့မယ်။
ဒါပေမယ့် သက်တမ်း ၂၀-ဆိုတာ နည်းလွန်းပါတယ်ဗျာ။
ဖန်ဆင်းရှင် ပြန်နှုတ်ပေးထားတဲ့ နွားဆီက နှစ်၄၀၊ မျောက်ဆီက ၁၀-နှစ်နဲ့ ခွေးဆီက၁၀-နှစ်- စုစုပေါင်း နှစ်၆၀ - ကျွန်တော့်ကို ထပ်ဆောင်းပေး ပါလား။
ဒါမှ နေပျော်မှာပေါ့။
ဖန်ဆင်းရှင် သဘောတူလိုက်သည်။
ထို့ ကြောင့်လူသည် ပထမနှစ် ၂၀-တွင်စားခြင်း၊အိပ်ခြင်း၊ဆော့ခြင်း၊အပျော်ရှာခြင်းတို့သာ လုပ်၏။
ဒုတိယနှစ် ၄၀-တွင် နွားကဲ့သို့ ရုန်းကန် လှုပ်ရှားရပြီး
တတိယ ၁၀-နှစ်တွင်မျောက်ကဲ့သို့  မြေးများနှင့်ေ ဆာ့ရကာ နောက်ဆုံး ၁၀-နှစ်တွင် ဟောင်ဖွာဟောင်ဖွာ လုပ်ရလေ့ရှိ၏။
CONNECTION ဘောပွဲ
ကဲ စပါပြီ…. ဟုတ်ကဲ့ အခုဆိုရင် Firefox က Google ကို စ ပေးတယ် ခင်ဗျ…. Google က Facebook ကို ထပ်ပေးပါတယ်။ ဟုတ်ကဲ့ တက်တယ်ခင်ဗျကျတယ် ခင်ဗျ ပြန်တက်တယ်။ ပြန်ပြုတ်ကျတယ်။ ရတနာပုံက မခံပါဘူးခင်ဗျာပြန်ဖြတ်ချတယ်ခင်ဗျ။ ဒါပေမယ့် ADSL က နာမည် အပျက်မခံဘူးခင်ဗျ။ အခုအချိန်မှာဆိုရင် ပုဂံက စိတ်ညစ်လို့ မှိုင်နေတယ်ခင်ဗျ။ ဟော.. ပြောရင်နဲ့  တက်လာပြန်ပါပြီခင်ဗျ။ရတနာပုံက ရာဇဝင်အရိုင်းမခံပါဘူးခင်ဗျာ.. ပြန်ဖြတ်ချပါတယ်။.. အခုဆိုရင် Connection ကြီးဟာ ပြောနေရင်းနဲ့ပြတ်ကျသွားပါပြီခင်ဗျား…. ရတနာပုံဘက် ပါသွားပြန်ပြီခင်ဗျ Facebook တက်တယ်။ User တွေက ဝိုင်းအားပေးတယ်ခင်ဗျရတနာပုံက ပြန်ဖြတ်ချတယ်။ Google တက်လာပြန်ပြီ… ဒိုင်လူကြီး ပုဂံက Network busy ပြပါတယ်ခင်ဗျ။ အသုံးကြမ်းလို့ ပါတဲ့… Gmail လေး က တက်ဖို့ ချောင်းနေတယ်ခင်ဗျ… Loading လေး ဆွဲပြေးသွားပြီ…… ပြည့်ခါနီးပါပြီခင်ဗျ… ဟုတ်ကဲ့ အပြည့်ရောက်ခါနီးမှာပဲ Connection က ပြန်ဖြတ်ချလို့  တစ် နေပါတယ်ခင်ဗျ။ အားပေးနေတဲ့ User တွေဟာဆိုရင် အခုဆိုရင် သုံးရတာ ဆန့် တငံ့ငံ့ ဖြစ်နေပါတယ်။ ရတနာပုံရဲ့  အစွမ်းတွေပေါ့ခင်ဗျ… ပွဲကို ကြည့်ရတာ ရင်တဖိုဖိုနဲ့  ဘယ်တော့ ပြန်ကောင်းမလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူးခင်ဗျ… ဟုတ်ကဲ့ပြောရင်းနဲ့  Facebook လေး Signin ဝင်သွားပြီခင်ဗျ… Home Page လေး တက်နေရင်းတန်းလန်း တစ်ဝက်ပဲပေါ်သေးတယ် ငြိမ်သွားပါပြီခင်ဗျ… အောက်ကို ကြည့်လိုက်တော့ Done ပါတဲ့… ဒါနဲ့  User ကအငြိမ်မနေပဲ Refresh ပြန်လုပ်တယ်ခင်ဗျ… Network Timeout ပါတဲ့ဒိုင်လူကြီး ပုဂံက အလစ်ကို မပေးပါဘူးခင်ဗျ… ဟုတ်ကဲ့ User ကိုတိုးတိုး တိုးတိုးနဲ့  သွားပြောနေပါတယ်ခင်ဗျ… ဘာပြောတာပါလိမ့်…? ဟုတ်ကဲ့ User က ဒီဘက်ကိုပြန်ပြောတယ်ခင်ဗျ… ဒိုင်လူကြီးက ပြောပါတယ်တဲ့ "အဲလောက်နဲ့ တက်တက်မလာနဲ့ " လို့ ပြောပါတယ်တဲ့။ ဟုတ်ကဲ့ အခုဆိုရင် User တွေနဲ့ ရတနာပုံနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်တော့မယ်ခင်ဗျ… User တွေကလဲ တင်းတယ်ခင်ဗျ… ရတနာပုံကို အသေရရ အရှင်ရရ ပါတဲ့… ရတနာပုံက Complain တက်တယ်ခင်ဗျ. FTTH တွေတပ်နေလို့ ပါတဲ့ဟုတ်ကဲ့ User က မယုံပါဘူးခင်ဗျာ.. ဟုတ်ကဲ့ အခုဆိုရင် ပွဲစနေတာ ၅ ရက်လောက်ရှိပါပြီခင်ဗျ… ပွဲဟာဆိုရင် ပြီးဖို့  နိုဝင်ဘာ ၇ ရက်နေ့ အထိ စောင့်ရမယ်သဘောရှိတယ်ခင်ဗျ… ဟုတ်ကဲ့ ကျွန်တော်ကြေငြာနေစဉ်အတွင်းမှာပဲ ကွင်းဘေးဒိုင် EPC က မီးဖြတ်ချလိုက်ပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးး
All credits are due to each and every person corresponding to the jokes.
All jokes from MMSY community...
Regards,
Haroon1992
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ