[mrsorcerer:28032] မောက်မာမှုကင်းသည့် ဆက်ဆံရေးမှသည် ထိရောက်သည့်အနာဂတ်အစိုးရဆီသို့

မောက်မာမှုကင်းသည့် ဆက်ဆံရေးမှသည် ထိရောက်သည့်အနာဂတ်အစိုးရဆီသို့
by Kyaw H. Aung on Monday, 23 July 2012 at 10:06 ·

အခုတလော ရက်ဆက် ခရီးသွားနေရတော့ အင်တာနတ်ပေါ် ဖင်ပူအောင် မထိုင်ဖြစ်ဘူး။
ဟိုသွား၊ ဒီသွားနဲ့ ကားပေါ်မှာပဲ ဖြစ်ပျက်နေတာလေးတွေကို ဖုန်းထဲကနေ
အကျဉ်းချုပ်ဖတ်နေခဲ့ရတယ်။ အကြာကြီးဖတ်လို့ကလည်း မကောင်းဘူးလေ။ ဘေးနားမှာ
ကားမောင်းနေတဲ့ အရာရှိကိုလည်း အားနာရတာကိုး။ ကိုယ့်အရာရှိ
ကားမောင်းတာမပျင်းအောင်လည်း ကိုယ်က အာလူးလေး ဘာလေး ဖုတ်ပေးရသေးတယ်လေ။

ဒီမှာက (ကျနော့်အလုပ်မှာ… တခြားနေရာတွေမှာတော့ မပြောတတ်)
ခရီးသွားကြပြီဆိုရင် မြန်မာပြည်နဲ့ ပြောင်းပြန်ဗျ။ အရာရှိနဲ့
သူ့လက်အောက်ဝန်ထမ်းတွေ သွားကြရင် အရာရှိတွေက ကားမောင်းတတ်တယ်။ ဥပဒေရယ်
ဘာရယ်ကြောင့်မို့လို့တော့ မဟုတ်ဘူးပေါ့။ ကိုယ်မောင်းသူမောင်းတော့
ရှိတာပေါ့။ ဒါပေမယ့် များသောအားဖြင့်တော့ ပိုကြီးတဲ့အရာရှိတွေက
မောင်းတတ်တယ်။ ဒီတော့ သူ့လက်အောက်အရာရှိတွေ၊ ၀န်ထမ်းတွေက အသာလေး
ငြိမ်ထိုင်လိုက်ရုံပဲ။ အတူတူသွားတဲ့လူများတယ်ဆိုရင် တစ်ယောက်က
စကားပြောပေး၊ ကျန်တဲ့ လူတွေက မှေးပြီးတော့ လိုက်ရုံပဲ။ အာရှနိုင်ငံတို့၊
အာဖရိကနိုင်ငံတို့မှာလို အရာရှိက ဇိမ်ခံလိုက်ရတာတော့ မဟုတ်ဘူးဗျ။

တခါတောင် တရုတ်နိုင်ငံက ဘလော့်ဂါစဖီးယားမှာတောင် သောသောညံကုန်တဲ့
အပြစ်အပျက်လေးတစ်ခုကို မှတ်မိနေသေးတယ်။ တရုတ်နိုင်ငံဆိုင်ရာ
အမေရိကန်သံအမတ်ကြီးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးပေါ့။

အများသိကြတဲ့အတိုင်း တရုတ်နိုင်ငံမှာလည်း အရာရှိတွေဟာ အရမ်းဟိတ်ဟန်
များကြတာကိုး။ လာဘ်ပေးလာဘ်ယူမှုတွေကလည်း များတော့ ပိုက်ဆံတွေ
အသကုန်ဝင်ပြီး အကောင်းစားတွေ သုံးဖြုန်းနိုင်ကြတယ်။ ဘာမဟုတ်တဲ့
မြို့နယ်အဆင့် အရာရှိတွေတောင် လက်အောက်ငယ်သားတွေ မွှေးထားတတ်ကြတယ်။
ခရီးသွားကြပြီဆိုရင်လည်း အခြွေအရံတွေက တယ်များသား။ တစ်နေ့တော့
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟာ ကော်ဖီဆိုင်တစ်ဆိုင်မှာ
ကျောပိုးအိတ်လေးလွယ်ပြီး သူ့သမီးလေးနဲ့အတူ ကော်ဖီဝယ်နေတယ် တဲ့။ အဲဒါကို
တစ်ယောက်က တွေ့သွားပြီး ဓာတ်ပုံရိုက်ပြီးတော့ အဲဒီဓာတ်ပုံကို
ဘလော့ဂ်တစ်ခုပေါ်တင်လိုက်တာကနေ ချက်ချင်းပြန့်နှံ့သွားပါလေရော။

တရုတ်နိုင်ငံသို့ မသွားမီ ဆီယက်တယ်လေဆိပ်၊ စတားဘက်ကော်ဖီဆိုင်တွင်
သမီးငယ်နှင့်အတူ ကော်ဖီဝယ်နေသော တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်
ဂယ်ရီလော့

အမေရိကန်နဲ့ တရုတ်နိုင်ငံဆိုတာကလည်း ကမ္ဘာမှာ ကုန်သွယ်စီးပွားစီးဆင်းမှု
အများကြီးရှိနေတဲ့ နှစ်နိုင်ငံဆိုတော့ သူတို့ သံတမန်တွေဆိုတာက
အရမ်းသြဇာကြီး၊ တန်ဖိုးကြီးတဲ့ လူတွေလေ။ ဒါတောင် အမေရိကန်သံအမတ်ကြီးက
ကိုယ့်ဘာသာကိုယ် ကော်ဖီလာဝယ်တယ်ပေါ့။ ဟိတ်ဟန်ကြီးပြီး မောက်မာတဲ့
တရုတ်အရာရှိတွေနဲ့ ကွာပါ့ ဆိုပြီး အင်တာနတ်ဘလော့ဂ်ဂါအသိုင်းအ၀ိုင်းမှာ
ပွဲဆူကုန်တယ်။ လွတ်လပ်စွာပြောဆိုခွင့်ကင်းမဲ့နေတဲ့ တရုတ်လူထုကလည်း
သူတို့ရဲ့ ပေါက်ကွဲသံတွေကို ဘလော့ဂ်တွေကနေတဆင့် ဖွင့်ချလိုက်ကြတယ်။
နောက်ဆုံး အထင်ကရ သတင်းဌာနတွေကတောင် သတင်းလုပ်ပြီးတော့ တင်ကြကုန်ပါတယ်။

အခုလိုရေးလိုက်တော့ မြန်မာပြည်က အထက်အရာရှိတွေ အကုန်လုံး
ကိုယ့်ကားကိုကိုယ် ကားမောင်းသွားကြရမယ်၊
ကိုယ့်လက်ဖက်ရည်ကိုယ်ဝယ်သောက်ကြရမယ်လို့ ဆိုချင်တာမဟုတ်ပါဘူး။
လက်အောက်အရာရှိတွေကိုပဲ ဖြစ်ဖြစ်၊ ၀န်ထမ်းတွေကိုပဲ ဖြစ်ဖြစ်
မောက်မောက်မာမာ မဆက်ဆံဖို့ ပြောချင်တာပါ။ ကြီးသူကိုရိုသေ ငယ်သူကို လေးစား
ဆိုတဲ့စကား မြန်မာ့ယဉ်ကျေးမှုမှာ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်
အပြန်အလှန် လေးစားတဲ့ စိတ်ဓာတ်၊ သက်ညှာတဲ့ စိတ်ဓာတ်၊ နားလည်ပေးတတ်တဲ့
စိတ်ဓာတ်တွေ မွေးနိုင်ဖို့ ပြောတာပါ။ ဗုဒ္ဓဘာသာယုံကြည်မှုအရ သိစရာမှန်သမျှ
တစမကျန် အမှန်အတိုင်း သိတော်မူတာဟာ ဗုဒ္ဓရှင်တော်မြတ်ပဲ ရှိပါတယ်။
အဲဒီလိုပဲ ခရစ်ယာန်ဘာသာမှာလည်း အရာရာကို သူတို့ရဲ့ဘုရားက
ဖန်ဆင်းပေးတယ်လို့ ယုံကြည်ကြတယ်။ မွတ်စလင်တွေမှာလည်း အလ္လာရှင်မြတ်ဟာ
အမွန်မြတ်ဆုံး ဆိုပြီးတော့ ကြွေးကြော်မှုတွေကို နေရာအတော်များများမှာ
ထည့်သွင်းသုံးနှုန်းတတ်ကြတယ်။ သာမာန်လူတွေဟာ ဘုရားရှင်လို
သယမ္ဘူဥာဏ်ရှိတဲ့ လူတွေမဟုတ်ကြလေတော့ နားလည်ညာတာထောက်ထားမှုတွေဟာ
လူ့အသိုင်းအ၀ိုင်းမှာ မရှိမဖြစ် လိုအပ်လာပါတယ်။

ဝန်ထမ်းတွေဟာ Civil Servant ဖြစ်နေတော့ ပြည်သူ့ဝန်ထမ်းတွေသာ ဖြစ်တယ်။
ပြည်သူနဲ့ နိုင်ငံ့အကျိုးစီးပွားကို ထမ်းရွက်ရမယ့် သူတွေပဲ။ ၀န်ထမ်းတွေ
သူတို့တာဝန်ကို သေသေချာချာ ထမ်းဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်
resource တွေကို ပံ့ပိုးပေးရမှာကတော့ ပြည်သူ့တာဝန်ပေါ့။

လုပ်ရည်ကိုင်ရည်ထက် အမိန့်နာခံတတ်မှုကို အလေးထားတဲ့ စစ်အစိုးရလက်ထက်မှာ
အလုပ်လုပ်လာခဲ့ကြတဲ့ ၀န်ထမ်းတွေဟာ အာဏာရှင်စစ်ခေါင်းဆောင်တွေရဲ့
ဟိန်းဟောက်မှု၊ ရိုင်းပျစွာ ဆက်ဆံမှု၊ အသလွတ်ကြိမ်းဝါးမှု၊
ခြိမ်းခြောက်မှု စတဲ့ အနိုင်ကျင့်ခံရမှု အမာရွတ်တွေ ရှိနေကြတယ်။ အထက်က
အလယ်ကိုထောင်း၊ အလယ်က အောက်ကိုထောင်းနဲ့ "ငြိမ်ဝပ်ပိပြားစွာ"

ကြီးပြင်းလာကြရလေတော့ အဲဒီစရိုက်တွေက ပျောက်ကင်းဖို့ထက်
လျော့နည်းဖို့တောင် အချိန်အတော်ယူကြရအုံးမှာ ဖြစ်တယ်။

ဥပမာ - ဒီနှစ်အစောပိုင်းမှာ ဒေါ်စု မကွေးတိုင်းကို
စည်းရုံးရေးခရီးသွားတုန်းက လူထုနဲ့တွေ့ဆုံမယ့်
နေရာတစ်ခုသတ်မှတ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့
မကွေးတိုင်းဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေက ဘယ်သင်္ချိုင်းမှာပဲ လုပ်လုပ်ကွာ
လို့ ရိုင်းပျစွာ ပြောဆိုခဲ့တာတွေ ရှိပါတယ်။

အဲဒီလိုပဲ အစိုးရအဖွဲ့ လယ်ယာဆည်မြောင်းပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က
Hot News ဂျာနယ်နဲ့ အင်တာဗျူးမှာ လက်ရှိလွှတ်တော်အမတ်များဟာ
စာမတတ်ပေမတတ်များ ဖြစ်တယ် လို့ ပြောခဲ့တာကိုလည်း မှတ်မိကြမှာပါ။

"အခြေခံဖြစ်တဲ့ ဒေသအသီးသီးက လွှတ်တော်ကိုယ်စားလှယ်ဆိုပြီးရောက်လာတဲ့လူက
စာမှမတတ် ဆယ်တန်းမှ မအောင်ဘဲ လွှတ်တော်ထဲလာထိုင်တော့
သူများထဆိုမတ်တပ်ထနေတယ် သူများထိုင်ဆိုထိုင်နေတယ်။
သူများခလုပ်နှိပ်ဆိုနှိပ်တယ်။ သူ့မှာဘာမှ မှမသိတာ။ ဘာတွေပြောနေလဲ
သူနားလည်တာ မဟုတ်ဘူး။" (ဦးမြင့်လှိုင်)

ပြည်ခိုင်ဖြိုးပါတီ ရခိုင်ပြည်တာဝန်ခံ ယခင်ပြည်ထဲရေးဝန်ကြီးဟောင်းနဲ့
ရခိုင်ပြည်နယ်တိုင်းမှူးဟောင်း မောင်ဦးဆိုရင် မောက်မာရိုင်းစိုင်းမှု၊
ပညာမဲ့မှုနေရာမှာ သရဖူဆောင်းရမယ့် လူလို့ လူပြောများပါတယ်။
တိရစ္ဆာန်လောက်တောင် ဂရုဏာတရားမရှိတဲ့ လူခန္ဓာကိုယ်နဲ့မို့လို့သာ လူလို့
ခေါ်ရမဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် မေလတုန်းက ရခိုင်ပြည်နယ်
ပေါက်တောမြို့ကို လာတုန်း မြို့မိမြို့ဖတွေကို ဖိတ်ကြားပြီး
"ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ RNDP က အနိုင်ရပေမယ့် ကြံ့ခိုင်ရေးပါတီဘဲ
နိုင်တယ်။ တောင်ပိုင်းသားတွေဟာ ရခိုင်အစစ်တွေ မဟုတ်ဘူးလား။ ခင်ဗျားတို့
ရခိုင်တွေဟာ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံကြတယ်။ စာတွေ မဖတ်ကြဘူးလား။
ရခိုင်တွေမကဘူး ချင်းတွေကလည်း ပြည်ထောင်စုဝန်ကြီးအဖြစ် တောင်းကြတယ်။
ချင်းတွေဟာ ဘာစာမှ မတတ်ဘူး။ ဘာဘွဲ့မှလည်း မရဘူး။ ဘာနိုင်ငံရေးမှ မသိဘဲနဲ့
ဝန်ကြီးပေးလို့ရမှာလား" ဆိုပြီး ပရိသတ်ကို လက်ညှိုးထိုးပြီး ပြောခဲ့တဲ့
သူပါ။

ရခိုင်ပြည်နယ်တိုင်းမှူးဟောင်းနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း မောင်ဦး

ပြည်ထဲရေးဝန်ကြီးမဖြစ်ခင် ရခိုင်ပြည်နယ် တိုင်းမှူးဘ၀တုန်းကလည်း
ရသေ့တောင်မြို့ကို ရောက်တုန်း ဘုရားပွဲတစ်ခုမှာ

ရခိုင်သူလေးတစ်ယောက် ရွှေဆွဲကြိုးဆွဲပြီး ပွဲလာတာကို "ငါ ရခိုင်ကို
ရောက်တာ နောက်ကျသွားတယ်ကွာ။ မဟုတ်ရင် ဒီကောင်မတွေ ရွှေဆွဲကြိုးဘယ်တော့မှ
မဆွဲစေရဘူး" ဆိုပြီး လူအများရှေ့မှာ ရခိုင်တမျိုးသားလုံးကို စော်ကား၊
အနိုင်ကျင့်ခဲ့သူပါ။ (ရခိုင်ပြည်မှာ ကျဖူးသမျှ တိုင်းမှူးတွေထဲမှာ
အဆိုးရွားဆုံးနဲ့ ဘင်္ဂလီကုလားတွေနဲ့ပေါင်းပြီး ရခိုင်ပြည်သူတွေရဲ့
စီးပွားရေးကို ချွတ်ခြုံကျစေခဲ့သူလို့ အများက ယုံကြည်နေကြသူပါ။)

ဝန်ထမ်းလို့ ပြောတဲ့အထဲမှာ လွှတ်တော်အမတ်ရော၊ နိုင်ငံရေးခေါင်းဆောင်တွေပါ
ပါတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ ပြည်ခိုင်ဖြိုးကို ဝေဖန်သလို
နိုင်ငံတိုးတက်ရေးအတွက် အကုန်လုံးကို သုံးသပ်ရမှာပါပဲ။
တခြားပါတီဝင်တွေကရော ပါတီအကျိုး၊ ပုဂ္ဂလိက အကျိုးထက်
မိမိရွေးကောက်တင်မြှောက်လိုက်တဲ့ မဲဆန္ဒနယ်နဲ့
နိုင်ငံ့အမျိုးသားအကျိုးစီးပွားကို ဘယ်လောက်ကျေကျေပွန်ပွန်
ထမ်းဆောင်ကြလဲဆိုတာကိုလည်း သုံးသပ်ရမှာပါ။

လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူ့အသံကို လွှတ်တော်ထဲမှာ တင်ပြရမယ့်
ကိုယ်စားလှယ်ပဲ။ အခုလက်ရှိအနေအထားအရ လုပ်ပိုင်ခွင့်နည်းပါးတာကို
နားလည်ပေမယ့် မိမိတာဝန်ကိုတော့ မမေ့သင့်ဘူး။ အဲဒီလိုထမ်းဆောင်ဖို့အတွက်
ပြည်သူ့အသံကို

အမြဲတမ်းနားစွင့်နေဖို့လိုတယ်။ တချို့သော လွှတ်တော်အမတ်တွေဟာ လစာ၊ ကား
စသည့် ခံစားခွင့်များကို ပိုင်ဆိုင်နေပေမယ့်

မိမိမဲဆန္ဒနယ်များကို အရောက်နည်းကြောင်း စိတ်မကောင်းစွာ ကြားသိနေရတယ်။
မိမိကို ရွေးချယ်တင်မြှောက်လိုက်တဲ့ မဲဆန္ဒနယ်ကို ဥပေက္ခာပြုခြင်းဟာလည်းပဲ
မောက်မာရိုင်းပျခြင်း၊ တစ်ပွဲထိုးနိုင်ငံရေးလုပ်ကွက် တစ်ခုပဲ ဖြစ်တယ်။
ဝေးလံသီခေါင်တဲ့ ဒေသက အမတ်တွေကို နားလည်ပေးလို့ ရပေမယ့် တတ်နိုင်သလောက်
သွားရောက်နိုင်ဖို့ ကြိုးစားရမှာက ပြည်သူ့ဝန်ထမ်းတာဝန်ပဲ ဖြစ်တယ်။

ထိရောက်တဲ့ အစိုးရ ဖြစ်လာဖို့အတွက် အချိန်ယူရမှာပါ။ အထက်အောက်အရာရှိတွေ
အချင်းချင်းရော၊ ၀န်ထမ်းနဲ့ ပြည်သူတွေကြားရော ဆက်ဆံတဲ့ နေရာမှာ
ဒီမိုကရေစီနည်းလမ်းကျကျ နှစ်ဦးနှစ်ဘက်အခွင့်အရေးကို လေးစားရမှာပါ။
လုပ်ပိုင်ခွင့်အတိုင်းအတာထက် ကျော်လွန်ပြီး အလွဲသုံးစားလုပ်မှုတွေကိုလည်း
သတင်းဌာနတွေအပါအ၀င်၊ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံသား သတင်းသမား၊
အလွတ်သတင်းသမား စတဲ့ ပြည်သူတွေကလည်း ၀ိုင်းဝန်းထိန်းကျောင်းပေးကြရမှာပါ။

ဟောင်ကောင်ဒေသဟာ ယခင်ဗြိတိန်အစိုးရလက်ထက်မှာ ဒီမိုကရေစီကျကျ
ရပ်တည်လာခဲ့ရာက အခုဆိုရင် တရုတ်ကွန်မြူနစ်လက်ထဲ ပြန်ရောက်သွားပါပြီ။
ဒါပေမယ့် တရုတ်နိုင်ငံရဲ့ တစ်နိုင်ငံမူဝါဒနှစ်ခု ပေါ်လစီအရ
သူ့ငွေကြေးစနစ်၊ သူ့မီဒီယာ စတဲ့ နိုင်ငံအင်္ဂါရပ်တွေနဲ့
သီးသန့်ရပ်တည်နေပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှုး
ခန့်အပ်တာဝန်ပေးအပ်ခြင်းကို တရုတ်ကွန်မြူနစ်ပါတီက အတည်ပြု၊ မပြု အာဏာကို
လက်ဝယ်ကိုင်ထားပေမယ့် ဒီမိုကရေစီဓလေ့စရိုက်တွေက ဟောင်ကောင်ဒေသကို
လွှမ်းခြုံထားဆဲပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီလူမှု့အဖွဲ့အစည်းမှာ
ကြီးပြင်းလာခဲ့ကြတဲ့ ဟောင်ကောင်ပြည်သူတွေဟာ သူတို့ရဲ့
ဒီမိုကရေစီအခွင့်အရေးတွေကို အသုံးချကြတယ်၊ ကာကွယ်ဖို့
အမြဲကြိုးစားနေကြရတယ်။ ဟောင်ကောင်သတင်းစာကြီးတွေဆိုရင်
ပြည်မဗဟိုအစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားတာကို အံ့သြဖွယ်ရာ
တွေ့ရတယ်။ ကွန်မြူနစ်အစိုးရရဲ့ လက်ထဲကို ရောက်သွားပေမယ့်
ဒီမိုကရေစီသွေးအပြည့်လျှံနေတဲ့ ဟောင်ကောင်ယဉ်ကျေးမှုနဲ့၊
ဟောင်ကောင်ပြည်သူတွေရဲ့ စိတ်ဓာတ်ကို မပြောင်းလဲနိုင်ခဲ့ပါဘူး။

ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ရဲ့ ကွာဟချက်ကို အဲဒီနှစ်နိုင်ငံမှာ
သတင်းစာနဲ့ မီဒီယာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သူဌေးကြီးတစ်ယောက်က
တီဗွီအင်တာဗျူးတစ်ခုမှာ ပြောသွားတာကို အမှတ်ရနေမိတယ်။ သူပြောတာက
ဟောင်ကောင်ဟာ သူရဲ့ရှည်လျားတဲ့ ဒီမိုကရေစီအစဉ်အလာအရ တရုတ်ပြည်ကြီးထဲကို
ပါသွားပေမယ့် ပြည်သူတွေရဲ့ စိတ်ဟာ မပြောင်းလဲပဲ ဒီမိုကရေစီအနှစ်သာရတွေကို
ကိုးကွယ်နေတုန်းပဲတဲ့။ တဘက်မှာ ထိုင်ဝမ်နိုင်ငံဟာ
ဒီမိုကရေစီယဉ်ကျေးမှုသက်တမ်းအရ ဟောင်ကောင်ထက်နုလေတော့
အခုလက်ရှိဒီမိုကရေစီစနစ်မှာ ပြည်သူတွေဟာ နေထိုင်နေကြပေမယ့်
ဒီမိုကရေစီနည်းမကျတဲ့ အပြုအမူတချို့ကို နေရာတော်တော်များများမှာ
တွေ့နေရတုန်းပဲတဲ့။

စနစ်တစ်ခုက အချိန်တိုအတွင်း ပြောင်းလို့ရပေမယ့် အမြစ်တွယ်နေတဲ့
အကျင့်စရိုက်၊ ယုံကြည်မှုစံနှုန်း၊ တုန့်ပြန်မှုပုံစံ စတဲ့
စိတ်ပိုင်းဆိုင်ရာတွေရော၊ လုပ်ထုံးလုပ်နည်းတွေပါ ပြောင်းလဲဖို့က
အချိန်ယူရမှာပါ။ အမေရိကန်နိုင်ငံမှာ အကုန်လုံး ချောမွေ့တယ်လို့
မဆိုနိုင်ဘူး။ မော်တော်ကားလိုင်စင်ရုံးဖြစ်တဲ့ DMV ရုံးတွေဆိုရင် သဘောထား
မောက်မာတဲ့ ၀န်ထမ်းတွေ ရှိကြောင်း နာမည် အရမ်းကြီးတယ်။ အဲဒီလိုပဲ
နိုင်ငံတကာမှာ အခြေစိုက်နေတဲ့ နိုင်ငံအသီးသီးရဲ့ သံရုံးဗီဇာဝန်ထမ်းတွေဟာ
အပေါက်ဆိုးကြောင်း နာမည်ကြီးကြတယ်။ တိုးတက်ပြီးနိုင်ငံတွေမှာ
တချို့ရုံးလုပ်ငန်းတွေကို အင်တာနတ်ကနေ တဆင့် ပြီးမြောက်အောင်မြင်အောင်
လုပ်ခြင်းအားဖြင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း၊
လုပ်ငန်းဆောင်တာများကို ပိုမိုလျင်မြန်ပြီးမြောက်နိုင်ခြင်း စတဲ့
အကျိုးကျေးဇူးတွေအပြင် ၀န်ထမ်းတွေနဲ့ ဆက်ဆံရတဲ့ အချိန်တွေဟာလည်း
နည်းပါးလာနေပါပြီ။ ဒါပေမယ့် မြန်မာပြည်လို ဖွံ့ဖြိုးမှုနည်းပါးနေသေးတဲ့
နိုင်ငံမှာတော့ လျှောက်လွှာလေးတစ်စောင်ကိုတောင် အောက်ခြေ၀န်ထမ်းဆီက
အောက်ကျို့တောင်းယူနေရတဲ့ သာဓကတွေက ရုံတွေအများအပြားမှာ စိတ်မကောင်းဖွယ်
တွေ့နေရတုန်းပါပဲ။

နိုင်ငံ့ဝန်ထမ်းအချင်းချင်းရော၊ ၀န်ထမ်းနဲ့ ပြည်သူအချင်းချင်းရော
ဆက်ဆံမှုတွေဟာ ထိရောက်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဆီ ဦးတည်ဖို့အတွက်
လိုအပ်တဲ့ အချက်ပေါင်းများစွာထဲက တစ်ချက်ဖြစ်တယ်။
သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်ဖို့လိုသလို
ထိရောက်တဲ့အစိုးရဖြစ်ဖို့ ၀န်ထမ်းအချင်းချင်းဆက်ဆံရေး၊
ဌာနအချင်းချင်းဆက်ဆံရေး၊ မတူဌာနအချင်းချင်း အပြန်အလှန်ဆက်ဆံရေး၊
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဆက်ဆံရေး စတဲ့အရာတွေဟာ အင်မတန်မှ
အရေးကြီးတယ်။ လုပ်ငန်းဆောင်တာ ချောမွေ့အောင်မြင်ဖို့၊ အလုပ်သမား
အလုပ်ခွင်ပျော်ဖို့၊ ရင်းနှီးမြှုပ်နှံချင်သူများအဆင်ပြေဖို့နဲ့
ထိရောက်တဲ့အစိုးရဖြစ်ဖို့ အချိန်ယူကြရမှာဖြစ်တယ်။ ဒါကြောင့်
အမြန်ဆုံးစတင်အကောင်အထည်ဖော်နိုင်ဖို့၊ အထူးသဖြင့်
ထိပ်ပိုင်းကလူကြီးများပိုင်းက စတင်ပြောင်းလဲကြဖို့ လိုအပ်နေပါကြောင်း

--


★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚
*Mr.Jugger*

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ