[mrsorcerer:27501] သာသနာကွယ်လျှင် ဗုဒ္ဓအသုံးအဆောင်များ ရှိမရှိ

မေး။ ။ အရှင်ဘုရား။ မသိလို့မေးလျှောက်ခွင့်ပြုပါ။
တပည့်တော်လေ့လာမိသလောက်ဆိုရင် ဘုရားရှင်တစ်ဆူရဲ့ သာသနာကွယ်တယ်ဆိုရင်
ထိုဘုရားရှင်၏ ဓါတ်တော်၊ မွေတော်၊ အသုံးအဆောင်တို့သည်
မြူမှုန်စာမျှမရှိအောင် ကွယ်တယ်လို့သိရပါတယ်။ ဒါဟုတ်ပါသလားဘုရား။
ဟုတ်တယ်ဆိုရင်လဲ ရွှေတိဂုံစေတီတော်မှာ ဘုရားလေးဆူရဲ့အသုံးအဆာင်တွေက
ဘာလို့မကွယ်ဘဲ ရှိနေရတာလဲဘုရား။ နောက်ပြီး ကမ္မ၀ါစာက ဘုရားဟောပါလားဘုရား။
ဘာလို့အရမ်း အစွမ်းထက်တာလဲဆိုတာ သိပါရစေဘုရား။ တပည့်တော်
မရှင်းတာလေးတွေမို့ပါ။

ဖြေ။ ။ ဘုရားရှင်ရဲ့ ဓာတ်တော်၊ မွေတော်များသာ သာသနာကွယ်ရင်
ပျောက်ဆုံးသွားခြင်း ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ အသုံးအဆောင်များကတော့
ပျောက်ဆုံးတာလည်း ရှိသလို ထိန်းသိမ်းထားသူရှိပါက ကျန်ရှိနိုင်တဲ့
အခြေအနေများလည်း ရှိပါတယ်။ ဘုရားရှင်ရဲ့ ဓာတ်တော်၊ မွေတော်ဆိုတာက
ဘုရားရှင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများသာ ဖြစ်ပါတယ်။
ဘုရားရှင်သုံးဆောင်ခဲ့တဲ့ ပစ္စည်းများကတော့ ကြာရှည်ခံနိုင်တဲ့အရာဆို
စွမ်းနိုင်သူများက သိမ်းထားနိုင်ရင် ရပါတယ်။
သာသနာကွယ်ခြင်းနဲ့ပတ်သတ်ပြီး မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့
သာသနာကွယ်ခြင်း(၅)မျိုးထဲမှာ နောက်ဆုံးဖြစ်တဲ့
ဓာတုသာသနာကွယ်ပုံအကြောင်းကို အနည်းငယ်တင်ပေးပါမယ်။

သာသနာဆုတ်ယုတ်သောအခါ စကြာဝဠာအနန္တမှာရှိသမျှ ဓာတ်တော်၊ မွေတော်တွေဟာ
သီရိလင်္ကာနိုင်ငံရှိ မဟာစေတီမှာ စုပေါင်းကြပါမယ်။ ထို့နောက် နာဂဒီပကျွန်းက
လင်းလွန်းပင်စေတီသို့ ပြောင်းရွေ့ကြမယ်။ အဲဒီကနေ မဟာဗောဓိပင်စိကို
ပြောင်းရွေ့ကြမယ်။ မဟာဗောဓိပင်သို့ စုပေါင်းပြီးတဲ့နောက်မှ
မြတ်ဗုဒ္ဓသက်တော်ထင်ရှား ထက်ဝယ်ဖွဲ့ခွေနေတဲ့ ပုံစံကို ပြတော်မူလိမ့်မယ်။
တန်ခိုးပြာဋိဟာ ရေမီးအစုံ ပြမယ်။ ရောင်ခြည်တော်ခြောက်ပါး
စကြာဝဠာတစ်သောင်းကို ပျံ့နှံ့မယ်။ ထိုအခါ လူသားတွေကတော့ မဖူးမြင်ရဘဲ
နတ်ဗြဟ္မာတွေသာ ဖူးမြင်ခွင့်ရပြီး ယနေ့အမှန် သာသနာကွယ်ပြီ။ လောက၀ယ်
အမိုက်အတိသာ ဖြစ်တော့မည်ဟု ငိုကြွေးကြလိမ့်မယ်။ ထို့နောက်
ဓာတ်တော်မှမီးထွက်ပြီး ဓာတ်တော်အားလုံး မီးကျွမ်းသွားလိမ့်မယ်။
ထိုမီးလျှံကား ဗြဟ္မာ့ပြည်တိုင်အောင် တက်လိမ့်မယ်။ အဲဒီလိုနဲ့
နတ်ဗြဟ္မာတွေလည်း နောင်အခါပွင့်မည့် ဘုရားရှင်ကို ဖူးတွေ့ရပါလို့၏လို့
ဆုတောင်းပြီး မိမိတို့နေရာကို ပြန်သွားကြလိမ့်မယ်။
သာသနာကွယ်ခြင်း(၅)မျိုးနဲ့ပတ်သတ်ပြီး အကျယ်သိချင်ပါက သာသနာလင်္ကာရစာတမ်း
စာအုပ်ကို ၀ယ်ဖတ်လျှင် ပိုမိုသိရပါလိမ့်မည်။

တစ်ခါ ကမ္မ၀ါစာနဲ့ပတ်သတ်၍ ဖြေပေးရမယ်ဆိုရင် ကမ္မ၀ါစာဟာ ကံဆောင်ကမ္မ၀ါစာနှင့်
အန္တရာယ်ကင်း ကမ္မ၀ါစာဟူ၍ (၂)မျိုးရှိပါတယ်။ ရဟန်းခံခြင်း
ကထိန်ခင်းခြင်းစသည့် ကံကြီး၊ ကံငယ်ကိစ္စများနဲ့စပ်သော
ကံဆောင်ကမ္မ၀ါစာတို့မှာ မြတ်ဗုဒ္ဓကိုယ်တိုင် တိုက်ရိုက်ပေးထားတဲ့ ကမ္မ၀ါ
ပါဠိတော်များ ဖြစ်ပါတယ်။ အန္တရာယ်ကင်း ကမ္မ၀ါစာစသည်တို့မှာကတော့
ပရိတ်တော်များကဲ့သို့ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော တရားတော်များမှ
ကောင်းနိုးရာရာ အန္တရာယ်တားဆီးပေးနိုင်မည့် ဆိုင်ရာတရားတော်များကို
သီးကုံးဖွဲ့ဆိုထားတာ ဖြစ်ပါတယ်။ ဒါဟာလည်း မြတ်ဗုဒ္ဓဟောကြားခဲ့သော
တရားများပင်ဖြစ်၍ မြတ်ဗုဒ္ဓတရားတော်များလို့ မှတ်ယူရမှာပါ။
အန္တရာယ်ကင်းကမ္မ၀ါကို ပရိတ်တော်များ ရွတ်ဆိုသကဲ့သို့ ရွတ်ဆိုလိုလျှင်လည်း
ရွတ်ဆိုနိုင်ပါတယ်။ ကံသာမူ ပဗ္ဗာဇနိယ ကမ္မ၀ါစာ အုပ် (၁၆)၌ အန္တရာယ်ကင်း
ကမ္မ၀ါကို ရဟန်းများသာမဟုတ် လူ၊ သာမဏေများပါ ရွတ်ဆိုနိုင်ကြောင်း
ရေးသားထားတာကို တွေ့ရပါတယ်။

ကမ္မ၀ါစာများက ဗုဒ္ဓတရားတော်များသာဖြစ်၍ ဘုရားဟောများသာ ဖြစ်ပါတယ်။
ဘာလို့အစွမ်းထက်ရသလဲဆိုတော့ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်၊ အာနုဘော်တွေ၊
သစ္စာပါရမီအဓိဋ္ဌာန်တွေနဲ့ မိန့်ကြားခဲ့တဲ့အတွက် အစွမ်းထက်နေခြင်း
ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ မေးခွန်းရှင်သိချင်တာ ပြည့်စုံလိမ့်မယ်ထင်ပါတယ်။
ဦးဇင်းလည်း မေးထားတဲ့မေးခွန်းတွေများနေပေမဲ့ ကိုယ့်ကျမ်းကိစ္စနဲ့
အလုပ်များနေလို့ ညပိုင်းမှာရသလောက် အချိန်ပေး ဖြေပေးလိုက်ပါတယ်။
စာဖတ်ပရိတ်သတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး
လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်….။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ