- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:28037] Fwd: သစ်ထူးလွင်
---------- Forwarded message ----------
From: Thit Htoo Lwin
Date: Monday, July 23, 2012
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင်
________________________________
ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်း ဒီကနေ့ လွှတ်တော်နားချိန်မှာ ဆွေးနွေး
ထန်းခြောက်ပင်ကွေ့ မှာ အိမ်ခြေ ၂၉ လုံး ဖျက်ဆီးခံရ
စစ်ကိုင်းဆင်များရှင်ကျောက်မျက်ဈေးက ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော်
မြန်မာ့ရေပိုင်နက်တွင် ဖမ်းမိသော ဘင်္ဂလီများအား လဝကပုဒ်မဖြင့် အရေးယူမည်
နိုင်ငံတော် အလံကို စစ်တွေမြို့တွင် ၉ရက်ကြာ လွှင့်ထူမည်
အိန္ဒိယ အာသံပြည်နယ် ဒေသခံနှင့် အခြေချ ဘင်္ဂလီများ၏ အဓိဂရုဏ်း လူပေါင်း ၁၈ ဦးသေဆုံး
ဇူလိုင်လ (၁၉)ရက်နေ့ ထုတ် Popular News Journal အတွဲ(၄)၊ အမှတ်(၂၈)
လွှတ်တော် အစည်းဝေး ၁၂ ရက်မြောက်နေ့ တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား တွေ့ ရစဉ် (ဓါတ်ပုံ)
သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၈)နှစ်မြောက် အထိမ်းအမှတ် အောက်မေ့ဘွယ်ကျင်းပ
ကျောင်းဆောင်ပြိုကျ၍ ကျောင်းသူ၊သား ၃၀ဦး ဒဏ်ရာရ
ဇူလိုင်လ (၂၃)ရက်နေ့ ထုတ် The Voice Journal Vol 8/ No 31
ဇူလိုင်လ ၂၃ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၂
ဇူလိုင်လ (၂၃) ရက်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၄
မုံရွာမြို့ အထက်တန်းကျောင်း ၀ရန်တာပြိုကျ၊ ကျောင်းသူများ ဒဏ်ရာရ
သန်လျင်ရဲစခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေး
သမ္မကြီးဦးသိန်းစိန် ထိုင်းဝန်ကြီးချုပ်နှင့် သီးသန့်တွေ့ဆုံမည်
ဘူးသီးတောင်မြို့ကို အကြမ်းဖက်တိုက်ခိုက်ရန် ချီတက်လာသူ (၆)ဦး ထောင်ဒဏ်(၁၀)နှစ်ချမှတ်
တိုက်ဆိုင်မှု မဟုတ်တော့ဘဲ စီမံကိန်းချ၍ တိုက်ခိုက် ထိုးနှက်မှုများ အဖြစ်သို့ ရောက်ရှိ လာသော ခြိမ်းခြောက် မှုများ
HIV ဝေဒနာရှင်တွေ ခရီးသွားခွင့်ကန့်သတ်မှု အဆုံးသတ်ရေး AIDS ညီလာခံမှာတောင်းဆို
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျှင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီး ပြောဆို
တည်ဆောက်ပြီးတစ်နှစ်ခန့် အထိ မဖွင့်ရသေးတဲ့ စာကြည့်တိုက်
ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
နယ်မြေအေးချမ်းမှု မရှိခြင်းကို အခွင့်ကောင်းယူပြီး မှောင်ခိုကားများ တခောတ်ထနေ
ရေစကြိုမြို့က စာပေဟော ပြောပွဲကို မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပနိုင်ခဲ့
အာဇာနည်နေ့ သတင်းမပို့ တဲ့ အုပ်ချုပ်ရေးမှူး အရေးယူခံရ
ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်း ဒီကနေ့ လွှတ်တော်နားချိန်မှာ ဆွေးနွေး
Posted: 23 Jul 2012 07:05 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ဒီကနေ့ လွှတ်တော် ခေတ္တရပ်နားချိန်မှာ တနာရီ နီးပါး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အသေးစိတ်ကို မသိရပေမယ့် အလုပ်သဘော ကိစ္စ ဆွေးနွေးကြတာ
ဖြစ်ကြောင်း NLD ပြောခွင့်ရသူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကွတ်ခိုင်မြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းခဲ့တဲ့ အဆိုဖြစ်တဲ့ "တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ" မူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ရှိတယ် လို့လည်း သိရပါတယ်။
ဒီ အဆိုတင်သွင်းချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို
ဆွေးနွေးပေးဖို့ တောင်းဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
ဒီအဆိုနဲ့ ပတ်သက်ပြီး ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား
ပါတီတွေရဲ့ သဘောထားကို သိလိုတဲ့ အတွက် လွှတ်တော်ပြင်ပက တိုင်းရင်းသားပါတီတွေကို ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ တယ်လို့လည်း သိရပါတယ်။
RFA Burmese
(ဓာတ်ပုံ- RFA )
http://feeds.feedburner.com/thithtoolwin/yIWV
ထန်းခြောက်ပင်ကွေ့ မှာ အိမ်ခြေ ၂၉ လုံး ဖျက်ဆီးခံရ
Posted: 23 Jul 2012 07:02 AM PDT
ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်ကွေ့ ကျေးရွာက အိမ်ခြေ ၂၉ လုံးကို နယ်မြေခံ ရဲနဲ့ စည်ပင်ဌာန ဝန်ထမ်းတွေက ဒီကနေ့ မနက် လင်းအားကြီး ၃ နာရီမှာ ဖျက်ဆီးခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော် ကတည်းက ရှိခဲ့တဲ့ ဒီအိမ်တွေဟာ သချိုင်းမြေနေရာ
မှာ ပါဝင်တယ် ဆိုပြီး အခုလို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
အိမ်တွေ ဖျက်ဆီးခံရတဲ့ နေရာကို ဒီကနေ့ နေ့လည်ပိုင်းမှာ ရွှေညဝါ
ဆရာတော် သွားရောက်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စတဲ့ အစားအသောက်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
အခုလို ဖျက်ဆီးလိုက်တဲ့အတွက် လူပေါင်း ၁၃ဝ လောက် အိုးမဲ့အိမ်မဲ့ြ
ဖစ်ခဲ့ရပြီး အဲဒီထဲက တချို့ဟာ ညအိပ်ဖို့ အခက်အခဲ တွေ့နေကြတယ်လို့
၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
အိမ် အဖျက်ခံရသူတွေရဲ့ အဆိုအရ ဒီနေရာမှာ နေထိုင်ခွင့်ရဖို့နဲ့ တရားဝင် အိမ်ထောင်စု စာရင်းတွေရရှိဖို့ အတွက် သက်ဆိုင်ရာကို အခွန်ငွေ ၅ သောင်း ပေးဆောင်ထားရတယ်လို့ သိရပါတယ်။
RFA Burmese
http://feeds.feedburner.com/thithtoolwin/yIWV
စစ်ကိုင်းဆင်များရှင်ကျောက်မျက်ဈေးက ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော်
Posted: 23 Jul 2012 06:58 AM PDT
စစ်ကိုင်းမြို့ (၅)ထပ်ကြီးဘုရားအနီး ဘော်ဂါရပ်ကွက်များရှိ ဆင်များရှင်ကျောက်မျက်ဈေးမှ ဈေးသူဈေးသား (၁၀၀)၀န်းကျင်က အချက်(၃)ချက်အား ယနေ့နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
ဆန္ဒပြတောင်းဆိုသည့်နေရာတွင် ရဲနှင့် လုံခြုံရေး(၅၀)၀န်းကျင်ချထားကြောင်းနှင့် ဆန္ဒထုတ်ဖော်ခွင့်ရရှိပြီးသည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းကိုလည်း ဆန္ဒပြသူများက ဆိုသည်။
ကျောက်မျက် ဈေးတွင်စစ်ကိုင်းမြို့လမ်းဘေးကျောက်ဝိုင်းလုပ်ကိုင်ကြသူများအား ရွှေ့ပြောင်းခိုင်းသူများ ပါဝင်ရောင်းချနေသော ဈေးဖြစ်၍ ယခင်လမ်းဘေးဝိုင်းများတွင် ရောင်းချစဉ်ကလောက် မရောင်းရသော ဈေးသူဈေးသားများက ယခုကဲ့သို့ ဆန္ဒထုတ်ဖော်တောင်းဆိုခြင်းဖြစ်သည်။
'ဒီဈေးကိုအရင်က လမ်းဘေးကျောက်ဝိုင်းရောင်းချမှုက မသင့်တော်လို့ ပြောင်းရွေ့လာတဲ့သူတွေ ဖွင့်လှစ်ရောင်းချနေတဲ့ဈေးပါ၊ အရင်ကလောက် အရောင်းအ၀ယ်မဖြစ်လို့ အချက်(၃)ချက် တောင်းဆို ကြတာပါ"ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဆင်များရှင်ကျောက်မျက်ဈေး က ဈေးသည်တစ်ဦးက ပြောသည်။
၎င်းတို့ တောင်းဆိုနေကြသည့်အချက်များမှာ ဆင်များရှင်ဈေးအား စည်ပင်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေး၊ အချောထည်ဈေးကွက် တည်ငြိမ်စေရေးနှင့် ၀န်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတမှ သတ်မှတ်ထားသည့် ဈေးအတွင်းသာ ရောင်းချနိုင်ရေး စသည့်အချက်များဖြစ်သည်၊
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup
http://feeds.feedburner.com/thithtoolwin/yIWV
မြန်မာ့ရေပိုင်နက်တွင် ဖမ်းမိသော ဘင်္ဂလီများအား လဝကပုဒ်မဖြင့် အရေးယူမည်
Posted: 23 Jul 2012 06:57 AM PDT
ရခိုင်ပြည်နယ် မေယုမြစ်အနောက်တောင်ဘက် မြန်မာ့ရေပိုင်နက်သို့ဖြတ်သန်းလာသည့် စက်လှေတစ်စီးအား ယခုလ ၂၀ရက်နေ့က ရေတပ်မှဖမ်းဆီးရမိခဲ့ရာ စက်လှေတွင်ပါဝင်သူများကို လဝက ပုဒ်မဖြင့် အရေးယူမည်ဟု သိရှိရသည်။
"သူတို့ကို စစ်ဆေးတဲ့အခါ ၊ မြန်မာနိုင်ငံက ဘင်္ဂလီတွေဖြစ်နေတယ်၊ သူတို့မှာအထောက်အထားတွေကမသဲကွဲဘူး ။ နောက် ကပ္ပတိန်ကထိုင်းကဆိုပေမယ့် ထိုင်းနိုင်ငံတောင်းပိုင်းကမူဆလင်ပါ။ ကျန်တဲ့သူတွေကတော့ ဘင်္ဂလားဒေရှ်နိုင်ငံသားတွေလို့ ယူဆလို့ရပါတယ်။ "ဟု အမည်မဖော်လိုသူ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စက်လှေတွင် ထိုင်နိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံက (၈)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၉၁)ဦး ပါဝင် ကြောင်း သိရသည်။
၎င်း စက်လှေမှာ မေယုတောင်တန်း မြန်မာရေပိုင်နက်တွင် ဖဖ်းဆီးခံရခြင်းဖြစ်ပြီး ဘင်္ဂလားဒေရှ်နိုင်ငံက မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်ထွက်ခွာနေချိန်တွင် ယခုကဲ့သို့ ဖဖ်းဆီးရမိခြင်းဖြစ်သည်။
"သူတို့ကို ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဌာန်းချက်ပုဒ်မ ၁၃(၁) အရ အရေးယူမှာပါ''ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက မြစ်မခမီဒီယာနှင့်တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ၄င်းတို့အား စစ်တွေအကျည်းထောင်တွင် ထိန်းသိမ်းထားကြောင်းကိုလည်း သိရှိရသည်။
မိုးဝေ- ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup
http://feeds.feedburner.com/thithtoolwin/yIWV
နိုင်ငံတော် အလံကို စစ်တွေမြို့တွင် ၉ရက်ကြာ လွှင့်ထူမည်
Posted: 23 Jul 2012 06:54 AM PDT
စစ်တွေ တစ်မြို့လုံးရှိ နေရာ အနှံ့အပြားတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၁ ရက်နေ့က စပြီး ၉ ရက်ကြာ လွှင့်ထူသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
နိုင်ငံတော် အလံအား လွှင့်ထူနေကြပုံ။ (ဓါတ်ပုံ- နိရဉ္စရာ)
ယခုကဲ့သို့ နိုင်ငံတော် အလံကို စစ်တွေမြို့ (၉) ရက်ကြာ လွှင့်ထူသွားမည့် အစီအစဉ်ကို ရတပ ဗဟို ကော်မီတီဝင် ခိုင်ကောင်းစံက ယခုလို ပြောသည်။
" ဇူလိုင်လ ၁၁ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်က UNHCR မင်းကြီး Antonio Guterres ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေဟာ မြန်မာနိုင်ငံသား မဟုတ်ကြောင်းကို မြန်မာတိုင်းရင်းသားတွေ ဘက်မှ ပြတ်သားစွာ ရပ်တည် ပြောဆိုခဲ့မှုအပေါ် ဂုဏ်ပြုတဲ့ အနေနဲ့ စစ်တွေ မြို့အနှံ့ အပြားမှာ နိုင်ငံတော်အလံကို ၉ ရက်ကြာ လွှင့်ထူသွားမှ ဖြစ်ပါတယ်" ဟု ပြောသည်။
နိုင်ငံတော် အလံအား ဆိုက်ကား၊ သုံးဘီး၊ ဆိုင်ကယ် အများအပါအ၀င် နေရာတိုင်းတွင် ယခုအခါ ချိတ်ဆွဲ လွှင့်ထူထားကြသည်ဟု သူက ပြောသည်။
" အခု သုံးဘီးတွေ၊ မော်တော် ကားတွေ၊ မော်တော်ဘုတ်တွေ အကုန်လုံးမှာ လွှင့်ထူထားပါတယ်။ အိမ်တွေ၊ လမ်းတွေမှာလည်း လွှင့်ထူတားကြပါတယ်။ စစ်တွေမြို့ပေါ်က မင်းဗာကြီးလမ်း၊ လမ်းမကြီး တလျှောက်ပါဘဲ။ သမ္မတကြီးရဲ့ ရပ်တည်ချက်နဲ့ ရဲရင့်ပြတ်သားတဲ့ ပြောကြားချက်ကို ရခိုင် တစ်မျိုး သားလုံးက အပြည့်အ၀ ထောက်ခံတဲ့ အနေနဲ့ နိုင်ငံတော် အလံကို လွှင့်ထူထားကြတာ ဖြစ်ပါတယ်" ဟု ပြောသည်။
ယခုအခါ နိုင်ငံတော်အလံကို သမ္မတကြီး ပြောကြားချက်ကို ထောက်ခံသော အနေဖြင့် စစ်တွေမြို့တွင် သာမက ရခိုင်တစ်ပြည်နယ်လုံး မြို့ရော၊ တောပါ မကျန် လွှင့်ထူရန် လူပ်ရှားသူများက ကြိုးစား ဆောင်ရွက်နေကြောင်း သိရသည်။
ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦးနဲ့တ တခြားမြို့များတွင်လည်း လူမှုရေး အသင်းအဖွဲ့များက အဆိုပါ လူပ်ရှားမူကို ထောက်ခံသော အနေဖြင့် နိုင်ငံတော် အလံများကို စတင် လွှင့်ထူနေကြပြီ ဖြစ်ကြောင်း ကိုခိုင်ကောင်းစံက ပြောသည်။
နိုင်ငံတော် အလံ အိမ်များတွင်လည်း လွှင့်ထူထားကြသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
၎င်းအပြင် သဲတပွင့် အမည်ဖြင့် ရေးသားထားသော ကျေညာချက် တစ်စောင်ကိုလည်း စစ်တွေမြို့ တွင် လိုက်လံ ဖြန့်ဝေနေကြသည်ဟု သိရသည်။ ကျေညာချက်ထဲတွင် နိုင်ငံတော် အလံလွှင့်ထူရခြင်း ရည်ရွယ်ချက်ကို အောက်ပါအတိုင်း ရေးသား ဖေါ်ပြထားသည်။
နံပါတ် (၁) သမ္မတဦးသိန်းစိန်အား ရခိုင်လူမျိုးများမှ အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်းပြသခြင်း၊ (၂) သမ္မတ ကြီး၏ ပြောစကားကို ရခိုင်လူမျိုးမှ ထောက်ခံကြောင်း ပြသခြင်း၊ (၃) ဘင်္ဂလီများ အရေး ကိစ္စတွင် သမ္မ ကြီးနောက်မှ ရခိုင်လူမျိုးများ ရှိကြောင်းပြသခြင်း၊ (၄) သမ္မတကြီး ပြောစကားကို ကန့်ကွက်၊ ဆန့်ကျင်၊ မ ထောက်ခံသော အဖွဲ့အစည်းများအား ရခိုင်လူမျိုးများက ပြန်လည် ကန့် ကွက်၊ ဆန့်ကျင်၊ မထောက်ခံကြောင်း ပြသခြင်း၊ (၅) သမ္မတကြီး ပြောစကားကို လက်တွေ့ အကောင် အထည် ဖေါ်ဆောင်ရွက်မည့် တပ်မတော်၊ ရဲ၊ နစက၊ လ၀ကနှင့် တခြားသော ၀န်ထမ်းများနှင့် တကွ ရခိုင်ပြည်သူ တစ်ရပ်လုံးမှ မှန်ကန်စွာ လက်တွဲပူးပေါင်း ဆောင်ရွက် မည်ကို ပြသခြင်းတို့ ဖြစ်သည် ဟု ရေးသားထားသည်။
ထွန်းထွန်း - နိရဉ္စရာ သတင်းဌာန
http://feeds.feedburner.com/thithtoolwin/yIWV
အိန္ဒိယ အာသံပြည်နယ် ဒေသခံနှင့် အခြေချ ဘင်္ဂလီများ၏ အဓိဂရုဏ်း လူပေါင်း ၁၈ ဦးသေဆုံး
Posted: 23 Jul 2012 06:52 AM PDT
လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပတိပက္ခ အတွင်း လူပေါင်း ၁၈ ဦးသေဆုံး ပြီးနောက် ဝေးကွာလွန်းတဲ့ အာသံပြည်နယ် အတွင်းက ထောင်ပေါင်း မြောက်များစွာသော လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒီကနေ့ အေပီ သတင်း တစ်ပုဒ်မှာ ဖေါ်ပြ ထားပါတယ်။
အခုအချိန်ထိ ပျောက်ဆုံးနေသူ ၁၀ ဦးရှိကြောင်းနဲ့ တိုက်ခိုက်မူတွေဟာ မြေယာပိုင်ဆိုင်မူ အငြင်းပွားရာကနေ ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ မွတ်ဆလင် အခြေချ နေထိုင်သူတွေ အကြားမှာ ဖြစ်ပွားတာ ဖြစ်တယ်လို့ အိန္ဒိယ အာသံပြည်နယ် ပုလိပ်မင်းကြီး J.N. Choudhury ကို ကိုးကားပြီး သတင်းက ဆိုပါတယ်။
အခု အဓိဂရုဏ်း ဖြစ်နေတဲ့ နေရာဟာ အာသံပြည်နယ် အနောက်ပိုင်း ကိုကြာဂျဟာ ခရိုင် (Kokrajhar district) အတွင်းမှာ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။ အခုအခါ အဓိဂရုဏ်းဟာ အနီးအနားက ခရိုင်နှစ်ခုမှာ ဆက်လက် ကူးစက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
အဓိဂရုဏ်းအတွင်း ဓါးခုတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို တောထဲ နေရာ တချို့နဲ့ ကားလမ်း ဘေး၊ မြစ်ကမ်းဘေးတွေမှာ ရဲတွေက ရှာဖွေတွေ့တယ်လို့ ပြောပါတယ်။ အခုအခါ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးလာကြတဲ့ လူပေါင်း ၃၀၀၀၀ ခန့်ရှိပြီး သူတို့တွေ အတွက် ကယ်ဆယ်ရေး စခန်း (၆) ခုခန့်ကို ဖွင့်လှစ် ထားတယ်လို့ ပြောပါတယ်။
အခုအခါ အိန္ဒိယ အစိုးရက အဲဒီ ဒေသမှာ ကာဖျူး ထုတ်လိုက်ပြီး အခြေအနေကို ထိန်းသိမ်းဖို့ အဲဒီဒေသကို စစ်တပ်
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ