နိုးထလာတဲ့သမိုင်း
မောင်ငြိမ်းအေး၊ ဇူလိုင် ၈၊ ၂၀၁၂
ကျောင်းသားစိတ်ဟာ
အိပ်နေတဲ့လိပ်ပြာမဟုတ်
ထိုးသုတ်မယ့်ဟန်၊ကောင်းကင်ပျံတက်
မာန်ကသံမဏိ၊မထိလိုက်နဲ့
မရွဲ့မစောင်း၊ဒီမိုကရေစီလမ်းကြောင်းကို
ကောင်းကောင်းလျှောက်မယ့်သိန်းငှက်တွေ။
ကျောင်းသားစိတ်ဟာ
အကြောင်းတရားမှာ
ပြောင်းလဲသွားမှာဖြစ်ပေမယ့်
ဟောင်းနွမ်းသွားမှာမဟုတ်
ဆုပ်ထားတဲ့လက်သီးတွေနဲ့အတူ
ပြည်သူကိုဖေးမတွဲ
ပွင့်လင်းလူ့အဖွဲ့အစည်းထဲ
ခပ်ရဲရဲဆွဲခေါ်သွားမှာဖြစ်တယ်။
ကျောင်းသားစိတ်ဟာ
အာဇာနည်ခေါင်းဆောင်
ကိုအောင်ဆန်းစိုက်ပျိုးခဲ့တဲ့
သမဂ္ဂထဲကပန်းပွင့်
လေလွင့်နေမယ့်ကြွပ်ကြွပ်အိတ်မဟုတ်ဘူးဟေ့
သိက္ခာမဲ့လှံစွပ်တွေကိုရင်ဆိုင်တွေ့မယ့်
အရှက်မရှိကျည်ဆံတွေကိုရင်ဆိုင်တွေ့မယ့်
တကယ့်ယောက်ျားကောင်းတွေ။
ကျောင်းသားစိတ်ဟာ
စာရွက်ပေါ်ကအပြောင်းအလဲကို
မြောင်းထဲလွှင့်ပစ်၊ခေတ်နဲ့အညီ
ပြည်သူတစ်ရပ်လုံး၊အပြုံးသစ်သစ်
ခံစားဖြစ်အောင်၊စံထားဆောင်ရွက်
ရှေ့ကိုသာတက်ပြီးရင်တက်မယ့်
ခြေလှမ်းသွက်သွက်
စာမရီငှက်တွေသာဖြစ်တယ်။
အိုကေ.....ဆိုတဲ့
စကားကလေးနှစ်လုံးနောက်မှာ
ဗုံးသံတွေဆူညံပေါက်ကွဲ
သေပွဲဝင်ခဲ့ရတဲ့ကျောင်းသားတွေ
အခုတော့ဒီဝိညာဉ်တွေနိုးထလာခဲ့ကြပြီ
အိုကေကိုသူတို့မရိုသေကြဘူး
နောင်တမရနိုင်ကြတဲ့လူ့အစိမ်းရောင်တွေ
တိမ်းရှောင်စရာမြေမရှိတော့ဘူး
ဦးနှောက်ချောင်ရူးသွားမတတ်ကြောက်လန့်နေကြရပြီလေ
တက္ကသိုလ်မြေကသမဂ္ဂ
သမိုင်းသစ်တစ်ခေတ်ကိုပြန်စစေခဲ့ကြပြီ။
ဇူလိုင် ၇ အခမ်းအနားမပြုလုပ်နိုင်ရန် အစိုးရက ဖမ်းဆီးခဲ့ပြီး ၇ နေ့ မှ ပြန်လွှတ်ပေးလိုက်သော ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များဖြစ်သော - ဒီငြိမ်းလင်း ၊ စည်သူမောင်၊ ရဲမြတ်ဟိန်းနှင့် မဖြိုးဖြိုးအောင် တို့ ၄ ဦး စလုံး ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ ယခုည ၉း ၁၀ နာရီ တွင် ရောက်ရှိလာကြပြီး ၈၈မျိုးဆက်ကျောင်းသားများမှ ဂုဏ်ယူလှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါသည်။
( ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းတွင် ယနေ့ည လွတ်မြောက်လာသူများမှ ရှင်းလင်းပြောကြားစဉ် )

--
Posted By Richard Aung to Richard Aung at 7/09/2012 03:18:00 PM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ