တစ်စုံတစ်ယောက်က ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားမျိုး၊ အပြုအမူမျိုး ပြုလုပ်ခံရတဲ့အခါ အလွယ်တကူ ခွင့်လွတ်သည်းခံနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် ခွင့်လွှတ်သည်းခံတတ်အောင် ကြိုးစားသင့်ပါတယ်။ အကြောင်းကတော့ ခွင့်လွှတ်သည်းခံတဲ့ စိတ်ရှိတာဟာ ကျွန်မတို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာရေးကို အံ့သြစရာကောင်း လောက်အောင် အကျိုးကျေးဇူး ဖြစ်စေတာကြောင့်ပါပဲ။ တစ်စုံတစ်ယောက်က ကိုယ့်ကို ဒေါသထွက်လောက်တဲ့ စကားမျိုး ပြောလာတဲ့အခါ ဒေါသတကြီး ကိုယ်ထိလက်ရောက် တုံ့ပြန် လိုက်မယ်ဆိုရင် နောက်ဆက်တွဲ ဖြေရှင်းရမယ့်ကိစ္စတွေ ရှိလာနိုင်ပါတယ်။ ဒီအဖြစ်အပျက်တွေကို တရားရုံးက အမှုတွဲတွေ၊ မှုခင်းသတင်းဂျာနယ်ပေါ်က ဖြစ်ရပ်မှန်သတင်းတွေကို သာဓကအဖြစ် တွေ့နေရတာပဲ မဟုတ်ပါလား။ ဒေါသနဲ့ တုံ့ပြန်လိုက်တဲ့အခါ နောက်ဆက်တွဲဖြေရှင်းရမယ့် တခြားကိစ္စ တွေထက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာကို ဆွေးနွေးတင်ပြလိုပါတယ်။
…ခွင့်လွှတ်သည်းခံမှုဆိုသည်မှာ…
…ခွင့်လွှတ်သည်းခံမှုဆိုတာ ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားလုံးတွေနဲ့ အပြုအမူတွေကို မေ့ပျောက်ကျေအေး လိုက်တာပါ။ လူတစ်ဦးနဲ့တစ်ဦးမှာ ခွင့်လွှတ်သည်းခံနိုင်စွမ်းရှိတဲ့ အတိုင်းအတာ ပမာဏကတော့ မတူညီတတ်ပါဘူး။ ခွင့်လွှတ်သည်းခံတယ်ဆိုတဲ့ စိတ်သဘောထားဟာ ပညာရှိဆန်သလို စိတ်ထားကြီးမြတ်မှုကိုလည်း ဖော်ညွှန်းနေပါတယ်။ ဒါကြောင့် ခွင့်လွှတ်သည်းခံနိုင်စွမ်း မြင့်မားလေလေ၊ ငြိမ်းချမ်းအေးဆေးတဲ့ဘ၀ကို ပိုင်ဆိုင်ရရှိလေလေပါပဲ။
…နာကြည်းစိတ်များနေမယ်ဆိုရင်…
…တချို့လူတွေက အတိတ်က ကိုယ့်ကို နာကျင်စေတဲ့ ဖြစ်ရပ်တွေကို ပြန်ပြောင်း တွေးတောရင်း အဲဒီအတိတ်ထဲမှာ ကိုယ့်ဘ၀တစ်ခုလုံး ပိတ်မိနေတာ၊ ဒေါသ၊ အာဃာတ၊ မလိုမုန်းထားခြင်းဆိုတဲ့ ၀ဲကယက်ကနေ ရုန်းမထွက်နိုင်အောင် ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ကျန်းမာရေးကို ထိခိုက်ပြီး နာတာရှည်ခံစားရတဲ့ ရောဂါတွေ စွဲကပ်လာနိုင်ပါတယ်။ ဒီအကြောင်းကို သမားတော်ကြီး ပါမောက္ခ ဦးကိုကိုလှက အခုလို ရှင်းပြပါတယ်။
"ဒေါသထွက်တာကို မထိန်းချုပ်နိုင်ဘူးဆိုရင် ရုတ်တရက်ဖြစ်တတ်တာက နှလုံးခုန်မြန်တတ်ပါတယ်၊ သွေးဖိအားက ဆောင့်တိုးသွားတတ်ပါတယ်၊
နှလုံးရောဂါလို ရောဂါအခံရှိသူတွေမှာ အခန့်မသင့်ရင် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်သွားနိုင်ပါတယ်။ ဒေါသဖြစ်တဲ့အခါ ဘာကိုမှ သတိမမူမိတော့ဘဲ ကိုယ့်ကို ဒေါသဖြစ်စေတဲ့သူကို အနာတရဖြစ်အောင် တုံ့ပြန်မိရင် ရာဇ၀တ်မှု ကျူးလွန်သလို ဖြစ်သွားနိုင်ပါတယ်…"
…"ခွင့်မလွှတ်ပဲ နာကြည်းစိတ်များနေမယ်ဆိုရင်တော့ အိပ်မပျော်ခြင်း၊ သောကရောက်ခြင်း၊ မကျေနိုင်မချမ်းနိုင် ဒေါသထွက်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေ ခံစားရပြီး ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်လာကာ ကိုယ်ခံစွမ်းအားစနစ် ကျဆင်းလာတတ်ပါတယ်…"
…တခြားသူတစ်ဦးကို ဒေါသထွက်ကာ ခွင့်မလွတ်နိုင်တာကြောင့် ကိုယ့်မှာ ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေက ကြောက်စရာကောင်းလှပါတယ်။
….ခွင့်လွတ်ကျေအေးလိုက်မယ်ဆိုရင်…
တစ်စုံတစ်ယောက်က သူပြောမိ ပြုမိတဲ့အရာအတွက် တောင်းပန်တဲ့အခါ သဘောထားကြီးမားစွာနဲ့ ခွင့်လွှတ်ကျေအေး တတ်ဖို့လိုပါတယ်။ ခွင့်လွှတ်ကျေအေးတတ်ပြီး စိတ်ထားအေးချမ်းတဲ့သူတွေဟာ စိတ်ဖိစီးမှု၊ ရန်လိုမှု၊ စိတ်ဓါတ်ကျခြင်း၊ ပူပင်သောကရောက်ခြင်း၊ နာတာရှည် နာကျင်ခြင်း၊ အရက်နဲ့ မူးယစ်ဆေးဝါးစွဲခြင်း၊ သွေးတိုးခြင်း စတဲ့ စိတ်နဲ့ဆက်စပ်ပြီး ဖြစ်လာတဲ့ ရောဂါပြဿနာတွ ကင်းဝေးပြီး ဘ၀မှာ သက်ရှည်နေပျော်စွာ ဖြတ်သန်းနိုင်မှာပါ။
…ခွင့်လွှတ်သည်းခံတတ်သူတိုင်း ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ အကြောင်းကို ပါမောက္ခ ဦးကိုကိုလှက အခုလို ရှင်းပြပေးထားပါတယ်။
"ဒေါသကို အလွယ်တကူ မောင်းထုတ်နိုင်မယ်ဆိုရင် စိတ်ဖိစီးမှုဆိုင်ရာ Stress Hormone တွေ လျော့နည်းသွားပြီး စိတ်အေးချမ်းမှု ရရှိမှာပါ၊ စိတ်အေးချမ်းတဲ့သူဟာ သွေးတိုး၊ နှလုံး စတဲ့ နာတာရှည်ရောဂါဘယတွေ ကင်းဝေးတဲ့အပြင် အိုမင်းရင့်ရော်ခြင်းတွေ လျော့ပါးပြီး အရွယ်တင်နုပျိုနေမှာ ဖြစ်ပါတယ်"
…ခွင့်လွှတ်သည်းခံတတ်တဲ့ လုပ်ရပ်ဟာ ကောင်းမှန်း၊ မြင့်မြတ်မှန်း သိပေမယ့် ဒေါသထွက်အောင် ပြောဆိုပြုမူတဲ့အခါ အလွယ်တကူ သည်းခံနိုင်ဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲနေမှာပါ။ ကိုယ်မှားမှန်းသိပေမယ့် ကိုယ့်အမှားကို ၀န်ချတောင်းပန်တတ်ဖို့ မလွယ်ကူသလိုပါပဲ၊ ဒါပေမယ့် သည်းခံခွင့်လွှတ်တတ်ခြင်းနဲ့ အမှားကို တောင်းပန်တတ်ခြင်း တွေဟာ မင်္ဂလာရှိတဲ့ လုပ်ရပ်တွေပါ။ ဒါကြောင့်တစ်စုံတစ်ယောက်ကြောင့် စိတ်ဆိုးမိရတဲ့အခါ စိတ်ထားတတ်အောင် လုပ်ဆောင်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်…
…စိတ်ကို တည်ငြိမ်အောင်ထားပါ…
…ဒေါသကို လျော့ချနိုင်ဖို့ ရိုးစင်းလွယ်ကူတဲ့ နည်းလမ်းကို ကျင့်သုံးပါ။ ထိုနည်းတွေကတော့ အသက်ပြင်းပြင်း ရှူသွင်း၊ ရှုထုတ်ပြီး သင့်ကို ကြည်နူးစေတဲ့အရာကို တွေးတောခြင်း ဒါမှမဟုတ် လှပတဲ့ရှုခင်းကို ကြည့်ခြင်း၊ ဒါမှမဟုတ် သင်ချစ်တဲ့သူကို ကြည့်ခြင်းတွေပဲဖြစ်ပါတယ်။
--
အားလုံးပျော်ရွင်ပါစေ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos