[mrsorcerer:28036] သူငယ်ချင်းဖတ်ဘို့----


သူငယ်ချင်းဖတ်ဘို့-----


အတ္တနဲ့ ပရကြား
လွန်းရထားလေးလိုသွားရင်း
ရင်တွင်းက ချဉ်ခြင်းတို့ကင်းလျှက်
ကဗျာမစပ်မိတာ---
ရက်တော်တော်ကြာသွားပြီပဲ။

သူငယ်ချင်းရေ-----
ငါစဉ်းစားမိတယ်
လူတော်တော်များများဟာ
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
အတ္တဆိုတဲ့ရထားနဲ့
``ငါ--- ငါ----ငါ`` ဆိုတဲ့တေးသွားညီးပြီး
ကိုယ့်ရမ္မက်ကို ကိုယ်ဖြေသိမ့်ဖို့ကြိုးစားရင်း
ဘဝတွေ ဘဝတွေ နေဝင်ခဲ့တာ
ပင်လယ်ကမ်းစပ်က
သဲသောင်ပြင်ကြီးထက် မကပဲနော်-----။

အတ္တဟိတ နဲ့ ပရဟိတ ဆိုတာ
လိမ္မာယဉ်ကျေး တဲ့ လူ့ပါတ်ဝန်းကျင်က
ကောင်းမြတ်တဲ့ဓလေ့စရိုက်လေးပါပဲ
သူငယ်ချင်း---
ငါကြားဖူးသေးတယ်
ငရဲဘုံဆိုတာ--
ကိုယ့်အတွက်ကို အာဟာရတွေ လုယူစားနေကြရင်း
ပူလောင် ကျပ်တည်း မွဲချောက် နေတဲ့ပါတ်ဝန်းကျင်ကြီးဖြစ်နေတယ်တဲ့။
နတ်ပြည်ဆိုတာကတော့
တစ်ဦးကိုတစ်ဦး အစာရေစာတွေ ပေးဝေစားသုံးနေကြရင်း
အေးမြငြိမ်းချမ်း ပြည့်ဖြိုးလျှံပယ်နေတဲ့ ပါတ်ဝန်းကျင်ကြီးဖြစ်နေတယ်ဆိုတယ်။

အဲဒါကို ငါယုံတယ်
အတ္တနဲ့ ပရ မျှတတဲ့ လောကကြီးသာ
အမှန်ပြည့်စုံတဲ့ ငြိမ်းချမ်းမှု သာယာမှု တွေဖန်တီးနိုင်မှာမို့
တို့သူငယ်ချင်းတွေ
လက်တွဲကြပြီး
မေတ္တာနဲ့ တည်ဆောက်ထားတဲ့
မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်းမှာ
အတူရှင်သန်ကြတာပေါ့။


ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း)
၂၉ -၇ - ၂၀၁၂ တွင်  ကျွန်တော်တို့အသင်းမှ စုပေါင်း သွေးလှုပွဲကို လှုဒါန်းပါမည်။ ယခု လှုဒါန်းမည့် သွေးလှုရှင် ၆၀ ဦးကျော်နေပါပြီ။ ခရီးစားရိတ်နှင့် အာဟာရ ဒါနပြုလိုပါက ဆက်သွယ်လှုဒါန်းနိုင်ပါသည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ