[mrsorcerer:27549] မင်းအတွက် လက်ဆောင်သုံးခု



မင်းအတွက် လက်ဆောင်သုံးခု


မင်းအတွက် ပေးစရာ နှစ်ခုကို

ကို့လက်ထဲမှာ ဆုပ်ကိုင်ထားပါတယ်..


ပထမလက်ထဲမှာတော့

ကို့နှလုံးသားရဲ့ သော့ကလေးပါ ..။


ဒုတိယလက်ထဲမှာတော့

ကို့ ၀ိဥာဉ်ကို နိုးထစေမယ့် စကားဝှက်ပေါ့ကွာ ..။


လက်ဆောင် နှစ်ခုနဲ့ အတူ

မင်းရဲ့ လက်ရောက်ပေးအပ်လိုက်တာ

တတိယမြောက်လက်ဆောင်ပေါ့ ..။


အဲဒီလက်ဆောင်ကတော့

ကိုယ့်ရဲ့ယုံကြည်မှုပါ ..


ဒီလိုဆို ကိုယ့်ရဲ့ မင်းအတွက် လက်ဆောင်သုံးခုက

ကိုယ့်နှလုံးသား

ကိုယ့်စိတ်ဝိဥာဉ်နဲ့ ကိုယ့်ယုံကြည်မှုပေါ့ ..။


မင်းရဲ့ လက်နှစ်ဖက်ကို အုပ်ကိုင်ပြီး တစ်ခုပြောခဲ့ပါရစေ ..


မင်းကို ကို သိပ်ချစ်တယ် လို့ ..


ပြီးတော့ ကို လှည့်ထွက်ခဲ့မယ်

မင်းလက်ထဲမှာ ကိုယ့်လက်ဆောင် သုံးခုချန်ရစ်ခဲ့ပြီးပေါ့ ..


ကို့အတွက် အဖြေကတော့ မင်းရဲ့ရွေးချယ်မှုပဲပေါ့ကွာ ..။

 

Thura Aye

10 th July , 2012 .



 

 


--
Wish you get successful life ..

Thura Aye



--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ