[mrsorcerer:27241] ၀က်ကလေးဟာ ကျောင်းမနေရသေး(ဦးပေါ်ဦး)


ပေါ်ဦးရယ်၊ ငါတို့ အိမ်နိမ့်စံ ဘ၀တုန်းကလို ပုံပြင်ကလေး ဘာလေးပြောပြီး
ပျော်တော်ဆက် စမ်းပါဦးဟယ် "

တစ်နေ့သ၌ မိဘုရားခေါင်ကြီးရဲ့ အဆောင်တော်မှ မင်းတရားကြီးစံမြန်းနေတုန်း


ဦးပေါ်ဦးကို အခေါ်လွှတ်ပြီး ရောက်လာချိန်မှာ မိဖုရားခေါင်ကြီးက အမိန့်တော်ရှိတာ

ဖြစ်ပေတယ်။

(ရှင်ဘုရင်ရဲ့ သားတော်၊ သမီးတော်တွေအနေနဲ့ မင်းမဖြစ်မီ မိဘုရားမဖြစ်မီကာလကို
အိမ်နိမ့်စံလို့ ခေါ်တယ်)။

…အမတ်ကြီးဦးပေါ်ဦးက ရိုသေစွာ လက်ယှက်ပြီး…



" မယ်ဖုရားခေါ်တော်မူလို့ ကျွန်တော်မျိုး အခစားဝင်ဖို့ အလာလမ်းမှာ

ဝက်ကလေးနှစ်ကောင်နဲ့ ၀က်လင်မယား နှစ်ကောင် အူလျားဖားလျား ပြေးလာကြတာ
တွေ့လိုက်ရပါတယ်ဖုရား…" လို့ စိတ်ဝင်စားဖွယ် အစချီလိုက်တယ်။


" ကျွန်တော်မျိုး လှမ်းကြည့်လိုက်တော့ လူတစ်ယောက် ဓါးကြီးကိုင်မြှောက်ပြီး

ဝက်တွေနောက်က ပြေးလိုက်လာတာ တွေ့ရတယ် ဘုရာ့၊ ဒါနဲ့ မီလုမီခင်မှာ
နောက်ဆုံးက ၀က်ကလေးကို ဓားနဲ့ပိုင်းဖို့ အားယူနေတုန်းမှာ ကျွန်တော်မျိုးက …

" ဟဲ့…..ဟဲ့…..မောင်မင်း၊ ဘာပြုလို့ သူတစ်ပါး အသက်ကို မညှာမတာ လုပ်ရသတုန်း…"

ဆီးမေးတဲ့အခါ အဲဒီလူက…


" ကျွန်တော်မျိုးရဲ့ စိုက်ခင်း ပျိုးခင်းတွေကို ဒီဝက်တွေ မကြာခဏ


လာလာဖျက်ဆီးတာ များပြီဘုရား၊ ဒါကြောင့် ဒေါသဖြစ်ဖြစ်နဲ့ အခုလိုလုပ်မိတာပါ

အမတ်ကြီးရယ်လို့ ဖြေပါတယ်ဘုရား…"

" အေးကွယ်၊ သနားပါတယ်ကွယ်၊ ဒီတစ်ခါတော့ ခွင့်လွတ်လိုက်ပါ…"


" ကျွန်တော်မျိုး ဖျောင်းဖျ၊ နားချလို့ ခြံသမား ပြန်လှည့်အသွားမှာ

ဝက်ကလေးတစ်ကောင်က စကားပြောတယ် ဘုရား…"


…ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၀က်က စကားပြောတယ်ဆိုတဲ့အတွက်

စိတ်ဝင်စားဖွယ်ပါပဲ။


" ၀က်ကလေး ပြောပုံက ဒီလိုပါဘုရား၊ ကျွန်တော်တို့ သားအမိသားအဖငါးယောက်ဟာ

ဘဘကြီးသာ မကယ်ရင် သေပြီဗျာလို့ ပြောပါတယ်ဘုရား…"

…ဒီအခါ မိဘုရားကြီးက ကြားဖြတ်ပြီး ၀င်မေးပြီလေ။



" ဟဲ့…နေပါဦး၊ နင်ပြောတာ ၀က်ကလေးနှစ်ကောင်နဲ့ ၀က်လင်မယားလို့

ဆိုတယ်မဟုတ်လား၊ လေးကောင်ပေါ့"

" မှန်ပါ မယ်ဖုရား၊ ၀က်ကလေးကတော့ အဲဒီအတိုင်းပဲ ပြောပါတယ်ဖုရား…"


…မိဖုရားကြီးခမျာ ယောင်လည်လည်ဖြစ်သွားပြီးမှ ဓားနဲ့ ပိုင်းလိုက်တုန်းက

ထက်ပိုင်းပြတ်သွားလို့များ ငါးကောင်လို့ ပြောရော့ သလားဟဲ့လို့ မေးတော်မူတယ်။

" ကျွန်တော်မျိုး ဟန့်တားလိုက်တဲ့အတွက် ဘယ်ဝက်ကလေးကိုမျှ ဓားချက်မထိပါဘုရား…"


" ဟယ်…နင့်စကား နားထွေးရပါဘိ၊ ရှင်းရှင်း တင်စမ်းပါဟယ်"


…ဒါပေမယ့် ဦးပေါ်ဦးကတော့ ဝေ့လည်ချောင်ပတ် လုပ်နေဆဲပါပဲ။



" မှန်လှပါ၊ ၀က်ကလေးကတော့ ကျွန်တော်တို့ သားအမိငါးကောင်လို့ ပြောထားတာ

အမှန်ပါဘုရား…"

" ဒါဖြင့် နင့်မျက်စိနဲ့ကော ဘယ်လောက်မြင်သတုန်း"


" လေးကောင်ပဲ ဖြစ်ပါတယ် ဘုရား…"



" ဟယ်…ပေါ်ဦးရယ်၊ နင့်စကား ရှုပ်လှပါဘိ၊ ဘယ်လိုအကြောင်းကြောင့်

ဝက်လေးကောင်က ငါးကောင်ဖြစ်သွားရတာလဲ"

" အဲဒါမှာတော့ မယ်ဖုရားကိုယ်တော်တိုင် စဉ်းစားကြည့်တော်မူပါဘုရား…"



…မိဖုရားကြီး စဉ်းစားကြည့်တော်မူရပြီလေ။ ဒါပေမယ့် ဘယ်လိုမှ စဉ်းစားလို့

မရတဲ့အတွက်…


" နင့်ပဟေဠိကို နင်ပဲ ဖြေစမ်းပါဟယ်" ဆိုပြီး ပန်းပေးတော်မူ လိုက်ရတယ်။

ဒါကြောင့် ဦးပေါ်ဦးက လက်အုပ်ချီလိုက်တယ်။


" မှန်ပါ၊ ကျွန်တော်မျိုးမြင်တာ လေးကောင် အမှန်ဖြစ်သလို ၀က်ကလေးက


ငါးကောင်လို့ပြောတာလည်း အမှန်ပါပဲဘုရာ့၊ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့


ဝက်ကလေးဟာ ကျောင်းမနေရသေးတော့ ဘယ်မှာ ဂဏန်းသင်္ချာတတ်ပါ့မလဲ

ဘုရား၊ တစ် နှစ် သုံး လေး မှန်အောင် မရေတတ်လို့ ဒီလိုဖြစ်တာပါဘုရား…"

…မင်းတရားကြီးက နားထောင်နေရာက ရယ်တယ်။


  ပေါ်ဦးတို့ လုပ်လိုက်မှဖြင့် ငါတောင် မျက်စိလည်သွားသဟ၊ ခွေးမသားရ


" မှန်လှပါ၊ မယ်ဘုရားကို ပျော်တော် ဆက်တာပါဘုရား…"



ဦးပေါ်ဦးရဲ့ အလျှောက်အထား ဒီစကားကို ကြားရတော့မှပဲ


မိဖုရားကြီးခမျာ ပြုံးတော်မူနိုင်တော့တာကိုး


--
အားလုံးပျော်ရွင်ပါစေ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ