Posted by နက်ရှိုင်းထက်(မိုးညှင်း)
တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦးတောင်တက်ပြီးထင်းခုတ်လေသည်။ မကြာမှီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကိုခုတ်ကြရင်း ညနေစောင်းချိန်တွင်
အဘိုးအိုခုတ်ပြီးသော ထင်းအရေအတွက်မှာ လူငယ်ထက်ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှရောက်လာပြီး
သူထက်ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင်စောစောထပြီး ထင်းခုတ်ထွက်ရန်
ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက်စောပြီး ထင်းခုတ်ရန်ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရ
မည်ဟုလည်း တွေးနေမိသည်။ သို့သော်..အလုပ်သိမ်းချိန်တွင် အဘိုးအို၏ထင်းမှာ သူ့ထက်ပိုများနေသည်ကိုတွေ့
ပြန်သည်။ သို့နှင့် လေး၊ငါးရက်ဆက်တိုက် တောင်ပေါ်သို့စောစီးစွာ ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှအိမ်ပြန်ခဲ့သော်
လည်း သူ၏ထင်းမှာ အဘိုးအိုထက်အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။
ခြောက်ရက်မြောက်နေ့တွင်သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ အဘိုး ကျွန်တော်က
အဘိုးထက်အားသန်တယ်။ အဘိုးထက်စောပြီး တောင်ပေါ်ရောက်အောင်လာခဲ့သည်။ နောက်ကျမှအိမ်ပြန်တယ်။
ဒါပေမဲ့ ကျွန်တော်ခုတ်လို့ရတဲ့ထင်းက အဘိုးထက် နည်းနေခဲ့တယ်။ ဘာကြောင့်လဲ..
ဒီလိုလူလေးရဲ့ အဘိုးကထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ပုဆိန်ကိုအမြဲသွေးတယ်။ လူလေးကမသွေးခဲ့ဘူး။
ထင်းခုတ်ပြီးဒီအတိုင်းပစ်ထားခဲ့တယ်။ အဘိုးကအသက်ကြီးပြီး နောက်ကျမှတောင်ပေါ်ရောက်သလို လူလေးထက်
စောပြီးအလုပ်သိမ်းခဲ့တယ်။ ဒါပေမဲ့ အဘိုးရဲ့ပုဆိန်က လူလေးပုဆိန်ထက် ထက်မြက်နေတဲ့အတွက် အဘိုး
လေး/ငါးချက် ခုတ်လို့ ပြတ်တဲ့သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ယူရတယ်။ ဒါကြောင့် လူလေးရဲ့
ထင်းတွေနည်းနေတာပါ။
ပုံပမာလေးကတော့ ဒါပါပဲ။
ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့မေ့နေကြရင် အလုပ်အပြည့်လုပ်ပြီး ရလဒ်တစ်ဝက်ပဲခံစားရမယ်ဆိုတာကို တချိန်ချိန်
ကျရင် သိလာလိမ့်မယ်။ လူ့ဘ၀ လမ်းတစ်လျှောက်မှာ ရှင်သန်ကြီးပြင်းဖို့ကြိုးစားနေသလို တစ်ဘက်ကလည်း
ကိုယ့်ပညာ ဗဟုသုတတွေကို မြင့်တင်ယူရမှာ ဖြစ်ပါတယ်။
တစ်ဘက်ကထင်းခုတ်ရင်း တစ်ဘက်ကလည်း ပုဆိန်သွေးနေသင့်ပါတယ်။
သူငယ်ချင်းများအတွက်လည်း ဒီပုံပမာလေးက တစ်ခုခုပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကိုယ့်ကိုကိုယ်
တတ်လှပြီ ထင်ရင်တော့ သူများတစ်ချက်ထဲနဲ့ ခုတ်လို့ပြီးသွားတဲ့သစ်ပင်ကို ကိုယ့်ကျမနဖူးကချွေး ခြေမကျအောင်
အချက်ပေါင်းလေး/ငါး/ဆယ်ချက်မကခုတ်မှ ရမယ်ဆိုရင်တော့ထူးအိမ်သင် သီချင်းထဲကလို နည်းနည်းတော့ လွှဲနေပြီ
ပေါ့ဗျာ။ ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှမလေ့ကျင့်ပဲ ပြန်မေ့နေရင်ရောဆိုရင်တော့အဲဒါ ကိုယ့်သမိုင်းဖြစ်သွား
ပြီလို့ပဲ ဆိုပါရစေ။ စကားလေးတစ်ခွန်းလက်ဆောင်ပါးချင်ပါသေးတယ်။
လက်တွေ့မပါတဲ့ပညာဟာ အသုံးမ၀င်သလို ၊ ပညာမပါတဲ့လက်တွေ့ဟာလည်း အန္တရာယ်များပါတယ်။
အဲဒါကြောင့် သူငယ်ချင်းရေ ကျွန်တော်တို့ကိုယ့်ပုဆိန်ကိုယ်သွေးကြပါစို့လား။
(ကိုအောင်လတ်၏ ဖေ့စ်ဘွတ်မှ ကူးယူရှယ်ပါသည်)
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)http://www.facebook.com/groups/Myanma.ArunThit.Org/
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ