[mrsorcerer:27699] ပဟေဠိလေးပါ ဒို.နိုင်ငံအတွက်စိုးရိမ်ခြင်းးးးးးးး

ဘုံပျောက်နတ်

တစ်ချိန်သောကာလက ရွာကြီး(၁)ရွာ၏အ၀င်လမ်းနဘေးမှာခိုင်မာဝေဆာ သော ယင်းတိုက်ပင်ကြီး (၁)ပင်ရှိ၏။ ၄င်းအပင်ကြီးတွင်ရုက်ခစိုးနတ်ကြီးတစ်ပါးကဘုံဗိမာန်အဖြစ်စိုးစံလျက်ရှိ၏။ တစ်နေ.တွင် ကျေးငှက်တို.ကမိမိတို.အစာအတွက်ညောင်သီးများကိုချီလာကာထိုယင်းတိုက်ပင်ကြီး၏အထက်တွင်စားသောက်ကြ၏။
ထိုသို.စားသောက်စဉ် ညောင်စေ.အချို.မှာထိုအပင်ကြီး၏ သစ်ကိုင်းခွကြားသို.ကျရောက်သွား၏။လအနည်းငယ်ကြာသောအခါ
ယင်းတိုက်ပင်ခွကြားတွင်ညောင်ပင်ငယ်တစ်ပင်ပေါက်လာ၏။ ဒါကို ရုက်ခစိုးကြီး သတိမမူဘဲ ခပ်ပေါ.ပေါ.သာနေခဲ.၏။
နှစ်အတန်ငယ်ကြာသောအခါ ညောင်ပင်သည်ကြီးထွားလာ၏။ ဒါကိုလည်း
ရုက်ခစိုးကြီး သတိမမူဘဲ အမှုမဲ.အမှတ်မဲ.နေခဲ.၏။အချိန်ကြာလာသည်ျနှင်.အမျှညောင်ပင်ငယ်သည် ညောင်ပင်ကြီးအဖြစ်သို.ရောက်ရှိသွား၏။

တစ်နေ.တွင် ရုက်ခစိုးငယ်တစ်ပါးသည် ယင်းတိုက်ပင်စောင်.နတ်ထံသို.ရောက်လာပြီးသူတွင်နေစရာနေရာမရှိကြောင်း၊
ထိုကြောင့်ယင်းတိုက်ပင်ခွကြားရှိညောင်ပင်တွင်နေထိုင်ခွင့်ပြုရန်လျှောက်ထားတောင်းပန်၏။
ရုက်ခစိုးကြီးကလည်းသဘောတူစွာဖြင့်နေထိုင်ခွင့်ပေးလိုက်၏။
အချိန်ကာလကြာလာသည်နှင့်အမျှညောင်ပင်သည်တဖြည်းဖြည်းယင်းတိုက်ပင်ကြီးကိုဝါးမြိုသွားလေသည်။ထည်ဝါခန်.ညားမာကျောသော ယင်းတိုက်ပင်ကြီးမှာ ညောင်ပင်၏ ၀ါးမြိုမှုကြောင့်သစ်ပင်ခြောက်ဘ၀သို့ရောက်သွားလေ၏။
ယင်းတိုက်ပင်ကြီးမှာမိုးဒဏ်လေဒဏ်ဖြင့်အကိုင်းအခက်များကျိုးကျကာ ပျောက်ကွယ်သွားပြီး ရုက်ခစီုး၏ ဗိမာန်လည်း ပျောက်ကွယ်သွား၏။
ထိုအခါရုက်ခစိုးကြီးက ရုက်ခစိုငယ်အား " မူလယင်းတိုက်ပင်ပေါ်တွင်ပေါက်ရောက်ခဲ့သောညောင်ပင်မှာ လည်း ၄င်းနှင့်ဆိုင်ကြောင်း။
ထို့ကြောင့်ရုက်ခစိုးငယ်သည် တစ်ခြားနေရာသို့ပြောင်းရွှေ့ပေး၇န်" တောင်းဆိုလေသည်။
ရုက်ခစိုးငယ်ကလည်း "မိမိသည် ညောင်ပင်ငယ်စဉ်ကပင် ယခုကြီးသည်အထိနေထိုင်ခဲ့ကြောင်း၊
မိမိကြီးရင့်လာသလိုညောင်ပင်လည်းကြီးရင့်ကာဗိမာန်လည်းခန့်ငြားထည်ဝါလာကြောင်း၊
ယင်းတိုက်ပင်ကြီးမှာ သဘာဝအလျှောက်ပျက်စီးသွားပြီဖြစ်ကြောင်း၊ရုက်ခစိုးကြီးသာ တစ်ခြားသို့ပြောင်းရန်"
မခန့်လေးစားစွာတုန့်ပြန်လေ၏။
ထိုအငြင်းပွားမှုမှာတဖြည်းဖြည်းကြီးထွား လာသည်။
နောက်ဆုံးတွင် ပြသနာကိုဖြေရန်ရွာစောင့်နတ်မင်းကြီးထံသို့အဆုံးအဖြတ်ခံယူရန်ရှိလာခဲ့ကြ၏။။။


သင်သာရွာစောင့်နတ်ဖြစ်ခဲ့လျှင် မည်သို့အဆုံးအဖြတ်ပေးမည်နည်း ???????



ရွာစောင့်နတ်ကြီးသည် အောက်ပါအတိုင်းစဉ်းစားသုံးသပ်ချက်များဖြင့် အမိန့်ချမှတ်ခဲ့၏။


ယင်းတိုက်ပင်စောင်.နတ်သည် ညောင်ပင်ပေါက်လာသည်ကိုမြင်လည်း မြင်၏။ သိလည်းသိ၏။
အပင်ငယ်လေးပဲဟုမသိကျေးကျွန်ပြုကာ သတိလက်လွတ်နေ၏။
ထိုအချိန်ကတည်းကအမြစ်မကျန်ရှင်းခဲ့လျှင် ညောင်ပင်ပေါက်လည်ပျောက် ။ ရုက်ခစီုး ငယ်လည်းရောက်လာမည်မဟုတ်ပါ။
ညောင်ပင်ငယ်ကြီးထွားလာချိန်တွင် ရုက်ခစီုးငယ် နေထိုင်ခွင့်တောင်းသည်ကိုလည်း ကန့်ကွက်ခြင်းမရှိ ကြည်ဖြူစွာနေခွင့်ပေးခဲ့၏။

ရုက်ခစိုးနတ်ကြီးမှ ညောင်ပင်ကိုနုတ်မပစ်သောပျက်ကွက်မှု၊ ရုက်ခစိုးငယ်ကို နေထိုင်ခွင့်ပြုသောပြုလုပ်မှုတို့မှာ တာဝန်ရှိသူ၏ သိသာ ထင်ရှားသောပေါ့ဆမှုဖြစ်၏။
ထိုသို့ပေါ့ဆမှုကြောင့် ရုက်ခစိုးကြီး၏ နေရာ ပျက်စီးခဲ့ကြောင်း၊
မိမိနေထိုင်သည့်ပြသာဒ်မှ အမှိုက်ရှင်းထုတ်ရန်မှာ နေထိုင်သူ၏အလုပ်ဖြစ်၏။
ရုက်ခစိုးကြီးသည် ထို တာဝန်ကိုပျက်ကွက်သဖြင့် ယခုကဲ့သို့ ပျက် စီးဆုံးရှုံးမှုဖြစ်ရ၏။
ထိုသည်မှာရုက်ခစိုးငယ်နှင့်မဆိုင်၊
ထိုကြောင့် ရုက်ခစိုးနတ်ကြီး ပြောင်းပေးစေရန် အမိန့် ချခဲ့သည်။

ဘယ်သူမပြုမိမိမှုကြောင့် ရုက်ခစိုးပင်ဘုံပျောက်ဖြစ်စဉ်...................

မြန်မာပြည်ဘုံမပျောက်ရလေအောင့်

ပုဂံသားဂျာနယ်မှကူးယူတင်ပြပါသည်။။။။။

(နေမင်းသာ)






--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ