[mrsorcerer:27687] Fwd: [လူဗိုလ်ဟူသည် ...] စာသင်ကျောင်းနှင့် ဒီမိုကရေစီတိုင်းပြည်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/7/13
Subject: [လူဗိုလ်ဟူသည် ...] စာသင်ကျောင်းနှင့် ဒီမိုကရေစီတိုင်းပြည်
To: lubo601@gmail.com



by Lu Cifer on Friday, July 13, 2012 at 10:10pm ·


"ပညာရေးဆိုတာ ဧကရာဇ်ကြီး ဖြစ်ဖို့၊
တရားသူကြီး ဖြစ်ဖို့မဟုတ်ပါ။
ပြည်သူပြည်သားကောင်း ဖြစ်အောင် လေ့ကျင့်ပေးခြင်း" ပါတဲ့။
အတွေးအခေါ်ပညာရှင်ကြီး"ရူးဆိုး" (Rousseau) ရဲ့ ပညာရေးနဲ့ ဆိုင်တဲ့ အဆိုအမိန့်ပါ။
သူ့အဆိုဟာ ယနေ့အထိ မှန်ကန်နေဆဲပါ။ သူ့အဆိုကို ဘာထရန်ရပ်ဆဲလ်က"လူဆန်တဲ့ လူသားမွေးထုတ်ခြင်း" တဲ့။

ပညာရေးရဲ့ နောက်ဆုံးရလဒ်က....
ကောင်းမှု (ဓမ္မ) နဲ့ မကောင်းမှု (အဓမ္မ) တို့ကို ဝေဖန် ဆန်းစစ်နိုင်စွမ်းရှိပြီး အမှန်တရားကို သစ္စာခံတဲ့ ဘက်တော်သား ဖြစ်လာကာ လောက ကောင်းကျိုး စွမ်းစွမ်းတမံ သယ်ပိုးနိုင်သူ ဖြစ်လာခြင်းပါပဲ၊ အဲဒါမှ ပြည်သူ့သားကောင်း (good citizen) ပါ။
နိုင်ငံသားကောင်း၊ ပြည်သူ့သားကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် ပြည်သူပြည်သားကောင်း တစ်ယောက် ရဲ့ အခွင့်အရေး၊ တာဝန်နဲ့ ၀တ္တရား၊ လေးစားလိုက်နာရမယ့် စည်းကမ်းတွေက ဘာတွေလဲ။


အဲဒါတွေ သိအောင်၊ ပြီးတော့ လေးစားကာ လိုက်နာကျင့်သုံးအောင် ဘယ်လိုလုပ်မှာလဲ...?

** ပြည်သူပြည်သားကောင်းဆိုတာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ပါ။ နိုင်ငံအတွင်းရှိ ဆူကြုံနိမ့်မြင့် နိုင်ငံသား အားလုံး အတွက်ပါ။**

ပြည်သူပြည်သားကောင်း တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံကြီးသား စိတ်ထား အရည်အသွေးတွေပြည့်ဝမှ ... အဲဒီနိုင်ငံဟာ ငြိမ်းချမ်းမှု၊ သာာယာမှုနဲ့ ပြည့်စုံပြီး ဖွံ့ဖြိုး တိုးတက်မှုကို အင်နဲ့အားနဲ့ ဆောင်ရွက်နိုင်မှာ။ 
ပြည်သူလူထုကို နိုင်ငံသားကောင်းတွေ ဖြစ်လာအောင်... အုံနဲ့ကျင်းနဲ့ အစုအဝေးနဲ့ လေ့ကျင့် ပေးနိုင်တဲ့လုပ်ငန်းက ပညာရေးပါပဲ။

ပညာရေးရဲ့ လုပ်ငန်းတွေ၊ မျှော်မှန်းချက်တွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နေတဲ့ နေရာတွေကတော့ ကျောင်းတွေပါ။ မူကြို၊ မူလတန်းမှသည် ကောလိပ် တက္ကသိုလ် အမျိုးမျိုးအထိပါ။ များသောအားဖြင့် လူတွေက ထင်ကြပါတယ်။

*** ကျောင်းဆိုတာ "သင်" တဲ့နေရာ၊ အထူးသဖြင့် "စာသင်" တဲ့နေရာ***

တကယ်တမ်းမှာ ကျောင်းဆိုတာ လူသား တစ်ဦးချင်းကို လူကောင်းလူတော်ဖြစ်အောင် လေ့ကျင့်ပေး၊
ပြင်ပေးတဲ့ နေရာတွေမို့ ကျနော်တို့ ဆရာကြီးတွေက..... "လူပြင်" တဲ့ နေရာပါတဲ့။

လူကိုပြင်တယ်ဆိုတာ ရုပ်ဝတ္ထုလို ရိုက်နှက်၊ ထုထက် တပ်ဆင်လိုက်လို့ ပြီးတဲ့နေရာ မဟုတ်ပါ။ အကြိမ်ကြိမ် အထပ်ထပ်လေ့ကျင့်ပေးမှ ရတဲ့အရာပါ။ ဘ၀ တစ်လျှောက်လုံး လေးစားလိုက်နာကာ အထုံပါရမီလိုစွဲပြီး ကျင့်သုံး သွားသည်ထိ လေ့ကျင့်ပေးတာပါ။
ပြည်သူပြည်သားကောင်းဆိုတာ မိမိလိုက်နာရမယ့် ကျင့်ဝတ်ကို သိနေရုံနဲ့ မပြီးပါ။ လေးစားလိုက်နာ ကျင့်ကြံမှု နဲ့ ပြည့်စုံမှဖြစ်မှာပါ။ ပြည်သူပြည်သားကောင်း တစ်ယောက်အနေနဲ့ လေးစားလိုက်နာ တန်ဘိုးထားကျင့်သုံးရ မယ့်အရာမို့ "ပြည်သူ့နီတိ"(Civics) လို့သုံးနှုန်းတာပါ။
ကမ္ဘာ့နိုင်ငံများမှ ပညာရေး ပညာရှင်တွေ လက်ခံထားတာ က ပြည်သူ့နီတိနဲ့ ကျောင်းဆိုတာ ရုပ်နဲ့နာမ် (Body and Soul) လိုပါပဲ။ ခွဲခြားလို့ ရကောင်းတဲ့အရာ မဟုတ်ပါတဲ့။ ဘာလို့လဲဆိုတော့ ကျောင်းဆိုတာ ကလေးတွေကို ထူးချွန်ထက်မြက်တဲ့ ပြည်သူပြည်သားကောင်းဖြစ်အောင် လေ့ကျင့်ပေးတဲ့ နေရာ ဖြစ်လို့ပါပဲ။
ဒါကြောင့် ပြည်သူ့နီတိဟာ ကျောင်းမှာ မိသားစုမှာ ရပ်ကွက်၊ ကျေးရွာ၊ မြို့တွေမှာ ဘုရားကျောင်းမှာ အလုပ်ခွင် အသီးသီးမှာ၊ ပါတီတွေ၊ လူမှု အဖွဲ့အစည်းတွေမှာ၊ အားကစားအသင်းတွေ၊ မီဒီယာ အမျိုးမျိုးတွေနဲ့ နောက်ဆုံး ရွေးကောက်ပွဲတွေ၊ ရွေးကောက်ပွဲရဲ့စည်းရုံးရာမှာ မိမိရဲ့ကုန်ပစ္စည်း ကြော်ငြာအဆုံး ကျင့်သုံးလိုက်နာရမယ့် အရာပါ။ 
ပြည်သူ့နီတိဟာ တစ်ဦးချင်းမှသည် မိသားစု၊ မိသားစုမှသည် ကျောင်း၊ ရပ်ကွက်၊ အဖွဲ့အစည်းနှင့် နောက်ဆုံး မိမိနိုင်ငံနဲ့ ကမ္ဘာ့ရွာကြီး အဆင့်ထိ ကျင့်သုံးရမယ့် အသိနဲ့ အကျင့်ပါ။

ဒေါက်တာမောင်သင်း
မောက္ခပညာရေးမဂ္ဂဇင်း
Friday, 13 July 2012 05:07



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 7/14/2012 12:27:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ