[mrsorcerer:27488] [Richard Aung] ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းပြီး ဝန်ကြီးများ ပြောင်းလဲမည်ဟုဆို

အစိုးရအဖွဲ့ ပိုမိုအားကောင်းလာစေရေးအတွက် ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲများ ပြုလုပ်မည့်စာရင်းကို စတင်ကျင်းပနေပြီဖြစ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက ယခုရက်ပိုင်းအတွင်း တင်ပြရန်ရှိကြောင်း အစိုးရအဖွဲ့ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ "ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းဖို့ထက် ဝန်ကြီးအပြောင်းအလဲလုပ်ဖို့ ပိုများမယ်ထင်တယ်။ သမ္မတကြီးရဲ့ သွားနေတဲ့ မူဝါဒနဲ့ မကိုက်ညီတဲ့သူတွေ၊ လိုက်လျောညီထွေ မရှိတဲ့သူတွေ အနားပေးခံရလိမ့်မယ်။ အရည်အချင်းရှိတာ မရှိတာနဲ့ မဆိုင်ဘူး" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက သုံးသပ်ပြောကြားသည်။ အစိုးရအဖွဲ့ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများ၏ အဆိုအရ ဝန်ကြီးဌာနများ ကျစ်လျစ်အားကောင်းလာစေရေးအတွက် လက်ရှိအရေအတွက်ထက် လျှော့ချသွားရန်ရှိပြီး ဝန်ကြီးဌာန စုစုပေါင်း ၂၀ ခန့်သာ ထားရှိသွားရန်ရှိကြောင်း၊ ဝန်ကြီးအပြောင်းအလဲများလည်း ပြုလုပ်ရန်ရှိရာ အချို့ဝန်ကြီးများကို အနားပေးခြင်း၊ အချို့ဝန်ကြီးများကို ပိုမိုကိုက်ညီသော ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။ ဝန်ကြီးဌာန ပြင်ဆင်မှုနှင့် ဝန်ကြီးအပြောင်းအလဲမှာ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများတွင ရှေးရိုးစွဲဝါဒီများနှင့် နောက်ကြောင်းပြန်လိုသူများကို ထားခဲ့မည်ကို ပါရှိပြီးဖြစ်ကြောင်း၊ ယင်းမှာ သမ္မတ၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး လွှတ်တော်က သဘောတူလျှင် လုပ်ဆောင်၍ ရကြောင်း၊ လွှတ်တော်ကလည်း အများကောင်းကျိုးအတွက် လုပ်ဆောင်ခြင်းဖြစ်ရာ သဘောမတူနိုင်စရာ မရှိဟုထင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၂ တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကိုပြင်ဆင် သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်းပြုနိုင်သည်။ ပြည်ထောင်စုဝန်ကြီး ဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်းလျှော့ခြင်း ပြုနိုင်သည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ "



--
Posted By Richard Aung to Richard Aung at 7/09/2012 02:55:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ