[mrsorcerer:27972] Fwd: Thet Tant Cho



---------- Forwarded message ----------
From: သက်တန့်ချို..... <kyawminoo.im2@gmail.com>
Date: 2012/7/21
Subject: Thet Tant Cho
To: snsoenaing4@gmail.com


Thet Tant Cho


ဘ၀ကိုဖြတ်သန်းတဲ့အခါ ----

Posted: 20 Jul 2012 03:50 AM PDT



ဘ၀ကိုဖြတ်သန်းတဲ့အခါ ----

> အကျိုးမရှိစေတဲ့ လူတွေနဲ့အချိန်ဖြုန်းခြင်းကိုရှောင်ကျဉ်ပါ

> ပြဿနာတွေက နေပြေးထွက်တတ်တဲ့အကျင့်ကို ရပ်တန့်ပါ

> မိမိကိုယ်ကိုယ် လိမ်လည်ခြင်းကို ရပ်တန့်ပါ

> ကိုယ်မဟုတ်တဲ့တခြားသူတစ်ဦးဦးရဲ့ပုံစံထဲဝင်အောင် အတင်းသွတ်သွင်းခြင်းမလုပ်ပါနဲ့

> အတိတ်ကို ဖက်တွယ်ထားခြင်းအား စွန့်လွှတ်ပါ

> အမှားတစ်ခုအတွက် ထိတ်လန့်ကြောက်ရွံ့နေခြင်းကို ရပ်တန့်ပါ

> ပျော်ရွှင်မှုကို ရရှိအောင်ကြိုးစားပါ

> အဆိုးမြင်ဝါဒီကို တတ်နိုင်သမျှ စွန့်လွှတ်ပါ

> ကိုယ်ကိုယ်ကို အဆင်သင့်မဖြစ်သေးဘူးလို့ တွေးထင်ခြင်းကို ရပ်တန့်ပါ

> မှားယွင်းတဲ့အကြောင်းပြချက်တွေနဲ့ relationship တစ်ခုကို မတည်ဆောက်ပါနဲ့

> သူတပါးကို မနာလိုဝန်တိုမှုမဖြစ်ပါနဲ့

> ကိုယ့်အကြောင်းကို သူတပါးကို အရေးတယူရှင်းပြနေခြင်းအားဖြင့်အချိန်မကုန်ပါစေနဲ့

> ဘယ်အရာကိုဖြစ်ဖြစ် မရပ်မနားပဲ ဆက်ခါဆက်ခါ မပြုလုပ်ပါနဲ့

> Perfect ဖြစ်ဖို့ထက်စာရင် အမှားအယွင်းနည်းအောင်သာကြိုးစားပါ ။

> အရမ်းကာရောစိုးရိမ်ပူပန်တတ်ခြင်းမဖြစ်ပါစေနဲ့ ။

> အကောင်းဆုံးကို လိုချင်ရင် အဆိုးဆုံးကိုလည်း လက်ခံတတ်ပါစေ ။

သက်တန့်ချို
ဖတ်မိသမျှ ၊ မှတ်မိသမျှ ၊ တွေးမိသမျှ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အာလူးပုပ်တွေကိုစွန့်ပစ်လိုက်ပါ

Posted: 20 Jul 2012 03:32 AM PDT

အာလူးပုပ်တွေကိုစွန့်ပစ်လိုက်ပါ



ဆရာမ က ကျောင်းသားတွေကို ဂိမ်းတစ်ခုကစားဖို့အတွက် ဆုံးဖြတ်လိုက်တယ် ။

ကျောင်းသားတစ်ယောက်ဆီကို အတန်းထဲကို အာလူးအနည်းငယ်ပါတဲ့အိတ်တစ်အိတ်စီ သယ်ဆောင် လာကြဖို့အ တွက် ဆရာမက ကျောင်းသားတစ်ဦးဆီကိုပြောလိုက်တယ် ။ အာလူးတစ်ဦးဆီမှာ သူတို့မုန်းတဲ့သူ ငယ်ချင်းတွေနာမည်ကိုရေးခိုင်းလိုက်တယ် ။ ပလပ်စတစ် အိတ်ထဲမှာ အာလူးဘယ်လောက် ပါလာမလဲ ဆိုတာ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ သူတို့လူဘယ်နှစ်ယောက်ကို မုန်းနေလဲဆိုတဲ့အပေါ် မူတည်ပါတယ် ။

ဂိမ်းကစားတဲ့နေ့ရောက်တဲ့အခါ ကျောင်းသားတိုင်းက သူတို့မုန်းတဲ့လူနာမည်တွေရေးထားတဲ့ အာလူး တွေကို အိတ်ကလေးတွေထဲထည့်ပြီးယူဆောင်လာကြတယ် ။ တချို့က အာလူး ၂လုံးပါတယ် တချို့ကတော့ အာလုံး ၃ လုံးပေါ့ တချို့ဆို အာလုံး ငါးလုံးအထိတောင်ပါလာခဲ့တယ် ။ ဆရာမက ကျောင်းသားတွေကိုပြောလိုက်တယ် ။

" တပည့်တို့ အခုပါလာတဲ့အာလူးတွေထည့်ထားတဲ့အိတ်ကလေးတွေကို တစ်ပတ်တိတိ တပည့်တို့ဘယ်ကို သွားသွား ယူသွားရမယ် နောက်ဆုံးအိမ်သာထဲသွားရင်တောင် ဒီအိတ်ကလေးကိုယူသွားရမယ် " လို့မှာကြား လိုက်တယ် ။

ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်လာခဲ့တယ် ။ ကျောင်းသားတွေက အချိန်ကြာလာတော့ ပုပ်အက်လာတဲ့ အာလူးတွေကြောင့် မနှစ်မြို့စရာ အနံ့တွေကို စတင်ပြီး စောဒက တက်လာခဲ့ကြတယ် ။ ဒါ့အပြင် အာလူးငါးလုံးယူလာတဲ့ကျောင်းသားဆိုရင် အိတ်ကြီးကြီး သယ်ရတဲ့အတွက် အဆင်မပြေဘူးဖြစ်နေခဲ့တယ် ။ တစ်ပတ်ပြီးတဲ့ အခါ ကျောင်းသားတွေသက်သာခွင့်ရသွားကြတယ် ။ ဘာလို့လည်းဆိုတော့ သူတို့ကစားပွဲ ကပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ဖြစ်တယ် ။

ကျောင်းသားတွေက သူတို့ကြုံရတဲ့ဒုက္ခတွေအတွက် မချင့်မရဲဖြစ်ပြီး ပြဿနာတွေကို စောဒကတက်ခဲ့ကြတယ် ။ ဒီလို လေးလံပြီး အနံ့အသက် မကောင်းတဲ့အိတ်ကြီးကို သူတို့ ဘယ်နေရာသွားသွား သယ်ဆောင် သွားရတယ်ဆိုတာကိုပေါ့ ။

ဆရာမက ကျောင်းသားတွေအားလုံးကိုစုဝေးစေပြီး အခုပြီးဆုံးသွားတဲ့ကစားပွဲရဲ့ နောက်ကွယ်က လျှို့ဝှက်ချက် ကိုပြောပြခဲ့တယ် ။

" တပည့်တို့ အာလူးတွေအပေါ်မှာ ကိုယ်မုန်းတဲ့သူနာမည်ကို ရေးထွင်းခိုင်းခြင်းဟာ တပည့်တို့ နှလုံးသားထဲမှာ တပည့်တို့ မုန်းနေတဲ့ လူတွေရဲ့ နာမည်တွေအကြောင်းအရာတွေကို ထည့်သွင်းထားခြင်းနဲ့တူတယ် ။ အာလူးတွေကို တပည့်တို့သွားလေရာ အိတ်နဲ့ထည့်ပြီးသယ်ဆောင်သွားရသလို တပည့်တို့ မုန်းနေတဲ့ လူတွေကို တပည့်တို့က နှလုံးသားထဲထည့်ပြီးသယ်ဆောင်သွားကြတယ် ။ အချိန်ကြာလာတော့ အာလူးတွေကပုပ်ပြီး ဆိုးရွားတဲ့အနံ့တွေထွက်လာသလို တပည့်တည်းလည်း ကိုယ်သူတပါးအပေါ် ထားရှိတဲ့အမုန်းတွေကြောင့် အပုပ်နံ့တွေ ထွက်ပြီးနှလုံးသားတွေက မဖြူစင်ကြတော့ဘူး ။ တစ်ပတ်အတွင်းမှာတောင် တပည့်တို့အာလူး ပုပ်တွေရဲ့ဆိုးရွားတဲ့ရနံ့တွေကို ခံခဲ့ကြရတယ်မဟုတ်လား ။ ဒါဆို နှလုံးသားထဲ ထည့်သွင်းမိတဲ့အမုန်းတွေကို ဘာကြောင့်များ တစ်သက်လုံးသယ်ဆောင်သွားကြမလဲ ။ တစ်ပတ်ပြီးနောက်အာလုံးတွေကို ပစ်လိုက်ရတဲ့အခါ ရရှိလာတဲ့ ပေါ့ပါးလန်းဆန်းမှုမျိုးကို တပည့်တို့ပြန်တွေးကြည့်ကြပါ ။ ဘယ်လောက်တောင် လွတ်လပ်ပေါ့ပါးသလဲ ။ ကိုယ်သူတပါးအပေါ်ထားရှိတဲ့အမုန်းတွေကြောင့် ကိုယ့်နှလုံးသားကို ၀န်ထုပ်ဝန်ပိုးဖြစ်ပြီးပုပ်စော်နံမှု မဖြစ် ပါစေနဲ့"

---------------------------------------------------------

ကိုယ်သူတပါးအပေါ်ထားရှိတဲ့အမုန်းတွေကြောင့် ကိုယ့်ကိုယ်ကို ၀န်ထုပ်ဝန်ပိုးမဖြစ်ပါစေနဲ့ ။ အာလူးပုပ်တွေကို လွှင့်ပစ်လိုက်သလို သင်လည်း အမုန်းတွေကို စွန့်ပစ်လိုက်ပါ ။ သင်သာမစွန့်ပစ်နိုင်ခဲ့ရင် သင်ဘယ်သွားသွား အဲဒီအမုန်းတွေကို သင့်နှလုံးသားကသယ်ဆောင်သွား၇လိမ့်မယ် ။အ ချိန်ကြာလာတဲ့အခါ အာလူးတွေပုပ် သွားသလို သင့် နှလုံးသားမှာလည်းအမုန်းတွေကြောင့် မာကြောခက်ထန်မှုတွေနဲ့ ပူလောင်မှုတွေ သာကြုံတွေ့ ရလိမ့်မယ် ။

ဒီနေ့ကစပြီး

သင့်ရဲ့ အမုန်းတွေထည့်ထားတဲ့ နှလုံးသားကို စွန့်ပစ်လိုက်ပါ စာဖတ်သူ ။

သက်တန့်ချို
The Game အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
You are subscribed to email updates from သက်တန့်ချို.....
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ