တိဗက်မှာ လူသေတွေကို မြေမြှပ်မသဂြိုဟ်ဘူးတဲ့
သူတို့နည်းကြီးက ကြောက်ဖို့ကောင်းတယ်
ကောင်းတဲ့ဘက်ကကြည့်ရင်တော့ သင်္ချိုင်းမြေမလိုတော့ဘူးပေါ့
မီးနဲ့လည်း မသဂြိုဟ်ရတော့ အကုန်လည်းသက်သာတယ်
ငွေကုန်လူပန်း သက်သာတာပေါ့
ကုသိုလ်လည်းရတယ်၊ သတ္တ၀ါတွေအစာကျွေးရလို့လေ
ဒါပေမယ့် ဘယ်လိုပဲဖြည့်တွေးတွေး ကြက်သီးထစရာကြီး..။
အဲဒီမှာ လူသေအလောင်း၊ သူတို့ဘယ်လိုလုပ်မလဲ ကြည့်ရအောင်..
ဓါးတွေနဲ့ မွှမ်းနေပြီ
ဟော..ငှက်တွေလာစားနေပြီ၊ ဓါးနဲ့မွှမ်းတာက ငှက်တွေအလွယ်တကူစားလို့ရအောင်လုပ်တာပဲ
ထိုင်ကြည့်နေတဲ့လူလည်း သေရင် အဲလိုသဂြိုဟ်ခံရမှာပဲ၊ အဲ…သေတဲ့လူကလည်း အရင်က အဲလိုပဲ ထိုင်ကြည့်ခဲ့ဖူးမှာ..
စားလိုက်တာ ပြောင်လို့၊ အရိုးပဲကျန်တယ်၊ တော်တော်အစားပုပ်တဲ့ကောင်တွေ
ငှက်တွေစားလို့ပြီးတော့ အရိုးလိုက်ကောက်ရတာပေါ့
ခုတ်ထစ်ပြီး ဘာလုပ်မယ်မသိပါဘူး၊ မြေမြှပ်မယ်ဆိုလည်း ၀န်ပေါ့သွားပြီပေါ့….။
———————————————————————-
အင်း….ကြောက်စရာကောင်းတယ်ပဲပြောရမလား
ဒီတိုင်းမြေမြှပ်တာနဲ့စာရင် သန့်သွားတယ်၊ ၀န်ပေါ့တယ်ပဲပြောရမလား
ဘာမှန်းကိုမသိတော့ဘူး
အဲဒီ ပရိုဂရမ်ကို BBC ရဲ့ Human Planet မှာ ကြည့်လိုက်ရတယ်
ထပ်ဖြည့်ပြောရရင်တော့ ..
အဲဒီ တစ်ခုသော ဗုဒ္ဓဘာသာ တိဖက် အနွယ်ဖွားတွေက သစ်ပင်ရှားတဲ့ ကုန်းမြင့်ပိုင်းမှာနေကြပါတယ် ။
သူတို့ ဆီမှာ လူသေရင် အယူအရ မြေမြှုပ်တဲ့အလေ့မရှိဘူး မီးရှို့ဖို့က ကျတော့လည်း ထင်း က ရှားပါးလို့ ဒီလို ငှက်တွေ လင်းတတွေကို ကျွေးတဲ့ အလေ့ ဖြစ်လာတယ်လို့ ဆိုပါတယ် ။
မိမိ အိမ်မှာ လူသေပြီဆိုတာနဲ့ အဲဒီ လူသေရုပ်လောင်းကို အိပ်ယာခင်းစ အ၀တ်တွေနဲ့ ကျပ်ထုတ်နေအောင် ကြိုးနဲ့ အထပ်ထပ်စည်းရတယ် ။
အသုဘချမည့်နေ့ကြမှ အဲဒီ အလောင်းကို သား သမီးဖြစ်သူက ပလိုင်းများ လွယ်သလို ခေါင်းမှာ ကြိုးတစ်စ တင်ပြီး အလောင်းကို မြှုပ်မည့်နေရာ သယ်သွားရတယ် ။ ငှက်တွေကတော့ အစာစား ရတော့မယ် ဆိုတာ သိလို့ အနားမှာ ရစ်သီရစ်သီ ဖြစ်နေကြပြီပေါ့ ။
အသုဘ အခန်းအနားမှာ ဘုန်းကြီးတွေ တရားဆို ဘာညာ လုပ်ပြီးပြီဆိုမှ ဆွေမျိုးသားချင်းရော လာပို့သူ လူတွေရော အားလုံး မပြန်မနေရ ပြန်ကြတယ် ။ အဲဒီတော့မှ အဲဒီ ရွာမှာ ရှိတဲ့ တစ်ဦးတည်းသော ဗုဒ္ဓဘာသာ ၀င် မဟုတ်သူက အဲဒီ အလောင်းကို ဖြည်ပြီး တစ်စစီ ခုတ်ထွင်ပြီး ငှက်တွေကို ကျွေးတယ် .. ငှက်တွေကလည်း အရိုးတောင် မကျန်အောင် စားကြပါတယ် ။
သူတို့ လူမျိုးတွေက အဲလို လူ့ကိုယ်ခန္ဒာကို ငှက်တွေ ကျွေးတာ ကမ္ဘာမြေကိုလည်း ကျေးဇူးဆပ်ရာ ကြတယ်လို့ ယုံကြည့်ကြပါတယ် တဲ့ ။
အဲဒါကို သူတို့က ကောင်းကင် သဂြုင်္ိလ်ခြင်း သို့မဟုတ် Sky Burial လို့ ခေါ်ကြပါတယ် တဲ့ ။
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ