[mrsorcerer:27871] ထူးထူးခြားခြား ကိုရီးယားမှ ဥပဒေ ၊ တရုတ်နိုင်ငံက မြန်မာမှ အမဲသားတင်ပို့မှုကို ပိတ်ပင်လိုက်ပြီ

ထူးထူးခြားခြား ကိုရီးယားမှ ဥပဒေ



တရုတ်နိုင်ငံက မြန်မာမှ အမဲသားတင်ပို့မှုကို ပိတ်ပင်လိုက်ပြီ

ရန်ကုန်၊ ဇူလိုင်-၁၇
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသော အသားထွက်ကုန်ပစ္စည်းများတွင် ခွာနာလျှာနာရောဂါ
ရှိနေသောကြောင့် လက်မခံနိုင်ဟုဆိုကာ အေးခဲအမဲသားများ တင်ပို့နေမှုကို လုံးဝပိတ်လိုက်ကြောင်း သတင်း
ရရှိသည်။
အဆိုပါ အကြောင်းကြားစာသည် ဇူလိုင်လဆန်းတွင် UMFCCI (မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်း
ချုပ်)သို့ ရောက်ပြီးနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံမှတစ်ဆင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်
ငန်းအဖွဲ့ချုပ်က လက်ခံရရှိထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁)ဦးဝင်းစိန်က
ဇူလိုင် ၁၇ ရက်တွင်ပြောသည်။
''တရုတ်ကို တင်ပို့နေတဲ့ အသားတွေ အမဲသားတွေမှာ ခွာနာ လျှာနာရောဂါ မကင်းရှင်းတာကြောင့်
တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်များ၊ သစ်ပင်၊ ပန်းမန်များ အ၀င်အထွက် စစ်ဆေးရေး ဥပဒေအရ အခု ကျွန်တော်တို့ဆီ
က အေးခဲအမဲသားတင်ပို့မှုတွေ ရပ်ဆိုင်းသွားပါပြီ ''ဟု ၎င်းက ပြောသည်။
အေးခဲအမဲသားအပြင် ကြက်ငှက်တိရစ္ဆာန်များ၏ အသားထွက်ကုန်ပစ္စည်းများပါ တရုတ်နိုင်ငံသို့ တင်ပို့
ရောင်းချခြင်းနှင့် အသားထွက်ကုန်များကို အခြားနိုင်ငံမှ ၀ယ်ယူပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းကိုပါ ပိတ်ပင်
လိုက်ကြောင်း အထက်ပါစာတွင် ပါရှိသည်။
''မြန်မာမှာ ကြက်ငှက်တုပ်ကွေးနဲ့ ခွာနာလျှာနာရောဂါတွေ ကျရောက်နိုင်တဲ့အတွက် သူတို့ဆီကနေပြီး တော့
ဒီအသားတွေ တင်ပို့ခြင်းကို လက်မခံနိုင်ပါဘူးဆိုပြီးတော့ မြန်မာသံရုံးကို တရုတ်နိုင်ငံ မွေးမြူရေးဌာနကနေပြီးတော့
တရားဝင်အကြောင်းကြားထားတယ်'' ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ(၃) ဒေါက်တာလှလှသိန်းက
လည်း ပြောသည်။
ထို့ကြောင့် တရုတ်နိုင်ငံသို့ အသားတင်ပို့သော လုပ်ငန်းရှင်များ၏ စက်ရုံ၊ အလုပ်ရုံများလည်း ရပ်ဆိုင်း
သွား၍ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကုန်ကြကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အစ ဧပြီမှ ဇွန် သုံးလအတွင်း အေးခဲအမဲသားတန်ချိန် ၄၈၈၄ တန် တင်ပို့နိုင်ခဲ့သည်။ သို့ရာ
တွင် ပုံမှန်ရက်သတ္တပတ်တစ်ပတ်လျှင် အေးခဲအမဲသားတန်ချိန် ၄၀၀ ခန့်တင်ပို့နေရာမှ ဇွန် ၂၇ ရက်မှ ဇူလိုင်
၃ ရက်တွင်မူ ၁၄၅ တန်သာ တင်ပို့နိုင်တော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ စာရင်း
ဇယားများအရ သိရှိရသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသော အသားထွက်ကုန်ပစ္စည်း
များအားလုံး လုံးဝရပ်ဆိုင်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal

စက်တင်ဘာလတွင် အမေရိကန်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည်သွားမည်

နေပြည်တော်၊ ဇူလိုင်-၁၈
လာမည့် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံသို့သွားရောက်ကာ ဆုတစ်ဆု လက်ခံရယူမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမီ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ဥရောပတိုက်သို့ ခရီးဆန့်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ အားတက်သရော ကြိုဆိုမှုများရရှိခဲ့သည်။ ရှေ့လာမည့် အမေရိကန် ခရီးစဉ်တွင်လည်း ယင်းကဲ့သို့သော အာရုံစိုက်မှု ရရှိလိမ့်မည်ဖြစ်ကြောင်း အေပီသတင်းက ဖော်ပြသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ်အကြောင်း ကြေညာခဲ့သည့် ဇူလိုင်လ ၁၇ ရက်မှာပင် မကြာသေးမီက ကွယ်လွန်သွားသည့် ချက်သမ္မတ ဗာကလက်ဟေဗယ်လ် ကိုယ်စားအ၀ါရောင်နှင်းဆီပန်းခြောက်တစ်ပွင့် ရရှိခဲ့ပြီး ယင်းမှာ ၄င်းတို့နှစ်ဦးကြား မဖြစ်ပေါ်ခဲ့သော တွေ့ဆုံမှုကို သတိပေးထားခြင်းပင်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီရေးအတွက် မဆုတ်မနစ်တိုက်ပွဲဝင်ခဲ့သူ
ဗာကလက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆက်အသွယ်ပြုလုပ်ခဲ့ကာ သူမနှင့် တွေ့ဆုံရန်လည်း တမ်းတခဲ့သူဖြစ်ကြောင်း အေပီသတင်းက ဖော်ပြသည်။
စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နယူးယောက်မြို့၌ အမြော်အမြင်ကြီးမားသော ကမ္ဘာ့ခေါင်းဆောင်များအား အသိအမှတ်ပြုပေးအပ်သော Global Citizen Award ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း အမေရိကန် ဥာဏ်ကြီးရှင်များအဖွဲ့ဖြစ်သော Atlantic Council က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ခရီးစဉ်အကြောင်းကို အတည်ပြုပြောကြားခဲ့သော်လည်း သူမ၏ခရီးစဉ် အသေးစိတ်ကို ပြောကြားခြင်း မရှိပေ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အမေရိကန်အစိုးရနှင့် အစည်းအဝေးများပြုလုပ်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသော်လည်း အသေးစိတ်အချက်အလက်များ ဖော်ပြခြင်းမရှိဟု အေပီ သတင်းဌာနက ရေးသားသည်။
ကိုးကား : အေပီ
7Day News Journal

ဒေါက်တာ စိုင်းမောက်ခမ်း အာဇာနည်နေ့အခမ်းအနာ
းသို့ တက်ရောက်ဂါရ၀ါပြုမည်

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက အစိုးရသစ်လက်ထက်အာဇာနည်နေ့အခမ်းအနားသို့ ပထမဆုံးအကြိမ်တက်ရောက်သည့်
 နိုင်ငံ့အကြီးအကဲတစ်ဦးအဖြင့် ၆၅နှစ်မြောက်အာဇာနည်နေ့အခမ်းအနာ
းသို့ တက်ရောက်ဂါရ၀ါပြုမည်ဖြစ်ကြောင်းသတင်းရရှိသည်။
အဆိုပါဂါရ၀ပြုမှုအား MRTV၊ MRTV-4 နှင့် Sky-Net ရုပ်သံလိုင်းများမှတဆင့်တိုက်ရိ
ုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန၀ဘ်ဆိုက်တွင်ဖော်ပြထားသည်။
အာဇာနည်နေ့အခမ်းအနားသို့ ယခင်နှစ်များက မြို့တော်ဝန်အဆင့်သာတက်ရောက်ဂါရ
ဝပြုခဲ့ပြီး ယခုကဲ့သို့ နိုင်ငံတော်ဒုတိယသမ္မတ
အဆင့်တက်ရေ
ာက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ

သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီ ၁၀ ပါတီမှ ခေါင်းဆောင်များ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေးအခင်းနှင့် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း သိရသည်။ သမ္မတနှင့် တွေ့ဆုံသည့် ပါတီများမှာ
၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ချင်းအမျိုးသားပါတီ၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ် ပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ
တို့ ဖြစ်ကြောင်း သိရသည်။

Hits: 7


--
Ƭнαиκƨ, 

                         \\\ ///
                       /        \
                      | \\    // |
                    ( | (.)  (.) | )
 ---------------o00o-- (_)--o00o---------------
        
======ஜ۩۞۩ஜ=======
◄██▓░
  Ѧя Ƨσяcɛяɛя  ░▓██►
         ======ஜ۩۞۩ஜ=======

 
-------------ooo0---------------------------------
               (   )        0ooo
                \ (          (   )
                 \_)         )  /
                             (_/


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ