[mrsorcerer:27289] [Richard Aung] အလုပ်သမားဝန်ကြီးဌာနက အနိမ့်ဆုံးလစာ သတ်မှတ်

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က လှိုင်သာယာစက်မှုဇုန် ကနောင်မင်းသားကြီးခန်းမမှာ ပြုလုပ်ခဲ့တဲ့ အလုပ်သမားရေးရာ ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ တွေ့ဆုံဆွေးနွေးမှုကို အခြေခံပြီး အခုလို သတ်မှတ်လိုက်တာဖြစ်တယ်လို့ ဆွေးနွေးရာမှာပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။ "လောလောဆယ် ညှိတာကတော့ ငါးသောင်း ခြောက်ထောင့် ခုနှစ်ရာပါ။ အိုဗာတိုင် ၈၈ နာရီနဲ့ ရက်မှန်ကြေး ၃၀၀၀ ပါမှ ရတဲ့ကြေးပါ။ အခြေခံလစာက ၂၀၀၀ နဲ့ ၂၇ ရက်ကို ၂၇၀၀၀၊ အိုဗာတိုင်က ၈၈ နာရီ အဲတာတွေ အားလုံးပေါင်းမှ ကျွန်တော်တို့က ၅၀၇၀၀၊ ရက်မှန်ကြေး ၃၀၀၀ ပေါင်းမှ ၅၆၇၀၀၊ ဒါကျွန်တော်တို့ အလုပ်ရှင်တွေဘက်က ညှိနှိုင်းထားတဲ့ ကမ်းလှမ်းချက်ပေါ့လေ။ အဲဒီဟာနဲ့ပဲ သဘောတူတဲ့စက်ရုံတွေက သဘောတူပြီး လက်မှတ်ထိုးလိုက်ကြတယ်" ဒါ့အပြင် စက်ရုံတွေရဲ့ကဏ္ဍအလိုက် ယာယီ အခြေခံလစာကို တပြေးညီသတ်မှတ်ပေးဖို့လည်း အလုပ်သမားဝန်ကြီးဌာနက မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။ ရန်ကုန် လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်တွေမှာရှိတဲ့ ပုဂ္ဂလိကစက်ရုံ (၂၀) ကျော်က အလုပ်သမားတွေဟာ ပြီးခဲ့တဲ့လအတွင်း အခြေခံလစာ တိုးမြှင့်ရေးအတွက် မိမိတို့ စက်ရုံအသီးသီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ယာယီ အခြေခံလစာ သတ်မှတ်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ၊ ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တွေ ဇွန်လ ၅ ရက်နေ့က စတင်ပြီး ညှိနှိုင်းခဲ့ကြပါတယ်။  

--
Posted By Richard Aung to Richard Aung at 6/19/2012 02:13:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ