[mrsorcerer:28111] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/7/25
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


၂၅ ဇူလိုင် ၂၀၁၂ ပြည်သူ့လွှတ်တော်မြင်ကွင်း ကောက်နှုတ် တင်ပြချက် (ရုပ်/သံ)

Posted: 25 Jul 2012 07:08 AM PDT

DVB TV News
၂၅ ဇူလိုင် ၂၀၁၂ ပြည်သူ့လွှတ် တော်မြင်ကွင်း ကောက်နှုတ် တင်ပြချက် (ရိုက်ကူး ခွန်ခေါင်)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်တွင် ပထဆုံး ဆွေးနွေးချက် ရုပ်/သံ ကို ကြည့်ရှုနိုင်ပါသည်။


ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



လပွတ္တာမြို့နယ် သဲဖြူနှင် ညောင်လိန်မှ လယ်သမားများ ဆန္ဒဖော်ထုတ်ခြင်း

Posted: 25 Jul 2012 07:05 AM PDT

လပွတ္တာမြို့နယ် သဲဖြူနှင် ညောင်လိန်မှ လယ်သမားများ ဆန္ဒဖော်ထုတ်ခြင်း


ဇူလိုင် ၂၅
လပွတ္တာမြို့နယ် ညောင်လိန် ကျေးရွာနှင့် သဲဖြူကျေးရွာတို့မှ လယ်သမားများ ပါဝင်သော ဆန္ဒထုတ်ဖော်သူ ၅၀ ခန့်သည် ယနေ့ နေ့လယ်ပိုင်းတွင် လပွတ္တာမြိုနယ်အတွင်း လှည့်လည် ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

ဆန္ဒဖော်ထုတ်ရသည့်အကြောင်းရင်းမှာ ၄င်းတို့၏ လယ်များအသိမ်းခံရခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။ မြောင်းမြမြို့မှ ရှေ့နေ ဦးဖိုးဖြူ လာရောက်ပြီး လယ်သမားများနှင့်ဆိုင်သော အခွင့်အရေးများအကြောင်းကို ရှင်းလင်းပြောပြသွားကြောင်းလည်း သိရသည်။ ဆန္ဒထုတ်ဖော်ပွဲသို့ လပွတ္တာမြို့နယ်မှ အဖွဲ့အစည်းများလိုက်ပါ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။


လက်ပံတောင်း ကြေးနီ စီမံကိန်းကို ရွာသားတွေ ထပ်မံ ဆန္ဒပြကြဦးမည်။ (ရုပ်/သံ)

Posted: 25 Jul 2012 06:59 AM PDT

လက်ပံတောင်း ကြေးနီ စီမံကိန်းကို ရွာသားတွေ ထပ်မံ ဆန္ဒပြကြဦးမည်။


ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ဦးမြင့်ဆွေကို ဒုသမ္မတ အဖြစ် အရည်အချင်း စိစစ်ရေး အဖွဲ့ အတည်ပြု ရန်ရှိ

Posted: 25 Jul 2012 06:42 AM PDT

ရန်ကုန်၊ ဇူလိုင် ၂၅

တပ်မတော် သား ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတအဖြစ် ရွေးချယ်ထားသော ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှာ နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ငြိစွန်းမှု မရှိကြောင်း အရည်အချင်းစိစစ်ရေး အဖွဲ့ က ပြည်ထောင်စု လွှတ်တော်သို့ ရက်ပိုင်းအတွင်း အကြောင်းကြားသွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပါက မကြာမီ ရက်ပိုင်းအတွင်း ဒုတိယ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုဖွယ်ရှိကြောင်း The Voice Weekly သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခဲ့သော ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ကျမ်းမာရေး ကြောင့် ရာထူးမှ နှုတ်ထွက်စာ တင်သွင်းထားကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ကပြောကြားခဲ့ပြီး ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထား၍ ဒုတိယ သမ္မတ တစ်ဦးထပ်မံရွေးချယ်ပေးရန် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များကို ညွှန်ကြားခဲ့သည်။

ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ခြင်းခံရသူ ဦးမြင့်ဆွေမှာ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး၊ အမှတ်(၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး နှင့် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

The Voice Weekly


လွှတ်တော် ကိုယ်စားလှယ်များ နှစ်ကြိမ် သတိပေး ခံရ

Posted: 25 Jul 2012 06:36 AM PDT

နေပြည်တော်၊ ဇူလိုင် ၂၅

ယနေ့ ကျင်းပ နေသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် အဆို တင်သွင်း ထားသော တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးရန် ပြဌာန်း ပေးရန် အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ပါဝင် ဆွေးနွေးခဲ့မှုများတွင်အဆိုနှင့် မသက်ဆိုင်သော အကြောင်းအရာများ ပါဝင်နေသဖြင့်  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုနှင့် တိုက်ရိုက် သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ ဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်များကို နှစ်ကြိမ်တိုင် သတိပေးခဲ့သည်။

မဟာအောင်မြေ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်နှင့် ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဦးကျော်သီဟတို့၏ ဆွေးနွေးမှုများတွင် ပုဂ္ဂိုလ်ရေး ထောက်ခံမှုများ ပါဝင်နေသဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေမန်းက လွတ်တော် ကိုယ်စားလှယ်များအား ပြည်သူ့လွတ်တော် နည်းဥပဒေ ၁၃၀ အပိုဒ်ခွဲ (င) အရ သာမာန်အားဖြင့် ပုဂ္ဂိုလ်တစ်ဦး၏ အပြုအမူနှင့် စပ်လျှင်း၍ ဖော်ပြချက်များ မပါရှိစေရန်နှင့် အပိုဒ်ခွဲ (စ) အရ ဆွေးနွေးရာတွင် လွတ်တော်၏ ဆွေးနွေးမှု အဆိုဖြင့်သာ ထောက်ခံ ဆွေးနွေးရန် သတိပေးခဲ့ခြင်းဖြစ်သည်။

မဟာအောင်မြေ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ဆွေးနွေးမှုများတွင် နှစ်ပေါင်းလေးဆယ်အတွင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အား အစားထိုးနိုင်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည် ပေါ်ပေါက်လာကြောင်း၊ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံဖြစ်ထွန်းရန်အတွက် နိုင်ငံတော် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ညီညီညွတ်ညွတ် အကောင်အထည် ဖော်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သတိ ပေးပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နေပြည်တော် ဥတ္တရ သီရိ မဲဆန္ဒနယ်မှ ဦးမင်းသူက တိုင်းရင်းသား အရေး ဆွေးနွေးရာတွင် ပွင့်ပွင့်လင်းလင်း မဆွေးနွေး နိုင်သည်ကို တွေ့ရှိရကြောင်း၊ တိုင်းရင်းသားများ၏ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်စိတ်အရ ပွင့်ပွင့်လင်းလင်း မပြောနိုင်သည်ကို တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုပါက ပြောကြားချက်ကို ကန့်ကွက်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ပြီး ဥက္ကဋ္ဌ၏ ပြောကြားချက်ကို လွှတ်တော် ကိုယ်စားလှယ်များက လက်ခုပ်တီး၍ အားပေး ထောက်ခံခဲ့ကြသည်ဟု လွှတ်တော် အစည်းအဝေးသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။ထို့နောက် ဥက္ကဋ္ဌက ဦးမင်းသူ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် အားလုံးအား ထပ်မံ သတိပေး ခဲ့ပြီး အသစ်ရောက်ရှိလာသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရောက်နှင့်နေပြီးသော ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းထားသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန် ပြဌာန်းပေးရန်အဆိုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်  ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။

The Voice Weekly


သိမ်းယူထားတဲ့ လယ်မြေတွေကို ပြန်မပေးနိုင်ဘူးလို့  လွှတ်တော်မှာ ဇေကမ္ဘာခင်ရွှေ ပြောဆို

Posted: 25 Jul 2012 06:14 AM PDT

စက်မှုမြေအဖြစ် ရောင်းပြီးတဲ့ လယ်မြေတွေကို ပြန်မပေးနိုင်တဲ့အကြောင်း ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၉) က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ဇူလိုင်လ ၂၃ ရက်နေ့ မှာ
ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် - လယ်မြေတွေကို ကုမ္ပဏီတွေက သိမ်းယူပြီးနောက် စက်မှုဇုန်နဲ့ အိမ်ရာ စီမံကိန်းတွေ ဆောင်ရွက်နေတယ်ဆိုပြီး သတင်းမီဒီယာ တွေကနေ တဆင့် လယ်သမားတွေကို သွေးထိုးမြှောက်ပင့် အရေးဆိုနေကြတဲ့ စွပ်စွဲချက်တွေ ဟာလည်း လွဲမှားနေတယ်လို့ ဦးခင်ရွှေက ပြောပါတယ်။

ဦးခင်ရွှေရဲ့ ဇေကမ္ဘာ ကုမ္ပဏီဟာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ ကျေးရွာ
အုပ်စုက လယ်မြေဧက ၁ ထောင် ကျော်ကို တိုးချဲ့စက်မှုဇုန် ဖော်ထုတ်ဖို့
ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂ဝ၁ဝ ခုနှစ်က သိမ်းယူခဲ့ပါတယ်။

လယ်တဧက အတွက် ကျပ် ၅ သောင်းပေးပြီး ဒီလယ်တွေကို စွန့်လွှတ်ကြောင်း လက်မှတ်ထိုးဖို့ လယ်သမားတွေကို ပြောဆိုခဲ့ပေမယ့် လယ်သမားတွေက လက်မခံခဲ့ပါဘူး။

အဲဒီနောက် ငွေ မယူရင် လယ်တွေကို သိမ်းယူမယ် ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက
လယ်သမားတွေကို ခေါ်ယူ ပြောဆိုခဲ့တယ်လို့ သိရ ပါတယ်။

RFA Burmese


သံလျင်မြို့နယ်အတွင်းမှာ စစ်တပ်က လယ်သမားတွေကို ဒီကနေ့ တပ်စိတ် တစိတ်နဲ့ ဝိုင်းထား

Posted: 25 Jul 2012 06:08 AM PDT


ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ်က အဓမ္မ သိမ်းယူထားတဲ့ လယ်မြေတွေ ပေါ်မှာ မူလပိုင်ရှင် လယ်သမားတွေက ဒီကနေ့ သွားရောက် ထွန်ယက်ခဲ့ကြတဲ့ အတွက် စစ်တပ်က တပ်စိတ် တစိတ်နဲ့ ဝိုင်းထားတယ်လို့ သိရပါတယ်။

လယ်သမားတွေဟာ တားဆီးပိတ်ပင်ထားတဲ့ ကြားက ဒီလယ်မြေတွေမှာ သွားရောက်ထွန်ယက် ခဲ့ကြတာ ဒီကနေ့ပါ ဆိုရင် (၄) ကြိမ် ရှိသွားပြီ
ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အခေါက်တွေက သွားရောက်ထွန်ယက်ရာမှာ စစ်တပ်က အင်အားသုံးပြီး လာရောက် တားမြစ်တဲ့အတွက် ဆက်မထွန်ယက်ဘဲ ရပ်ဆိုင်းခဲ့ကြပေမယ့် အခုတကြိမ်မှာတော့ ဆက်လက် ထွန်ယက်သွားမယ်
လို့ လယ်သမားတွေက ပြောပါတယ်။

သံလျင်မြိုနယ် အလွမ်းဆွတ်ကျေးရွာက လယ်မြေဧက ၂ ရာကျော်ကို လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်လောက်က ခလရ (၉ဝ) က ကနဦး သိမ်းယူခဲ့
တာဖြစ်ပြီး၊ လယ်သမားတွေကို သီးစားခ ချထားပေးခဲ့တာပါ။

နောက်ပိုင်းမှာ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်ကို လယ်မြေတွေ လွှဲပြောင်းပေး ခဲ့ပြီးနောက် အခုနှစ်ဆန်းပိုင်းကစလို့ သီးစားစိုက်ပျိုးခွင့်
ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ်မှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့် ရရှိရေးအတွက် လယ်သမားတွေက သမ္မတ ဦးသိန်းစိန်ကို အသနားခံစာ ပေးပို့ထားတယ်
လို့လည်း သိရပါတယ်။

RFA Burmese



စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) နှင့် နန်ယန်းနည်းပညာ တက္ကသိုလ် (NTU) မှာ သင်ယူမည့်သူများအတွက်ဟောပြောပွဲ

Posted: 25 Jul 2012 06:18 AM PDT

စင်ကာပူအမျိုးသားတက္ကသိုလ်  (NUS)  နှင့် နန်ယန်းနည်းပညာတက္ကသိုလ် (NTU) မှ ပါရဂူဘွဲ့ ရဆရာများမှအင်ဂျင်နီယာဘာ သာရပ်နှင့် BioMedical, MSc Healthcare Management သင်ယူမည့်သူများအတွက်ဟောပြောပွဲ



အင်ဂျင်နီယာဘာသာရပ်ကိုစိတ်ဝင်စားသောကျောင်းသားကျောင်းသူများအတွက်  ကမ္ဘာပေါ်တွင် အင်ဂျင်နီ ယာဘာသာရပ်၏ အရေးကြီးပုံအခန်းကဏ္ဍများ၊ ကမ္ဘာပေါ်တွင် အသုံးဝင်ဆုံး အင်ဂျင်နီယာဘာသာရပ်များ အကြောင်းနှင့် မြန်မာနိုင်ငံတွင် ရှေ့ တန်း ရောက်လာမည့် အင်ဂျင်နီယာပညာရပ်နှင့် ပတ်သက်သည့် အခန်း ကဏ္ဍများအကြောင်းကို Nanyang Technological University မှ PhD ဘွဲ့  ရရှိထားခဲ့သော Dr. Ben Lim Kheng Khong မှ လည်းကောင်း၊ကမ္ဘာတစ်ဝှမ်းရှိ ဆေးဝါးရှာဖွေဖေါ်ထုတ်ခြင်းနှင့် သုတေသန လုပ်များနှင့် ဆက်စပ်သည့် လုပ်ငန်းများကပညာရပ်များနှင့် အလုပ် အကို်င်အခွင့်အလမ်း များအကြောင်းကို Dr. Mandar Godge (PhD National University of Singapore) မှ လည်းကောင်း ညနေ (၂)နာရီမှ (၅)နာရီအထိ၊ ဇူလိုင်လ (၂၉)  ရက်နေ့ ၊ ၂၀၁၂ (တနင်္ဂနွေ နေ့) Summit Parkview Hotel တွင် ကျင်းပပြုလုပ်မည့်  MDIS Open House တွင်ရှင်းလင်း ပြောကြားမည်ဖြစ်ပြီး မည်သူမဆိုအခမဲ့  တက်ရောက်နိုင်ပါသည်၊၊

အဆိုပါဟောပြောပွဲကို CROWN Education နှင့် MDIS တို့ မှစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စင်္ကာပူနိုင်ငံ MDIS တွင်တက်ရောက်ကာ University of Bradford မှ ပေးအပ်ချီးမြင့်မည့် Electrical and Electronic Engineering ဘာသာရပ်များ အကြောင်းနှင့် Machenaical Engineering ဘာသာရပ်များ နှင့်  Biomedical Sciences, Pharmaceutical Management,  University of Wales မှပေးအပ်မည့် MSc in Healthcare Management,  Northumbria University ပေးအပ်မည့် Biotechnology စသည့်ဘာသာရပ်များ ကိုပါရှင်းလင်း ပြောကြားပေးမည်ဖြစ်ပါသည်၊၊

Dr. Ben Lim Kheng Khong USA 2010  Global Scholar နှင့် SIMTech သုတေသန Scholar တစ်ယောက်ဖြစ်ပြီး၊ ထုတ်လုပ်မှု့ နည်းပညာ၊ ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာနှင့် တီထွင်ဖန်တီးမှု့ ဆိုင်ရာ အင်ဂျင်နီယာ သုတေသနများဆောင်ရွက်လျက်ရှိကာ   ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းများအတွက် A*STAR အကူဆရာအဖြစ်လည်းဆောင်ရွက်ခဲ့သည်၊၊ 


Dr. Mandar Godge သည် စင်္ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore) မှ ပါရဂူဘွဲ့ ရရှိခဲ့ပြီး။ MDIS တွင် ဘွဲကြို၊ဘွဲလွန်ကျောင်းသားများကို Genomics, Molecular Biology, Cellular Biology, Biochemistry, Chemical စသည့်ဘာသာရပ်များသင်ကြားပေးလျက်ရှိကာ American Society of Plant Biologist and International Researchers Club အသင်းဝင်တစ်ယောက်ဖြစ်သည်၊၊ Dr Mandar မှ ရောဂါရှာဖွေရေး သုတေသန၊ ဆေးဝါးသုတေသန တို့နှင့် သက်ဆိုင်သော Biomedical Science ဘာသာရပ်များအကြောင်း နှင့်  Cellular and Molecular Pathology, Medical Biochemistry, Cancer Biology အစရှိသော ဘာသာရပ်များနှင့် ဆက်စပ်သော အလုပ်အကိုင်အခွင့် အလမ်းများအကြောင်းကို ဆွေးနွေးပြောကြားပေးမည်ဖြစ်ကြောင်းသိရသည်၊၊


စိတ်ပါဝင်စားသူများ၊ CROWN Education ဖုန်း ၀၉  ၅၀၈၅ ၁၈၅ နှင့် ၀၉  ၇၃၂ ၇၃၂ ၇၇ တို့ ကိုတွင် ဆက်သွယ်စာရင်းပေးတက်ရောက်နိုင်ပါသည်၊၊



ရခိုင်ပြည်တွင် အကြမ်းဖက်ပြီး တိမ်းရှောင်သွားသူ ၁၅၆၅ ဦးကို BGBက မြန်မာသို့ အဓမ္မပြန်ပို့ဆောင်ခဲ့

Posted: 24 Jul 2012 10:59 PM PDT

ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသောဘင်္ဂလီများအား BGB က နယ်စပ်တွင် ဖမ်းဆီးကာ ပြန်လည်၍ ယမန်နေ့ကအထိ စုစုပေါင်း ၁၅၆၅ ဦးပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းများအရ သိရှိရသည်။ 

ရခိုင်ပြည်တွင် နည်းမျိုးစုံဖြင့် အကြမ်းဖက်သောင်းကျန်းပြီး တိမ်းရှောင်လာသော ဘင်္ဂလီများမှာ စက်ဘုတ်၊ လှေနှင့် နယ်စပ်ခြံစည်းရိုး အကြားရှိ မှောင်ခိုလမ်းကြောင်း ၂၀ ကျော်တို့ကို ဖြတ်ကျော်ပြီး ဘင်္ဂလာသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

သို့သော်လည်း ယင်းတို့အား တာခ်နာ အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ အမှတ် ၄၂ တပ်ဖွဲ့(BGB)နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များက ဖမ်းဆီးပြီး ပြန်လည်၍ တရားဝင် နစကသို့ လွှဲအပ်ပို့ဆောင်ခြင်း မဟုတ်ဘဲ နယ်စပ်များမှ မြန်မာသို့ တရားမ၀င် အတင်းအဓမ္မ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်း တရားမ၀င် ပို့ဆောင်ခဲ့သည့် ၁၅၆၅ ဦးမှာ ဇွန်လ ၈ ရက်နေ့မှ ယမန်နေ့ကအထိ ဖမ်းဆီးရမိသူများဖြစ်ကြောင်း၊ ဘင်္ဂလာက သင်္ခါမကင်းသူ ၁၅ ဦးအား စစ်ဆေးအရေးယူမှုများ ရှိနေကြောင်းနှင့် ပို့ဆောင်ခံရသောသူများအား ယခုအချိန်ထိ နစကနှင့် လ၀ကမှ တစုံတရာ လိုက်လံစစ်ဆေး အရေးယူမှုများ မရှိသေးကြောင်း သတင်းများ ရရှိသည်။ 

ရခိုင်ပြည်နယ်-ဘင်္ဂလာအကြား နယ်စပ်ဒေအတွင်း နေထိုင်နေကြသော ဘင်္ဂလီများမှာ မြန်မာဘက်မှ ကာရံထားသည့် နယ်စပ်ခြံစည်းရိုး သံဆူးကြိုးနှင့် သံတိုင်များကို အလွယ်တကူခိုးယူပြီး ဘင်္ဂလာသံဈေးကွက်သို့ တန်ဖိုးအနည်းငယ်ဖြင့် ရောင်းချလျက်ရှိနေကြောင်း မျက်မြင်များက ပြောသည်။

ဘင်္ဂလာမှ ၄င်းတို့နိုင်ငံအတွင်း ဖမ်းဆီးရမိသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကို လွန်ခဲ့သော ၂၀၀၀ ခုနှစ်မတိုင်ခင် ထောင်ဒဏ်ချလေ့ရှိပြီး နောက်ပိုင်းတွင် ဖမ်းဆီးအရေးယူ စစ်ဆေးမှုများမပြုလုပ်ဘဲ မြန်မာသို့ နယ်စပ်များကိုဖြတ်ပြီး တရားမ၀င် အဓမ္မပို့ဆောင်နေခြင်းမှာ ဆယ်စုနှစ်တစ်ခုကျော်လာပြီးဖြစ်ကြောင်းနှင့် ယင်းတရားမ၀င် ပို့ဆောင်မှုမှာ ရက်ပေါင်း ၃၀ အတွင်း အနည်းဆုံး ၂၅ ရက် ပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းများအရ သိရှိရသည်။

မြန်မာနိုင်ငံ ပိုင်နက်အတွင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင် များပြားလာခြင်းမှာ ယင်းကဲ့သို့ တရားမ၀င် ပို့ဆောင်ခြင်းခံရသူများ ရှိနေခြင်းကြောင့်ဖြစ်ကြာင်း၊ ဘင်္ဂလာမှ ရိုဟင်ဂျာပြဿနာများအား လှုံ့ဆော်မှုများမှ ယခုကဲ့သို့ ထင်ပေါ်လာခြင်းဖြစ်ကြောင်း၊ နယ်စပ်လုံခြုံရေး တာဝန်ရှိသူများက ခြစား၊ လာဒ်စားမှုများရှိနေခြင်းကြောင်းနှင့် ဘင်္ဂလာတွင် မြန်မာ့ဒုက္ခသည်စခန်းဟု အမည်တပ်ရှိနေရာမှ UNHCR အကူအညီဖြင့် တတိယနိုင်ငံများသို့ နှစ်စဉ်ထွက်ခွာနေမှုအတွင်း များသောအားဖြင့် ရခိုင်-မြန်မာစကားနှင့် စာပေမတတ်သူများဖြစ်ပြီး ၎င်းတို့မှာ ဒေသအတွင်း ဘင်္ဂလီများဖြစ်ကြောင်း လာဒ်ငွေပေး၍ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ယင်းဘင်္ဂလီများက နိုင်ငံတကာတွင် လှေစီးရိုဟင်ဂျာ အမည်ခံ ဒုက္ခသည်အဖြစ် လျှောက်ထားနိုင်ရန် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကွန်ပြူတာဆိုင်များနှင့် မောင်တော နစက-လ၀ကများမှ နိုင်ငံသားကပ်၊ ထောက်ခံစာများအား ငွေပေးပြီး အတုလုပ်ဆောင်ကာ ထွက်ခွာသွားမှုများ ရှိနေကြောင်း ဆိုသည်။ 

ယမနေ့က မြန်မာကျပ် ၃၂၃၀၀၀ ငွေ၊ ကုန်စုံပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသား အပါအ၀င် ၃ ဦးအား နယ်စပ်စောင့်တပ်ဖွဲ့က မှောင်ခိုမှုဖြင့် ဖမ်းဆီးရမိပြီး တာခ်နာရဲဋ္ဌာနမှ စစ်ဆေးချက်များ ယူနေကြောင်း သိရှိရသည်။

အဆိုပါ BGBမှ ပို့ဆောင်ခဲ့သော ဘင်္ဂလီအရေအတွက်မှာ ဒေသထုတ် သတင်းစာများက ဖေါ်ပြချက်အား စုပေါင်းတွက်ချက် ထားခြင်းဖြစ်ပြီး တခြားစာရင်းမရှိ ပို့ဆောင်ခဲ့မှုများ အများအပြား ရှိနေသေးကြောင်းနှင့် ဖမ်းဆီးမမိခဲ့သော သူများလည်းရှိကြောင်း နယ်စပ် လေ့လာသူများက ဆိုသည်။

ယင်းစက်ဘုတ်၊ လှေနှင့် နယ်စပ်ဖြတ်ကျော်ဝင်လာသူ အများအပြားတွင် အမျိုးသမီးနှင့် ကလေးငယ်များသာဖြစ်ကြကြောင်းနှင့် ယောက်ျားများမှာ အစောင့်အနေဖြင့် လိုက်ပါလာခြင်းသာဖြစ်ကြောင်း တွေ့ရှိရကြောင်း မျက်မြင်များကဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် နယ်စပ်လုံခြုံရေး တပ်ဖွဲ့တချို့က နယ်စပ်မှလာသည့် ဘင်္ဂလီများအား ဒုက္ခသည်စခန်းများသို့ သွားရောက်ရန် ငွေပေးလျင် ပို့ပေးကြောင်း၊ ဒုက္ခသည်အဖြစ် လက်မှတ်ရပြီး ရိက္ခာထုတ်စား၍ရမည်သူများမှာ စခန်းခေါင်းဆောင်များအား ငွေပေးလျှင် ရရှိကြောင်းသိရှိရသည်။ သို့သော်လည်း ငွေမပေးနိုင်သည့် ဘင်္ဂလီဒုက္ခသည် အများအပြားမှာ စခန်းအနီးတ၀ိုက်တွင် ယာယီတဲများဖြင့် ခုံလုံနေကြပြီး ကျဘန်းလုပ်ကိုင်စားသောက်နေကြရာ မကြာခဏ ဒေသများနှင့် ခိုက်ရန်ဖြစ်ပွားလျက်ရှိနေသည်။ 

 Written by သဇင်ဥ - အာရ်ကန်တိုင်းမ်စ်


အစိုးရအဖွဲ့ ဝင်များ၏ အကျိုးစီးပွါးဖော်ထုတ်ဖို့ ဦးဝင်းမြင့် အဆို ဆွေးနွေးဖို့  ပြည်သူ့လွှတ်တော် သဘောတူ

Posted: 24 Jul 2012 10:52 PM PDT

ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က `Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Cleance Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆိုကို လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က သဘောတူပါသည်။

ပြည်သူ့လွှတ်တော်


ဒေါ်အောင်ဆန်းစုကြည် ၏ ယနေ့ လွှတ်တော်တွင်း ဆွေးနွေးမှု (အပြည့်အစုံ)

Posted: 24 Jul 2012 10:54 PM PDT

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး အဆိုကို ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေစဉ်။
ဓာတ်ပုံ- ပြည်သူ့လွှတ်တော်ဖေ့ဘွတ်
ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး အဆိုကို ဆွေးနွေးမှု ဖြစ်ပါတယ်။ -----------------------------------------------------------

ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဆိုနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပထေဲမှာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုး များဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာဆိုလို့ရှိရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်က စပြီး ဒီမိခင်နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပ္ပါယ်ဖော်ထားပါတယ်။ အဲဒီအထဲမှာ ဗမာတွေလဲ ပါပါတယ်။ အခု ဆွေးနွေးချက်တွေအရ ဆိုလို့ရှိရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီးတော့ ပြောသွားတာလို့ ကျွန်မတို့ မှတ်ယူရပါတယ်။
ပြည်နယ်တွေအကြောင်း ပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေဆိုရင် ပြည်နယ်ဒေသတွေပဲ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာဆိုလို့ရှိရင် နောက်ဆုံး အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ကိန်းဂဏန်းများအရ ၇၃.၃ %၊ ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ %၊ ရှမ်းမြောက်ဆိုလို့ရှိရင် ၃၇.၄ %၊ ရှမ်းတောင်ဆိုရင် ၂၅.၂ % ၊ ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲမွဲတေမှုဟာ ၃၃.၁ % ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းကတော့ ၄၃.၅ % ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှခြင်း ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၅.၆ % ဖြစ်တာကြောင့်မို့လို့ ဒီပြည်နယ်တွေမှာ ပျမ်းမျှခြင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်နေတယ်ဆိုတာကိုမြင်ရပါတယ်။ ထို့အတူပဲ ကချင်ပြည်နယ်မှာလဲ ၂၈.၆ % နဲ့ ပျမ်းမျှခြင်း ရာခိုင်နှုန်းထက် မြင့်နေပါတယ်။ မွန်၊ ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ထို့အပြင်လည်း ကျွန်မတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာ ဘာသာစာကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာ ကျယ်ပြန့်နက်နဲတယ် ဆိုတာ ကျွန်မတို့မြင်နိုင်ပါတယ်။ ဒါကိုထောက်ထားပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူညီမျှရေး အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလိုပြဌာန်းခြင်းတို့များ ဆောင်ရွက်စေရန်၊ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ထောက်ခံပါတယ်။


  ပြည်သူ့လွှတ်တော်


အထွတ်အမြတ်ထားရာနှင့် လျှပ်ပေါ်လော်လည် အတွဲအဖက်များ

Posted: 24 Jul 2012 10:32 PM PDT

ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံပင်ဖြစ်ပါစေ မိမိနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို နိုင်ငံ၏ပြယုဂ်တစ်ခုအဖြစ် တန်ဖိုးထားထိန်းသိမ်းကြသည်မှာ သံသယဖြစ်စရာ စိုးစဉ်းမျှမရှိချေ။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများမှာ နိုင်ငံအနှံ့ လက်ညှိုးထိုးမလွဲအောင် များပြားပါသည်။ သို့သော် လူအချို့၏ လွဲမှားသော အသုံးချမှုများကြောင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအပေါ် မြန်မာပြည်သူအချို့၏ တန်ဖိုးထားမှုမှာ မေးခွန်းထုတ်စရာဖြစ်လာသည်။

မကြာသေးမီက မြန်မာဗုဒ္ဓဘာသာတို့၏ အထွတ်အမြတ်ထားရာ ဘုရားပုထိုးစေတီများကို နောက်ခံထား၍ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီဟု အများကသတ်မှတ်ထားသည့် ၀တ်စားဆင်ယင်မှုများဖြင့် ဓာတ်ပုံများ ရိုက်ကူးလာသည်ကို တွေ့လာရသည်။ ယင်းဓာတ်ပုံများအနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ၌ လူပြောအများဆုံး ဖြစ်လာသည့် ဓာတ်ပုံတစ်ပုံမှာ ပုဂံဘုရားများကို နောက်ခံထား၍ မော်ဒယ်တစ်ဦး၏ ခေတ်ဆန်သည့် ၀တ်စုံဒီဇိုင်းများဖြင့် ရိုက်ကူးထားသော ဓာတ်ပုံပင်ဖြစ်သည်။ ပြည်တွင်းလစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ဖော်ပြခဲ့သော ယင်းဓာတ်ပုံများကို မြန်မာဗုဒ္ဓဘာသာ စေတီပုထိုးများနှင့် မအပ်စပ်သည့် ဓာတ်ပုံများဟု အဆိုပါဓာတ်ပုံကို ကြည့်မိသူ ပရိသတ်အများစု၏ ဝေဖန်မှုများ ရှိလာသည်။

"ဘုရားဆိုတာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလေးအမြတ်ထားတဲ့ နေရာပါ။ ရှေးတုန်းက ဘုန်းကြီးတွေ၊ ရဟန်းသံဃာတွေ ကြွလာရင်တောင် ပခုံးပေါ်သဘက်တင်ရတာ။ ဒီလိုမလုံမခြုံပုံတွေနဲ့ ဘုရားကို  နောက်ခံထား ရိုက်တာဟာ ကိုယ့်မြန်မာတွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှု၊ ရိုးရာဓလေ့ကို ဖောက်ဖျက်ရာရောက်တယ်။ လူမျိုးခြား၊ ဘာသာခြားတွေ အမြင်မှာလည်း တကယ့်အထွတ်အမြတ်ထားတဲ့ နေရာမှာ ကဲ့ရဲ့စရာ၊ ရှက်စရာ၊ လူအထင်သေးစရာ ရောက်မှာပေါ့။ မြန်မာမိန်းကလေးတွေက ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာကိုမှ အလေးမထားရင် ဘယ်သူက အလေးထားမှာလဲ"ဟု အငြိမ်းစားအထက်တန်းပြ ကျောင်းဆရာမကြီးတစ်ဦးက ပြောသည်။

ပုဂံဒေသတွင် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးလိုပါက တစ်နေ့တာအတွက် ရိုက်ကူးခနှုန်းထားမှာ ကျပ်ဆယ်သိန်းဝန်းကျင် ပေးဆောင်ရမည်ဟု သက်ဆိုင်ရာက သတ်မှတ်ထားသော်လည်း ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ၀တ်စားဆင်ယင်မှုများနှင့် ရိုက်ကူးမှုကိုမူ ခွင့်ပြုထားသလားဟု ဝေဖန်မှုများလည်း ထွက်ပေါ်လာပြန်သည်။

"ဒီဓာတ်ပုံရိုက်တဲ့ မဂ္ဂဇင်းအဖွဲ့ဟာ ကျွန်တော်တို့ဌာနကို ခွင့်ပြုချက်ရယူ ရိုက်ကူးခဲ့တာ မဟုတ်ပါဘူး။ မော်ဒယ်လ်အမျိုးသမီးကို ကားပေါ်တင်ပြီး သာသနိကအဆောက်အအုံတွေမှာ လျှပ်တစ်ပြက်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်"ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးညွန့်က ပြောကြားသည်။

ယင်းဓာတ်ပုံများ ရိုက်ကူးနေစဉ်ကာလကပင် ပုဂံရှိဒေသခံအချို့၏ မကျေနပ်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း ဓာတ်ပုံရိုက်ကူးခဲ့သည့် ထက်အောင်ကျော်က ပြောသည်။ "ကျွန်တော်တို့ရိုက်နေတုန်း ဖြတ်သွားဖြတ်လာ လမ်းသွားလမ်းလာတွေက ပြောတယ်။ ဟာ...ပုဂံမှာ ဘယ်လိုလာရိုက်နေလဲ မသိဘူး။ ဒီလိုပုံစံနဲ့ မသင့်တော်ဘူးပေါ့"ဟု ဒေသခံများ၏ ပြောစကားကို ၄င်းကပြန်လည်ပြောကြားသည်။

ပုဂံဘုရားများနှင့် မော်ဒယ်၏ ခန္ဓာကိုယ်အစိတ်အပိုင်း အနည်းငယ်ပေါ်လွင်သော ၀တ်စုံတို့ဖြင့် ရိုက်ကူးခဲ့သော ယင်းဓာတ်ပုံများမတိုင်မီက ရန်ကုန်မြို့၏ အထင်ကရ တန်ခိုးကြီးစေတီတစ်ဆူဖြစ်သည့် ရွှေတိဂုံဘုရားကို နောက်ခံထား၍ စကတ်အတို၊ အကျလည်ဟိုက်တို့ ၀တ်ဆင်ထားသည့် မင်းသမီးတစ်ဦး၏ ဓာတ်ပုံများလည်း ထွက်ပေါ်လာခဲ့သည်။ "သရုပ်မှန်ဓာတ်ပုံဆရာ တစ်ယောက်အနေနဲ့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ ကျွန်မတို့ရဲ့သာသနိကအဆောက်အအုံတွေနဲ့ တွဲဖက်ရိုက်တာမျိုး ရိုက်ကူးဖြစ်မယ် မထင်ဘူး။ မဂ္ဂဇင်းထုတ်ဝေသူဘက်က တောင်းဆိုလာရင်လည်း ပြောပြညှိနှိုင်းရမှာပေါ့။ ညှိနှိုင်းလို့ မရဘူးဆိုရင်လည်း ဒီအလုပ်ကို လက်မခံရုံပဲရှိတယ်။ အနှစ်ကိုးရာကျော်လောက်က ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ဒီလိုပုံတွေ ရိုက်ဖို့က ကျွန်မရဲ့ခံယူချက်၊ အနုပညာ အာရုံဝင်စားမှုနဲ့ ကိုက်ညီမှုမရှိဘူး"ဟု ဓာတ်ပုံဆရာ မလိမ္မာ(မြန်မာစာ)က ပြောသည်။

ပြည်ပအဆိုတော် A Kon ၏ အမ်တီဗီ ဂီတဗီဒီယိုတစ်ခုတွင် ဗုဒ္ဓဆင်းတုတော်များကို မလျော်ကန်သော အသုံးပြုမှုများဖြင့် ထည့်သွင်းရိုက်ကူးထားသောကြောင့် ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံတို့မှ လူထုအချို့၏ အမျက်ဒေါသနှင့် ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။ ထို့ပြင် ယခုလတ်တလော မြို့ရွာကျေးလက်မကျန် ပရိသတ်အားပေးမှုကို ရရှိနေသည့် လူငယ်အဆိုတော်တစ်ဦး၏ ဗီစီဒီတွင်လည်း ဘုရားပရိဝုဏ်အတွင်း အဆိုတော်နှင့်အတူ တီးဝိုင်းသမားများ ဖိနပ်များစီးလျက် ရိုက်ကူးထားသော ပြကွက်များအပေါ် သတိထားမိသည့် ပရိသတ်များ၏ ဝေဖန်မှုများလည်း ထွက်ပေါ်နေပြန်သည်။

" ဒါတွေကို စာမျက်နှာပေါ်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ပိုင်ခွင့်က မီဒီယာသမားတွေဆီမှာ ရှိတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုတာ ရှိတယ်လေ။ မီဒီယာတွေအပေါ်မှာ ဒါမျိုးတွေ ဖော်ပြလာတာ သဘောမကျဘူး။ အဲဒီအတွက် မီဒီယာသမားတွေမှာ တာဝန်ရှိပါတယ်"ဟု မန္တလေးမြို့ခံ စာကြည့်တိုက်မှူး ဦးအောင်မြင့်ဦးက ပြောသည်။

မီဒီယာအသီးသီးတွင် ဖက်ရှင်ကဏ္ဍအနေဖြင့် သီးသန့်တီထွင် ရိုက်ကူးနေကြသော ဖက်ရှင်အသားပေး ကဏ္ဍများစွာရှိကြပြီး ဖက်ရှင်ဒီဇိုင်းဖန်တီးမှုအပေါ် အကောင်းအဆိုး အကြောင်းအကျိုး ဝေဖန်မှုများ ရှိနေကြသည်။ ယခုဖြစ်ရပ်မှာတော့ ဖက်ရှင်ဒီဇိုင်းဖန်တီးမှု ၀တ်စုံများအပေါ် ဝေဖန်မှုထက် သာသနိကအဆောက်အဦများကို နောက်ခံထားပြီး ရိုက်ကူးခဲ့ခြင်းကြောင့်သာ ဝေဖန်ပြောကြားမှုများ ရှိလာခြင်းဖြစ်သည်။

"ကျွန်မတို့က မွေးကတည်းက ဒီနိုင်ငံမှာ မွေးခဲ့တာဆိုတော့ ဒီဇိုင်းတစ်ခုခုကို လုပ်မယ်လို့ စဉ်းစားမိတဲ့အခါ ဒီနိုင်ငံနဲ့ကိုက်ညီတဲ့ ဒီဇိုင်းကိုပဲဖန်တီးဖို့ စိတ်ကူးမိတယ်။ Antique (ရှေးဟောင်း)ပုံစံ

ရိုက်ချင်ရင် သာသနိကအဆောက်အအုံတွေ မဟုတ်တဲ့ ရှေးဟောင်းမြို့ရိုးတွေနဲ့ ရိုက်လို့ရပါတယ်။ ဒီလိုဘုရားတွေ နောက်ခံထားပြီး ရိုက်မယ်ဆိုရင် လိုက်ဖက်တဲ့ ၀တ်စုံဒီဇိုင်းတော့ ဖြစ်ရမှာပါ"ဟု မြန်မာဒီဇိုင်နာကလပ်အဖွဲ့ဝင်၊ ပြည်တွင်းပြည်ပ ဖက်ရှင်ရှိုးပွဲများစွာအတွက် ၀တ်စုံများ တီထွင်ချုပ်လုပ်သည့် ဖက်ရှင်ဒီဇိုင်နာ မပုံ့ (My Favourite)က ပြောသည်။

စာပေအမျိုးအစား ခြောက်မျိုးကို စာပေစိစစ်ရေးကို တင်ပြရန်မလိုဘဲ တင်ပြပြီးမှ ထုတ်ဝေသည့်စနစ်(တင်ထုတ်)မှ ထုတ်ဝေပြီးမှ တင်ပြသည့်စနစ်(တင်ထုတ်)သို့ ကူးပြောင်းခဲ့ပြီးနောက် စာပေစိစစ်ရေး တင်ပြစရာမလိုသည့် အမျိုးအစားထဲမှ ဖက်ရှင်အသားပေး စာနယ်ဇင်းများ၌ စာအရေးအသားဖော်ပြမှုများ၊ ဓာတ်ပုံဖော်ပြမှုများအပေါ် ပရိသတ်အချို့ အငြင်းပွားမှုများ ဖြစ်ပေါ်လာခဲ့ပြီး အချို့ကလည်း ယင်းဖော်ပြချက်များအပေါ် ကြိုဆိုမှုများ ရှိနေပြန်သည်။ သို့ရာတွင် ဘာသာရေးနှင့် ပတ်သက်သည့် ဖော်ပြချက်များနှင့် ပတ်သက်၍မူ ယင်းသို့မလုပ်ဆောင်သင့်ကြောင်း အများစုက သုံးသပ်ပြောကြားသည်။

ရွှေအမြုတေနှင့် အလင်းတန်းဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ညိမ်းက "လွတ်လပ်ခွင့်နဲ့အတူ တာဝန်ယူမှုရှိရမယ်။ လွတ်လပ်စွာရေးသားခွင့် ရှိတယ်ဆိုတိုင်း ရေးချင်တိုင်းရေးမယ်။ စည်းမဲ့ကမ်းမဲ့ တင်ပြချင်တိုင်း တင်ပြမယ်ဆိုရင် တာဝန်ယူမှုဆိုတာ မရှိနိုင်တော့ဘူး။ ကျွန်တော်တို့က အာရှနိုင်ငံသားတွေ ဖြစ်တဲ့အတွက် ယဉ်ကျေးမှုနဲ့ ကိုက်ညီဖို့လိုတယ်။ အရှက်အကြောက်တရား ရှိရမယ်။ ဘုရားပေါ်ကိုတက်ရင် စကတ်နဲ့ မတက်ရဘူးဆိုတာ တကယ်လိုအပ်လို့ ထုတ်ထားတဲ့စည်းကမ်း။ ဘုရားမှာ ကော့လန်ကန်ကားပုံစံ၊ မိဘနဲ့မောင်နှမ

သားအမိ အမြင်မတင့်တယ်တဲ့ ပုံစံမျိုး မလုပ်ရဘူးဆိုတာ မြန်မာဖြစ်ရင် လိုက်နာဖို့လိုတဲ့ လူမှုရေးကျင့်ဝတ်တွေပဲ။ ဒါစာနယ်ဇင်းကျင့်ဝတ်တောင် မဟုတ်ဘူး။ အယ်ဒီတာဆိုတာ မဂ္ဂဇင်းမှာလုပ်လိုက်တဲ့ ကိစ္စတိုင်းမှာ တာဝန်ယူရမယ်။ ကိုယ့်မဂ္ဂဇင်းရောင်းရဖို့ တစ်ခုတည်းကို ကြည့်လို့မရဘူး။ အယ်ဒီတာက စီးပွားရေးသမား မဟုတ်ဘူး။ သူပေးလိုက်တဲ့ မက်ဆေ့ခ်ျမှာ သူ့စေတနာ ပေါ်လွင်နေရမယ်။ ခုတောင် ဒီပြဿနာက ဖေ့စ်ဘွတ်ခ်မှာ ဝေဖန်နေပြီဆိုတော့ တာဝန်ရှိသူအနေနဲ့ ဖြေရှင်းဖို့လိုတယ်"ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ နေရာဒေသများဖြစ်ပြီး အထူးသဖြင့် ပွင့်လင်းလွတ်လပ်လာသော ယနေ့ကာလမျိုးတွင် မိမိတို့၏ တိုင်းရင်းသား ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံသားတို့က စံပြုအလေးထား တန်ဖိုးမြှင့်တင်ပေးမှသာ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို တိုင်းတစ်ပါးသားတို့က တန်ဖိုးထား လေးစားတတ်မည်ဖြစ်သည်။

"ဒီပုံတွေကို ပုဂံမှာသွားရိုက်မယ်ဆိုတာတော့ သိတယ်။ ပုဂံရောက်မှ ၀တ်စုံကိုကြည့်တော့ ဗိုက်ပေါ်နေတာတို့၊ ကျောပေါ်နေတာတို့ ဖြစ်နေတာကို တွေ့လိုက်ရတာပါ။ နောက်ဆိုရင်တော့ ကျွန်တော်အတတ်နိုင်ဆုံး ဖက်ရှင်နဲ့ သာသနာ့နယ်မြေနဲ့ မတွဲမိအောင် လုံးဝရှောင်သွားမယ်"ဟု ဓာတ်ပုံများ ရိုက်ကူးခဲ့သည့် ဓာတ်ပုံထက်အောင်ကျော်က ပြောကြားခဲ့သည်။

"ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း သာသနိကအဆောက်အအုံတွေကို နောက်ခံပြုပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုနဲ့ ဓာတ်ပုံရိုက်ကူးတာကို ခွင့်မပြုပါဘူး။ ဘုရားပရိဝုဏ်အတွင်း စကတ်၊ ဘောင်းဘီမ၀တ်ရ၊ ရင်ဟိုက်၊ လည်ဟိုက်အကျ မ၀တ်ရဆိုတဲ့ ဆိုင်းဘုတ်တွေ စိုက်ထူထားပါတယ်။ မြန်မာ့ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာအပေါ် နိုင်ငံခြားသားတွေ အထင်မလွဲမှားဖို့ လုံခြုံရေးဝန်ထမ်း အင်အားပေါ်မူတည်ပြီး ဘုရားတွေမှာ လှည့်လည်စစ်ဆေးသွားပါမယ်"ဟု ဦးမျိုးညွန့်က ပြောသည်။

လူမျိုးရှိလျှင် ရိုးရာရှိမည်။ ရိုးရာရှိလျှင် ယဉ်ကျေးမှုရှိမည်။ လူမျိုးတစ်မျိုး၏အဆင့်ကို ၄င်းတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကိုကြည့်၍ သတ်မှတ်ဆုံးဖြတ်ကြသည်သာ ဖြစ်သည်။ လွန်ခဲ့သည့် လေးနှစ်ခန့်က မဲခေါင်ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံရှိ လွန်ပရာဘန်မြို့တော်ကို ကမ္ဘာ့ရှေ့ဟောင်း အမွေအနှစ်စာရင်းမှ ပယ်ဖျက်မခံရရေးအတွက် ယင်းမြို့တော်ဟောင်း ဗဟိုချက်၌ ဟိုတယ်သစ်များ တည်ဆောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု သိရသည်။ အခြားသော တိုင်းတစ်ပါးနိုင်ငံများတွင် မိမိတို့ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးအကျိုးအမြတ် ရလိုမှုရှိပါလျက်နှင့်ပင် ငွေကြေးရလိုမှုတစ်ခုတည်း မကြည့်ဘဲ ယဉ်ကျေးမှုအမွေအနှစ်များကို အလေးထား ထိန်းသိမ်းစောင့်ရှောက်နေကြသည်။ မိမိတို့နိုင်ငံတွင် ဘာသာခြား၊ လူမျိုးခြားတို့၏အမြင်၌ မတင့်တယ်သော ၀တ်စားဆင်ယင်မှုများဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို အသုံးချနေခြင်းအား ရှောင်ရှားကြရန် ၀ိုင်းဝန်းထိန်းသိမ်းသွားရမည်သာ ဖြစ်ပါသည်။

ရေးသားသူ- အေးသူစံ

by 7Day News Journal




တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဒေါ်အောင်ဆန်း စုကြည် ပြည်သူ့ လွှတ်တော် တွင် ဆွေးနွေး

Posted: 24 Jul 2012 09:46 PM PDT



ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၄ ရက် နေ့မြောက်နေ့ အစီအစဉ် ၆တွင် အစည်းအဝေး သတ္တမမြောက်နေ့က တင်သွင်းထားသော ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ "တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး" အဆိုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးနေစဉ်
ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေစဉ်
ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၄ ရက် နေ့မြောက်နေ့ အစီအစဉ် ၆တွင် အစည်းအဝေး သတ္တမမြောက်နေ့က တင်သွင်းထားသော ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ "တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး" အဆိုကို
(က) ဦးခမိုင်မုံကွမ် (ခ) ဦးခမိုင်တန် ၊ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်
(ခ) ဒေါ်ခင်စောဝေ ရသေ့တောင် မဲဆန္ဒနယ်
(ဂ) ဒေါ်အောင်ဆန်းစုကြည် ကောမှုးမဲဆန္ဒနယ်
(ဃ) ဦးအုန်းကြိုင် မဟာအောင်မြေ မဲဆန္ဒနယ်
(င) ဦးကျော်သီဟ ပြင်ဦးလွင် မဲဆန္ဒနယ်
(စ) ဦးမင်းသူ ဥတ္တရသီရိမဲဆန္ဒနယ်
(ဆ) ဦးရွေမောင် (ခ) ဦးအဒူရော်ဇက် ဘူးသီးတောင်မဲဆန္ဒနယ်
(ဇ) ဦးစိုင်းမောင်တင် လဲခြားမဲဆန္ဒနယ်
(ဈ) ဦးစိုင်းကျော်မြင့် မိုးနဲမဲဆန္ဒနယ်တို့က ဆွေးနွေးနေပြီဖြစ်သည်။

Popular Myanmar News Journal


ဆေးကျောင်းသူ ဝင်ခွင့်အချိုး ၁ဝ ရာခိုင်နှုန်းတိုး

Posted: 24 Jul 2012 09:40 PM PDT

ဆေးတက္ကသိုလ်၌ တက်ရောက်ပညာ သင်ကြားခွင့်ပြုမည့် ကျောင်းသူအချိုး ကို ယခုပညာသင်နှစ်မှစ၍ တိုးမြှင့်သွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ပြောသည်။
ယခင်က ဆေးတက္ကသိုလ်မှ လက်ခံရာတွင် ကျောင်းသူ ဦးရေ အား ၄ဝ ရာခိုင်နှုန်းအထိသာ ခွင့်ပြု ပေးခဲ့သော်လည်း ယခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
''ဝင်ခွင့်ရတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးဦးရေကို တန်းတူ ပေးလိုက်တာ ပါ''ဟု ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆက်လက်ပြော သည်။
ယခုပညာသင်နှစ်တွင် ဆေးတက္ကသိုလ်အသီးသီးတို့၌ ဝင်ခွင့်ရကျောင်း သား ကျောင်းသူဦးရေ ၁၂ဝဝ ကိုသာ လက်ခံပေးမည်ဖြစ်ရာ ပညာရေး ဝန်ကြီးဌာနက လျှောက်ထားသူများ၏ အမှတ်အလိုက် စီတန်းကာ ရွေးချယ် သွား မည်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန၏ သဘောတူညီမှုဖြင့် ကျောင်းသား ၆ဝဝ နှင့် ကျောင်း သူ ၆ဝဝ လက် ခံသွားမည့်အထဲတွင် နယ်စပ်ဒေသ နှင့် ဝေးလံခေါင် ပါးသောဒေသမှ ဆေးကျောင်းတက်ရန် ယခုနှစ် တက္ကသိုလ် ဝင်တန်းအောင် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူ သုံးရာခိုင်နှုန်း ပါဝင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ဝင်ခွင့်ရ ကျောင်းသား၊ကျောင်းသူများ လျှောက်ထားသည့်ဒေသနှင့် နီးကပ် သည့် ဆေးတက္ကသိုလ်တို့တွင်သာ တက်ရောက်ခွင့်ပြုသည့် စနစ်ကိုပါ ယခုနှစ်တွင် ပူးတွဲကျင့်သုံးတော့မည်ဖြစ်သည်။ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်များ၌ ယခုနှစ် ပညာသင်နှစ်တွင် အပြောင်းအလဲပြုလုပ်မည် မဟုတ်ဟု အထက် ပါဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆက်လက်ပြော သည်။
''သွားဆေးတက္ကသိုလ်က အမျိုးသမီး လက်ခံတဲ့ ဦးရေကို နဂိုကတည်းက သတ်မှတ်ထားတာ ရှိထားပြီးသားပါ။ ကျောင်းသား အတိုးအလျှော့ ဒါတွေလည်း ဒီနှစ်မှာလုပ်ဖို့ ဘာမှ မကြားထားမိပါဘူး''ဟု ပြောသည်။
၂ဝ၁၁-၂ဝ၁၂ တက္ကသိုလ်ဝင်ခွင့်တွင် ဆေးတက္ကသိုလ်အတွက် ကျောင်းသူ ဦးရေ ၄ဝ ရာခိုင်နှုန်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျောင်းသူ ဦးရေ ၂ဝ ရာခိုင်နှုန်း၊ သူနာပြုတက္ကသိုလ်တွင် ကျောင်းသား ဦးရေ ၁ဝ ရာခိုင်နှုန်းနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တွင် ကျောင်းသူဦးရေ ၂ဝ ရာခိုင်နှုန်း လက်ခံခဲ့သည်။

Popular Myanmar News Journal


တရုတ်သတင်းစာ ဘာသာပြန်လွဲမှား၊ မြစ်ဆုံသဘောထား ပြည်သူနှင့် တစ်ထပ်တည်းပါဟု ဦးအောင်သိန်းလင်း ပြောကြား

Posted: 24 Jul 2012 09:38 PM PDT

တရုတ်နိုင်ငံထုတ်Southern Weekend အပတ်စဉ်ထုတ် သတင်းစာ ၌ ဖော်ပြထားချက်သည် မိမိ၏ဖြေဆိုမှုနှင့် လွဲမှား နေသည်ဟု ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင်ဦးအောင် သိန်းလင်းက ပြောသည်။
''သူတို့ ဘာသာပြန်လွဲမှားပြီး ရေးတာ။ သူတို့လွဲတာပဲ ဖြစ်နိုင်ပါတယ်။ ဒီဟာ(မြစ်ဆုံစီမံကိန်း)နဲ့ ပတ်သက်ပြီး ထင်ထင် ရှားရှားဖြစ်အောင် လေ့လာ ဆန်းစစ်သင့်တယ်လို့ ကျွန် တော့်ယူဆချက် အတိုင်း ပြောတာ။ လေ့လာ ဆန်းစစ်ပြီးတော့မှ ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ် တွေကို ထိခိုက်နိုင်တယ်ဆိုရင်တော့ ဒီလုပ်ငန်းတွေက လုပ်လို့မဖြစ်ဘူး ဆို ဘယ်သူ မှလုပ်ကြမှာ မဟုတ် ပါဘူးလို့''ဟု ဇူလိုင် ၂၃ ရက်၊ ညနေ ၆ နာရီခွဲခန့် တွင် ပေါ်ပြူ လာနယူးစ်၏ ဆက်သွယ်မေးမြန်းချက်ကို ဦးအောင်သိန်းလင်း က ပြန်လည်ဖြေကြားခဲ့သည်။
တရုတ်သတင်းစာဘက်မှ ရန်ကုန်၌ လာရောက်မေးမြန်းသည်မှာ တစ်လ ခွဲခန့်ကြာပြီဖြစ်ကြောင်း ဦးအောင်သိန်းလင်းက ပြောသည်။ Southern Weekend အပတ်စဉ်ထုတ်သတင်းစာ၌ တရုတ် ဘာသာဖြင့် ဖော်ပြ ထား သည့် အဆိုပါအင်တာဗျူးကို www.bur-manet.org တွင် အင်္ဂလိပ် ဘာသာဖြင့် ပြန်ဆိုဖော်ပြထားကြောင်း သိရသည်။ ယင်းသို့ ဘာသာပြန် လွဲမှားမှု နှင့် ပတ်သက်၍ တရုတ်သတင်းစာ သို့ ဆက်သွယ်ပြီး ဖြေဆိုထားမှု အပေါ် ပြန်စစ်ဆေးပေးရန်နှင့် အမှား ပြင်ဆင်ချက် ပြန်ထည့်ခိုင်းမည်ဟု ဦးအောင်သိန်းလင်းက ပြောသည်။
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ၄င်း၏သဘောထားသည် ပြည်သူ လူထု သဘောထားနှင့် တစ်ထပ် တည်းဟု ဦးအောင်သိန်းလင်းက ပြောသည်။
''ဒါကြီး(မြစ်ဆုံစီမံကိန်း)လုပ် ပြီးတော့ တစ်ချိန်ချိန် ကာလကြာ လာတဲ့ အခါမှာ ပြိုကျ ပျက်စီးလို့ရှိရင် အောက်မှာရှိတဲ့လူတွေ ခံရမယ်။ ရာနှုန်းပြည့် သေချာမှ၊ လုံခြုံရေးတို့၊ အဓိက လုံခြုံရေး။ ရှုထောင့်အမျိုး မျိုးက ကြည့်ရမှာပဲ။ ဒါက ကြီး ကျယ်တဲ့လုပ်ငန်းကြီးဖြစ်တယ်လေ။ လုပ်ငန်းအကြီးကြီးဖြစ်တဲ့အတွက် သေချာစဉ်းစားပြီးမှ သုံးသပ်ဖို့လို တယ်လေ။ အဓိက ကတော့ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် ထိခိုက်အောင် မလုပ်သင့်ဘူး။ လူတွေ ဘေးမရှိဘူးဆိုရင် တစ်မျိုး ပေါ့''ဟု ၄င်းက ဆက်လက်ပြောသည်။
အနောက်နိုင်ငံများနှင့် ပတ်သက်၍ ဖြေဆိုထားမှုအပေါ် ပေါ်ပြူလာနယူးစ် မှ မေးမြန်းခဲ့ရာ အနောက် နိုင်ငံများအပေါ် ၄င်းအနေနှင့် နှစ်သက်မှု မရှိကြောင်း အမျိုးသားရေး စိတ်ဓာတ်အရ ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း၊ မြန် မာနိုင်ငံသို့ အမြဲမပြတ် လာရောက်နေသော်လည်း စီးပွား ရေး ပိတ်ဆို့ထား မှုအပေါ် မဖွင့်သေး သည့်အပြင် ထပ်မံကာ သက်တမ်း တိုးနေခြင်းကြောင် ဖြစ်သည်ဟု ဦးအောင်သိန်းလင်းက ပြောသည်။
ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်နှင့်ပတ်သက်၍ မေးမြန်း ခဲ့ရာ ''လူတွေ ရူးနေတယ်လို့ မပြော ဘူး။ ဒီနှစ် ဒီရာသီမှာ သူ့ကို ခရေစီ ဖြစ်နေ တာပေါ့။ ဗိုလ်ချုပ်သမီး ဆိုတဲ့ အစွဲအလမ်းနဲ့ မဲထည့်တာကို ပြော တာပါ''ဟု ၄င်းက ပြန်လည်ဖြေ ကြားခဲ့သည်။ ပြည်ခိုင်ဖြိုး အထွေထွေအတွင်း ရေးမှူး ဦးဌေးဦးက ဦးအောင်သိန်းလင်း အနေဖြင့် တရုတ်သတင်းထောက် အား ပြောကြားခဲ့ခြင်းတို့ သည်ပါတီမှ အစည်းအဝေးလုပ်၍ ထုတ်ပြန်ခဲ့ခြင်း မဟုတ်၍ ပါတီ၏ သဘောထား မဟုတ်ကြောင်း၊ ၄င်းအပြင် ဦးအောင်သိန်းလင်း၏ ပြောဆိုခဲ့မှုကို မသိမကြား ခဲ့ရ၍ မှတ်ချက်မပေး လိုကြောင်း ပြောသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် နေထိုင်လျက်ရှိပြီး မြန်မာစကားပြန် အဖြစ် ဆောင်ရွက်နေသူ တရုတ် နိုင်ငံသား အမျိုးသမီးတစ်ဦးက ''မြန်မာလို ပြောတဲ့ဟာကို တရုတ် လို ပြန်ရေးသားတဲ့အခါ အမှား အယွင်း ဆိုတာ ရှိတတ်ပါတယ်''ဟု ဘာသာပြန်ဆိုမှုဆိုင်ရာ အခက်အခဲ ကို အင်တာနက်မှတစ်ဆင့် ပြောသည်။

Popular Myanmar News Journal


မြို့ပြ၏အဆင်မပြေမှု အန်မတုနိုင်၍ ကြိုးဆွဲချအဆုံးစီရင်ခြင်း ယမန်နှစ်ထက် သိသာစွာမြင့်တက်

Posted: 24 Jul 2012 09:36 PM PDT

အဆင်မပြေသော လူမှု စီးပွားအခြေအနေကြောင့် ရန် ကုန်တိုင်းဒေသကြီး အတွင်း ကြိုးဆွဲချအဆုံးစီရင်မှုမှာ ယမန် နှစ်ကထက် သိသာစွာမြင့်တက် လာကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ မှုခင်းမှတ်တမ်းဌာနရဲအရာရှိ တစ် ဦးက ရန်ကုန်တိုင်းဒေသကြီးအတွင်း မိမိကိုယ်မိမိ အဆုံးစီရင်မှုမှာ ယခင်နှစ်က အမှုပေါင်း ၄ဝ ခန့်သာရှိ ခဲ့သော်လည်း ယခုနှစ်တွင်မူ ဇူလိုင် ၁၄ ရက်နေ့ အထိ ကြိုးဆွဲချသေဆုံး မှု ၆ဝ မှု၊ အဆိပ်သောက်မှု ၆ မှု နှင့် တိုက်ပေါ်မှ ခုန်ချမှု ၂ဝ မှုဖြစ် ပွားခဲ့သည်ဟုပြောသည်။ သေဆုံးသူ အများစု မှာ အသက် ၃ဝ မှ ၅ဝ နှစ်ကြား လူလတ်ပိုင်းများဖြစ်ပြီး အမျိုးသား ၆ဝ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄ဝ ရာခိုင်နှုန်း ပါဝင် သည်ဟုသိရသည်။ အများအားဖြင့် ယခုနှစ်ပိုင်း အတွင်း စိတ်ကျန်းမာရေး အထူးကု ဆေးရုံသို့ရောက်ရှိလာသူ အများစု မှာ လူမှုရေးနှင့် လူမှုစီးပွားရေးအခြေ အနေများကြောင့် ရောက် ရှိလာ သူမှာ ပိုများကြောင်း ရန်ကုန်စိတ် ကျန်းမာရေး အထူးကုဆေးရုံ ကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦး ကျော်စိုးက ပြောသည်။ ''ပြီးခဲ့တဲ့နှစ်က စိတ်ကျန်းမာ ရေး ဆေးရုံကို ရောက်လာတဲ့လူနာ က ၉ဝဝ ဝန်းကျင်လောက် ပဲ ရှိပေ မယ့် ဒီနှစ်မှာတော့ ၁ဝ၃၁ ဦးရှိနေပြီ။ ဒါက ဆေးရုံကိုရောက်လာတဲ့ လူနာအရေ အတွက်ပဲရှိသေးတယ်။ အပြင်မှာ ရောဂါဖြစ်ပွားနေတဲ့လူနာ အရေအတွက်က ဘယ်လောက် ပမာဏရှိတယ်ဆိုတာကို မှန်းဆရ ခက်တယ်။ သေချာတာကတော့ စီးပွားရေးနဲ့ လူမှုရေးအခြေ အနေ တွေကြောင့် စိတ်ရောဂါခံစား နေရ တဲ့သူတွေဟာ နှစ်စဉ်နဲ့အမျှ ပိုများ လာတယ်''ဟု ၄င်းကဆိုသည်။ စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီး တစ်ဦးက စိတ်ရောဂါ သည် ပြောင်းလဲလာသော ခေတ် နှင့်အညီ ဇီဝကမ္မ အရဖြစ်ပွားမှုနှုန်းမှာ လျော့နည်းသွားသော်လည်း စီးပွား ရေးအဆင်မပြေမှု၊ လုပ်ငန်းခွင်စိတ် ဖိစီးမှု၊ မိသားစုနှင့်လူမှုရေးဆိုင်ရာ အဆင်မပြေမှုများအပြင် အရက်နှင့် မူးယစ်ဆေးတို့ကြောင့် စိတ်ကျရောဂါနှင့် စိတ်ကစဥ့်ကလျားရော ဂါ ဖြစ်ပွားသူမှာ ပိုမိုများပြားလာ ကြောင်း၊ ထို့အပြင် ကျန်းမာရေး အခြေ အနေကြောင့် စိတ်ကျရောဂါ ဖြစ်ပွားသူမှာလည်း တစ်နေ့တခြား ပိုမို လာခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားရ ခြင်းမှာ နဂိုစိတ်ပိုင်းဆိုင်ရာ အရ နုနယ်သူများ အနေဖြင့် ပြင်းထန် သောအခြေအနေအကြောင်းတရား တစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ခံနိုင်ရည်မရှိတော့ဘဲ လွဲမှားသော အပြုအမူများဖြင့် စိတ်ထွက်ပေါက် ရှာတတ်ကြောင်း၊ ရောဂါခံစားနေရ သူများအနေဖြင့် တစ်ကိုယ်တည်း သီးသန့်နေထိုင်လိုခြင်း၊ မကြာခဏ စိတ်ထိခိုက်ခံစားကာ ဝမ်းနည်းကြေ ကွဲနေခြင်း၊ မိမိဘာသာတစ်ဦးတည်း စကားပြောနေခြင်း များနှင့် ထင် ယောင်ထင်မှားဖြစ်သည့်ရောဂါ လက္ခဏာများကို အများစု ခံစားရ ကြောင်း၊ ထိုသို့စိတ်ရောဂါသည်များ အား ကာယကံရှင်၏မိသားစုနှင့် ပတ်ဝန်းကျင်မှ ပစ်ပယ်မထားသင့်ဘဲ ဝိုင်းဝန်းကူညီစောင့်ရှောက်ရန် လို အပ်သည့်အပြင် စောစီးစွာ ဆေးဝါး ကုသမှုပေးရန်လည်း လိုအပ်ကြောင်း ပြောသည်။
''ဒီရောဂါဟာ စိတ်ကြောင့် ဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက် လူနာ ကို ဆေးဝါး တစ်ခုတည်းနဲ့ ကုသဖို့ဆို တာမဖြစ်နိုင်ဘူး။ လူနာရဲ့မိသားစု နဲ့ပတ်ဝန်းကျင် ကပါ ဝိုင်းဝန်းစောင့် ရှောက်ပြီး စိတ်အားဖြင့် ကုသပေးဖို့ လိုတယ်။ ဒီလိုမှမဟုတ်ရင် လူနာ အနေနဲ့ထွက်ပေါက်ရှာပြီး ကိုယ့် ကိုယ်ကိုယ် အဆုံး စီရင်တဲ့အထိ ပြု လုပ်လာနိုင်သလို အဲဒီလိုဖြစ်ခဲ့ တာ တွေလည်း အများ ကြီးတွေ့ရတယ်'' ဟု ၄င်းကဆိုသည်။
ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာ ဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက် တာဒေါ်ခင်အေးဝင်းက ယနေ့အချိန် အခါ၌ စီးပွားရေးအဆင် မပြေမှု ကြောင့် ဖြစ်ပွားရသည့် စိတ်ရောဂါ သည်များမှာ ပိုမိုများပြား လျက်ရှိပြီး ရောဂါဝေဒနာခံစားရသူ အများစုမှာ လောကဓံကို ကြံ့ကြံ့ခံနိုင် စွမ်းမရှိ သည့်နုနယ်သောအမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း၊ ၄င်းတို့ သည် စီးပွားရေးအဆင်မပြေမှုများ အပြင် လူမှုရေး အဆင်မပြေမှု များကို တွဲဖက်၍ အခံရဆုံးသူများဖြစ် ကြောင်း၊ စိတ်ပညာရှုထောင့်အရ စိတ်ရောဂါဖြစ်ပွားသူအများစုမှာ လူ မှုစီးပွားရေးအဆင်မပြေမှုကြောင့် အများဆုံးဖြစ်ပွားနေကြရပြီး ¤င်းတို့ အနက် ဆင်းရဲနွမ်းပါးသူများနှင့် လူ လတ်တန်းစားများမှာ စိတ်ဖိစီးမှု ဒဏ်ကြောင့်ဖြစ်သော စိတ်ကျရော ဂါကို ၉၈ ရာခိုင်နှုန်းခန့် ခံစားနေရ ကြောင်း၊ ထို့အတူ အဓိကရုဏ်းဖြစ် ပွားနေသော နေရာများနှင့် စစ်ပွဲများ ဖြစ်ပွားနေသည့်နေရာများတွင် နေ ထိုင်သူ ၉ဝ ရာခိုင်နှုန်းခန့်မှာလည်း အလားတူ စိတ်ရောဂါများအား ခံစား နေရကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်မှလည်း ၂ဝ၂ဝ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူအသေအပျောက် အများဆုံးရောဂါမှာ စိတ်ရောဂါဖြစ် လာမည်ဟု ထုတ်ပြန်ထားကြောင်း ပြောသည်။ သုတေသနပြုချက် အရ ကျေး လက်ထက်မြို့ပြတွင် စိတ်ရောဂါဖြစ် သူပိုများကြောင်း၊ မြို့ပြနေအများစု သည် စားဝတ်နေရေးအတွက် ရုန်း ကန်ရချိန်ပိုများသဖြင့် စိတ်ပျော်ရွှင် ချိန်နည်းလာပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သည့် စရိုက်လည်း နည်းလာ ကြောင်း ၄င်းကပြောသည်။ ''အထူးသဖြင့် ရန်ကုန်လို မြို့ကြီးမှာ ဒီလိုစိတ်ကျဝေဒနာ ခံစားနေရတဲ့သူတွေဟာ အခုအချိန် မှာ အရင်ထက် ပိုများလာတာ တွေ့ ရတယ်''ဟု ၄င်းကဆိုသည်။ လူမှုစီးပွားရေး အခက်အခဲ များ ကြောင့် ဖြစ်ပွားသောစိတ်ရောဂါများ မှာ လူလတ်ပိုင်းအရွယ်သာမက ၄င်းတို့အပေါ်မှီခိုနေရသော ဆယ် ကျော်သက်အရွယ်ကလေးသူငယ် များတွင်ပါ စိတ်ကျရောဂါများ ကူးစက်ဖြစ်ပွားစေနိုင်ကြောင်း၊ ယနေ့ ခေတ် တွင် မိသားစုအများစုမှာ စားဝတ်နေရေးအဆင်ပြေစေရန်အ တွက် မိဘနှစ်ပါးလုံး လုပ်ငန်းခွင် အသီးသီး၌ ဝင်ရောက်လုပ်ကိုင် နေကြရပြီး ၄င်းတို့၏သားသမီး များမှာ မိဘအုပ်ထိန်းမှုနှင့် ကင်း ကွာမှုများသည့်အပြင် ပညာရေး တစ်ခုတည်းအပေါ်၌သာ အာရုံ စိုက်နေရသည်ကများကြောင်း၊ ထို ကလေးငယ်များအနေဖြင့် ၄င်းတို့ ၏မိဘများ လူမှုစီးပွားရေးအဆင် မပြေမှုနှင့် ၄င်းတို့ပတ်ဝန်းကျင်တွင် အဆင်မပြေမှုများ ကြုံတွေ့ရပါက ခံစားချက်များကို တိုင်ပင်ဆွေးနွေး မည့်သူမရှိသည့်အတွက် စိတ်ကျ ရောဂါ များခံစားရကာ စိတ်ထွက် ပေါက်အလွဲများကို အသုံးပြုလာ ကြသည်ကိုတွေ့ ရှိရကြောင်း၊ ထိုသို့ ဆယ်ကျော်သက်အရွယ် စိတ်ကျ ရောဂါခံစား ရသူများ အနက် ယောက်ျားလေးအရေအတွက်မှာ ၁၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး မိန်း ကလေးအရေအတွက်မှာ ၁၅ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း စိတ် ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာမြင့်သန်းထံမှ သိရသည်။
P.N(Health Group)

Popular Myanmar News Journal


AIDS ဖဲကြိုးနီဆု မြန်မာနိုင်ငံက The Help အဖွဲ့ရရှိ

Posted: 24 Jul 2012 09:23 PM PDT

ဝါရှင်တန်မှာကျင်းပနေတဲ့ AIDS ညီလာခံ။ (ဓာတ်ပုံ/ကြေးမုံ)
နှစ်နှစ်တခါ ကျင်းပနေတဲ့ နိုင်ငံတကာ AIDS ညီလာခံတိုင်းမှာ AIDS ရောဂါ တိုက်ဖျက်ရေး လုပ်နေ တဲ့ အခြေခံ လူမှုအဖွဲ့အစည်းတွေကို Red Ribbon Award (ဖဲကြိုးနီဆု) ချီးမြှင့်လေ့ ရှိပါတယ်။ ကုလသမဂ္ဂ AIDS ရောဂါတိုက်ဖျက်ရေး အေဂျင်စီနဲ့ ပူးတွဲပေးတဲ့ ဆုပါ။ ၀ါရှင်တန်ဒီစီမှာ အခု ကျင်းပနေတဲ့ 2012 နိုင်ငံတကာ AIDS ညီလာခံမှာ 2012 ခုနှစ်ရဲ့ ဖဲကြိုးနီဆု ချီးမြှင့်ခံရတဲ့ အထဲ မြန်မာနိုင်ငံက The Help ဆိုတဲ့ အဖွဲ့ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တကယ့် အောက်ခြေ လူထုကြားထဲ AIDS ပညာပေးရေး လုပ်နေတဲ့အဖွဲ့ကို အခုလို အသိအမှတ်ပြုခံရတာဟာ တိုင်းပြည်တွင်း ပညာပေးရေး လုပ်ငန်းတွေအတွက် အားဖြစ်စေတယ်လို့ ညီလာခံကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံက လူမှုရေးလုပ်ငန်းတွေ လုပ်နေသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးထားပါတယ်။

နိုင်ငံတကာ AIDS ညီလာခံကနေ ပေးတဲ့ ၂၀၁၂ ခုနှစ် ဖဲကြိုးနီဆုတွေမှာ အမျိုးအစားအလိုက် ခွဲပြီး ပေးတဲ့နေရာ the Help Myanmar အဖွဲ့ဟာ လိင်ကတဆင့် HIV ကူးစက်မှုကို ကာကွယ်ရေး လုပ်ငန်း လုပ်ဆောင်မှု ခေါင်းစဉ်အောက်မှာ ဆု ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် အစော ပိုင်းက ထူထောင်ခဲ့တဲ့ ဒီအဖွဲ့ဟာ လိင်တူချင်း ဆက်ဆံသူတွေကို အဓိက ပစ်မှတ်ထား ပညာပေး ကူညီတဲ့အဖွဲ့ဖြစ်ပြီး လူ့အဖွဲ့အစည်းမှာ ဘေးဖယ်ခံရတဲ့ ဒီလူတွေရဲ့အသံ၊ ဒီလူတွေရဲ့ ခံစားမှုတွေကို အများလူငါသိအောင် ဖော်ထုတ်ပေးတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆုကြေညာချက် မှာ ဖော်ပြထားပါတယ်။
ရည်မှန်းချက်ကတော့ HIV ရောဂါပိုး ကူးစက်ခံရတဲ့ လိင်တူချင်း စိတ်ဝင်စားသူတွေကို လူမှု အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှု လျှော့ပါးလာအောင် ကြိုးပမ်းနေတဲ့ အဖွဲ့လို့ ဆိုထားပါတယ်။

အခုလို မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေ အသိအမှတ်ပြုခံရတာဟာ မြန်မာနိုင်ငံတွင်း AIDS ရောဂါတိုက်ဖျက်ရေးလုပ်ကိုင်နေသူ လူမှုရေးလုပ်သားတွေအတွက် အားတတ်စရာပါလို့ AIDS ညီလာခံကို တတ်ရောက်နေသူတဦးဖြစ်တဲ့ ဂျွန်ဟော့ပ်စကင်းတက္ကသိုလ်က ပညာသင်ဆုရထားတဲ့ ကိုအောင်မင်းသိန်းက ပြောပါတယ်။

"အဖွဲ့နာမည်က The Help ပေါ့နော်။ မန္တလေးမှာဖွဲ့ထားတာပေါ့။ MSM ပေါ့။ Men who have sex with men target population ကလေ။"

MSM  ဆိုတာကရော လိင်တူချင်း ဆက်ဆံတဲ့ဟာကို ပြောတာလား။

"ဟုတ်ပါတယ်။"

အဲဒါကရော သူ့လှုပ်ရှားမှုက မြန်မာနိုင်ငံထဲမှာ ဘယ်လောက်ထိ အောင်မြင်မှုရှိပါသလဲ။ လူထုလက်ခံမှု ဘယ်လောက်ရှိပါလဲ။

"သူ့ရဲ့ base ကတော့ မန္တလေးမှာပေါ့နော်။ မန္တလေးမှာ လုပ်တဲ့အထဲမှာ self help group ပဲ ခေါ် ရမှာပေါ့။ Self Help Group ရဲ့ ခေါင်းဆောင်ပေါ့။ သူက လုပ်တာတော့ တော်တော်ကြာခဲ့ပြီပေါ့။ ၆ နှစ်၊ ၇ နှစ် ဝန်းကျင်လောက်တော့ ရှိခဲ့ပြီ။ သူက cover ဖြစ်တဲ့ ဧရိယာကတော့ တော်တော်ကြီး တယ်ပေါ့။ အဲဒီ Self Help Group အနေနဲ့ဆိုရင် မန္တလေးမှာ အကြီးဆုံးလို့ ပြောလို့ရတာပေါ့နော်။"

ကိုအောင်မင်းသိန်းတို့ကလည်း လက်ရှိ မြန်မာနိုင်ငံထဲမှာ လုပ်နေတယ်ဆိုတော့ အခုလိုမျိုး AIDS ညီလာခံတွေကနေပြီးတော့ မြန်မာနိုင်ငံကနေ အဖွဲ့အစည်းတွေတက်လာတယ်။ တချို့လည်း ခုနပြောသလို Red Ribbon Award လိုဆုတွေရတယ်။ ဒီလို အခြေအနေမျိုးတွေက အထဲမှာ လုပ်တဲ့ကိစ္စတွေအတွက် ဘယ်လောက်ထိ အထောက်အပံ့ဖြစ်သလဲ ခင်ဗျ။

"ကျနော်တို့အနေနဲ့ကတော့ပေါ့နော်-community မှာ လုပ်တဲ့ဟာလေးကို ကမ္ဘာက သိအောင် ပြဖို့ လည်း လိုအပ်တယ်ပေါ့နော်။ ဒီကိုလာရခြင်းအားဖြင့် ကျနော်တို့အတွက်ကတော့ အရမ်းထူးခြားတဲ့ ပွဲလို့လည်း ပြောလို့ရတာပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်တွေက ကိုယ့်အလုပ်နဲ့ကိုယ် ကိုယ့်နိုင်ငံမှာပဲ လုံးလည်ချာလည်လိုက်ပြီး လုပ်နေကြရတာ။ ဒီလိုမျိုး ပွဲတွေ လုပ်လိုက်တဲ့အခါကျတော့ ကျနော်တို့ ဘာတွေလုပ်နေတယ်၊ ဘာတွေ လိုအပ်တယ်ဆိုတာ ဒီမှာ ပြောခွင့်ရတယ်ပေါ့နော်။ နောက် တချက်ကတော့ သူများတွေက ဘာလုပ်နေလဲ၊ ဘယ်လိုလုပ်နေလဲဆိုတာ လေ့လာခွင့်ရတာပေါ့။ တကမ္ဘာလုံးက ဒီမှာလာပြီးတော့ sharing လုပ်ကြတာဆိုတော့။ ဒီလိုပွဲတွေကတော့ နောက်ထပ် လည်း များများလုပ်ဖို့ လိုတယ်လို့ ယူဆတာပဲ။"

ဒီ ဆုကိုတော့ အခု ဇူလိုင် ၂၅ ရက်နေ့ အမေရိကန်စံချိန် နေလည်ပိုင်းမှာ AIDS ညီလာခံ ကျင်းပ နေစဉ်အတွင်း ဆုချီးမြှင့်မှာဖြစ်ပြီး the Help Myanmar အဖွဲ့ရဲ့ တာဝန်ခံ သက်မွန်ဖြိုးက တက်ရောက် လက်ခံယူမှာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယိုမိန့်ခွန်း ပြောဖို့ရှိပါတယ်။ ဒီမတိုင်ခင်မှာတော့ AIDS ညီလာခံအတွင်း ဆွေးနွေးမှုတခုဖြစ်တဲ့ လိင်ကတဆင့် HIV ကူးစက်မှုနဲ့ ကာကွယ်ရေးပိုင်းဆိုင်ရာ ဆွေးနွေးပွဲမှာ The Help Myanmar ကလည်း ပါဝင် ဦးဆောင် ဆွေးနွေးဖို့ ရှိနေပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ - မြန်မာပိုင်း)


NLD ညီလာခံ ကိုယ်စားလှယ်တစ်ထောင်ကျော် တက်ဖို့ရှိ

Posted: 24 Jul 2012 09:15 PM PDT

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီညီလာခံ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေး ကော်မရှင်အဆင့်ဆင့်ကို ဖွဲ့စည်းလျက်ရှိရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ တိုင်းနဲ့ပြည်နယ် တစ်ဝက်လောက်မှာ မြို့ နယ်အဆင့်တွေ ဖွဲ့စည်းပြီးပြီ ဖြစ်ကြောင်း NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောပါတယ်။
"တိုင်းနဲ့ ပြည်နယ် တစ်ဝက်လောက်က မြို့ နယ်အဆင့်အထိ ရောက်သွားပြီ။ ရပ်ကွက်ကျေးရွာတော့ မဆက်နိုင်သေးဘူး။ ကျွန်တော်တို့ ရက်ကို သတ်မှတ်တာကို အမြန်ဆုံးဖြစ်အောင် တိုက်တိုက်တွန်းတွန်းနဲ့ လုပ်နေကြပါတယ်။ ကျွန်တော်တို့က ဒီနှစ်ထဲမှာ ညီလာခံတွေ အကုန်လုံး ပြီးစေချင်တယ်လေ။ အဓိကက မြို့နယ်ညီလာခံက ပိုပြီးတော့ အဓိက ကျတယ်"
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအဆင့် ညီလာခံကို နိုဝင်ဘာလလောက်မှာ ကျင်းပနိုင်လိမ့်မယ်လို့  မျှော်လင့်ရပြီး ပါတီညီလာခံ ကိုယ်စားလှယ် တစ်ထောင်ကနေ တစ်ထောင့်နှစ်ရာလောက် ရှိမယ်လို့  ခန့်မှန်းရကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ညီလာခံကျင်းပရေး ကော်မရှင်တွေကို ဖွဲ့စည်းရာမှာ ဒီမိုကရေစီနည်း အပြည့်အဝဖြင့် ဗဟိုကနေ အောက်ခြေကို ဦးတည်ဖွဲ့စည်းလာတာ ဖြစ်ကြောင်း ဇီးကုန်းမြို့ နယ် ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြတ်သူက ပြောပြပါတယ်။
"မြို့နယ်ကော်မရှင်ဖြစ်တဲ့အတွက် မြို့နယ်ကနေ ကြီးကြပ်ပြီးတော့ ရပ်ကျေးအထိ ဆင်းမယ်ပေါ့နော်။ ရပ်ကျေးတွေကို ကျွန်တော်တို့ လိုက်ဖွဲ့ပေးရမှာ။ တစ်နိုင်ငံလုံး အနေနဲ့ လုပ်တဲ့ပွဲက ဗဟိုကောင်မရှင် ရှိပါတယ်။ ဗဟိုကောင်မရှင်ကို ဖွဲ့တယ်။ တိုင်းဒေသ ကျင်းပရေး ကော်မရှင်ကို ဖွဲ့တယ်။ နောက်ခရိုင် ညီလာခံ ကျင်းပရေးကော်မရှင်ကို ဖွဲ့တယ်။ ခရိုင်ဖွဲ့ပြီးတဲ့ အခါကျတော့ မြို့နယ်ညီလာခံ ကျင်းပရေး ကော်မရှင်ကို ဖွဲ့ပါတယ်။ အဲတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပါ"
ပါတီညီလာခံတွေ၊ ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာတော့ ကျေးရွာအဆင့် ညီလာခံကို ဦးစွာကျင်းပပြီး အောက်ခြေကနေ အထက်ကို အဆင့်ဆင့် ရွေးချယ်တင်မြှောက် သွားမယ်လို့ သိရပါတယ်။

RFA Burmese



ကချင်ရွာသား ၄ ဦး ဖမ်းဆီးခံရမှု စတင်စုံစမ်း

Posted: 24 Jul 2012 09:12 PM PDT

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါး ကျေးရွာအုပ်စု၊ မုတ်ကျိတ်ကျေးရွာ အေဂျီ ဧဝံဂေလိ အသင်းတော် ဘုရားရှိခိုး ကျောင်းထဲက ရွာသား ၄ ယောက်ကို မြန်မာစစ်တပ် တပ်မ (၈၈) က ဖမ်းဆီးသွားခဲ့မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းမှုတွေ မနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
RFA
မြန်မာစစ်တပ်က ဖမ်းဆီးသွားသော ကချင်ရွာသားများအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေကြစဉ်။
အဖြစ်မှန်ကို ဖော်ထုတ်နိုင်ရေးအတွက် လွတ်မြောက်လာသူ နှစ်ဦးနဲ့ လက်ရှိ အဖမ်းခံထားရဆဲ ဦးဖလောင်လွမ်းခေါင်ရဲ့ ဇနီး ဒေါ်ဇောင်းနော အပါအ၀င် သက်သေတချို့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းသီတာ ဟိုတယ်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် ဦးဆောင်တဲ့အဖွဲ့က အခုလို စုံစမ်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဦးဖလောင်လွမ်းခေါင်ကို ဖမ်းဆီးသွားချိန်ကစပြီး ဒီကနေ့အထိ သူနဲ့ပတ်သက်လို့ ဘာသတင်းမှ မရရှိဘူးလို့ ဇနီးဖြစ်သူ ဒေါ်ဇောင်းနောက အခုလို ပြောပါတယ်။
"တပ်မတော်သားတွေ ဆွဲခေါ်သွားတဲ့ အဲကနေ အခုထက်ထိ ဘာသတင်းမှ မကြားရဘူး။ ကျွန်မခင်ပွန်းသည်က ဦးဖလောင်လွမ်းခေါင် အခုထက်ထိ ပြန်မပေါ်လာဘူး။ ဦးဖလောင်လွမ်းခေါင်နဲ့ ဦးချယူ လွမ်းဟောင်အခုထက်ထိ မပေါ်လာဘူး။ အဲတာကို လူကြီးကနေ ခေါ်ပေးပါလို့ "
မုတ်ကျိတ်ရွာက ဦးဖလောင်လွမ်းခေါင်၊ ဦးချယူ လွမ်းဟောင်း၊ အေဂျီ ဧဝံဂေလိ အသင်းရဲ့ သင်းအုပ်ဆရာ ဦးလွန်းခေါင်နဲ့ ဦးလဟောင်ခေါင်ဟောင်းတို့ဟာ မနှစ်က နိုဝင်ဘာ ၆ ရက်နေ့မှာ တပ်မ ၈၈ ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရစဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။

RFA Burmese


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်အမတ်တွေ ဆွေးနွေး

Posted: 24 Jul 2012 09:11 PM PDT

ဒီမိုကရေစီရေးရာ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေတဲ့ ဗြိတိန် အခြေစိုက် Westminster Foundation for Democracy (WFD) အဖွဲ့ အကြီးအကဲ Linda Duffield ဦးဆောင်တဲ့ ပါတီပေါင်းစုံက ဗြိတိန်လွှတ်တော် အမတ်များ အဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီချုပ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးကြောင်း သိရပါတယ်။

RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်က လွှတ်တော်တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ကိုယ်စားလှယ် တချို့နှင့်အတူ တွေ့ရစဉ်။
ဗြိတိန်လွှတ်တော် အမတ်များအဖွဲ့ဟာ ညနေပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး လွှတ်တော်တွင်း အတွေ့အကြုံတွေနဲ့ NLD ပါတီရဲ့ ရပ်တည်ချက်တွေကို ဆွေးနွေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
"ဗြိတိန်အဖွဲ့က သူတို့က ဒီလွှတ်တော်ထဲမှာ ဘယ်လို အတွေ့အကြုံရှိနေလဲ၊ အခုဒီ ရရှိထားတဲ့ ခံစားချက်၊ အဆိုတွေ ဘယ်လိုတင်သလဲ သူတို့တော်တော် စိတ်ဝင်စားတယ်။ ရှိပါတယ်။ သူတို့ အဲတာတွေကို မေးပါတယ်။ မေးပြီးတော့ NLD ရဲ့ ကြားဖြတ် ရွေးကောက်ပွဲရဲ့ Manifesto ကဘာလဲလို့ မေးတော့၊ အဲတာ Rule of Law နံပါတ်တစ်က ဥပဒေ စိုးမိုးရေး၊ နံပါတ်နှစ်ကတော့ ထာဝရ တည်တံ့ တည်ငြိမ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တစ်ခုရရှိဖို့၊ နောက်တတိယ ကတော့ ၂၀၀၈ ဖွဲ့စည်ပုံ ပြင်ဆင်ဖို့ရယ် အဲဒီလို ပြောတယ်။ ပြောတော့ ဒါ သူတို့က အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုပြင်မလဲ ဆိုတာကို ခုနကလည်း ပြောထားတယ်။ ဒါတဖြေးဖြေးတော့ပေါ့လေ ဖြစ်အောင်ကြိုးစားယူရမယ်။ ခုနေကတော့ Majority မဟုတ်သေးဘူး။ သူတို့က အဲတာကိုပဲ ပြောသွားတယ်"
ဗြိတိန်လွှတ်တော် အမတ်များအဖွဲ့ဟာ လွှတ်တော် တိုင်းရင်းသားပါတီ အသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း ဆက်လက်ပြီး တွေ့ဆုံခဲ့ကြောင်းလည်း သိရပါတယ်။ ဒီအဖွဲ့မှာ (WFD) အဖွဲ့အကြီးအကဲ Linda Duffield အပါအ၀င် ဗြိတိန် ကွန်ဆာဗေးတစ်ပါတီ၊ လေဘာပါတီ ၊ လစ်ဘရယ် ဒီမိုကရက်စတဲ့ ပါတီတွေက လွှတ်တော်ကိုယ်စားလှယ် ၇ ဦး လိုက်ပါလာကြောင်း သိရပါတယ်။

RFA Burmese


ထားဝယ်ဆိပ်ကမ်းစီမံကိန်းတွင် ဒေသခံတို့၏ အခက်အခဲများအား အလေးထားသင့်

Posted: 24 Jul 2012 08:24 PM PDT

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရာ၌ အစိုးရ၀န်ကြီးများ အနေဖြင့်   ဒေသခံများ၏ အခက်အခဲများ အပေါ် လေ့လာသုံးသပ် လုပ်ဆောင် သင့်ကြောင်း ဒေသခံလူမှုရေး အဖွဲ့အစည်းများက ဆိုသည်။

"ထားဝယ် ဒေသမှာ ကြုံတွေ့ နေရတဲ့ ပြသာနာက လျော်ကြေး ကိစ္စပဲ တိကျတဲ့ သတ်မှတ် ချက်မရှိဘဲ လျော်ကြေးကို   ပေးချင် သလိုတွေ ပေးနေကြတယ် ဘယ်သူမှ လက်မခံနိုင်ကြဘူး။ အဲ့ဒီလိုကိစ္စရပ်တွေရှိ နေတဲ့အတွက် အစိုးရပိုင်းက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး တိုင်ပင် ဆွေးနွေးတာတွေ မလုပ်ခင် ဒေသခံတွေနဲ့အရင်ဆုံးတွေ့ဖို့အပ်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ပေးပြီး ဒေသခံတွေရဲ့အသံကို နားထောင်ဖို့လိုတယ်။" ဟု ထားဝယ်မြို့နေ ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးဇော်သူရ က ပြောသည်။

(၄၂)စတုရန်းကီလိုမီတာအကျယ်အ၀န်း သတ်မှတ်သည့်အဆိုပါ စီမံကိန်းဧရိယာတွင်းရှိ ကျေးရွာများမှ ဒေသခံများသည် ဥယျာဉ်ခြံ (ကွမ်း၊ သီဟို၊ ရော်ဘာ)စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ စီမံကိန်း ဧရိယာတွင်းရှိ ဥယာဉ်ခြံများအတွက် သက်ဆိုင်ရာအစိုးရမှ   ဒေသခံပြည်သူများအား လျော်ကြေး ပေးကာပြောင်းရွှေ့ခိုင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ဒေသခံများက လက်ခံခြင်းမရှိသေးကြောင်း ကိုလည်း သိရသည်။

"ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းဘက်ကို ဆောက်မယ့် လမ်းတစ်လျှောက်မှာ KNUရွာ(၁၂)ရွာ ရှိတယ်။ အဲ့ဒီဘက်ကရွာတွေကိုကျတော့ ကွမ်းပင်တစ်ပင်ကိုတင် (၁၂၀၀၀၀)ပေးတယ်။ ကျွန်တော်တို့ ထားဝယ်ဒေသခံတွေကိုကျတော့ အဆင်ပြေရင်ပြေသလို ပေးတယ်။ ဘယ်နှဧကဆိုရင် ဘယ်လောက်နှုန်းနဲ့ပေးမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့နှု န်း မရှိတော့ လျော်ကြေး ပမာဏကို လက်မခံ နိုင်ကြဘူး" ဟု ဦးဇော်သူရက ဆက်ပြောသည်။

ထားဝယ်ဒေသရှိ ဖွံ့ဖြိုးရေးအသင်းအဖွဲ့များသည် ဒေသခံပြည်သူများ၏ ရသင့်ရထိုက်သော အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

"ကျွန်တော်တို့အနေနဲ့ awareness (အသိပညာ)ပေးတယ်။ ဒေသခံတွေအနေနဲ့ ဘယ်လို အခွင့်အရေး ရှိတယ်ပေါ့။ အဲ့ဒါကိုဘယ်လိုပြောဆိုရမယ်ဆိုတာတွေကို ပြောပြပေးတယ်။ " ဟု ထားဝယ်ဒေသဖွံ့ဖြိုးရေးအသင်းအဖွဲ့မှ ရန်ကုန်တိုင်းညှို့နှိုင်းရေး တာဝန်ခံ ကိုဘိုဘိုက ပြောသည်။

ဝန်ကြီးချုပ်များပါဝင်သော ထားဝယ်ရေနက်ဆိပ်ကမ်းဆိုင်ရာအစည်းအဝေးတွင် ဒေသခံများအား ကာကွယ်ပေးနိုင်သော အချက်အလက်များကို ထည့်သွင့်းဆွေးနွေးသင့်ကြောင်း ၊ ကြီးမားသော အကျိုးရလဒ်ရရှိမှသာ ရေနက်ဆိပ်ကမ်းပြုလုပ်သင့်ကြောင်း ၊ ဒေသခံများနစ်နာရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကာကွယ်ပေးရန်လိုအပ်ကြောင်းနှင့် အကျိုးတူစီးပွား လုပ် ဆောင်ခြင်းသည် နှစ်ဖက်အမြတ်အစွန်းညီမျှနေမှသာ ရေရှည်အကျိုးတူစီးပွားဖြစ်ပေါ်နိုင်ကြောင်း ကိုလည်း လူမှုရေးအဖွဲ့အစည်းများက သုံးသပ်ကြသည်။

၂၀၁၂ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်လတ် ရှင်နာ ၀ပ်နှင့်တွေ့ဆုံကာ ထိုင်း-မြန်မာ နှစ်နိုင်ငံအကျိုးတူစီးပွားပူးပေါင်းလုပ်ကိုင်ရန်အတွက်နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ၀န်ကြီးအဆင့်ရှိ အစည်းအဝေးအား သြဂုတ်လတွင် ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ကိုလည်း သမ္မတကြီး၏ ထိုင်းနိုင်ငံခရီးစဉ်က သိရှိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို Italian Thai ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းသည် အမေရိကန်ဒေါ်လာ (၁၃) ဘီလီယံ (ဘီလီယံဘတ် ၄၀၀) ကုန်ကျကာ စီမံကိန်းတွင် ရထားလမ်း၊ ကားလမ်း၊ စက်ရုံအလုပ် ရုံများပါ ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်မည့် စီမံကိန်းတွင် စက်မှုဇုန်များအပြင် ရထားလမ်းနှင့်ကားလမ်း တည်ဆောက်ခြင်း၊ ရေရရှိရေးအတွက် ရေကာတာတည် ဆောက်ခြင်း၊ မြို့ပြစီမံကိန်းများ များအနက်မှ    ရေဖြူမြို့နယ်အတွင်း မြို့သစ်ဖွံ့ဖြိုးရေးအတွက်  မြို့ပြစီမံကိန်းဖော်ဆောင်မည့်   မြေဧရိယာကို လျှော့ချလိုက်ကြောင်းကိုလည်း သိရှိရသည်။

 မြို့ပြစီမံကိန်းအပြင် စက်မှုဇုန်အတွင်း Green  ဧရိယာကိုပါ ထည့်သွင်း သတ်မှတ်လိုက်သဖြင့် ယခင်က ယင်းဧရိယာကို ၂၅၀ စတုရန်းမိုင် သတ်မှတ်ထားသော်လည်း ယခုအခါ ၂၀၄ ဒသမ ၅ စတုရန်းမိုင်သို့ ပြန်လည် သတ်မှတ်ထားကြောင်း ထားဝယ် ရေနက်ဆိပ်ကမ်း  အထောက်အကူပြုဥက္ကဋ္ဌက ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းက သတင်းထုတ်ပြန်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသော နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုမှာလည်း   ၂၀၀၉-၂၀၁၀တွင် အမေရိကန်ဒေါ်လာ  နှစ်ဘီလီယံကျော်ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိ ရသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup



ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တင်ပေးခဲ့သော တာမွေ ဒီချုပ်ဆိုင်းပုဒ်ကို ရိုက်ခွဲခဲ့သူအား ပြန်လည်ကျေအေး

Posted: 24 Jul 2012 08:12 PM PDT

တာမွေမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်အား ခဲနှင့်ရိုက်ခွဲ ခဲ့သော ကာယကံ ရှင်အား ဒီချုပ် (NLD)က  တရားစွဲဆိုခဲ့ သည့်အမှုအား ယနေ့ဇူလိုင်လ(၂၄)ရက်နေ့တွင် ကျေအေးလိုက် ပြီဖြစ်သည်။

 အဆိုပါ ဆိုင်းဘုတ်ကို ဇွန်လ ( ၅ )ရက်နေ့နံနက် (၇) နာရီတွင် ကိုသီဟလှိုင်မှ ခဲနှင့်ရိုက်ခွဲလိုက်ခြင်းဖြစ်ကာ---

သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ


နွားမှောင်ခိုကူးတဲ့ တပ်မတော်မှ ဗိုလ်ကြီးတဦး မှော်ဘီတွင် ဖမ်းဆီးမိ

Posted: 24 Jul 2012 07:11 PM PDT

ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့ နယ်မှာ နွား မှောင်ခို လုပ်စားသည်. စစ်ဗိုလ်ကြီးတစ်ဦးကို နွားကားနှင့်အတူ ဇူလိုင်လ ၂၂ ရက် နေ့ က ဖမ်းဆီးမိ ကြောင်း သတင်းရရှိပါသည်။

 မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင်မှ ခိုင်းနွားများ တင်ဆောင်လာသည့် (၁၂)ဘီးကား ၁ဃ/၉၄၀၆ အား ဗိုလ်ကြီးတစ်ဦးမှ ကားခေါင်းခန်းတွင် ထိုင်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာချုပ် မန္တလေး တိုင်းမှုး လက်မှတ် အတုထိုးကာ တင်ဆောင်လာခဲ့ပြီး မြောင်းတကာ ကျေးရွာ၌ နွားများချနေစဉ် --

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



NLD ပါတီ ဆိုင်းဘုတ် ဓါးခုတ်ခံရခြင်း

Posted: 24 Jul 2012 06:22 PM PDT

နေပြည်တော် လယ်ဝေးမြို့နယ် သော်မှော်ကုန်းအုပ်စု ဝဲကြီးကျေးရွာ NLD အဖွဲ့ဝင် ဦးမြဝင်း နေအိမ်၌ စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ NLD ဆိုင်းဘုတ်အား ၁၀.၇.၂၀၁၂ နေ့ ည ၉း၄၀ ခန့်တွင် တစ်ရွာတည်းနေ အုပ်ချုပ်ရေးမှူး ဦးရွှေ၏သား ကိုသိန်းမင်းဇော်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ညစ်ညမ်းစွာဆဲဆိုပြီး ၄င်းကိုယ်၌အသင့်ပါလာသော ဓါးဖြင့် NLD ပါတီဆိုင်းဘုတ်ရှိ ဒေါ်အောင်ဆန်းစုကြည်ပုံ နေရာအား ခုတ်ထစ်ထိုးစိုက် ဖျက်ဆီးခဲ့ပါသည်။

ထိုကိစ္စအား မြို့နယ်တရားရုံးသို့ အရေးယူပေးရန် ဦးတိုက်လျောက်ထားရာ ၂၅.၇.၂၀၁၂ နေ့၌ လယ်ဝေးမြို့နယ် တရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။


Myanmar News Now


ဖမ်းဆီးခံ ထိုင်းနိုင်ငံသားတွေ စီရင်ချက် ချတော့မည်

Posted: 24 Jul 2012 06:07 PM PDT

မြန်မာနိုင်ငံထဲမှာ ဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကို တရားဥပဒေနဲ့ အညီ ဖြေရှင်း ဆောင် ရွက်  ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန က ပြောပါ တယ်။ မြန်မာနိုင်ငံ အတွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ ဇူလိုင်လ ၄ ရက်နေ့က ဖမ်းဆီး ခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၂ ယောက်ကို လာမယ့် သောကြာနေ့မှာ စီရင်ချက် မချခင် အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်မှုနဲ့ ကော့သောင်းမြို့မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၂ ယောက်ကို ကော့သောင်း တရားရုံးမှာ သောကြာနေ့ကျရင် စီရင်ချက်ချမယ်လို့ သူတို့ သတင်းရတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Thani Thongpakdi က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

သူပြောသွားတာကတော့ - အမှုကိစ္စနဲ့ပတ်သက်ပြီး အမှုမပြီးခင်မှာ ဘာမှ ပြောပိုင်ခွင့်မရှိတဲ့ ထင်မြင်ချက် တစုံတရာ မပေးလိုပေမယ့် အခု ဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၂ ယောက်ကို ဥပဒေ ကျင့်ထုံးတွေနဲ့အညီ စီရင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ သူတို့အနေနဲ့ မျှော်လင့်ကြောင်း ပြောသွားတာပါ။"

ဒီကိစ္စမှာ ကူညီ ဆောင်ရွက်ပေးဖို့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပုန်းနဲ့ ၀န်ကြီးချုပ် ယင်းလပ် တို့ကိုယ်တိုင်က မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတ ဦးသိန်းစိန်တို့ကို သူတို့ ပြီးခဲ့တဲ့ သီးတင် ၂ ပတ်လောက်က ကမ္ဘောဒီးယားနိုင်ငံမှာ တွေ့ကြတုန်းက မေတ္တာရပ်ခံ တောင်းဆိုခဲ့တယ်လို့ Thani Thongpakdi က ပြောပါတယ်။

သူပြောသွားတာတော့ မြန်မာဘက်ကလည်း သူတို့အနေနဲ့ တတ်နိုင်သလောက် လုပ်ဆောင်ပေး မယ် ဆိုတာမျိုး ပြန်ပြောခဲ့ပါတယ်။ မြန်မာဘက်က ပြောတာကတော့ သူတို့ကို စွဲချက် ၃ ခုခွဲပြီး တင် ထားတယ်လို့ ပြန်ပြောခဲ့ပါတယ်တဲ့။ အဲဒီ အချက်တွေကတော့ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှု၊ လက်နက် ကိုင်ဆောင်မှု၊ မူယစ်ဆေးဝါးနဲ့ ဆိုင်တဲ့စွဲချက်ပါလို့ ပြောသွားတာပါ။"

လောလောဆယ်မှာတော့ ဒီလူ ၉၂ ယောက်ရဲ့ အမှုကို နယ်ခြားဒေသ မြို့နယ်အဆင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မီတီ TBC က ထိုင်းအစိုးရကိုယ်စား ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ထိုင်းနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေးတွေ တိုးတက် ကောင်းမွန်လာနေတဲ့အချိန်မှာ အခုလို မြန်မာပိုင်နက်ထဲ ၀င်ရောက်လာကြတဲ့ ထိုင်းနိုင်ငံ သားတွေကို ဖမ်းဆီး ထိန်းသိမ်းမှု ဖြစ်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံထဲရောက် လာကြ တဲ့ မြန်မာနိုင်ငံ သားတွေကတော့ နေ့စဉ်လိုလို ဖမ်းဆီး ထိန်းသိမ်းခံနေကြရတာဖြစ်ပြီး လူမှောင်ခိုကူးမှုတွေကြောင့် လူတွေ အစုလိုက် အပြုံလိုက် မကြာခန သေဆုံးရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ထိပ်ပိုင်း အစိုးရအဆင့် ဆက်ဆံရေးကတော့ တဖြည်းဖြည်း တိုးတက် ကောင်းမွန်လာနေတာကြောင့် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ထိုင်းနိုင်ငံကို တရားဝင် လာရောက် လည်ပတ်တဲ့ အဆင့်ထိ ဖြစ်လာ ပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတွေကို မနေ့ကပဲ လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ လူ ၉၂ ယောက်ဟာ ထိုင်းနိုင်ငံ ရနောင်းဒေသ Kraburi ခရိုင်ဘက်ကနေ မြန်မာနိုင်ငံအတွင်းက သစ်တောတွေထဲမှာ တရားမ၀င် ၀င်ရောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာအာဏာပိုင်တွေက ဇူလိုင်လ ၄ ရက်နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ နီးစပ်တဲ့ ထိုင်းနိုင်ငံဘက်ကလူတွေ ပြောတာကတော့ အရင် ၂၀၀၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံ သား ၃ ယောက်ကို အလားတူ ဖမ်းဆီး ထောင်ချ ခဲ့တဲ့အတိုင်း သူတို့ကိုလည်း ထောင်ဒဏ် ၆ လ ချမှတ် အပြစ်ပေးနိုင်တယ်လို့ ထင်ကြေးပေး ပြောဆိုနေကြတာပါ။

အခုချိန်မှာတော့ မြန်မာအာဏာပိုင်တွေဘက်က သူတို့အမှုကို စစ်ဆေးလို့ ပြီးစီးသွားပြီဖြစ်တဲ့ အတွက် သောကြာနေ့မှာ စီရင်ချက်ချဖြစ်မယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောတာ ဖြစ်ပါတယ်။

ဗွီအိုအေ - မြန်မာပိုင်း

Visiting Myanmar President Thein Sein, left, shares a light moment with Thai Prime Minister Yingluck Shinawatra during a press conference at Government House in Bangkok, Thailand, Monday, July 23, 2012. (AP Photo/Rungroj Yongrit, Pool)


You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ