- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:28063] Fwd: Thet Tant Cho
---------- Forwarded message ----------
From: သက်တန့်ချို.....
Date: Tuesday, July 24, 2012
Subject: Thet Tant Cho
To: snsoenaing4@gmail.com
Thet Tant Cho
________________________________
ဖြူစင်နက်ရှိုင်းခြင်းများစွာဖြင့် --- မေ
Posted: 22 Jul 2012 10:13 PM PDT
ဖြူစင်နက်ရှိုင်းခြင်းများစွာဖြင့် --- မေ
(၁)
" တိတ်စမ်းကွာ မေ မင်းယူခံချက်တွေကို ငါလက်မခံနိုင်ဘူး ငါက ခံစားချက်တဲ့လူ ကွ ငါ့မှာလည်း ငါ့လုပ်ပိုင်ခွင့်လေးအနည်းငယ်လောက်ရှိတယ်လို့ မင်းမထင်မိဘူးလား မင်း..ကွာ " " သိပါတယ် ကို ..ကို မေ့ကို ဘယ်လောက် ထိချစ်တယ်ဆိုတာ မေသိပါတယ် မေတို့ နှစ်ယောက်အတွက်အကောင်းဆုံးနည်းလမ်းက ဘာလဲဆိုတာ ကိုသိလား " တိုးတိတ်စွာ ပြောနေသော မေ့ကို ကြည့်ရင်း ကျွန်တော် ပြို ကျတော့ မတတ် ဖြစ်နေခဲ့ရတယ် ။ မေ ဆိုတာ ကျွန်တော့်အချစ်ဆုံး မိန်းမသားတစ်ဦး ဖြစ်သည်ဟု ကျွန်တော့်နှလုံးသားကို အထပ်ထပ်မေးနေစရာမလို ကျွန်တော် အတွက်ကျိန်းသေလွန်းနေသည် ။
" မေ --နည်းနည်းလောက်ပြန်စဉ်းစားပါကွာ ဒီငွေက မေ့အတွက်ဘယ်လောက် အရေးကြီးပြီး အသုံးလိုတယ်ဆိုတာ ကိုယ်သိပါတယ် ကိုယ့်စကားကို ဒီတစ်ခါတော့နားထောင်ပေးပါကွာနော် " " မရဘူးကို --ကိုမေ့ ကို မစော်ကားနဲ့ ကို့ကို မေဘယ်လောက်ချစ်လဲဆိုတာ ကိုသိပါတယ် ကို အားလုံးထက် ပိုသိပါတယ် မေက ကိုယ့်အတွက် အရိပ်ကလေးပဲဖြစ်ချင်တယ် ရေကြည်တစ်စက်ပဲဖြစ်ချင်တယ် ကို့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေမယ့် ဘယ်လိုအရာမျိုးကိုမဆို မေ လုပ်မှာမဟုတ်ဘူး " " တောက် !! မေရာ မင်းခေါင်း မာလိုက်တာ " " မတတ်နိုင်ဘူးကို အဲဒါ မေ ဆိုတဲ့မိန်းမသားတစ်ဦးရဲ့ ခံယူချက်ပဲ ကို့ကို တစ် ခုတော့ပြော ချင်တယ် မေ ကို့ကို ချစ်ခဲ့တယ်ဆိုတာ အရိုးသားဆုံးနဲ့ အနက်ရှိုင်းဆုံးချစ်ခဲ့တာပါ ကို့ကို အသည်းပေါက် မတတ်ချစ်တဲ့မိန်းမတစ်ယောက်ဆိုတာတော့ကို နားလည်ပေးပါ ကို့မှာမေ့ကို အချစ်ကလွဲလို့ ဘာမှပေး ပိုင်ခွင့်မရှိဘူး "
ကျွန်တော် ဆက်မပြောချင်တော့ မေ့အခန်းထဲမှ ထွက်လာခဲ့သည် ။ အပြင်ဖက်မှာ မိုးက တိတ်ဆိတ်စွာ ပျင်းတိပျင်း ရွဲရွာကျနေသည် ။ လောကကြီးက ဒီလိုလည်းဖြစ်တတ်ပါလား ။ မိုးရေထဲမှာ ကျွန်တော် လမ်းလျှောက်နေရင်း ခြေလှမ်းတို့က ဘယ်ကိုလှမ်းနေမှန်းမသိ ။ ကျွန်တော့် အိတ်ထဲတွင် ငွေ ငါးသိန်းပါသည်။ ကျွန်တော် ဘာတွေ ဆက်တွေးမိလည်းမသိတော့ မိုးရေထဲခေါင်းငိုက် စိုက်ချလျှောက်လာ ရင်းကျွန်တော် သတိထားမိတဲ့အချိန် ကျွန်တော့်ရှေ့မှာ အရက်တစ်ခွက်ရှိနေသည် ။ အရက်ဆိုင်ထဲ ကျွန်တော်သတိလက်လွတ် ၀င်ခဲ့ခြင်းဖြစ်မည် ။ ရှေ့မှ အရက်ခွက်ကို မော့ချလိုက်သည် ။ ပြင်းရှပူလောင်သော အရေတွေက လည်ချောင်းတစ်လျှောက်စီးကျသွားသည် ။ ကျွန်တော့်ရင်ထဲကအပူက အရက်ထက်ပိုပူလောင်မှန်း ကျွန်တော် တစ်ယောက်သာ အသိဆုံးဖြစ်မည် ။ မိုးကလည်း အပြင်မှာ ပိုလို့တောင်သည်းလာသည် ။ မေ့ကို ကျွန်တော် စတွေ့ခဲ့ချိန်ကို ပြန်တွေးမိသည်။ အရာရာသည် ကြည်လင်ပြတ်သားစွာ ကျွန်တော့် ဦးနှောက်မှ ပုံရိပ်များအဖြစ် ထင်ကျန်ဆဲပင်ဖြစ်သည်။
(၂)
" အဲဒါမေတဲ့ --- မင်းကပ်ကြည့်ပါလား ကျော် " " ဟာ ကွာ မင်းတို့ကလည်း ငါ့ကို ဘာထင်နေလဲ မင်းတို့အတင်းခေါ် လာလို့ ငါ ဘီယာ လိုက်တိုက်တာနော် ငါ့ဟာငါ တောင် အလုပ်က ပိနေလို့ စိတ်ညစ်ရတဲ့အထဲ ဒါတွေငါမစဉ်းစားချင်သေးပါဘူးကွာ " " ဟ ငကျော် မင်းကွာ -- မင်းဒီလောက်အလုပ်ပိနေလို့ စိတ်သက်သာ ရာရအောင် ငါတို့က အကြံပေးတာကို ကြည့်စမ်းမေ့ကို ဟို ဖက်စားပွဲဝိုင်းမှာ ထိုင်နေတယ် မေက ဒီဆိုင်မှာ star ကွ သူ့ကို လိုချင်လို့ကပ်နေသူတွေမှ အများကြီး ပြီးတော့ မေ့ အကြောင်းငါတို့အ ကုန်စုံစမ်းပြီး သွားပြီ မေက စားသောက်ဆိုင်မှာ သီချင်းဆိုတယ် ညဉ့်ငှက်မလေးဆိုပေမယ့် အပေါစားမဟုတ်ဘူးကွ မေတို့ကဆင်းရဲတယ် သူ့အဖေအမေ ဒုက္ခိတကြီးတွေကို သူတစ်ယောက်တည်း ခန္ဓာကိုယ်ရင်းပြီးလုပ်ကျွေးနေတာ မင်းသိလား မင်းလည်း သနားကြင်နာတတ်တဲ့ နှလုံးသားရှိပါတယ်ကွာ မင်းမေ့ကို ကူညီရာလည်းရောက်မင်းလည်း အပမ်းပြေ မကောင်းဘူးလား " သူတို့ ဒီလောက်ညွှန်းနေမှတော့ မေ့ကို ကျွန်တော် ကြည့်မိလိုက်သည် ။ သူတို့ပြောသည်မှာ မလွန်ကြောင်း ကျွန်တော်၏ မှင်သက်ငေးမောကြည့်မိခြင်းက သက်သေခံရာရောက်သွားသည် ။မေ အရမ်းလှသည် ။ သူဘယ်လောက်လှကြောင့် ကျွန်တော် လည်းကဗျာ ဆရာမဟုတ်၍ မဖွဲ့တတ် ။ မျက်လုံးမျက်ဖန်နှင့် နီထွေးသော နှုတ်ခမ်းတို့က လိုက်ဖက်စွာ မာကြောသေသပ်သည့်မိန်းမတစ်ယောက်ဟု ကျွန်တော် မှတ်ချက်ချမိသည် ။ မေ့ရဲ့တစောင်းထိုင်နေသည့်အလှက ခန္ဓာကိုယ်အလှကိုပေါ်လွင်စေသည် ။ ထိုခြုံငုံကြည့်မိသည့် တခဏ ကျွန်တော့် စိတ်ထဲ ဘာကိုမှန်းမသိ နှမျော တသသည့် စိတ်များဝင်လာသည် ။အို.. ငါနဲ့ဘာဆိုင်လို့တုန်း ။ ကျွန်တော် ရှေ့မှ ဘီယာခွက်ကို မေ့ချလိုက်သည် ။
ကျွန်တော်၏ အမူအရာကို သူငယ်ချင်းများက ရိပ်မိသွားဟန်တူသည် ။ " တစ်ခုတော့ပြောမယ်နော် ကျော် မင်းကို ငါတို့ မေ့ကို ပြပေးတယ်ဆိုတာက မင်းဘ၀တစ်ခုလုံးကို ရင်းနှီးမြှုပ်နှံပစ်လိုက်ဖို့မဟုတ်ဘူးနော် မင်းအဲဒီလောက် မိုက်မဲတဲ့သူ မဟုတ်ဘူးတာလည်းငါတို့သိပါတယ် မင်းဘ၀ရဲ့ မွန်းကြပ်မှုတွေ အတွက် ခဏတာ အပမ်းဖြေယုံလောက် ဆိုတာ မင်းသဘောပေါက်ထားဖို့လိုတယ် " ကျွန်တော် ဘာမှသူတို့ကို ပြန်မပြောမိဘူး ။ သူတို့စကားသံတွေကလည်း ကျွန်တော့်နားထဲ ၀င်လာလိုက် ထွက်သွားလိုက် ။ ပြီးတော့ အုပ်စုလိုက် ဘီယာသောက် စကားတွေဖောင်ဖွဲ့ပြောခဲ့ကြသည် ။ ကျွန်တော့်အမူအရာတွေ တိတ်ဆိတ်သွားပြီး ကျွန်တော်မိန်းမော သလိုဖြစ်နေတာကိုတော့ သူတို့ သတိထားမိဟန်မတူ ။ ဒီလိုနဲ့ ည ၁၁ ခွဲလောက် ကျွန်တော်တို့ ဘီယာဆိုင်မှ ထွက်ခဲ့ကြသည် ။ မေ့ကို လည်း တခြားသူတွေလို ရင်းနှီးအောင် အနားခေါ် ထိုင်ခိုင်းတာမျိုးကျွန်တော်မလုပ်ခဲ့ ။ မလုပ်ရက်ဆိုတာကပိုမှန်မည် ။
(၃)
ကားငှားရန် ကျွန်တော်တို့ အုပ်စု ဘီယာဆိုင်မှ ထွက်၍ လမ်းမပေါ်တက်ခဲ့ကြသည် ။ သိပ်ကြာကြာမလျှောက် ရသေး ။ ဓါတ်တိုင်အောက်မှ မြင်ကွင်းက သိပ်မလှ ။ အမျိုးသမီးတစ်ယောက်ကို အမျိုးသားသုံးယောက်က ထိကပါးရိကပါးလုပ်နေသည် ။ ရှင်းရှင်းပြောရလျှင် ဈေးငြှိနေကြခြင်းလား ဘာလား ကျွန်တော်လည်းမပြောတတ် ။ ရုန်းရင်း ဆန်ခတ်ဖြစ်နေကြသည်ကိုတော့ ကျွန်တော်မြင်လိုက်သည် ။ အမျိုးသမီးက ခါးခါးသီးသီးငြင်း ဆန်နေသည်ကိုလည်း ကျွှန်တော်တွေ့လိုက်သည် ။ ကျွန်တော်တို့ အနားရောက်သွားချိန် ထို အမျိုးသမီး မှာ မေဖြစ်နေကြောင်း ကျွန်တော်သိလိုက်သည် ။ သိလိုက်ရသိတခဏ အသံများဆူညံသွားကာ ဘာတွေဖြစ် ကုန်မှန်းကျွန်တော်သဲသဲကွဲကွဲမသိလိုက်တော့ ။ ထိုးကြကြိတ်ကြခြင်းလည်းဖြစ်နိုင်သည် ။ ကျွန်တော် အသိစိတ်ပြန် ၀င်လာချိန်တွင် မေက နံဘေးတွငိုနေသည် ။ ကျွန်တော့် သူငယ်ချင်းတွေက ဟို ၃ ကောင်နောက် ဆက်လိုက်သွားသည် ။ ကျွန်တော့်လက်တွင် သွေးတွေစိုရွဲနေသည် ။ ခေါင်းက မူးနောက်နေသည် ။ ခဏကြာတော့ သူငယ်ချင်းတွေပြန်ရောက်လာသည် ။ " ငကျော် မင်းကွာ ဘာမပြောညာမပြောနဲ့ ဒီလောက် လုပ်ရလားကွ မသကာ လူသေသွားရင်ဘယ်လိုလုပ်မလဲ ငါတို့ကြည့်ရတဲ့လူတောင် ကြက်သီးထတယ် " ကျွန်တော် ဘာမှပြန်မပြောမိ ။ မေ့ကို သာစူးစိုက်ကြည့်မိသည် ။ မေ့မျက်နှာကို အနီးကပ်ကြည့်မိ သည့်အတွက် မေ့မျက်ဝန်းတွေမှာ အရမ်းဖြူစင်လှကြောင်းအကြိမ်တစ်သန်းကြေး ကျွန်တော်လောင်းရဲသည် ။
ကျွန်တော့်လက်မှာ ဒါဏ်ရာနှင့်မို့ အိမ်ပြန်လို့မဖြစ် ။ ကျွန်တော့်မာတာ မိခင်က ကျွန်တော်ရန်ဖြစ်သည် သတင်းကြားလျှင် မိုးမီးလောင်သွားနိုင်သည် ။ ဒီတော့ အမေ့ကို သူငယ်ချင်းအိမ်မှာ အိပ်မည်ဟု ဖုန်းဆက်၍ ကျွန်တော်တို့အဖွဲ့ ဟော်တယ်သို့တစ်ညတာ အိပ်ရန် ထွက်ခဲ့ကြလေသည် ။ မေ က ကျွန်တော့်ဒါဏ် ရာတွေကို ဆေးထည့်ပေးသည် ။ ကျွန်တော်နာသည်ဟု မထင်မိ ။ လူက ထုံတုံတုံကြီးဖြစ်နေသည်ဟု ခံစားမိသည် ။ " ဟို ဒီကလူကို တော့ အရမ်းအားနာပါတယ်ရှင် အရမ်းလည်းကျေးဇူးတင်ပါတယ် " " ကျွန်တော့်ကို ကျော်လို့ ခေါ်နိုင်ပါတယ် " " ဟုတ် အကို ကျော် သူတို့က ကျွန်မကို အတင်းလိုက်ခဲ့ဖို့ခေါ်တယ် ကျွန်မ ဒီနေ့လိုက် လို့မဖြစ်ဘူး အမေနေမကောင်းလို့ ကျွန်မ အမေ့အတွက်ဆေးဝယ်ပြီးပြန်ရမယ်လေ ဒီအလုပ်က ကျွန်မအလုပ်ဆိုပေမယ့် ကျွန်မလိုက်လို့မဖြစ်ဘူးအဲဒါကြောင့် ငြင်းဆန်ရင်းကနေ အခုလိုဖြစ်ကုန်ကြတာပါပဲ " " ရပါတယ် " " ဟို -- ကျွန်မ ဘာထပ်လုပ်ပေးရဦးမလဲ ဟို တစ်မျိုးမထင်ပါနဲ့နော် ဒါဏ်ရာသက်သာရဲ့လား " "ဟုတ်ကဲ့သက်သာပါတယ် မေ အိမ်ပြန်တော့ ကျွန်တော်ရပြီ ဟေ့ ထွန်းဝင်း မေ့ကို ကားငှားပြီးအိမ်ပြန်ပို့ပေးလိုက်ပါကွာ " " အေးအေးသူငယ်ချင်း " " ကျေး..ကျေးဇူးတင်လိုက်တာအကိုရယ် အကို့ကျေးဇူးမမေ့ပါဘူး " ဒီလိုနဲ့ ထိုတစ်ညက မေနှင့် ကျွန်တော်ဆုံစည်းခွင့်ရခဲ့သည် ။
(၄)
ကျွန်တော့်အတွေးတွေက ရှေ့မှ အရက်ခွက်ဆီပြန်ရောက်လာသည် ။ မေနှင့် ကျွန်တော်ဆုံဆည်းခဲ့ခြင်းက ချစ်ခြင်းတစ်ခုလား ကျိန်စာတစ်ပုဒ်လား ကျွန်တော်မသိချင်တော့ ။ သိဖို့လည်းမလိုအပ် ကျွန်တော်သတိ ထားမိချိန်တိုင်းမေ့ကို စူးနင့်စွာ ချစ်ခဲ့မိပြီဆိုတော့ ကျိန်းသေလွန်းသည် ။ အဲဒီတုန်းက ကျွန်တော်က ဘာမပြောညာ မပြောနှင့် ထိုလူသုံးယောက်ကို ထိုးကြိတ်ခဲ့သည်ဟုဆိုသည် ။ တစ်ယောက်ဆီမှ ဓါးနှင့်ပြေးလာသည်ကို ကျွန်တော်က မရှောင်ပဲ လက်နှင့်ကာကာ ပြန်ထိုးသည်ဟုဆိုသည် ။ ကျွန်တော် ထို အချိန်များတွင် အသိစိတ်မရှိဟု ထင်သည် ။ ကျွန်တော့်စိတ်ထဲတွင်မေ့ကို စော်ကားသော ထိုလူ၃ ယောက်ကို အမှုန့်ကြိတ်ပစ်ချင်စိတ်သာများနေသည် ။ လဲကျနေသော လူတစ်ယောက်ကို ကျွန်တော်သေလောက်အောင် ထိုးကြိတ်နေချိန်တွင် တခြားသူတစ်ယောက်မှ တုတ်နှင့်၇ိုက်ရန်ပေးလာရာ သူငယ်ချင်းများက ၀င်ကူပေး၍သာ ကျွန်တော် ကံကောင်းသွားရသည် ။ ထားလိုက်ပါတော့ မေ -- ကျွန်တော်ခင်ဗျားအကြောင်းတွေပဲတွေးပါရစေ စတင်ဆုံစည်းချိန်ဟာ အမှတ်တရဆိုပေမယ့်လည်း ကျွန်တော့်အတွက်တော့ မေနဲ့ ရှိနေတဲ့အချိန်တိုင်းက အမှတ်တရချည်းပါပဲ ။ အဲဒီနောက်ပိုင်းမေနဲ့ကျွန်တော် ရင်းနှီးခဲ့ကြတယ် ။ ကျွန်တော်လည်းဘီယာ ဆိုင်ခဏ ခဏရောက်ခဲ့တယ်ဆိုပါတော့ ။ မေက ကျွန်တော့်ကိုပြောတယ် သူ့ကို ခင်တယ်ဆိုရင် ဘီယာဆိုင်ကို ခဏခဏ မလာပါနဲ့ပိုက်ဆံကုန်ပါတယ် လာစေချင်သည့်အချိန်နဲ့နေရာကိုသာချိန်းပါ သူ လာမည်ဟုဆိုသည် ။
တခါတခါ မေ့ဆီက ဘာကို လိုချင်တာလဲဟု ကျွန်တော် စဉ်းစားမိသည် ။ ခန္ဓာကိုယ်လား လိင်ဆန္ဒသွေး သားတောင့်တမှုလား ဂရုစိုက်မှုလား တစ်ခုမှမဟုတ် မေ့ဆီက ကျွန်တော် ဘာမှမလိုချင်ဟု ကျွန်တော် သိလိုက်ရသည့်ခဏ ကျွန်တော့်ခန္ဓာကိုယ်အေးစက်သွားခဲ့ရသည် ။ ဒါဆိုမေ့ကို ကျွန်တော်ဘာလို့ချစ်ခဲ့ရတာလဲ ။ ဟင့်အင်းအချစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူးမဟုတ်လား ။ မေဟာ လူတကာ တံတွေးနဲ့ထွေးချင်တဲ့ အကျင့်ပျက်မဆိုပါတော့ ဒါပေမယ့် မေဟာ ပိုင်းလုံးမဟုတ်ဘူး ။ ချူမစားတတ်ဘူး ။ သူ့လုပ်အားခ ခန္ဓာကိုယ်ရင်းရငွေထက်ပိုမယူဘူး မေစည်းကမ်းကြီးတာ ကျွန်တော်အသိဆုံးဖြစ်သည် ။ မေက ကျွန်တော့်ကို အရှင်းဆုံးပြောထားသည် ။ ကျွန်တော်လိုအပ်တာမှန်သမျှ သူတတ်နိုင်တာအ ကုန်ပေးမည် ခန္ဓာကိုယ်ကအစ ဘ၀ တစ်ခုလုံးအဆုံးပေါ့ ဒါပေမယ့် ကျွန်တော့်ဖက်က ငွေတစ်ကျပ်မှစ၍ မည်သည့်အရာမှ ပေးပိုင်ခွင့်မရှိ ချစ်ခြင်းတစ်ခုနဲ့တင် သူ့ဘ၀ တစ်ခုလုံးလုံလောက်သည်ဟုဆိုသည် ။ မေ့ကို ကျွန်တော်ဘယ် လိုနားလည်ရမှန်းမသိ ။ မေ က အတော်ခေါင်းမာသည် ။
(၅)
အမေ ဆေးရုံတင်ရမယ် အကို ဆိုတဲ့စကားကြားတော့ သူနဲ့ရင်းနှီးဖြူစင်စွာ ပတ်သတ်ခဲ့သည် ကျွန်တော်စိတ်မပူပဲနေပါ့မလား ။ ဒီနေရာမှာ ဖြူစင်ဆိုတဲ့စကားကိုသုံးမိလို့ မအံ့သြလိုက်ပါနဲ့ ။ ကျွန်တော်မေ့ လက်ကလေးမှ လွဲ၍ မေ့ နှုတ်ခမ်း မေ့ပါးပြင်မှ မနမ်းဖူးပါ ။ မနမ်းရက်၍သာဖြစ်သည် ။ မေနှင့်ကျွန်တော် ဆိတ်ကွယ်ရာ များတွင် အကြိမ်ပေါင်းများစွာ အတူရှိဖူးသည် ။ ဒါပေမယ့် မေ့ကို လွန်ကြူးဖို့နေနေ သာသာ မေနဲ့အတူရှိနေချိန်တိုင်းရင်ခုန်သံတွေမြန်လာပြီး လူတစ်ကိုယ်လုံးအေးစက်လာလွန်း၍ ကျွန်တော် အနား သိပ်မကပ်ရဲ ။ မေ့ကို ကျွန်တော်အသည်းပေါက်မတတ်ချစ်သည် ။ မေ့ကို ကျွန်တော် တတ်စွမ်းသလောက်ကူညီချင်သည် ။ ကျွန်တော်နှင့်မေ စသိကတည်းကစ၍ ကျွန်တော့်ပိုက်ဆံ တစ်ပြားတစ်ချပ် မှ မေမသုံးခဲ့။ ယုတ်စွအဆုံး အအေးဆိုင်ထိုင်၍ အအေးဖိုးရှင်းလျှင်ပင် မေက ၂ ယောက်စာရှင်းသည် ။ ကျွန်တော်အတင်းပြောလျှင် သူ့ဖို့သူရှင်းပြီး ထထွက်သွားတတ်သည် ။ ဘယ်လိုနားလည်ရမှန်းမသိတော့ ။ တချို့က အပုပ်ချပြောသည်များလည်းရှိသည် ။ မေက ကျွန်တော့်ကို ချူစားနေသည်တဲ့ ။ မေ--ချူစားလား မချူစားလား ကျွန်တော်အသိဆုံးပင်မဟုတ်ပါလား ။ ဒီတခါ မေ့ ရဲ့ မိခင်ဆေးရုံတက်ဖို့လိုသည်ဆိုတော့ ကျွန်တော် ကူညီချင်သည် ။ မေ့မှာ ၀င်ငွေမကောင်းမှန်းကျွန်တော်သိသည် ။ ကျွန်တော်နှင့်စတွေ့ ကတည်းက မေက သီချင်းဆိုခြင်းတစ်ခုသာလုပ်တော့သည် ။ ညဖက်ခေါ်လျှင် မလိုက်တော့ ။ ကျွန်တော့်ကို အားနာ၍ဖြစ်သည်ဟုလည်းပြောတတ်သည် ။ ဘာကြောင့်မှန်းကျွန်တော်မသိ ။ အမှန်ဆို မေသူ့အလုပ် သူလုပ်တာ ကျွန်တော်ဘာမှပြောစရာမရှိ ။ ရွံ့စရာလည်းမရှိ ။ တိုက်ခန်းကြီးပေါ်တွင် လင်ငယ်နေပြီး ဖဲရိုက် အရက်သောက်ကာ ပျက်ဆီးနေသော အထက်တန်းလွှာ မိန်းမများထက်စာလျှင် မေ့လို မိဘကို ခန္ဓာကိုယ်ရင်း၍ လုပ်ကျွေးသော အလုပ်ကပို၍ မြတ်သည်ဟု ကျွန်တော် တခါတရံတွေးမိသည် ။
မေ့ဆီ ကျွန်တော် ငွေငါးသိန်းယူ၍ ရောက်လာခဲ့သည် ။ မေက လက်မခံ ခါးခါးသီးသီးငြင်းဆန်ခဲ့သည် ။ ဆေးရုံစရိတ် စကနှင့် ထွေလီကာလီ ငွေဘယ်လောက်ကုန်မှန်း ကျွန်တော်နားလည်သည် ။ ကျွန်တော် ဘာကို မှ ဆက်မတွေးချင်တော့ပါဘူး ။နောက်ဆုံး အရက်ခွက်ကိုမော့ချပြီး ကျွန်တော် အိမ်ကို ပြန်လာခဲ့တယ် ။ မိုးကလည်း အဲဒီနေ့က အရမ်းကို သည်းလွန်းနေခဲ့ပါတယ် ။
နိဂုံး
အရက်ဆိုင်က ပြန်လာပြီးတော့ ကျွန်တော် အသည်းအသန်ဖျားနေခဲ့တယ် ။ နမိုးနီးယားဆိုလား အအေးမိပြီး အဆုတ်ယောင်တာတဲ့ ။ ကျွန်တော် တစ်ပတ်လောက်တော့ အပြင်မထွက်ဖြစ် မေ့ဆီလည်းမရောက်ဖြစ် ။ မေ အဆင်ပြေရဲ့လား မေ့မိခင်ရော ဆေးရုံတင်ရသည် ဆိုတာ အဆင်ပြေရဲ့လား မေ့ရဲ့ဘ၀လေး ဘယ်တော့မှအေး ချမ်းပါ့မလဲ ။ မှန်တာပြောရလျှင်မေ့ကို ကျွန်တော် လက်ထပ်မည်ဖြစ်သည် ။ ဒါပေမယ့် လက်ထပ်တယ်ဆိုတာ လူနှစ်ဦးပေါင်းစပ်ခြင်းဟု သာမန်ရိုးရိုးတွေးသည့်အထဲတွင်ကျွန်တော်မပါ ။ ကျွန်တော်တို့လက်ထပ်ဖို့ ကျွန်တော့် အသိုင်း အ၀ိုင်း တစ်ခုလုံးကို ဆန့်ကျင်ရလောက်သည့်အထိ ကျွန်တော့်မှာ အချိန်ယူဖို့လိုသည် ။ မေကတော့ ခါးခါးသီး သီးငြင်းဆန်မှာသေချာသည် ။ မဖြူစင်တော့သည့် ခန္ဓာကိုယ်ကို ကျွန်တော့်ကို မပေးချင်ဟု သူခဏခဏ ပြောဖူးသည် ။ တခဏတာ ပျော်ရွှင်ရဖို့အတွက်ဆို အချိန်မရွေး သူ့ဖက်က ကို့အတွက် အဆင်သင့်ပါဟု မေ ခဏခဏပြောဖူးသည် ။ ကျွန်တော့်အတွက် ဘာမှ အရေးမကြီး မေ့ကို ကျွန်တော် လက်တွဲကာ ရင်ဆိုင် သွားဖို့သာ စိတ်ကူးရှိသည် ။ ကျွန်တော်မေ့ကို သတိရစိတ်က ထိမ်းမရနိုင်တော့ အဖျားပျောက်နေပြီလား မပျောက်သေးဘူးလား ကျွန်တော်မတွေးမိတော့ မေ့အိမ်ကလေးသို့ ကျွန်တော်ထွက် လာခဲ့တော့သည် ။ တစ်ပတ်လောက် ကြာသွားသည်ဆိုသော်လည်း ဒီလမ်းကလေးက ကျွန်တော့်အတွက် အရင်လိုပါပဲ ။ ဘေးအိမ်ပတ်ဝန်းကျင်ကတော့ ထုံးစံအတိုင်း ကျွန်တော့်ကို စပ်စုကြသည်ထင်သည် ။ ရှိပါစေ လူ့သဘာဝအတိုင်းပေါ့မေ သူတို့ မေနဲ့ကို့ကို ဘယ်လောက်ကဲ့ရဲ့နိုင်မှာတဲ့လဲ ။
မေ့အိမ်ရှေ့ကိုရောက်တော့ ကျွန်တော့်ခြေလှမ်းတို့ တုံ့ကနဲရပ်သွားရသည် ။ အိမ်တံခါးကို သော့ ခတ်ထားသည် ကို တွေ့လိုက်ရသည် ။ မေ-- မေ --အော် မေ ဆေးရုံများရောက်နေမလား ။ ကျွန်တော်မေ့ ဘေးအိမ်က အဒေါ်ကြီးကိုမေးမိသည် ။ " အန်တီ ဒီအိမ်က မေနဲ့ သူ့ မိဘတွေ ဘယ်သွားလဲသိလားခင်ဗျ " " အော် မောင်ရင် အင်း မင်းမလာတာ တစ်ပတ်လောက်ရှိပြီမဟုတ်လား အင်းလေ တစ်ပတ်ဆိုတဲ့အချိန်ကလည်း ကိစ္စတော်တော်များများကိုပြောင်းလဲပစ်နိုင်တာပဲလေ -- မေ့ရဲ့ အမေ ဖျားပြီး ၂ ယောက်လောက်ပဲ အစာအိမ်သွေး အန်ပြီး ဆေးရုံပေါ်မှာ ဆုံးသွားတယ် ကျန်ခဲ့တဲ့ အဖေဒုက္ခိတကြီးကို မေက ခေါ်ပြီး ဒီအိမ်လေးကို ပြန်အပ်ခဲ့တယ်ကွဲ့ သူမောင်ရင် လာရင်ဖတ်ဖို့ဆိုလား စာအိတ်တစ်အိတ်ပေးခဲ့တယ် ခဏနော် အဒေါ်သွားယူပေးမယ် " ကျွန်တော် မတ်တပ်ရပ်နေတဲ့နေရာမှာ မလှုပ်မယှက်ရပ်နေမိတယ် ။ ခဏကြာတော့ အဒေါ်ကြီးပြန်ထွက်လာပြီး ကျွန်တော့် လက်ထဲ စာအိတ်တစ်အိတ်လှမ်းပေးခဲ့တယ် ။ စာအိတ်က ကျွန်တော်နှစ်သက်တဲ့အေ၇ာင် အပြာရောင်ကလေးပါပဲ ။ စိတ်အိတ်ပြာပြာလေး ထဲမှာ မေဘာတွေ များရေးထားမလဲ ကျွန်တော် အလောတကြီး သိချင်စိတ်နဲ့ဖွင့်ဖတ်မိလိုက်တယ် ။
" ကို --
အမေ ဆုံးသွားတယ် ကွယ် အဖေ့ကို မေ ဆက်လက်ပြုစုစောင့်ရှောက်ဖို့မေ့မှာ တာဝန်ရှိတယ်လေ ကို့ကိုလည်း ၀န်ထုပ်ဝန်ပိုး ဒုက္ခမဖြစ်စေချင်ပါဘူး ကိုတစ်နေ့ကျရင် မေ့ကို လက်ထပ်မယ်လို့ပြော မှာမဟုတ် လား မေသိပါတယ်ကွယ် ဒါပေမယ့်ကို့ကို မေလက်မထပ်နိုင်ဘူးလေ ဘာကြောင့်လည်းမမေးပါနဲ့ ကို အိမ်ထောင်ပြု တယ်ဆိုတာ လူနှစ်ဦး ပေါင်းစည်းခြင်း သက်သက်မဟုတ်ဘူးကို -- အသိုင်းအ၀ိုင်းတွေပါ ပါတယ်လေ ကို့အသိုင်းအ၀ိုင်းကို မေ့ကိုချစ်တဲ့စိတ်နဲ့ ကို ဆန့်ကျင်ရမှာ မေမလိုမလားဘူး ကို ဘယ်သူံ့ကို မှ ဒူးမထောက်ရဘူး အထူးသဖြင့် မေဆိုတဲ့မိန်းမတစ်ယောက်အတွက်နဲ့ကို့အချိန်တွေအများကြီး ကုန်နေခဲ့ရ တာ မေအား နားနေမိတယ် နောက်မဖြစ်စေရပါဘူးကိုရယ် မေ လေ --ကို့ကို သိပ်ချစ်တယ်သိလား ကို့ကိုသိပ်ချစ် လွန်းလို့ပဲ ကိုနဲ့ အဝေးဆုံးကို မေ ထွက်သွားခဲ့ပါပြီ မေ့ ကိုကိုလိုက်မရှာပါနဲ့နော် ရှာလည်းတွေ့မှာမဟုတ်ဘူးလေ ဘာလို့လည်းဆိုတော့ မေက ပုန်းနေတဲ့သူပဲ ကိုး မေလေ ကို့အနားမှာတော့ အမြဲရှိနေမှာပါကို့ရဲ့အရိပ်ကလေးတစ်ခုအဖြစ်နဲ့ပေါ့ ကို အချိန်တန်ရင် ကိုနဲ့သင့်တော်မဲ့ အမျိုးသမီးတစ်ယောက် နဲ့အိမ်ထောင်ပြုလိုက်ပါနော် တစ်ချိန်က ဖြူစင်စွာ ပတ်သတ်ခဲ့ဖူးတဲ့ေ မဆိုတဲ့ခပ်ညံ့ညံ့ မိန်းမတစ်ယောက်ကို ကို့နှလုံးသားနဲ့ဦးနှောက်ထဲကနေ ထုတ်ပစ်လိုက်ပါကွယ် --
မေ့အတွက်တော့ ဘ၀မှာ အရေးအကြီးဆုံးနဲ့ အသိစေချင်ဆုံးက တစ်ခုပဲရှိတယ်
ကို့ ကို မေ သိပ်ချစ်တယ်
မေ "
ဒါပါပဲ -- အရာအားလုံးပြီးဆုံးသွားပြီလို့ သိလိုက်ရချိန် ကျွန်တော့်လက်ထဲမှာ စာရွက်ကလေးရှိမနေတော့ဘူး ကျွန်တော့် အသိစိတ်ဟာလည်း ကျွန်တော့်ခန္ဓာကိုယ်မှာ မရှိနေတော့ဘူး ။ ကျွန်တော် ဘယ်အရာကိုမှ လည်းသဲသဲကွဲကွဲမမြင်ရတော့ဘူး ။ ကျွန်တော့် မျက်ဝန်းမှာ မျက်ရည်တွေစီး ကျနေတယ်ဆိုတာတော့ ကျွန်တော် သတိထားမိလိုက်ပါတယ် ။
ရှိစေတော့မေ --
ထားပါတော့ကွယ် ထားပါတော့ ---
ချစ်ခဲ့တယ်ဆိုလည်းထားပါတော့
မဖြစ်နိုင်တဲ့အိပ်မက်တစ်ခုကိုမှ ဥာဉ့်နက်သန်းခေါင်ထမက်ခဲ့မိသတဲ့လား
သွားမယ်ဆိုလည်း -- ငါမမြင်နိုင်တဲ့နေရာဆီ
ထားမယ်ဆိုဆိုလည်း -- ငါမလိုက်နိုင်တဲ့နေရာဆီ
မေ --
ကောင်းကင်ထက်က ကြယ်တွေငါ့ကို လှောင်ပြုံးပြုံးတယ်
သူတို့အပြုံးကို ငါ သိပ်မုန်းတယ် မေရယ်
မင်းငါ့ကို ဘယ်လောက်ချစ်သလဲ သူတို့မသိဘူး
ငါမင်းကို ဘယ်လောက်ချစ်သလဲ သူတို့မသိဘူး
ရှိပါစေတော့မေရယ်
တခဏတာ ဆုံစည်းခွင့်လေးတစ်ခုကိုပဲ မက်မောစွာ ငါသိမ်းဆည်းလို့
ဆုလာဘ်တစ်ခုလို့ မှတ်ထင်ထားတယ်
ခြားသွားခဲ့တဲ့ ကမ္ဘာနှစ်ခြမ်းမှာ
မင်းရယ်ငါရယ် ---- မြတ်နိုးတွယ်တာခြင်းရယ်
ဟိုးအဝေးမှာ တစစီပြန့်ကျဲလို့ မေရယ်
ဘာရယ်မဟုတ်ခဲ့ပါဘူးကွယ် --
မိုးကလည်း သည်းလွန်းနေခဲ့တယ် ။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
You are subscribed to email updates from သက်တန့်ချို.....
To stop receiving these emails, you may unsubscribe now. Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ