[mrsorcerer:28040] တိုက်ဆိုင်မှု မဟုတ်တော့ဘဲ စီမံကိန်းချ၍ တိုက်ခိုက် ထိုးနှက်မှုများ အဖြစ်သို့ ရောက်ရှိ လာသော ခြိမ်းခြောက် မှုများ

တိုက်ဆိုင်မှု မဟုတ်တော့ဘဲ စီမံကိန်းချ၍ တိုက်ခိုက် ထိုးနှက်မှုများ
အဖြစ်သို့ ရောက်ရှိ လာသော ခြိမ်းခြောက် မှုများ

သမ္မတကြီးရဲ့ပုံ တွေကို မဖွယ်မရာ လုပ်ထားပြီး ဓါးကိုင် ကြိမ်းဝါးနေတဲ့
ယုတ်မာရိုင်းစိုင်ကြသော ဘင်္ဂလီများ (AP Photo/Adel Hana) AP

googling လုပ်ရင်း မြန်မာအကြောင်း သတင်းတွေ ကြည့်လိုက်တိုင်းမှာ
စုပြုံတက်လာတဲ့ သတင်းတွေက ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးရဲ့ UNHCR
မဟာမင်းကြီးနဲ့ တွေ့ဆုံခဲ့စဉ် ပြောခဲ့တဲ့စကားကို ဝေဖန်တိုက် ခိုက်နေကြတဲ့
သတင်းတွေ၊ သမ္မတကြီးရဲ့ ဓါတ်ပုံ၊ ကျွန်တော်တို့ရဲ့ အထွဋ် အမြတ်ဖြစ်တဲ့
နိုင်ငံတော်အလံ၊ ဒီဟာတွေကို မဖွယ်မရာတွေ ပြုလုပ်၊ မီးရှို့ ပြနေကြတဲ့
သတင်းတွေ ပလူပျံအောင် တွေ့ရပါတယ်။

အခုနောက်ဆုံး ဒီလ ၂၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာရဲ့ အယ်ဒီတာ့အာဘော်
ခေါင်းကြီးပိုင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
အထွဋ်အထိပ်နေရာမှာ တည်ရှိတဲ့ နိုင်ငံတော်သမ္မတကြီး ကို
ဝေဖန်တိုက်ခိုက်ထားတာ ဖတ်လိုက်ရပါတယ်။ Freedom of Press ကို
ကျွန်တော်တို့ နားလည်နိုင်၊ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် နောက်ကွယ်က
အကြောင်းတရားတွေကို ကျွန်တော်တို့ မြင်အောင် ကြည့်တတ်ဖို့လည်း လိုမယ်
ထင်ပါတယ်။

ဒါဟာ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ပြည်တွင်းမှာ တရားဝင်နေထိုင်လာခဲ့ကြတဲ့
အစ္စလာမ်ဘာသာဝင်တွေနဲ့ မဆိုင်ပါဘူး။ ပြောရရင် ကမ္ဘာပေါ်မှာ ကျွန်တော်တို့
နိုင်ငံ၊ ကျွန်တော်တို့နိုင်ငံသားတွေဟာ မေတ္တာတရားရဲ့ အရိပ်အာဝါသ၊
ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းရဲ့ အဆုံးအမတွေနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့
လူ့အဖွဲ့အစည်းကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အာမခံထားသလို
ကျွန်တော်တို့ မြေမှာ စေတီပုထိုးကျောင်းကန်တွေသာ မက ချာ့ခ်ကျောင်းတွေ၊
ပလီတွေ တည်ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း
ဖြစ်ပြီးသမျှတွေကို ရှုမြင်ရာမှာ ဘာသာရေး လို့ မမြင်ကြပါဘူး။
ကျွန်တော်တို့မှာ ခွဲခြားမြင်နိုင်တဲ့ အသိတရား၊ ဘာသာတရားရဲ့ အဆုံးအမတွေ
ရှိနေပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့နိုင်ငံကို ရာဇ၀င်လူဆိုး
နိုင်ငံကြီး ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျ လုပ်ကြံလာကြတာဟာ
အခုဆိုရင် ပိုပိုပြီး ဆိုးရွားလာနေတာကို အားလုံး တွေ့ကြရပါလိမ့်မယ်။
ကျွန်တော်တို့ဟာ နိုင်ငံကြီးသား ပီသစွာ၊ ယဉ်ကျေးတဲ့ လူကအဖွဲ့အစည်း ပီသစွာ
ဝါးလုံးရှည်နဲ့ ဆွဲယမ်းပြီး သိမ်းကြုံး ပြောနေတာ မဟုတ်ပါဘူး။ ဒီလို
ထိန်းထိန်းသိမ်းသိမ်း အမြော်အမြင် ရှိရှိ ကျင့်ကြံနေတာကို
အခွင့်ကောင်းယူပြီး မိုက်မိုက်ရိုင်းရိုင်း တွေ ကမ်းကုန်အောင်
လုပ်လာတာကို စဉ်းစားကြည့်ရင် လူမိုက်နဲ့ လူလိမ္မာတို့ရဲ့ ရန်ပွဲတစ်ခုကို
ကြည့်နေရသလို ဖြစ်လာတာ တွေ့ရှိရပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ ပြောကြားချက်က ရှင်းရှင်းလေးပါ။ (တရားဝင် ဒီမြေ
ဒီရေမှာ နေထိုင်လာခဲ့ကြတဲ့ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေ မပါပါဘူး)
"ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေ" လို့ တိတိကျကျ ပြောထားတာ ဖြစ်ပါတယ်။
ခိုးဝင်လာတယ်ဆိုမှတော့ ရှင်းနေပြီပဲ။ ဒါကိုပဲ သတင်းအချက်အလက် အမျိုးမျိုး
ဖန်တီးလုပ်ကြံပြီး နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အသုံးချ၊
မီဒီယာတွေကို အသုံးချပြီး ကျွန်တော်တို့နိုင်ငံကို တိုက်ခိုက်နေကြ တာ
ဖြစ်ပါတယ်။

တစ်ဘက်က ကြည့်ရင် နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး
ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောထားခဲ့ပြီးတဲ့နောက်မှာ
ကျန်ရှိသော (မီဒီယာများနှင့် ၀င်ဆန့်သော၊ မီဒီယာများအပေါ်မှာ လွှမ်းမိုးမှု
အတန်အသင့်ရှိကြကုန်သော) ပုဂ္ဂိုလ်ကြီင်္းများ၊ အဖွဲ့အစည်းများ အနေနဲ့
ဒီသဘောအတိုင်း ရပ်တည်ပြဖို့ လိုပါတယ်။

နောက်တစ်ဘက်က တွေးကြည့်ရင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဒီလို
ပြတ်သားရှင်းလင်းတဲ့ သဘောထားကို ထုတ်ဖော်လိုက်ခြင်းအတွက် အစွန်းရောက်
အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ လာနိုင်တယ်
ဆိုတာကိုလည်း သိရှိထားပြီး ဖြစ်ပါတယ်။ ဒီလို သိရှိ ထားပါလျက်နဲ့ ယခုလို
ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတကြီးရဲ့ ရင်ထဲ
နှလုံးသားထဲက ခံစားချက်ကို ကျွန်တော်တို့ နိုင်ငံသားတွေ မြင်အောင်
ကြည့်စေချင်ပါတယ်။

နိုင်ငံတော်သမ္မတကြီးဟာ ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်
ပီသစွာ ကျွန်တော်တို့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြနေပါပြီ။ Follow Me
လို့ မပြောရုံတမယ်ပါပဲ။ သူ့ရဲ့ ခေါင်းဆောင်မှုဟာ နှုတ်က ပြောမှာမဟုတ်ဘဲ
လက်တွေ့လုပ်ဆောင်ချက်နဲ့ ဦးဆောင်ပြမယ့် သဘောလို့ မှတ်ယူမိပါတယ်။

Hmuu Zaw - Facebook

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ