[mrsorcerer:27844] Fwd: သစ်ထူးလွင်
---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/7/17
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင်
ဒေါ်အောင်ဆန်းစုကြည် အစည်းအဝေးခေတ္တနားချိန်မှာ သတင်းသမားများနှင့် တွေ့ ဆုံ (ရုပ်/သံ)
Posted: 17 Jul 2012 06:19 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဒီကနေ့ ဇူလိုင် ၁၇ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေတ္တနားချိန်မှာ သတင်းသမားများ သတင်းယူရန်သတ်မှတ်ထားတဲ့ အခန်းကို ကြိုတင်စီစဉ်ထားခြင်း မရှိပဲ လာရောက်လည်ပတ်ပြီး သတင်းသမားတွေနဲ့ တွေ့ဆုံသွားပါတယ်။ ဒီဗွီဘီ သတင်းထောက် ဇော်ရိုက တင်ဆက်ထားပါတယ်။ (ရိုက်ကူး ဇေကြီး) — DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
ဒုတိယသမ္မတ အမည်စာရင်းတင်ဖို.ကတော့မသေချာ (ရုပ်/သံ)
Posted: 17 Jul 2012 06:14 AM PDT
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ.အစီအစဉ်ကိုဒီကနေ.ဆက်လက်
ကျင်းပမှာဖြစ်ပေမယ့် လစ်လပ်နေတဲ့ဒုတိယသမ္မတ အမည်စာရင်းတင်ဖို.ကတော့မသေချာသေးဘူးဖြစ်နေပါတယ်။
ဦးကျော်သက်မင်းသတင်းပေးပို.ထားပါတယ်။(ရိုက်ကူး-ဗညား) - DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
ရေလည်ကျွန်း မှာ စိုက်ထားတဲ့ မြန်မာအလံကို ပြန်ဖြူတ်ပေးမယ် (ရုပ်/သံ)
Posted: 17 Jul 2012 06:19 AM PDT
သောင်ရင်းမြစ်ပေါ် က နှစ်နိုင်ငံ အငြင်းပွားနေ တဲ့ ရေလည်ကျွန်း မှာ စိုက်ထားတဲ့ မြန်မာအလံကို ပြန်ဖြူတ်ပေးမယ်လို့  ဇူလိုင်လ ၁၇ ရက်နေ့ မှာ ပြူလုပ်တဲ့ထိုင်းမြန်မာနယ်ခြားကော်မတီအစည်းအဝေးမှာ
 မြန်မာဘက်က ဂတိပေးလိုက်ပါတယ်။ ကိုသက် - DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
HIV ကူးစက်နှုန်း ကျတဲ့ ပထမဆုံး ဆေး
Posted: 17 Jul 2012 05:26 AM PDT
ဒီဆေးကြောင့် ရောဂါ ကူးစက်နှုန်း ၇၅ ရာနှုန်း ကျဆင်း
HIV ကူးစက်နှုန်း ကျဆင်းစေတဲ့ ပထမဆုံး ဆေးကို အမေရိကန်မှာ ခွင့်ပြု လိုက်ပါပြီ။
Truvada ဆိုတဲ့ ဆေးကို HIV ပိုးရှိသူနဲ့ ကိုယ်လက် နှီးနှောမှုလို ကူးစက် နိုင်ခြေ များတဲ့ အခါမျိုးမှာ သုံးသင့်ပါတယ်။
ဆေးသောက်တာ အပြင် ကွန်ဒုံး သုံးတာ၊ HIV ပိုး ရှိမရှိ မှန်မှန် စစ်တာတွေလဲ လုပ်မှ ရောဂါကို ထိရောက်အောင် ကာကွယ် နိုင်တယ် အမေရိကန် ဆေးဝါး အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဆေးကြောင့် ရောဂါ ကူးစက်နှုန်း ၇၅ ရာနှုန်း ကျဆင်း စေတယ်လို့ သုတေသီ တွေက ဆိုပါတယ်။
ဘီဘီစီ မြန်မာပိုင်း
မိုးထိ မိုးမိ ရွှေတူးခွင့် မပြေလည်သေး
Posted: 17 Jul 2012 04:54 AM PDT
ဆန္ဒပြ ရွှေလုပ်သားများ နေပြည်တော်ကို ချီတက်ခဲ့စဉ်က တွေ့ ရပုံ
တပိုင်တနိုင် ရွှေတူးခွင့်ကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုက ပြန်လည် ခွင့်ပြု ခဲ့သော်လည်း လိုအပ်သည့် စက်ကိရိယာများကို သယ်ဆောင်မည့် ယာဉ်များအား တောင်ပေါ် တက်ခွင့် ပိတ်ပင် ထားဆဲ ဖြစ်ကြောင်း မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတောမှ အလုပ်သမားများက ပြောသည်။
မေလဆန်းတွင် တပိုင်တနိုင် ရွှေတူးခွင့်ကို ကုမ္ပဏီက ပိတ်လိုက်၍ ရွှေလုပ်သားများက နေပြည်တော်ထိ ဆန္ဒပြရန် ချီတက်စဉ် ခရီးတထောက်အရောက် ဇွန်လ ၁၄ ရက်နေ့တွင် ကုမ္ပဏီက ပြန်လည် လုပ်ကိုင်ရန် သဘောတူခဲ့သော် လည်း အလုပ်သမားများ ရွှေတွင်းသို့ ပြန်ရောက်ချိန်မှ စ၍ ယာဉ်များအား တောင်ပေါ် တက်ခွင့် ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
"ပြန်လုပ်ဖို့ ဆိုတာက အလုပ်သမားတို့၊ စက်ကိရိယာတို့၊ ဆီတို့၊ ရိုက်ပြား ဇကာတို့ ဒါတွေ လိုမယ်ပေါ့ဗျာ။ ဒါတွေတောင်ပေါ် ရောက်အောင် ကားတွေ ဆိုင်ကယ်တွေကို တက်ခွင့် မပေးဘူး။ ဒီလို မပေးတာဟာ အင်းလုပ်ခွင့်ကို ပိတ်လိုက်တာနဲ့ အတူတူပဲ" ဟု လွတ်လပ်သော ရွှေလုပ်သားများ အခြေခံ အလုပ်သမား အဖွဲ့အစည်း ၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုသက်လွင် က ပြောသည်။
သို့သော် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကမူ လုံခြုံရေးအရ လုပ်ငန်းခွင်နှင့် လုပ်ငန်းဧရိယာ ပြင်ပကို ဇွန်လ ၁၅ ရက်နေ့မှ စ၍ ပိုင်းခြားလိုက်ခြင်းသာ ဖြစ်ပြီး လုပ်ငန်းခွင် ပြင်ပမှ သယ်ဆောင်လာသည့် ပစ္စည်းများကို လုပ်ငန်းခွင်သုံး ကားများဖြင့် နေ့စဉ် တနေ့သုံးကြိမ် သယ်ပို့ပေးကြောင်း ပြောသည်။
"ကျနော်တို့မှာ ဂိတ် ၁၊ ဂိတ် ၂ ဆိုတာ ရှိတယ်ခင်ဗျ။ ဂိတ် ၁ ဆိုတာက ကျနော်တို့ လမ်းစလုပ်ထားတဲ့ နေရာပေါ့။ register (မှတ်ပုံတင်) လုပ်ထားတဲ့ ကားတွေအားလုံး ဂိတ် ၁ ကို ပေးတက်တယ်။ ဂိတ် ၂ ဆိုတာက မိုင်းဧရိယာထဲ
ရောက်သွားပြီပေါ့။ မိုင်းတွင်းသွားတဲ့ လုပ်ငန်းခွင်သုံး ကားအားလုံးကိုပဲ ထားပြီးတော့ ဂိတ် ၂ ကို လာတဲ့ ကားအားလုံး ကို အဲဒီကနေ ပစ္စည်းတွေ သယ်ပေးတယ်" ဟု အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကပြောသည်။
ယခင်က တောင်ပေါ်တက်ရန်အတွက် ကားတစီးလျှင် နှစ်သိန်းကျပ်၊ ဆိုင်ကယ်တစီးလျှင် ၃,၀၀၀ ကျပ်ဖြင့်
တောင်ပေါ်တက်ခွင့် လက်မှတ် ကုမ္ပဏီက လုပ်ပေးထားပြီး မှတ်ပုံတင်ထားသည့်ကား အစီး ၅၀ ခန့် ရှိကြောင်း သိရသည်။
၎င်းပြင် ရွှေဗြုံး ကြိတ်ရန်အတွက် ကြိတ်စက်ကို ကုမ္ပဏီက တောင်ခြမ်း မြောက်ခြမ်း နှစ်နေရာ သတ်မှတ်ထားသော်လည်း နေရာပြင်ဆင်သည့် အဆင့်သာ ရှိသေးသည့်အတွက် ကြိတ်ခွဲနိုင်ရန် အချိန်အတန်ကြာ လိုသေးကြောင်း လည်း ကိုသက်လွင်က ပြောသည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုကို ဝေလင်းထိုက်၊ အာရှအမြူတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအကို၊မြင့်မိုရ်ရွှေတောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K. ၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် မိတ်ဖက် ကုမ္ပဏီများဖြင့် စုဖွဲ့ထားပြီး ရှယ်ယာ ၂၈ ခု ရှိကာ အစုရှယ်ယာ တခုလျှင် သိန်းတထောင် ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသ ၆,၁၀၅ ဧက၌ ရွှေသတ္တု တူးဖော်ရန် ၎င်းကုမ္ပဏီ အုပ်စုက တရားဝင် လုပ်ကိုင်ခွင့် ရရှိချိန်မှ စ၍ အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခုအတွင်း အလုပ်သမား နှစ်သိန်းကျော်ကို ငါးနှစ်သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများကို အချိုးကျ ခွဲယူရန် နှုတ်ကတိ ပြုခဲ့သော်လည်း ၇ လအကြာ တွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်လိုက်ခြင်း ဖြစ်သည်။
အသေးစား ရွှေထုတ်လုပ်မှုသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်သည်ဟု ကုမ္ပဏီဘက်မှ အကြောင်းပြသော်လည်း အလုပ်သမားဘက်ကမူ ၎င်းမှာ ခိုင်လုံသော အကြောင်းပြချက် မဟုတ်ဟု ဆိုသည်။
"ရွှေတွေက အရမ်းထွက်နေလို့ ကုမ္ပဏီက လောဘကြီးပြီးတော့ အင်းပိုင်တွေကို ပေးမစားချင်တော့လို့ လူတိုင်း မလုပ်နိုင်အောင် အင်းလေးတွေကို ပိတ်လိုက်တယ်လို့ ရွှေလုပ်သားတွေက ပြောတယ်" ဟု ရွှေလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသူ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေါ်မြင့်မြင့်အေး က ပြောသည်။
အသေးစား ထုတ်လုပ်မှု ဖြစ်သည့် အင်းတခုလျှင် သိန်း ၁၀၀ ခန့် ကုန်ကျပြီး အကြီးစားလုပ်ငန်း ဖြစ်သည့် အက်ဒစ်ခေါ် အက်တာတခုလျှင် သိန်း ၃၅၀ ခန့် ကုန်ကျသည့်အတွက် အင်းပိုင်များအနေနှင့် အကြီးစား လုပ်ငန်းကို လုပ်နိုင် စွမ်း မရှိကြောင်း ဒေါ်မြင့်မြင့်အေး က ပြောသည်။
ရွှေလုပ်သားများ အနေနှင့် ဇွန်လ ၁၄ ရက်နေ့က သဘောတူထားချက်အတိုင်း လုပ်ကိုင်ခွင့် မရရှိသေးသဖြင့် ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းပေးရန် တောင်းဆိုထားပြီးနောက် ကုမ္ပဏီများဘက်က ဇူလိုင်လ ၁၈ ရက်တွင်ပြေလည်အောင် ဖြေရှင်းပေးမည်ဟု အကြောင်းပြန်ထားသည်။
ကုမ္ပဏီများဘက်မှ သတ်မှတ်ရက်တွင် ဖြေရှင်းမပေးပါက လူထုအင်အားဖြင့် တောင်အောက် တဖန်ဆင်းကာနေပြည်တော်ထိ ချီတက်ဆန္ဒပြရန် သို့မဟုတ် ကုမ္ပဏီက ပိတ်ထားသည့် ဗြုန်းကြိတ်စက်တွင် ဝင်ကြိတ်ရန်တို့ကို ဆုံးဖြတ်ထားကြောင်းလည်း ဒေါ်အေးအေးမြင့် ပြောပြချက်အရ သိရသည်။
ကွန်းချမ်း
စံခလပူရီ (မဇ္ဈိမ)
မြန်မာစစ်သားများ၏ ရိုက်နှက်မှုကြောင့် တီးတိန်တွင် ရွာသားတဦးသေဆုံး
Posted: 17 Jul 2012 06:19 AM PDT
ချင်းပြည်နယ် တီးတိန်မြို့နယ် ဆိုဇန် ကျေးရွာတွင် ရဲ နဲ့ စစ်သားများက လိုင်စင်မဲ့ ဆိုင်ကယ်ပိုင် ရှင်များ ထံ ငွေကြေးတောင်း ခံရာမှ ခိုက်ရန်ဖြစ်ပွားမှုတခုဖြစ်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့က  ရွာသားတဦး သေဆုံးသွား သည်ဟု သိရသည်။
တီးတိန်မြို့မှ ၁ မိုင်ခန့်ဝေးသော ဆိုဇန်ကျေးရွာ အနီး ကနေဒီတောင်တွင် တာဝန်ကျ ကလေး မြို့ အမှတ် (၆) ဆက်သွယ် ရေးတပ်မှ တပ်သား ၂ ဦး နှင့် ရဲ ၁ ဦးတို့သည် ဆိုဇန်ကျေးရွာတွင် လိုင်စင်မဲ့ဆိုင်ကယ်ပိုင် ရှင်တွေ ထံ ငွေကြေး တောင်းခံ ရာမှ ဆိုင်ကယ်ပိုင်ရှင်များနှင့် ခိုက်ရန်ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကို သွားရောက်ဖြန်ဖြေခဲ့သော ဆိုဇန်ရွာသား ဦးထန်မှုန်းသည် စစ်သား များ၏ရိုက်နှက်မှုကြောင့် ဇူလိုင်လ ၁၃ ရက်နေ့က တီးတိန်ပြည်သူ့ဆေးရုံး တွင် သေဆုံးသွား ခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့နယ် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချူပ် ခေါင်းဆောင် ပူးထန်ဒိုး လျန်ကပြောသည်။
" ရဲတယောက်နဲ့ စစ်သားတွေက လိုင်စင်မရှိတဲ့ဆိုင်ကယ်တွေကို ပိုက်ဆံတောင်းတာ သူ့ရွာ သား တွေနဲ့စကား များတာ သူကတဖက်နဲ့တဖက် ရန်မဖြစ်နဲ့ဆိုပြီး ဖျန်ဖျေတာ စစ်သားတွေက ရိုက်တာပေါ့နော် သူ့နဖူး ၂ လက်မလောက် ကွဲပြီးတော့ ၂ လက်မလောက် နက်တယ်နော် ခုဆေးရုံးမှာ သေသွားတယ်'' ဟု သူကပြောသည်။
အခင်းဖြစ်ပွားရာတွင် ပါဝင်သော ရဲ တဦးကို တီးတိန်မြို့နယ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီ ဟု သိရပြီး စစ်သား ၂ ဦး၏ အခြေအနေကိုမူ မသိရသေးပေ။ ယခုကိစ္စနှင့်ပတ်သက်ပြီး ယနေ့ တွင် ဟားခါးမြို့မှ ပြည်နယ်ရဲမှူး တီးတိန်မြို့ သို့ ရောက် လာမည်ဟုသိရသည်။
တီးတိန်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အရပ်သား နှင့် အာဏာပိုင်များ ခိုက်ရန်ဖြစ်ပွားမှုမကြာခဏဖြစ် ပွားလျက်ရှိ သည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း တီးတိန်မြို့ပေါ်ရှိ ၅၂၈ စားသောက်ဆိုင် ပိုင်ရှင် မမားမာန် ကို ဒေသတွင်းအခြေ စိုက် စစ်ဘက်ရေးရာလုံခြုံရေး( စရဖ) ရဲဘော် တပ်ကြပ် ဇင်ထွေးက လည်ပင်းညှစ်ပြီး ဦးခေါင်းကို ထိုးနှက်ခဲ့မှုတခုဖြစ်ပွား ခဲ့ပြီး ယင်းကိစ္စကို အရေး ယူပေးရန် အထက်အာဏာပိုင်များထံ အမှုဖွင့်တိုင်ကြားခဲ့သည်။
ခိုနူမ်းထုန် သတင်းဌာန
တရုတ်နိုင်ငံက မြန်မာမှ အမဲသားတင်ပို့မှုကို ပိတ်ပင်လိုက်ပြီ
Posted: 17 Jul 2012 04:26 AM PDT
ရန်ကုန်၊ ဇူလိုင်-၁၇
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသော အသားထွက်ကုန်ပစ္စည်းများတွင်
ခွာနာလျှာနာရောဂါရှိနေသောကြောင့် လက်မခံနိုင်ဟုဆိုကာ အေးခဲအမဲသားများ
တင်ပို့နေမှုကို လုံးဝပိတ်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ အကြောင်းကြားစာသည် ဇူလိုင်လဆန်းတွင် UMFCCI (မြန်မာနိုင်ငံ
 ကုန်သည်/စက်မှုအသင်းချုပ်)သို့ ရောက်ပြီးနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
 ညွှန်ကြားရေးမှူးချုပ်ထံမှတစ်ဆင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က
လက်ခံရရှိထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁)
ဦးဝင်းစိန်ကဇူလိုင် ၁၇ ရက်တွင်ပြောသည်။
''တရုတ်ကို တင်ပို့နေတဲ့ အသားတွေ အမဲသားတွေမှာ ခွာနာ လျှာနာရောဂါ
 မကင်းရှင်းတာကြောင့်တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်များ၊ သစ်ပင်၊ ပန်းမန်များ အ၀င်အထွက်
စစ်ဆေးရေး ဥပဒေအရ အခု ကျွန်တော်တို့ဆီက အေးခဲအမဲသားတင်ပို့မှုတွေ ရပ်ဆိုင်း
သွားပါပြီ ''ဟု ၎င်းက ပြောသည်။
အေးခဲအမဲသားအပြင် ကြက်ငှက်တိရစ္ဆာန်များ၏ အသားထွက်ကုန်ပစ္စည်းများပါ
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းနှင့် အသားထွက်ကုန်များကို အခြားနိုင်ငံမှ ၀ယ်ယူပြီး
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းကိုပါ ပိတ်ပင်လိုက်ကြောင်း အထက်ပါစာတွင် ပါရှိသည်။
''မြန်မာမှာ ကြက်ငှက်တုပ်ကွေးနဲ့ ခွာနာလျှာနာရောဂါတွေ ကျရောက်နိုင်တဲ့အတွက်
သူတို့ဆီကနေပြီး တော့ ဒီအသားတွေ တင်ပို့ခြင်းကို လက်မခံနိုင်ပါဘူးဆိုပြီးတော့
 မြန်မာသံရုံးကို တရုတ်နိုင်ငံ မွေးမြူရေးဌာနကနေပြီးတော့တရားဝင်အကြောင်းကြားထားတယ်''
 ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ(၃) ဒေါက်တာလှလှသိန်းက
လည်း ပြောသည်။
ထို့ကြောင့် တရုတ်နိုင်ငံသို့ အသားတင်ပို့သော လုပ်ငန်းရှင်များ၏ စက်ရုံ၊ အလုပ်ရုံများလည်း
ရပ်ဆိုင်းသွား၍ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကုန်ကြကြောင်း သတင်းရရှိသည်။
 မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အစ ဧပြီမှ ဇွန် သုံးလအတွင်း
 အေးခဲအမဲသားတန်ချိန် ၄၈၈၄ တန် တင်ပို့နိုင်ခဲ့သည်။ သို့ရာတွင် ပုံမှန်ရက်သတ္တပတ်
တစ်ပတ်လျှင် အေးခဲအမဲသားတန်ချိန် ၄၀၀ ခန့်တင်ပို့နေရာမှ ဇွန် ၂၇ ရက်မှ ဇူလိုင်
၃ ရက်တွင်မူ ၁၄၅ တန်သာ တင်ပို့နိုင်တော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ယခုအချိန်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသော အသားထွက်ကုန်ပစ္စည်း
များအားလုံး လုံးဝရပ်ဆိုင်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆီးနိတ်အမတ် မစ်ခ်ျမက္ကောနယ် ဆွေးနွေး
Posted: 16 Jul 2012 09:58 PM PDT
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတ္ထုထပုံမှန် အစည်းအဝေးကို နေပြည်တော် ဥတ္တရသီရိ၌တက် ရောက်နေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင် ဆန်းစုကြည်သည်၂၀၁၂ခု၊ဇူလိုင်၊၁၆ရက် နေ့ည(၈)နာရီက အမေရိကန်အထက်လွှတ်တော်အမတ်မစ်ခ်ျမက္ကောနယ်နှင့်
တယ်လီဖုန်းဖြင့်ဆက်သွယ် ကာ Burma Freedom and Democracy Act (BFDA)
ကိုဆွေးနွေးသည်။
ယင်းသို့ဆွေးနွေးရာတွင် မြန်မာအမေရိကန်ချစ်ကြည်ရေးတိုးတက်လာစေရန်
ကိစ္စ၊မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများအရှိန်အဟုန်မြှင့်လာစေရန်နှင့်
 မြန်မာပြည်လူထုဘ၀များပိုမိုကောင်းမွန် တိုးတက်လာစေရန်တို့ကို အခြေခံပြီးဆွေးနွေးကြကြောင်းသိရသည်။
တာဝန်ခံ
ဗဟိုပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ချင်းပြည်နယ်တွင် မိုဘိုင်းစခန်းများတည်ဆောက်ပြီးပါက ဖုန်းလိုသလောက် ချထားပေးမည်
Posted: 16 Jul 2012 10:01 PM PDT
ချင်းပြည်နယ်၌ မိုဘိုင်းစခန်းများတည်ဆောက်ပြီးစီးပါက ယင်းဒေသမှ တောင်းဆိုသလောက် မိုဘိုင်းဖုန်း ဆင်ကဒ်များ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  သိရှိရသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သော ချင်းပြည်နယ် အလယ်ပိုင်း ချင်းပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းဒေသများတွင် ဖုန်းသုံးစွဲနိုင်မှု လွယ်ကူစေရန်အတွက် မိုက်ခရိုဝေ့ဆက်ကြောင်း အသုံးပြု၍ ဆက်သွယ်ရေးစခန်းများတည်ဆောက်မည်ဟု နိုင်ငံပိုင်သတင်းစာများထွင် ထုတ်ပြန်ကြေညာထားသည်။
"ဒီဒေသတွေက ရွာတွေဖြစ်တော့ မြို့ကြီးတွေလို ဆွဲအားသုံးထောင်လောက်ရှိတဲ့ တာဝါတိုင်တွေ ဆောက်ဖို့ အဆင်မပြေဘူး၊ ဒါကြောင့် မိုက်ခရိုဝေ့ဆက်ကြောင်းတွေကတစ်ဆင့် ဖုန်းသုံးစွဲလို့ရအောင် ဆောင်ရွက်တာပါ။" ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။
ချင်းပြည်နယ်တွင် မိုဘိုင်းစခန်းတည်ဆောက်ပြီးစီးပါက မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများကိုပါ မိုက်ခရိုဝေ့ဆက်ကြောင်းဖြင့် မိုဘိုင်းစခန်းများတည်ဆောက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
"မိုဘိုင်းစခန်းတွေ ပြီးသွားရင် ချင်းပြည်နယ်က ဖုန်းသုံးစွဲသူများတွေ လိုင်းမကြပ်အောင် ဖုန်းလိုင်းတွေကို လိုအပ်သလောက် ချထားပေးသွားမှာပါ။" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်က ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆ (၈၀)ရာခိုင်နှုန်းတွင်  ကျေးလက်ဒေသ တယ်လီဖုန်း သိပ်သည်းဆမှာ (၃၈) ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် လာမည့် ၂၀၁၇ခုနှစ်တွင် ကျေးလက်ဒေသ တယ်လီ ဖုန်းသိပ်သည်းဆ (၇၀) ရာခိုင်နှုန်းနှင့် ၂၀၂၀ ခုနှစ်တွင် တယ်လီဖုန်းသိပ်သည်းဆ (၁၀၀)ရာခိုင်နှုန်းအထိ မြင့် တက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup
မန်းတက္ကသိုလ်ကို ပြန်လည်အသက်သွင်းစေလို
Posted: 16 Jul 2012 09:01 PM PDT
မန္တလေး တက္ကသိုလ်တွင် ပြန်လည်ပြီး စာသင်ခွင့်ရရှိ လာရန်ကြိုးစား စေချင်ကြောင်း (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်က မန္တလေးမြို့သို့ ရောက်ရှိနေချိန် စာနယ်ဇင်း သမားများနှင့်
 ခေတ္တတွေ့ဆုံခိုက် ပြောကြား လိုက်ခြင်း ဖြစ်သည်။
`` မနှစ်မြို့စရာကောင်းတဲ့ ပုရ၀ဏ်တစ်ခုကို ပို့လိုက်တာမျိုးပေါ့ဗျာ ၊အားလုံးလဲ သိပြီးသားပါ ထန်းတောထဲ အရက်ပုန်း ဆိုင်တွေကြားထဲမှာ ၊လောင်းကစားဝိုင်းတွေကြား ထဲမှာ နောက်တစ်ခါ တည်းခိုခန်းတွေ ကြားထဲမှာကျွန်တော်တို့   နောက်မျိုးဆက်တွေအတွက်တော့  ရင်ထုမနာဖြစ်မိတယ်ဗျာ ´´ ဟုမင်းကိုနိုင်က ပြောကြားခဲ့ သည်။
မန်းတက္ကသိုလ်ထွက်ကျောင်းသားဟောင်းများအနေဖြင့် ပြန်လည်ပူးပေါင်း၍မိခင်တက္ကသိုလ်တွင် ပြန်လည်စာသင်ခွင့်ရရှိရေး
ကြိုးစားစေချင်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။
`` မန္တလေးဆိုရင် အရင်တုန်းက မန်းတက္ကသိုလ်ပေါ့ မာဇူးပြန်အသက်ဝင်အောင်ပေါ့၊ အရင်ကျောင်းတက်ခဲ့ဖူးတဲ့ မျိုးဆက်တွေပေါင်း ပြီးတော့ အဲဒါကိုအင်နဲ့အားနဲ့လုပ်စေချင်တယ်ဗျာ ၊ မာဇူးရဲ့ ခေတ်တစ်ခေတ်ပြန်ပြီးတော့ဖြစ်အောင်၊ အဲဒီကထွက်ခဲ့တဲ့ သူရဲကောင်းတွေ ၊နိုင်ငံရေးမှာပဲဖြစ်ဖြစ် ၊ စာပေနယ်မှာပဲဖြစ်ဖြစ်ပါ ၊ အရင်က မာဇူးဘယ်လို အစဉ်အလာကောင်း  ခဲ့တယ်ဆိုတာကို မာဇူးပြန်ပြီးတော့ အသက်ဝင်ရေးနဲ့အတူကျောင်းသားလှုပ်ရှားမှု ၊ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေနဲ့အတူ ပြန်ပြီးတော့ဖော်ဆောင်စေချင်ပါတယ် ´´
ဟု မင်းကိုနိုင်က မန္တလေးစာနယ်ဇင်းများသို့ ပြောကြားခဲ့သည်။
မန္တလေးတက္ကသလိုလ်ကို အာဇနည်နည်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည့်ဆရာကြီးဦးရာဇတ်မှ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါတက္ကသိုလ်မှနေ၍မောင်စွမ်းရည် ၊ မောင်သာနိုး နှင့် ဆရာတင်မိုးကဲ့သို့ နာမည်ကြီးစာရေးဆရာ
များ နိုင်ငံရေးသမားများ ထွက်ပေါ်ခဲ့သည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်
Posted: 16 Jul 2012 08:47 PM PDT
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ဆိုင်းဘုတ်
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ
 စီမံကိန်း လုပ်ငန်း စီမံကိန်း နေရာမှာ ပုဒ်မ ၁၄၄ ဇူလိုင်လ (၁၄) ရက်နေ့ က 
ထုတ်ပြန် လိုက်တယ်လို့  သိရပါတယ်။
 အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ဆိုင်းဘုတ်ကို ကျော်ရွာ တောင်ဘက်
 ကြေးနီတူးဖော်ရေး စီမံကိန်း ဂိတ်ဝ အ၀င် နေရာမှာ စိုက်ထူထားပါတယ်။ 
လုပ်ငန်းခွင်က ထွက်တဲ့ မြေစာတွေ စွန့်ပစ်မှုနဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူ
 လယ်သမား တွေက ၀မ်ဘို တရုတ်ကုမ္ပဏီ လုပ်ငန်းခွင်ရုံးရှေ့မှာ အရင်လ
အတွင်းက ဆန္ဒပြခဲ့ကြရာမှာ ဒေသခံတွေ တောင်းဆိုတဲ့  အချက်တွေကို 
ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့ စီးပွားရေး ဦးပိုင်လိမိတက်က တာဝန်ရှိသူ 
အပါအ၀င် အာဏာပိုင်တွေဘက်က သဘောတူကြောင်း လက်မှတ်ထိုးခဲ့ပေမယ့် 
ဝမ်ဘို တရုတ် ကုမ္ပဏီဘက်က မလိုက်နာဘဲ ဆက်လက် လုပ်ကိုင်နေပါတယ်။ 
အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ကြေးနီစီမံကိန်း နေရာမှာ ရဲနဲ့ စစ်တပ်က
 စောင့်ကြပ်နေ တယ်လို့ အဲဒီ ဒေသခံက ပြောပါတယ် ။ 
ဆန္ဒပြခဲ့ကြစဉ်က ဒေသခံတွေနဲ့ သဘောတူလက်မှတ်ထိုးတဲ့ မူရင်း စာရွက်
စာတမ်းတွေ ကို Myanmaer News Now မှ ပြည့်အစုံတင်ပြထားပါတယ်။ 
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ကြေးနီစီမံကိန်း နေရာမှာ ရဲနဲ့ စစ်တပ်က စောင့်ကြပ်နေစဉ်
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ဆိုင်းဘုတ်
SHADE ဂျာနယ်၊ဇူလိုင်၁၈ ရက်မှ ၂၄ ရက်နေ့အထိ
Posted: 16 Jul 2012 08:01 PM PDT
SHADE ဂျာနယ်၊ဇူလိုင်၁၈ ရက်မှ ၂၄ ရက်နေ့အထိ
ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၃
Posted: 16 Jul 2012 08:01 PM PDT
ဇူလိုင်လ (၁၆)ရက်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၃
 ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
နတ်မောက်မြို့ နယ်မှာလည်း အာဇာနည်နေ့  ဗိုလ်ချုပ်ကြေးရုပ်တွင် လွမ်းသူ့ပန်းခွေချခွင့် မပြု
Posted: 16 Jul 2012 07:06 PM PDT
နတ်မောက်မြို့ နယ်မှာလည်း အာဇာနည်နေ့  ဗိုလ်ချုပ်ကြေးရုပ်တွင် လွမ်းသူ့ပန်းခွေချရန် တင်ပြမှု့ကို တားဆီးပိတ်ပင်ခံရပါတယ်။
ပထမကော်မရှင်ကိုတင်ပြရာမှာ မြို့နယ်မှုးထံတင်ရမည်ဟု ပြောပါတယ်။ မြိုနယ်မှုးထံ ၅ ရက် ကြိုတင်ပြရာ
 ခွင့်မပြုနိုင်ကြောင်း ၊ တိုင်းရုံးသို့  အယူခံတင်နိုင်ကြောင်းပြန်ကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ မှူးရုံးမှ အကြောင်းပြန်ကြားစာကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မည်
Posted: 16 Jul 2012 07:02 PM PDT
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြသော အာဇာနည်များ။ ဓါတ်ပုံ - RFA
လာမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမဲ့ အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ပြောကြားပါတယ်။
အစိုးရက အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်တွေအတွက် သီးသန့် အစီအစဉ်အဖြစ် ဂါရ၀ပြုဖို့ သတ်မှတ်ထားကြောင်း၊ အစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဂါရ၀ ပြုမှာ ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။
အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေချ ဂါရ၀ ပြုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရုံးချုပ်မှာ ကျင်းပမဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း သိရပါတယ်။
ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ဖို့အတွက် ဇူလိုင် (၁၈) ရက်နေ့မှာ ရန်ကုန်မြို့ကို ခေတ္တခဏ ပြန်လာမှာဖြစ်ပါတယ်။
RFA Burmese
စပါးခင်းတွေ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး
Posted: 16 Jul 2012 06:15 PM PDT
ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ရွာသာကြီးမှာ ဒေသခံ တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါး(၁၅) ဧကကို ၀န်းရံခ ကုမ္ပဏီနဲ့ ရဲတွေ ပူးပေါင်းပြီး ဖျက်ဆီးလိုက်တယ်လို့ တောင်သူတွေက ပြောပါတယ်။
ရွာသာကြီး ထောင်သာဇယ် ကွင်းအမှတ် (၉) မှာ ဒေသခံ တောင်သူတွေ စုပေါင်းစိုက်ပျိုးထားတဲ့ စပါးခင်းတွေကို လွန်ခဲ့တဲ့ (၃) ရက်လောက်က စပြီး ဘူဒိုဇာစက်တွေနဲ့ ၀င်ရောက်ထိုးမွှေ ဖျက်ဆီး လိုက်တာလို့ ကာယကံရှင် လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
ဝန်းရံခကုမ္ပဏီက ပျိုးခင်းတွေကို လာရောက်ဖျက်ဆီးရာမှာ ယူနီဖောင်းဝတ် ရဲဝန်ထမ်းတချို့ ပါဝင်တယ်လို့ လယ်သမားတွေက ပြောပေမယ့် ဒဂုံအရှေ့ပိုင်းမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ် စုံစမ်းရာမှာ သူတို့ ရဲစခန်းအနေနဲ့ အဲဒီလို ပါဝင်ဆောင်ရွက်မှု မရှိဘူးလို့ တာဝန်ကျ အရာရှိတစ်ဦးက ပြောပါတယ်။ ၀န်းရံခ ကုမ္ပဏီကိုလည်း RFA က ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ဒီကနေ့အထိ ဖျက်ဆီးခံလိုက်ရတဲ့ လယ် (၁၅) ဧကအပါအ၀င် ထောင်သာဇယ် အမှတ် (၉) ကွင်းမှာ ရှိတဲ့ လယ်ဧကပေါင်း (၅၀၀) ကျော်ဟာ ၀န်းရံခကုမ္ပဏီက လယ်သမားတွေနဲ့ အကျိုးတူ ပူပေါင်း စိုက်ပျိုးမယ်ဆိုပြီး ၂၀၀၈ ခုနှစ်မှာ သိမ်းယူခဲ့တဲ့ လယ်တွေဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
စတင် သိမ်းပိုက်စဉ်က လယ်တစ်ဧကကို ငွေကျပ် (၂)သောင်းနှုန်း နစ်နာကြေး ထုတ်ပေးခဲ့ပြီး လယ်သမားတွေကို သူတို့ လယ်မြေတွေထဲကနေ တစ်ပတ်အတွင်း ထွက်ခွာဖို့ အမိန့်ပေးခဲ့တယ်လို့ ကာယကံရှင် လယ်သမားတွေက ပြောပါတယ်။
RFA Burmese
လွှတ်တော်မှာတင် အချိန်ကုန်မခံဖို့ ဒေါ်စု တိုက်တွန်း
Posted: 16 Jul 2012 06:05 PM PDT
ဓာတ်ပုံ ASSOCIATED PRESS
လူထုက ရွေးချယ် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်တွင်း
မှာပဲ အချိန်ကုန်နေ တာမျိုး မဖြစ်စေလိုတဲ့ အကြောင်း မြန်မာ့ဒီမိုကရေ စီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
လွှတ်တော်တွင်း ဥပဒေပြုရေး ကိစ္စတွေနဲ့ ဆွေးနွေးပြောဆို မှုတွေမှာသာ အချိန်ပေးနေ ရမယ်ဆိုရင် လူထုနဲ့ နီးစပ်မှု မရှိတဲ့အဖြစ်မျိုး ကြုံရလိမ့်မယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဒေါ်အောင် ဆန်း စုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ လွှတ်တော် ဆွေးနွေးပွဲ အပြီးမှာ သတိပေးလိုက်တာပါ။ ဒါ့အပြင် ဒီကနေ့ လွှတ်တော်တွင်း ဘယ်လိုကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြသလဲ ဆိုတာတွေကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်ကို ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူတွေရဲ့အကျိုး၊ တိုင်းပြည်ရဲ့အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အမြဲ ကြိုးပမ်းနေရမှာဖြစ်ပြီး လူထုနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံနေရမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က NLD အမတ်တွေကို ဒီကနေ့ သတိပေးသြ၀ါဒစကား ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း မိတ္ထီလာမြို့နယ် NLD လွှတ်တော်အမတ် တဦးဖြစ်တဲ့ ဦးဝင်းထိန်က ပြောပြပါတယ်။
"ကျနော်တို့ NLD လွှတ်တော်အမတ်တွေကို သြဝါဒပေးတာပါ။ အဓိက-ကတော့ ကျနော်တို့ လွှတ်တော်ထဲမှာ အချိန်ကြာတာကို သူသိပ် သဘောမကျဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လွှတ်တော်အမတ်တွေက ကိုယ့် နယ်မြေ၊ ကိုယ့်မြို့နယ်ကိုယ် ပြန်ပြီးတော့မှ လူထုအကျိုးအတွက် လုပ်စရာရှိတာတွေလုပ်ဖို့ အချိန်တွေ နည်းသွားတာကို သူက အားမလို အားမရဖြစ်နေတာ။
"NLD ပြည်သူ့လွှတ်တော်အမတ်တွေ အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော်ထဲမှာ တင်တဲ့အဆိုတွေနဲ့ ပတ်သက်လို့ စကားတွေအပိုမပြောဘဲနဲ့ ထိထိရောက်ရောက်နဲ့-- ပြီးဖို့ရယ်၊ နောက်တခုက ပြည်သူလူထု အကျိုးအတွက် လုပ်ဖို့ရယ်၊ နောက်တခုကတော့ ပြည်သူ့လွှတ်တော် အမတ်တွေကို ကိုယ့်မြို့နယ်နဲ့ကိုယ် မကင်းကွာအောင်လုပ်ဖို့၊ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်ဒီယာကတော့ - လွှတ်တော် အမတ် ဖြစ်ပြီဆိုလို့ရှိရင်တော့ တသက်လုံး နောက် ရွေးကောက်ပွဲအထိဟာ လွှတ်တော်အမတ်ပဲ၊ ကိုယ့်နယ်မြေ နဲ့ ကိုယ့်ပြည်နယ်နဲ့ ညှိပြီးတော့မှ ကိုယ့်နယ်မြေအကျိုးအတွက် အမြဲတမ်း ကြည့်ရှုပြီးမှ အလုပ်လုပ်ဖို့ပေါ့။ အဲဒါတွေ ကျနော်တို့ကို သြဝါဒပေးတယ်။"
အခု ကျင်းပနေတဲ့ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွေအပြီး ညနေပိုင်းမှာ ပါ တီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD လွှတ်တော်အမတ်တွေကို သီးသန့်တွေ့ဆုံပြီး အခုလို သတိပေးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာတော့ အကြောင်း အရာ တော်တော်များများကို ဆွေးနွေးခဲ့ကြတဲ့အထဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိခဲ့သလို မြန်မာနိုင်ငံကို သံတမန်အဆင့် ပြန်ဆက်သွယ်ဖို့ ကမ်းလှမ်းလာ တဲ့ နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ လတ်တလော အများစိတ်ဝင်စားနေ တဲ့ ဒုတိယသမ္မတ ခန့်အပ်ဖို့ကိစ္စနဲ့ ပတ်သက်လို့တော့ တစုံတရာ ဆွေးနွေးလာတာ မရှိခဲ့ဘူးလို့ ဦးဝင်းထိန်က ပြောပြပါတယ်။
"ပြည်ထောင်စုလွှတ်တော်ဆိုတော့ အမျိုးသားလွှတ်တော်နဲ့ ကျနော်တို့လွှတ်တော် (ပြည်သူ့လွှတ်တော်) ပေါင်း ပြီးတော့ ရခိုင်မှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာ တည်စေသော အမိန့်၊ အဲဒီအမိန့်ကို ဆွေးနွေးကြတာပေါ့။ ဆွေးနွေးတဲ့ပုဂ္ဂိုလ်တွေက အများအားဖြင့် ရခိုင်ပြည်နယ်က ပြည်သူ့လွှတ်တော်အမတ်တွေပါ။ အဲဒါတွေ ပြီးတဲ့အခါကျတော့မှ ဗမာပြည်ကို သံတမန် အဆင့်နဲ့ ဆက်သွယ်ဖို့ ကမ်းလှမ်းတဲ့နိုင်ငံ ၈ နိုင်ငံ၊ အဲဒီ ၈ နိုင်ငံက ကမ်းလှမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့က ဘယ်လို သဘော ထားမလဲ၊ လက်ခံမလား၊ လက်မခံဘူးလား၊ အဲဒါတွေကို ဆွေးနွေးတယ်။ ဒါပေမဲ့ အချိန်ကမလောက်တော့ မနက်ဖြန် ကျမှ ဆက်ဆွေးနွေးရမယ်။
"ဒီကနေ့ လွှတ်တော် ၂ ရပ်ပေါင်းပြီး ပြည်ထောင်စုလွှတ်တော် လုပ်တော့ အဲဒီ ဒုတိယသမ္မတကိစ္စ ဆုံးဖြတ်မယ် အောက်မေ့တာ၊ ဘာမှ agenda (အစည်းအဝေးအစီအစဉ်) ထဲမှာလည်း မပါဘူး။ လွှတ်တော် နာယက က လည်း ဘာမှ မပြောဘူး။ တော်တော်တော့ စဉ်းစားစရာပဲ။ ပြည်ထောင်စုလွှတ်တော်အနေနဲ့ မနက်ဖြန် နေ့ခင်း ပိုင်းမှာ တခါ ထပ်လုပ်လိမ့်အုံးမယ်၊ အဲဒီမှာများ ပါမလား မသိဘူး။"
မိတ္ထီလာမြို့ NLD ပါတီ လွှတ်တော်အမတ် ဦးဝင်းထိန် ပြောပြသွားတာပါ။ ကျန်းမာရေးကြောင့် ဒုသမ္မတ ရာထူးက အနားယူသွားတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ နေရာမှာ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက အဆိုတင်သွင်းထားတယ်လို့ ပြောဆိုမှုတွေ ရှိနေသလိုပဲ ဒီအဆိုပြု တင်သွင်းလာတဲ့ သမ္မတလောင်းတွေအနေနဲ့ ဒုသမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိ-မရှိ ဆိုတာနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေနဲ့ ကိုက်ညီ-မညီ ဆိုတာတွေကို စိစစ်အတည်ပြုပေးဖို့ အဖွဲ့တခုကိုလည်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဒုသမ္မတ အဆိုပြုခန့်အပ်မှုတွေနဲ့ ပတ်သက်လို့ လွှတ်တော် အတွင်း တရားဝင် တင်ပြလာတာတွေ မရှိသေးပေမဲ့ ရန်ကုန်တိုင်းဒေသကြီး ဦးမြင့်ဆွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ တွက်ဆ ပြောဆိုမှုတွေကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ထွက်နေခဲ့တာပါ။ ဒါကြောင့်လည်း ဒီရက်ပိုင်းတွေအတွင်း ဒီကိစ္စ လွှတ်တော်မှာ ဆွေးနွေးလာမလား ဆိုတာကို လွှတ်တော်အမတ်တွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။
ဒီကနေ့ မနက်ပိုင်း ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးမှာတော့ သတင်းမီဒီယာကိစ္စ၊ ကျန်းမာရေး၊ သစ်တောတွေ ရေရှည် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေ အတော်များများနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေကို ဆိုင်ရာ ၀န်ကြီးတွေက ဖြေကြား ဆွေးနွေးတာတွေ ရှိခဲ့တယ်လို့လည်း ဦးဝင်းထိန်က ပြောပြပါတယ်ရှင်။
By မခင်ဖြူထွေး - ဗွီအိုအေ(မြန်မာဌာန)
ဖမ်းဆီးခံ ၀န်ထမ်းများအရေး ကုလနဲ့ မြန်မာအစိုးရ ညိနှိုင်း
Posted: 16 Jul 2012 06:00 PM PDT
ဓာတ်ပုံ ASSOCIATED PRESS
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုဝန်ထမ်းအချို့ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အာဏာပိုင်တွေနဲ့ ညိနှိုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးက ပြောပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ဒေသအတွက် အကူအညီတွေကို လူမျိုး ဘာသာ ခွဲခြားမှုမထားပဲ အကူအညီတွေ  ဆက်ပေးသွားမယ်လို့ လည်း ပြောပါတယ်။ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
ကုလသမဂ္ဂနဲ့ ဆက်နွယ်တဲ့ အကူအညီပေးရေးလုပ်သား ၁၀ ဦး လောက်ဟာ ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ် အဓိကရုဏ်းတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေရဲ့ ထိမ်းသိမ်းခြင်းကို ခံခဲ့ရတာပါ။ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေတယ်ဆိုပြီး၊ အချို့ကိုတော့ တရားရုံးထုတ် စစ်ဆေးနေပြီလို့ သိရပါတယ်။ ကုလသမဂ္ဂ ၀န်ထမ်းအချို့ကို ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မြန်မာအစိုးရဖက်က တရားဝင်ထုတ်ဖော်မပြောသေးပါဘူး။
ဒါပေမယ့် ကုလသမဂ္ဂဖက်ကတော့ လူသားချင်းစာနာကူညီရေးလုပ်ငန်းမှာ လုပ်နေတဲ့ ၀န်ထမ်းတွေ ဖမ်းခံထားရတယ်လို့ အတည်ပြုထားပါတယ်။ ဒီလူတွေရဲ့ အခြေအနေ ပိုသိရအောင်လို့ မြန်မာအာဏာပိုင်တွေနဲ့ ညိနှိုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ MARTIN NESIRKY က မနေ့က ကုလသမဂ္ဂပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
"လူသားချင်းစာနာကူညီရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းအတော်များများကို မြန်မာအာဏာပိုင်တွေက ခေါ်ယူ ထိမ်းသိမ်းထားတာရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိုနှိုင်းရေးမှုးအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီးတော့၊ အဲဒီ ထိမ်းသိမ်းခံထားရတဲ့ ကူညီရေးဝန်ထမ်းတွေနဲ့ပတ်သက်လို့ အခြေအနေတွေ ပိုသိရဖို့ ကြိုးပမ်းနေပါတယ်။ တုန့်ပြန်ချက်ရဖို့ စောင့်နေတုန်းပါ။"
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလင်တန်ကလည်း ပြီးခဲ့တဲ့ရက်ကပဲ မြန်မာသမတဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားမှာလုပ်တဲ့ စီးပွားရေးညီလာခံအတွင်းတွေ့ဆုံစဉ်မှာ၊ ဖမ်းဆီးခံရတဲ့ အကူအညီပေးရေးလုပ်သားတွေနဲ့ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ထွက်ပြေးနေကြရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကလည်း ဒုက္ခသည်အဖြစ် လက်မခံတာကြောင့် ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုနဲ့ပတ်သက်လို့ နိုင်ငံတကာက မြန်မာရော ဘင်္ဂလားဒေ့ရှ်ကိုပါ ဝေဖန်နေတာပါ။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Antonio Guterres ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာ သမတဦးသိန်းစိန်နဲ့ တွေ့ဆုံတော့၊ မွတ်ဆလင်တွေကို လက်ရှိ တည်ဆဲဥပဒေအတိုင်းပဲ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ တိုက်တွန်းပြောခဲ့ပါတယ်။ ကျန်သူတွေကိုလည်း တိုင်းပြည်အတွင်း ပုံမှန်ဘ၀လို နေထိုင်ခွင့်ရဖို့ ဥပဒေအရ လိုအပ်သလို ဆောင်ရွက်ပေးသင့်တယ်လို့ တိုက်တွန်းသွားပါတယ်။
ရခိုင်ဒေသကိုလည်း ခွဲခြားမရှိပဲ အကူအညီတွေပေးသွားမှာ ဖြစ်တယ်လို့ UNHCR ဂျီနီဖာရုံး ပြောခွင့်ရသူ Melissa Fleming က ပြောခဲ့ပါတယ်။
"ကုလသမဂ္ဂအနေနဲ့ကတော့ ရခိုင်လူမျိုးတွေကိုရော မွတ်ဆလင်တွေကိုပါ ခွဲခြားမှုမရှိပဲ နှစ်ဖက်စလုံးကို လူသားချင်းစာနာမှုအကူအညီတွေ ဆက်ပေးသွားမှာပါ။ ဒါဟာ နှစ်ဖက်အသိုင်းအ၀ိုင်းအကြား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်။ တရားဥပဒေစိုးမိုးမှုရှိပြီး လူ့အခွင့်အရေးအရ ချည်းကပ်ကိုင်တွယ်မယ့် အခြေအနေတွေကို မျှော်လင့်ထားပါတယ်။ "
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးအနေနဲ့ မြန်မာသမ္မတနဲ့ တွေ့စဉ်မှာ ဖမ်းဆီးခံထားရတဲ့ ကုလသမဂ္ဂ၀န်ထမ်းတွေ ကိစ္စကိုလည်း မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူ ၀န်ထမ်း ၁၀ဦးထဲမှာတော့ UNHCR ၀န်ထမ်းက သုံးဦးဖြစ်ပြီးတော့၊ ကျန်သူတွေကတော့ အခြားကုလသမဂ္ဂအေဂျင်စီနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုက ကူညီရေးလုပ်သားတွေဖြစ်ကြပါတယ်။ သူတို့ကို တွေ့ဆုံခွင့်လည်း တောင်းထားပြီး၊ ဒီအပေါ်မှာ မြန်မာအာဏာပိုင်တွေဖက်က တုန့်ပြန်မှုကို ကုလသမဂ္ဂဖက်က စောင့်ဆိုင်းနေတုန်းပဲလို့ သိရပါတယ်။
By Thar Nyunt Oo - ဗွီအိုအေ(မြန်မာဌာန)
ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ အမေရိကန်ပြည်ထောင်စုသို့ရောက်မည်
Posted: 16 Jul 2012 05:58 PM PDT
ဓာတ်ပုံ Atlantic Council Web site
Atlantic Council မှချီးမြှင့်သော ကမ္ဘာ့နိုင်ငံသားဆု၊ (Global Citizen Award) ဆုရှင်များ။ ဒေါ်အောင်ဆန်းစုကြည်၊ Henry Kissinger, Sadako Ogata, Quincy Joines
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုဆီ လာရောက်ဖို့ရှိပါတယ်။
အမေရိကန်အခြေစိုက် Atlantic Council က ပေးတဲ့ တတိယအကြိမ်မြောက် "ကမ္ဘာ့နိုင်ငံသား" ဆုလို့ဆိုရမယ့် "Global Citizen Award" ကို လက်ခံရယူဖို့အတွက် လာရောက်မှာဖြစ်တဲ့အကြောင်း Atlantic Council ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး တာလင်းန် အာနာနီယန် (Taleen Ananian) က ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်နေ့ကျရင် နယူးယောက်မြို့မှာ ကျင်းပမှာပါ။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သန္နိဋ္ဌာန်အခိုင်အမာနဲ့ လုပ်ဆောင်မှု၊ လွတ်လပ်မှုနဲ့ လူသားဂုဏ်သိက္ခာ တို့ရဲ့ နိုင်ငံတကာ အမှတ်သင်္ကေတဖြစ်မှုတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုချီးမြှင့်တာဖြစ်တဲ့ အကြောင်း Council ရဲ့ ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆုချီးမြှင့်ဖို့ ရွေးချယ်ခံရသူတွေထဲမှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဟောင်း ဆဒကို့ အိုဂတ (Sadako Ogata)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဟန်နရီ ကစ်ဆင်းဂျား (Henry Kissinger)၊ အမေရိကန်ဂီတသမားနဲ့ လူသားအရေး လှုပ်ရှားသူ ကွင်စီ ဂျူံးစ် (Quincy Joines) တို့ လည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဆုရှင်တဦးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အမှုဆောင်ညွှန်ကြားရေး မှူး ခရစ္စတင်းန် လာဂါ့ဒ် (Christine Lagarde) က ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးအပ်မှာဖြစ်ပါတယ်။
Atlantic Council ကို အတ္တလန်တိတ်သမုဒ္ဒရာ တဖက်တချက်မှာရှိတဲ့ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု နဲ့ အပြည်ပြည် ဆိုင်ရာလုံခြုံရေးတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပါတီစွဲမရှိတဲ့အဖွဲ့တဖွဲ့အဖြစ် ၁၉၆၁-၆၂ ခုနှစ်က ဖွဲ့စည်းခဲ့ တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၂၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင် တန် ဒီစီမြို့တော်မှာ ကျင်းပမယ့် ၁၅ ကြိမ်မြောက် အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံရဲ့ ဇူလိုင်လ ၂၆ ရက်နေ့ အစီအစဉ်တခုမှာလည်း ဗွီဒီယိုကနေတဆင့် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။
စက်တင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုဆီ လာရောက်မယ်ဆိုရင်တော့ ရာစုနှစ်လေးပုံတပုံနီးပါး အတွင်း ပထမဆုံး အမေရိကန်ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ဒီ့မတိုင်ခင်ကတော့ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဥရောပနိုင်ငံတချို့ဆီ ခရီးထွက်ခဲ့ပါသေးတယ်။
By ဗွီအိုအေ(မြန်မာဌာန)
အဆိုတော်ရန်ရန်ချန်း ဘာသာရေး တိုက်ခိုက်မှုမပြုလုပ်ခဲ့ဟုငြင်းဆို
Posted: 16 Jul 2012 07:14 AM PDT
ဟစ်ဟော့ပ် အဆိုတော် ရန်ရန်ချန်းက လူမှုရေးကွန်ယက် ဖေ့(စ်) ဘွတ်များ၌ ဘာသာရေးတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ လူမျိုးအရေးကိစ္စနှင့် စပ်လျဉ်း သည့်စာများကို ၄င်းပုံနှင့် တကွတွဲဖက်၍ အင်တာနက် စာမျက်နှာများ၌ ဇူလိုင် ၁၄ရက်နေ့ က စ၍ဖော်ပြခဲ့မှုနှင့်ပတ်သက်ပြီး ၄င်းက ငြင်းဆို လိုက် ခြင်းဖြစ်သည်။
"ကျွန်တော့် သူငယ်ချင်း နေဘုန်းလတ်အကျဉ်း ကမလွတ်ခင် တုန်းက နေဘုန်းလတ်နာမည်ကိုလက်ဝါးမှာရေးခဲ့ကြတဲ့ ဓာတ်ပုံတွေကို သူတို့  က ကွန်ပြူတာနဲ့ပြန်ပြင်ပြီး လုပ်ထားကြတာပါ။ ဘာသာရေး အဓိကရုဏ်းဖြစ်ဖို့ အဓိက သူတို့ ကလုပ်နေကြတာပါ။ ကျွန်တော်လုပ်တယ်ဆိုတာ မယုံကြည်ကြဖို့ ပါ။" ဟု ၄င်းကဆက်ပြောသည်။
 ယင်းကိစ္စနှင့်ပတ်သက်၍ ဇူလိုင် (၁၆) ရက်နေ့ နေ့ လည်(၁)နာရီတွင် Park Royal Hotel မှာပြုလုပ်တဲ့ဂီတအလွှာသစ်သတင်းစာ ရှင်းလင်းပွဲ မှာလည်းသတင်းသမားတချို့ အားရှင်းလင်းအသိပေးခဲ့သေး၏။
Popular Myanmar News Journal
ရိုဟင်ဂျာများ လူမျိုးစုထဲတွင် မပါဝင်ကြောင်း ဦးသိန်းညွန့် လွှတ်တော်မှာ တင်သွင်းပြောကြား
Posted: 16 Jul 2012 07:18 AM PDT
လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ရိုဟင်ဂျာ ကိစ္စပြောကြားနေစဉ်
ရိုဟင်ဂျာ လူမျိုးသည် မြန်မာနိုင်ငံရှိ လူမျိုးစုထဲတွင် မပါဝင်ကြောင်း ဦးသိန်းညွန့် က
 ပြည်ထောင်စု လွတ်တော်သို့ တရားဝင် တင်သွင်းပြောကြားခဲ့ကြောင်း
 ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်သတင်းယူနေသော
 Popular News Journal ၏ သတင်းထောက်ကသတင်းပေးပို့သည်။
ဒါအပြင် ယနေ့ လွှတ်တော်မှာ---
နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမှတ်
(၁/၂၀၁၂) အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စပ်လျဉ်းရွေ့ ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဦးဘရှိန် (ကျောက်ဖြူမဲဆန္ဒနယ်)၊ ဦးအောင်စိန်(မာန်အောင်မဲဆန္ဒနယ်) ၊ဦးသာစိန် (ကျောက်တော်မဲဆန္ဒနယ် )၊ ဦးရွေမောင်( ဘူးသီးတောင်မဲဆန္ဒနယ်)၊ ဦးသိန်ညွှန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ် )ဦးခိုင်မောင်ရည် (အလုံမဲဆန္ဒနယ်) ၊ ဦးဌေးဝင်း (ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၇)တို့မှ ဆွေးနွေးခဲ့ကြပြီး
ယင်းသို့ဆွေးနွေးရာတွင် တည်ငြိမ်အေးချမ်းမှသာ ယင်းအရေးပေါ်အခြေအနေအား
 တည်ငြိမ်အေးချမ်းမှသာပယ်ဖျက်ရန်သဘောတူညီနေကြကြောင်းသိရသည်။
Popular Myanmar News Journal
You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ