From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/7/27
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင် |
- အမေရိကန်က မြန်မာသွင်းကုန် ပိတ်ပင်မှုကို ယာယီရုတ်သိမ်း
- ပြည်တွင်း မိုဘိုင်း ဈေးကွက် အတွင်းသို့ ပြည်ပဖုန်း ကုမ္ပဏီ သုံးခု ဝင်ရောက် ရန်ရှိ
- ကျောက်မဲမြို့တွင် မီတာဖိုးထက် အထွေထွေ စရိတ်က ပိုများနေ
- အစိုးရခိုင်းမှ ပြောင်းရွှေ့ပေးမည်ဟုဆိုသည့် ပြည်မွတ်စလင်သချိုင်္င်း
- မြန်မာသံရုံးနှင့် အကျိုးစီးပွားများကို တိုက်ခိုက်သွားမည်ဟု တာလီဘန် အကြမ်းဖက် အဖွဲ့ ခြိမ်းခြောက်
- တိုင်းရင်းသား လူမျိုးများအခွင့်အရေး ဥပဒေအဆို အတည်ပြု
- မြန်မာအလုပ်သမား ၃ ဦး ပစ်ခတ်ခံရပြီးနောက် ကျန်သူများ အလုပ်မဆင်းရဲ
- ပွင့်ဖြူလူသတ်မှု သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီး
- လယ်ယာမြေအသိမ်းခံရမူ စုံစမ်းရေးကော်မရှင်ဖွဲ့မည် (ရုပ်/သံ)
- အသက်၁၀ နှစ်သား ကလေးငယ်ကို အာဏပိုင် အဖွဲ.အစည်းက သူခိုးလို. စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက် (ရုပ်/သံ)
- ပွင့်ဖြူလူသတ်မှုအတွက် လူ ၂ ဦးကို ဖမ်းဆီးထား
- နေပြည်တော် တွင် ပထမဆုံး မော်တော်ယာဉ်ပေါ် ခါးပိုက်နှိုက်သူ ဖမ်းဆီးရမိ
- ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် လက်ထောက်ကထိကဆရာမတစ်ဦးယာဉ် Accidence ဖြစ်ခြင်း
- ဦးသိန်းညွန့်က (NGO) များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန် အဆိုတင်မည်
- မယ်ကမ္ဘာရရှိခဲ့သူ Miss Aishwarya Rai ၏ ဖက်ရှင်ဒီဇိုင်းဖန်တီးရှင် Ms. Sherna မှဟောပြောပို့ ချမည်
- ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရန်ပုံငွေ ကာတွန်းပြပွဲ နှစ်ကား အပယ်ခံရ
- ပြည်နယ်နှင့် တိုင်းဒေသကြီး အုပ်ချုပ်ရေး ဆိုင်ရာ လစ်လပ်နေရာ တပ်မတော်သား ကိုယ်စားလှယ်များ အစားထိုးဝင်ရောက် လာမည်ကို စိုးရိမ်း
- အိန္ဒိယဒေသခံ အာသံ တိုင်းရင်းသားနဲ့ ဘင်္ဂါလီ မူဆလင်အဓိကရုဏ်း
- ဒုသမ္မတ ရွေးချယ်ရန် စိစစ်နေဆဲဟု ဦးဌေးဦး ပြောကြား
- ဦးအောင်သိန်းလင်းကို ပခုက္ကူလူထုဆန္ဒပြရန် စီစဉ်
- ထွန်တုံးတိုက်ပွဲဝင် တောင်သူများ စစ်ဆေးခံနေရ
- အမျိုးသမီးတွေ အခွင့်အရေး လွှတ်တော်မှာ ဆွေးနွေး
- အချိန်တန်ဖိုးထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို
- ရိုဟင်ဂျာကိစ္စအတွက် ပါကစ္စတန်အစိုးရကို တာလီဘန်က ခြိမ်းခြောက်
- ဇူလိုင်လ ၂၆ ရက်နေ့ ထုတ် Hot News Weekly
| အမေရိကန်က မြန်မာသွင်းကုန် ပိတ်ပင်မှုကို ယာယီရုတ်သိမ်း Posted: 27 Jul 2012 06:53 AM PDT မြန်မာပြည်မှ သွင်းကုန်များကို အမေရိကန်နိုင်ငံမှ တားမြစ်ပိတ်ပင်မှုကို အနည်းဆုံး ယာယီအားဖြင့် စက်တင်ဘာလကုန်အထိ ရပ်ဆိုင်းလိုက်သည်။ ဤသည်မှာ ဥပဒေပြုသူများအကြား အာဖရိက ကုန်သွယ်မှု အထောက်အပံ့ အတွက် ပြုလုပ်မှုတွင် ပဋိပက္ခများ ပေါ်လာ၍ဖြစ်၏။ ဤကိစ္စ နှစ်ရပ်သည် အိုဘားမား အုပ်ချုပ်ရေးကို ကျောထောက်နောက်ခံပြု ပူးတွဲချမှတ်ထားသော ကိစ္စများဖြစ်၏။ ဂုဏ်ပြုသူများကမူ သြဂုတ်တစ်လလုံး အားလပ်မှု ပြုပြီးမှ ပြနလည်စဉ်းစားရန် မျှော်လင့်ထားကြ၏။ အိမ်ဖြူတော်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအချို့ကို လျှော့ချခဲ့၏။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လျှော့ ချပေးခဲ့ခြင်းဖြစ်၏။ သို့သော် သွင်းကုန် တားမြစ်မှုကား မရုတ်သိမ်းပေးသေး။ ရီပတ်ဘလီကန် ဆီးနိတ်ခေါင်းဆောင် ''မစ်ခ်ျမက်ကော်နယ်''ကမူ ကိစ္စနှစ်ရပ် ကို ခွဲခြားရန် အဆိုပြုပြီး မြန်မာပြည်မှ သွင်းကုန် ပိတ်ဆို့မှုကို အသစ်ပြုလုပ် ရန် အကြံပြု၏။ သို့သော် ဆီးနိတ်မှ ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ ဒီမိုကရက်တစ် တစ်ဦးဖြစ်သူ ''မက်စ်ဘောကပ်စ်'' ကမူ ကန့်ကွက်ခဲ့သည်။ ဤသို့ ပြုလုပ်လျှင် အာဖရိက ကုန်သွယ်မှု အတိုင်းအတာကို အနှောင့်အယှက် ဖြစ်နိုင်ပြီးတိုက်၏အဝတ် အထည် လုပ်ငန်းများအတွက် အရေးပါသည်ဟု ဆို၏။ သူက ''မက်ကော်နဲ'' ၏ အဆိုကို ပယ်ချကာ ဒီမိုကရက်များသည် မြန်မာပြည် အပေါ် တားဆီးပိတ်ဆို့မှုကို အသစ်ပြန်လည် သုံးသပ်နေကြောင်းပြော၏။ ''ဘောကပ်စ်'' သည် အိုကလာဟိုးမား ပြည်နယ်မှ ရီပတ်ဘလီကန် အမတ်ဆီးနိတ်တာ ''တွမ်ကိုဘန်း'' နှင့် ပူးပေါင်းလုပ်ကိုင်ရန် မျှော်လင့်သည့်ဟု ဆို၏။ ''အာဖရိကကုန်သွယ်မှု အထောက်အပံ့အတွက် လာမည့် ရက်များတွင် သူ့သဘောထားကို ပြောကြားမည်ဟု ဆိုသည်။ ၂ဝဝဝ ပြည့်နှစ်က ''အာဖရိက ကြီးပွားရေးနှင့် အခွင့်အရေး အက်ဥပဒေ''ကို ကွန်ဂရက်က ချမှတ်အတည်ပြုခဲ့၏။ ဆဟာရ အာဖရိတိုက်ခွဲမှ အချို့နိုင်ငံများ အနေဖြင့် အာဖရိကသို့ ကုန်ပစ္စည်း ထောင်ပေါင်းများစွာကို ပို့ကုန်အခွန် မပေးပဲ တင်သွင်းခွင့် ပြုသော အက်ဥပဒေဖြစ်၏။ ''အာဖရိကကြီးပွားရေးနှင့် အခွင့်အရေး အက်ဥပဒေ'' နိုင်ငံများမှ အဝတ် အထည်များကို အခွန်လွတ်ခွင့်သည် စက်တင်ဘာ ၃ဝ တွင် ကုန်ဆုံးမည် ဖြစ်သည်။ အဝတ်အထည်၏ ပိတ်သားသည် ''တတိယနိုင်ငံများဖြစ်သော တရုတ်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့ မှ ပိတ်စဆိုလျှင် အခွန်ကင်း လွတ်ခွင့်မရ။ ''ကိုဘန်း''က ဆယ်နှစ်အတွင်း ကုန်သွယ်မှု အခွန် ဒေါ်လာ သန်း ၂ဝဝ အကောက်ခွန်ဌာနမှ ကောက်ခဲ့ခြင်းကို ကန့်ကွက်ခဲ့၏။ ဤသည်တို့မှာ အမေရိကန်အစိုးရ အကြွေးကို ဧရာမတောင်လိုပုံစေသည့် ကိစ္စကို ဖန်တီးသည်ဟု သူက ပြောသည်။ ဝါရှင်တန်-ဇူလိုင် ၂၆ (ရိုက်တာ) Popular Myanmar News Journal | ||
| ပြည်တွင်း မိုဘိုင်း ဈေးကွက် အတွင်းသို့ ပြည်ပဖုန်း ကုမ္ပဏီ သုံးခု ဝင်ရောက် ရန်ရှိ Posted: 27 Jul 2012 06:40 AM PDT မြန်မာနိုင်ငံ ၏ မိုဘိုင်း နည်းပ ညာ ဈေးကွက် အတွင်းသို့ ပြည်ပနိုင် ငံ အသီး သီးမှ နည်း ပညာမြင့် ဖုန်း ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်နိုင် ရန်အတွက် စိတ်ဝင်စားမှုများ ရှိနေ ကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းနည်းပညာ ကုမ္ပဏီများသို့ နာမည်ကြီး မိုဘိုင်းဖုန်း ကုမ္ပဏီများမှ တရားဝင် ကိုယ်စား လှယ်အဖြစ် ခန့်အပ်ရန်---- သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ကျောက်မဲမြို့တွင် မီတာဖိုးထက် အထွေထွေ စရိတ်က ပိုများနေ Posted: 27 Jul 2012 05:44 AM PDT ရှမ်းပြည် နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ မီတာလျှောက် ထားမှု ကုန်ကျစရိတ် ထက်အထွေထွေ ကုန်ကျစရိတ်က ပိုမိုများပြားနေခြင်း ကြောင့်အခက်အခဲ များဖြစ်ပေါ် လျက်ရှိကြောင်း မီတာလျှောက် ထားသူများထံက သိရသည်။ လက်ရှိတွင် ကျောက်မဲမြို့ဒေသ ဖွံ့ဖြိုးမှုအတွက် လျှပ်စစ်မီးရ ရှိနိုင်ရန်အိမ် သုံးမီတာ (၇၅၀၀)လုံး ခန့်ချထား တပ်ဆင် ပေးခဲ့ပြီး ထပ်မံချထားပေးရန် မီတာအလုံးပေါင်း (၅၀၀)ခန့်ရှိကြောင်း သိရသည်။ "ဒေသဖွံ့ဖြိုးရေး အတွက်က မီးကအဓိကလေ အဲဒါကြောင့် မီတာလျှောက်တဲ့ သူတွေလည်းများတယ်။လာမယ့် သြဂုတ်လ ဆန်းပိုင်းမှာလဲ ထပ်ချပေးဖို့ဆောင်ရွက်နေပါတယ်"ဟု ကျောက်မဲမြို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ကျောက်မဲမြို့တွင် လျှပ်စစ်အင်ဂျင်နီယာရုံး တစ်ခုတည်းသာရှိပြီးမြို့တွင်း လျှပ်စစ်မီးဖြန့် ဝေနိုင်ရန်အတွက်ရွှေလီရေအား လျှပ်စစ်စီမံကန်းမှ အဓိကထား၍ လျှပ်စစ်မီးရယူခြင်းဖြစ်သည်။ "မီတာကသိပ် အကြာကြီး မစောင့်ရတော့ ဘူးဆိုတော့ လူတိုင်းစိတ် ချမ်းသာကြတာပေါ့။ ဒါပေမယ့် မီတာ(box)ထက်ကို ထပ်မံကုန်ကျတဲ့ငွေ က ပိုများနေတော့ တပ်ဆင်ခတွေကို ရုံးက အခမဲ့လုပ်ပေးသင့်တယ်။ အခုကတပ်ဆင်က သက်သက် မီတာအလုံးအတွက်က သက်သက်ဆိုတော့ အဆင်မပြေဘူး" ဟုကျောက်မဲမြို့ခံ မီတာတပ်ဆင်လိုသူတစ်ဦးက ပြောသည်။ မီတာလျှောက်ထား တပ်ဆင်သုံးစွဲလိုသူများအနေဖြင့် အိမ်ထောင်စုသန်းခေါင်းစာရင်း မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ နေရပ်လိပ်စာ အပြည့်အစုံနှင့်ငွေကျပ် သုံးထောင်ဖြင့် လျှောက်ထားနိုင်ပြီး မီတာတပ်ဆင်ခွင့်အကြောင်းကြား စာရရှိပါက ငွေကျပ် ကိုးသောင်းပေးသွင်းကာ မီတာတပ်ဆင်နိုင်မည်ဖြစ်သည်။ "မီတာလျှောက်တာကကိုးသောင်း တစ်သိန်းလောက်ပဲ ကုန်တယ်။ဒါပေမယ့်တပ်ဆင်ခကမီးတိုင်နဲ့ အိမ်နဲ့ ဝေးတယ်ဆိုရင်၂သောင်း -၂သောင်းခွဲလောက်ပေးရတယ်။ပြီးတော့ ကြိုး ၆သောင်းခွဲ လောက်ရှိတယ်။ ပြီးတော့အိမ်ထဲမှာဆင်တာကြိုးခွေးဖိုးနဲ့ တပ်ဆင်ခက ၄သောင်းခွဲ လောက်ပေးရတယ်။ အဲဒါကြောင့်အကုန်လုံးပေါင်းလိုက်မယ်ဆိုရင် ၁သိန်း ၂သောင်း လောက်ကုန်တယ်"ဟုကျောက်မဲ မြို့ပေါ်မှမီတာတပ်ဆင်ပြီး သူတစ်ဦးက ပြောသည်။ လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ပေးသွင်းရသော ငွေကျပ်ကိုးသောင်းမှာမီတာ(Box)အတွက်သာ ဖြစ်ပြီး မီးတိုင်မှသွယ်တန်းသည့် ကြိုးခွေ၊အိမ်တွင်းမီးကြိုးများအတွက် ထပ်မံကုန်ကျကာ၊ မီးကြိုးအတွက် ကျပ်ရှစ်သောင်း ၀န်းကျင်၊ နေအိမ်နှင့် မီးတိုင်အကွာအဝေး ပေါ်မူတည်ပြီးသွယ်တန်းခ ကျပ်(၂)သောင်း ၀န်းကျင်၊ အိမ်တွင်း သွယ်တန်းခ မီးတစ်ပွင့်လျှင်(၂)ထောင် ကျပ် အကြမ်းဖျင်းကုန်ကျကြောင်း သိရသည်။ နေဖြိုးမြင့် ရှမ်း/မြောက်- (မြစ်မခ-ကျောက်မဲ) by Myit Makha Mediagroup | ||
| အစိုးရခိုင်းမှ ပြောင်းရွှေ့ပေးမည်ဟုဆိုသည့် ပြည်မွတ်စလင်သချိုင်္င်း Posted: 27 Jul 2012 05:22 AM PDT ပြည်မြို့ မွတ်ဆလင် သချိုင်္င်းအား မြို့နယ် အုပ်ချုပ် ရေးမှုးနှင့် စည်ပင်က ပြောင်းရွှေ့ခိုင်းခြင်း အပေါ်တွင် ငြင်းဆန်လျက် ရှိပြီးနိုင်ငံတော် အစိုးရမှ တရားဝင် စာထုတ်ရွှေ့ခိုင်းမှ ရွှေ့ပြောင်းပေး မည်ဟုအစ္စလာမ် ဘာသာဝင်များ ထံက သိရှိရသည်။ ၎င်းသချိုင်္င်း တည်ရှိရာ နေရာသည် စည်ပင်သာယာ ဥပဒေမှပြဋ္ဌာန်း ထားချက်များနှင့် ကိုက်ညီမှု ရှိကြောင်းနှင့် အခြားနေရာ သို့ပြောင်းရွှေ့လျှင် အဆင်ပြေနိုင်မည် မဟုတ်ဟု---- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| မြန်မာသံရုံးနှင့် အကျိုးစီးပွားများကို တိုက်ခိုက်သွားမည်ဟု တာလီဘန် အကြမ်းဖက် အဖွဲ့ ခြိမ်းခြောက် Posted: 27 Jul 2012 05:28 AM PDT မြန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို လက်စားခြေ သည့် အနေဖြင့် ပါကစ္စတန် နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာ့ အကျိုးစီးပွားများကို တိုက်ခိုက်သွားမည်ဟု ပါကစ္စတန်တာလီဘန် လက်နက်ကိုင် စစ်သွေးကြွ အဖွဲ့ Tehreek-e-Taliban(TTP) က ခြိမ်းခြောက်--- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| တိုင်းရင်းသား လူမျိုးများအခွင့်အရေး ဥပဒေအဆို အတည်ပြု Posted: 27 Jul 2012 05:05 AM PDT ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပြဋ္ဌာန်းပေးဖို့ အဆိုကို ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ပါတယ်။ အဲဒီအဆိုကို ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတီခွန်မြတ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မနေ့က လွှတ်တော်မှာ အဲဒီအဆိုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံ ဆွေးနွေးရာ ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်မားတာကို ကိန်းဂဏန်း အထောက်အထားနဲ့ တင်ပြခဲ့သလို တန်းတူညီမျှရေးအတွက် ဥပဒေတွေကို လိုအပ်သလို ပြုပြင်ပြဋ္ဌာန်းဖို့ လိုတယ်လို့ --- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မြန်မာအလုပ်သမား ၃ ဦး ပစ်ခတ်ခံရပြီးနောက် ကျန်သူများ အလုပ်မဆင်းရဲ Posted: 27 Jul 2012 05:28 AM PDT
ဒီလ ၂၅ ရက်နေ့ မနက်အစောပိုင်းက ရာနွတ်ဒေသမှာရှိတဲ့ CPF ပုစွန်စက်ရုံက မြန်မာအလုပ်သမား ၃ ဦးဟာ အချိန်ပိုအလုပ်ဆင်းပြီး အဆောင်ကို ပြန်ရောက်ချိန် စကားပြောနေတုန်း မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ်သမား နှစ်ဦးရဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် မစပယ်ဖြူ (ခေါ်) မအိစံနဲ့ ကိုအောင်အောင်တို့ နှစ်ဦး သေဆုံးသွားခဲ့ပြီး ကိုခင်မောင်ထွန်းကတော့ ဆွန်ခလာဆေးရုံမှာ ကုသမှု ခံယူနေရတယ်။ ဒီလူသတ်မှု အခင်းဖြစ်ပွားခဲ့ပြီးတဲ့ နောက်ပိုင်း ပုစွန်စက်ရုံက မြန်မာအလုပ်သမားတွေ ကြောက်လန့်ကုန်ပြီး အလုပ်မဆင်းရဲကြတော့ဘူးလို့ အလုပ်သမားတဦးက ပြောပါတယ်။ "သူတို့က ပြန်ဆင်းခိုင်းတယ်။ ဒါပေမယ့် မြန်မာပြည်သားအားလုံးက မဆင်းတော့ဘူး။ ဒါက အိမ်မှာထိုင်နေရင်း အလုပ်လွှတ်ချိန်ကြီးဖြစ်တာဆိုတော့ မလုပ်ရဲတော့ဘူးလေ။ လူတွေက ကြောက်နေကြတယ်လေ။ ဘာပြဿနာတစုံတရာမှ မရှိခဲ့ဘဲ ဖြစ်တာဆိုတော့ ပိုကြောက်နေတာ။" အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား ၃၀၀ လောက်ရှိပါတယ်။ ဒီအခင်းဖြစ်ပွားမှု နောက်ပိုင်း မြန်မာအလုပ်သမားတချို့က သူတို့ကို အလုပ်နေရာ ပြောင်းပေးဖို့ တောင်းဆိုတဲ့အတွက် အလုပ်ရှင်က ၁၅ ယောက်ကို အလုပ်နေရာ ပြောင်းပေးခဲ့ပါတယ်။ ကျန်အလုပ်သမားတွေကလည်း သူတို့ကို အလုပ်ရောပြောင်းပေးဖို့ တောင်းဆိုထားတယ်လို့ အလုပ်သမားအရေး ကူညီပေးတဲ့ ဦးထူးချစ်က ပြောပါတယ်။ ဆွန်ခလာခရိုင်က အလုပ်သမား သေဆုံးမှုရဲ့ အမှုတွေကို စုံစမ်းစစ်ဆေးနေဆဲလို့ သိရပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ထိုင်းမွန်မြို့နားက ရာဘာခြံမှာ သေနတ်ဒဏ်ရာ ၆ ချက်နဲ့ သေသွားတဲ့ ကိုထူးနိုင်ရဲ့အမှုနဲ့ ပတ်သက်ပြီး တရားခံလို့ ယူဆရသူ ၁ ဦးကို နယ်မြေခံရဲက ဖမ်းဆီးထားတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။ မနေ့တုန်းကလည်း ဖန်ငခရိုင် ပကွက်ထုံးမြို့နယ်က ရာဘာခြံတခုမှာလည်း အသက် ၄ နှစ်အရွယ် မြန်မာကလေးမလေး ၁ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ အမှု အသေးစိတ်ကို ရဲက လိုက်လံစုံစမ်းဆဲပဲလို့ ဦးထူးချစ်က ပြောပါတယ်။ by နော်နိုရင်း - ဒီဗွီဘီ | ||
| ပွင့်ဖြူလူသတ်မှု သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီး Posted: 27 Jul 2012 04:49 AM PDT မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင်းက ကျေးရွာတရွာမှာ လူအုပ်စုလိုက် ၀ိုင်းဝန်းထိုးခုတ်လို့ လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တဲ့အမှုမှာ လူသတ်မှုနဲ့ သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီးအမှုဖွင့်ထား ပါတယ်။ ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာသား ဦးရဲဝင်းနဲ့ အဖော် ဦးကြည်မောင်တို့ဟာ ဇူလိုင် ၂၅ ရက် မနက် ၉ နာရီခွဲက ကျေးရွာဘုန်းကြီးကျောင်းကနေ ဆိုင်ကယ်နဲ့ အပြန်လမ်းမှာ ထိုးခုတ်ခံခဲ့ရတာပါ။ ဦးခေါင်းတ၀ိုက် ဓားဒဏ်ရာဗရပွနဲ့ ဦးရဲဝင်းဟာ ဆေးရုံအသွား လမ်းမှာတင် သေဆုံးခဲ့ပြီး ဦးကြည်မောင်ကတော့ လက်ချောင်း ၃ ချောင်း ဓားဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဦးကြည်မောင်က အကူအညီတောင်းလို့ ရွာသားတွေ ထွက်လိုက်တဲ့အခါ သတ်သူတွေကို မမြင်တွေ့တော့ပေမယ့် ဦးရဲဝင်း အသက်မထွက်ခင် ပြောဆိုချက်နဲ့ ဦးမြင့်ကြည်တို့ရဲ့ ပြောဆိုချက်အရ ရဲက ဦးဝင်းမော်နဲ့ ဦးထွန်းထွန်းဆိုသူ ၂ ဦး အပါအ၀င် ၈ ဦးကို အမှုဖွင့်ပါတယ်။ ဒီအကြောင်းကို ပွင့်ဖြူအန်အယ်လ်ဒီဥက္ကဋ္ဌ ဦးအောင်ဝင်းက "ကိုရဲဝင်းကို ကိုဌေးအောင်က ဆွဲပြီး ကုန်းပေါ်တင်တယ်။ ပြီးတော့ ချက်ချင်းမေးတာ ဘယ်သူတွေလဲ ဘယ်သူတွေလဲဆိုပြီး၊ ကိုရဲဝင်းက မသေခင်လေးမှာ ဟိုကောင် ၀င်းမော်တို့အဖွဲ့ ၈ ယောက်လို့ ပြောသွားတယ်။ အဲလိုပြောပြီး ဆေးရုံပို့ဖို့ လုပ်ကြတယ်။ လှည်းနဲ့တင်ပြီး လမ်းခုလတ်မှာ ဆုံးသွားတယ်"လို့ ပြောပါတယ်။ ၀ိုင်းဝန်းထိုးခုတ်သူ ၈ ဦးဟာ သရက်ကုန်း၊ သမန်းရင်းနဲ့ သမုန်းကုန်း ရွာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။ ပွင့်ဖြူမြို့နယ်ရဲက ညတွင်းချင်း ဦးဝင်းမော်နဲ့ ဦးထွန်းထွန်းအပါဝင် ၄ ဦးကို ဖမ်းဆီးပြီးနောက် ကိုအုန်းရွှေနဲ့ ကိုတင်လင်းတို့ ၂ ဦးကို ပြန်လွှတ်ပေးပါတယ်။ အသက် ၅၀ ခန့်အရွယ် ဦးရဲဝင်းဟာ သမန်းရင်းကျေးရွာမှာ လူထုနစ်နာတဲ့ကိစ္စကို မဟုတ်မခံ တင်ပြတိုင်တန်းလေ့ရှိသူ အန်အယ်လ်ဒီ အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ အရင်က မီတာဘောက်ဖိုးငွေယူပြီး ငွေစာရင်းမရှင်းတဲ့အပေါ် ဦးရဲဝင်း ဦးဆောင်တိုင်တန်းတဲ့ကိစ္စတခုကြောင့် ဦးဝင်းမော်ဟာ ခေါ်ယူစစ်ဆေး ခံနေတယ်လို့ ဆိုပါတယ်။ ဖမ်းခံရတဲ့ ဦးဝင်းမော်ဟာ မကွေးတိုင်း လယ်ဆည်ဝန်ကြီး ဦးအောင်နိုင်ရဲ့ တပည့်လက်သားတဦးလို့ ရွာသားတွေက ပြောပြကြပါတယ်။ အခင်းဖြစ်ပြီး နာရီပိုင်းအကြာမှာ ပွင့်ဖြူမြို့နယ်နဲ့ ကျောက်တော် ကျေးရွာကြား က မောင်တောကြီးကျေးရွာတောစပ်မှာ တိုင်းလယ်ဆည်ဝန်ကြီး ဦးအောင်နိုင်နဲ့ အဖွဲ့ကို မော်တော်ကားနဲ့တကွတွေ့ပုံ။ မောင်တောကြီးရွာဟာ ဦးအောင်နိုင်ရဲ့ အခြေပြုဒေသဖြစ်လို့ အဲဒီကို ရဲက သတင်းအရ သွားရောက်ရှာရာမှာ မောင်တောကြီးရွာ အုပ်ချုပ်ရေးမှူး အိမ်တွင်းကို ဆိုင်ကယ် ၁ စီးနဲ့ လူ ၃ ဦးရောက်လာပြီး ရဲက ၀င်ရောက်ရှာဖွေရာမှာ တယောက်မှ မတွေ့ပုံကို ဦးအောင်ဝင်းက ခုလို ရှင်းပြပါတယ်။ "ဆိုင်ကယ်တစီးနဲ့ လူ ၃ ယောက်စီးပြီး မောင်တောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး မောင်လှအိမ်ထဲကို ၀င်သွားပါတယ်။ လူစိမ်းတွေ ဆိုပြီး သတင်းလာပေးလို့ ရဲတွေက လိုက်သွားတဲ့အခါမှာ ဆိုင်ကယ် ၁ စီးပဲတွေ့ပါတယ်။ လူတွေက မရှိတော့ပါဘူး။ ဖြစ်စဉ်က ဒါပဲ။" သေဆုံးသူ ဦးရဲဝင်းဟာ အန်အယ်လ်ဒီစည်းရုံးရေးမှူးဖြစ်သလို အများပြည်သူ ထောက်ခံမှု ရထားသူဖြစ်ပြီး ဦးဝင်းမော်ကတော့ ပြည်ခိုင်ဖြိုးပါတီကဖြစ်ပြီး လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာလည်း အချေအတင်တွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပွင့်ဖြူရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။ ဦးရဲဝင်းရဲ့အလောင်းကို မနေ့က ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။ သူ့ဇနီးသည်နဲ့ တက္ကသိုလ် တက်ရောက်နေတဲ့ သမီးနဲ့ သားတဦး ကျန်ရစ်ပါတယ်။ by အေးနိုင် - ဒီဗွီဘီ | ||
| လယ်ယာမြေအသိမ်းခံရမူ စုံစမ်းရေးကော်မရှင်ဖွဲ့မည် (ရုပ်/သံ) Posted: 27 Jul 2012 04:40 AM PDT လယ်ယာမြေအသိမ်းခံရမူ့ တွေနဲ့ပက်သက်ပီးစုံစမ်းရေး ကော်မရှင်ဖွဲ့ ဖို့ လွတ်တော်က မဲခွဲ သဘောတူ လိုက်ပီ ဖြစ်ပါတယ်။ ကိုသက် DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| အသက်၁၀ နှစ်သား ကလေးငယ်ကို အာဏပိုင် အဖွဲ.အစည်းက သူခိုးလို. စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက် (ရုပ်/သံ) Posted: 27 Jul 2012 04:36 AM PDT ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို.နယ်အတွင်းမှာ အသက်၁၀ နှစ်အရွယ်သာရှိသေးတဲ. ကလေးငယ်ကို အာဏပိုင် အဖွဲ.အစည်းက သူခိုးလို. စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက်မှုတစ်ခု ဖြစ်ပွားခဲ.ပါတယ်။ ဒေါ်ညိုမာသက် က သတင်းပေးပို.ထားပါတယ်။ DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ပွင့်ဖြူလူသတ်မှုအတွက် လူ ၂ ဦးကို ဖမ်းဆီးထား Posted: 27 Jul 2012 04:25 AM PDT မကွေးတိုင်း ပွင့်ဖြူမြို့နယ် သမန်းရင်းရွာမှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်နေတဲ့ NLD ပါတီ ထောက်ခံသူတစ်ဦး ဗုဒ္ဓဟူးနေ့ မနေ့က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရမှုအတွက် သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီးထားပြီ ဖြစ်ပေမယ့် ဒီအမှုမှာ ပါဝင်သူတွေအဖြစ် ဒေသခံတွေ၊ မျက်မြင်သက်သေတွေက ပြောဆိုနေကြတဲ့ ကျန်ရှိသူ ၆ ဦးကိုတော့ အရေးယူ ဖမ်းဆီးခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ပြစ်မှု ကျူးလွန်သူ အားလုံးကို ဖမ်းဆီး အရေးယူမှု မရှိတာကြောင့် တခြားသူတွေကို ထပ်မံ အန္တရာယ်ပြုလာနိုင်တဲ့ အရေးအတွက် အင်မတန် စိုးရိမ်ပူပန်နေကြရတယ်လို့ မြို့ခံ NLD ပါတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ် သမန်းရင်းရွာမှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်နေတဲ့ NLD ပါတီ ထောက်ခံသူတစ်ဦး ဗုဒ္ဓဟူးနေ့ မနေ့က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရမှုအတွက် သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီးထားပြီ ဖြစ်ပေမယ့် ဒီအမှုမှာ ပါဝင်သူတွေအဖြစ် ဒေသခံတွေ၊ မျက်မြင်သက်သေတွေက ပြောဆိုနေကြတဲ့ ကျန်ရှိသူ ၆ ဦးကိုတော့ အရေးယူ ဖမ်းဆီးခြင်း မရှိသေးဘူးလို့ သိရပါတယ်။ "ကျေးရွာလူထုက အရမ်းစိုးရိမ်နေရတယ်။ ဘာကြောင့်ဆိုတော့ နှစ်ယောက်က အချုပ်ထဲမှာ ရှိသေးတယ်လေ။ နှစ်ယောက်ပဲ ရောက်သေးတယ်။ ကျန်တဲ့ ၆ ယောက်က ပျောက်နေတယ်လေ။ ပျောက်နေတယ်ဆိုတာ ဒီကောင်တွေက အခု ရွာမှာ ကြိမ်းနေတယ်။ သူ့ရဲ့ သားသမီးတွေက။ ကျွန်တော်တို့ NLD အမာခံတွေပေါ့နော်၊ ခေါင်းဆောင်တွေ ပြန်ပြီး သတ်ပစ်မယ်ပေါ့နော်။ ဒီကောင်တွေ မထားဘူးပေါ့။ အဲဒီလို ကြိမ်းမောင်းမှု ရှိနေတယ်။ ဒါကို ရဲကလည်း ကြားတယ်။ အရေးယူ ဆောင်ရွက်မှု မရှိဘူး။ ကျွန်တော်တို့ NLD တွေမှာ လုံခြုံမှု မရှိဘူး။ ဖမ်းပြီးတော့ပေါ့။ နှစ်ယောက်ကို ချုပ်ပြီး နှစ်ယောက်ကို ပြန်လွှတ်လိုက်တယ်။ ဒါဟာ ဥပဒေနဲ့ မညီဘူးလေ။ အမှန်တကယ်ဆိုရင် ရုံးမှာတင်ပြီး စစ်ဆေးရမယ်လေ။ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာက ရုံးကပဲ ဆုံးဖြတ်ရမဲ့ ကိစ္စလေ။ ရဲက ဆုံးဖြတ်ခွင့် မရှိဘူးလေ။ အခုဒါက ကာယကံရှင်တွေ မိသားစုက လုံးဝမကျေနပ်ဘူး။ ကျွန်တော်တို့ မြို့နယ်ကလည်း မကျေနပ်ဘူး။ ပြည်သူလူထုကလည်း မကျေနပ်ဘူး" ဒီကိစ္စနဲ့ ပတ်သက်လို့ ပွင့်ဖြူမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ တယ်လီဖုန်း လက်ခံပြောဆိုသူ ဝန်ထမ်းကို တခြား တာဝန်ရှိသူတစ်ဦးက ဆက်လက် ဖြေကြားခြင်း မပြုဖို့ ညွှန်ကြားသံ ကြားလိုက်ရပြီးနောက် တယ်လီဖုန်းလိုင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ဦးရဲဝင်းရဲ့ အလောင်းကို စစ်ဆေးခဲ့တဲ့ ပွင့်ဖြူမြို့နယ် ဆေးရုံကို RFA က ဆက်သွယ်မေးမြန်းရာမှာ မိမိအနေနဲ့ ဒီကိစ္စကို ဖြေဆိုခွင့်မရှိဘူးလို့ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။ ဦးရဲဝင်းရဲ့ အလောင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ ဂူသွင်းသဂြိုလ်ခဲ့ပြီး လိုက်ပါပို့ဆောင်သူ (၈၀၀) လောက်ရှိတယ်လို့ စောစောက ဒေသခံက ပြောပါတယ်။ "ဒီနေ့ နေ့လည် ၂ နာရီမှာ သံဃာတွေနဲ့ ကျွန်တော်တို့ အသုဘကို သွားပါတယ်ခင်ဗျ။ ကျွန်တော်တို့ သွားတဲ့ အခါမှာ လိုအပ်တဲ့ အချက်အလက်အထောက်အထားတွေကို ကျွန်တော် မှတ်တမ်း လုပ်ခဲ့ပါတယ်" ဦးရဲဝင်းရဲ့ ကိုယ်မှာ ဓားဒဏ်ရာ ၁၂ ချက် တွေ့ရှိခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ပြစ်မှု ကျူးလွန်သူ အားလုံးကို ဖမ်းဆီး အရေးယူမှု မရှိတာကြောင့် တခြားသူတွေကို ထပ်မံ အန္တရာယ်ပြုလာနိုင်တဲ့ အရေးအတွက် အင်မတန် စိုးရိမ်ပူပန်နေကြရတယ်လို့ မြို့ခံ NLD ပါတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။ "ကျေးရွာလူထုက အရမ်းစိုးရိမ်နေရတယ်။ ဘာကြောင့်ဆိုတော့ နှစ်ယောက်က အချုပ်ထဲမှာ ရှိသေးတယ်လေ။ နှစ်ယောက်ပဲ ရောက်သေးတယ်။ ကျန်တဲ့ ၆ ယောက်က ပျောက်နေတယ်လေ။ ပျောက်နေတယ်ဆိုတာ ဒီကောင်တွေက အခု ရွာမှာ ကြိမ်းနေတယ်။ သူ့ရဲ့ သားသမီးတွေက။ ကျွန်တော်တို့ NLD အမာခံတွေပေါ့နော်၊ ခေါင်းဆောင်တွေ ပြန်ပြီး သတ်ပစ်မယ်ပေါ့နော်။ ဒီကောင်တွေ မထားဘူးပေါ့။ အဲဒီလို ကြိမ်းမောင်းမှု ရှိနေတယ်။ ဒါကို ရဲကလည်း ကြားတယ်။ အရေးယူ ဆောင်ရွက်မှု မရှိဘူး။ ကျွန်တော်တို့ NLD တွေမှာ လုံခြုံမှု မရှိဘူး။ ဖမ်းပြီးတော့ပေါ့။ နှစ်ယောက်ကို ချုပ်ပြီး နှစ်ယောက်ကို ပြန်လွှတ်လိုက်တယ်။ ဒါဟာ ဥပဒေနဲ့ မညီဘူးလေ။ အမှန်တကယ်ဆိုရင် ရုံးမှာတင်ပြီး စစ်ဆေးရမယ်လေ။ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာက ရုံးကပဲ ဆုံးဖြတ်ရမဲ့ ကိစ္စလေ။ ရဲက ဆုံးဖြတ်ခွင့် မရှိဘူးလေ။ အခုဒါက ကာယကံရှင်တွေ မိသားစုက လုံးဝမကျေနပ်ဘူး။ ကျွန်တော်တို့ မြို့နယ်ကလည်း မကျေနပ်ဘူး။ ပြည်သူလူထုကလည်း မကျေနပ်ဘူး" ဒီကိစ္စနဲ့ ပတ်သက်လို့ ပွင့်ဖြူမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ တယ်လီဖုန်း လက်ခံပြောဆိုသူ ဝန်ထမ်းကို တခြား တာဝန်ရှိသူတစ်ဦးက ဆက်လက် ဖြေကြားခြင်း မပြုဖို့ ညွှန်ကြားသံ ကြားလိုက်ရပြီးနောက် တယ်လီဖုန်းလိုင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ဦးရဲဝင်းရဲ့ အလောင်းကို စစ်ဆေးခဲ့တဲ့ ပွင့်ဖြူမြို့နယ် ဆေးရုံကို RFA က ဆက်သွယ်မေးမြန်းရာမှာ မိမိအနေနဲ့ ဒီကိစ္စကို ဖြေဆိုခွင့်မရှိဘူးလို့ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။ ဦးရဲဝင်းရဲ့ အလောင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ ဂူသွင်းသဂြိုလ်ခဲ့ပြီး လိုက်ပါပို့ဆောင်သူ (၈၀၀) လောက်ရှိတယ်လို့ စောစောက ဒေသခံက ပြောပါတယ်။ "ဒီနေ့ နေ့လည် ၂ နာရီမှာ သံဃာတွေနဲ့ ကျွန်တော်တို့ အသုဘကို သွားပါတယ်ခင်ဗျ။ ကျွန်တော်တို့ သွားတဲ့ အခါမှာ လိုအပ်တဲ့ အချက်အလက်အထောက်အထားတွေကို ကျွန်တော် မှတ်တမ်း လုပ်ခဲ့ပါတယ်" ဦးရဲဝင်းရဲ့ ကိုယ်မှာ ဓားဒဏ်ရာ ၁၂ ချက် တွေ့ရှိခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။RFA Burmese | ||
| နေပြည်တော် တွင် ပထမဆုံး မော်တော်ယာဉ်ပေါ် ခါးပိုက်နှိုက်သူ ဖမ်းဆီးရမိ Posted: 26 Jul 2012 10:43 PM PDT နေပြည်တော်ကောင်စီနယ်မြေ မြို့ပတ်ယာဉ်လိုင်ပေါ် ပထမဆုံးအကြိမ် ခါပိုက်နှိုက် မှု တစ်ခု ဇူလိုင်လ ၁၉ ရက်နေ့( အာဇာနည်နေ့ )ပျဉ်းမနား-တပ်ကုန်း တော်ဝင်ယာဉ်လိုင်းပေါ်တွင်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။ ခါးပိုက်နှိုက်သူမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊သာယာဝှမ်းကျေးရွာ၊ ကျည်တောင် အုပ်စုနေအသက်၂၁နှစ် အရွယ်ရှိ သူရဟိန်းဆို သူဖြစ်ပြီး--- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် လက်ထောက်ကထိကဆရာမတစ်ဦးယာဉ် Accidence ဖြစ်ခြင်း Posted: 26 Jul 2012 10:35 PM PDT ၂၆-၇-၂၀၁၂ (ကြာသပတေး)၊ မွန်းလွဲ ၂း၃၀ ခန့်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဂိတ်ပေါက်ဝအရှေ့တွင်၊ ဆိုင်ကယ်ကယ်ရီတစ်စီး၏မဆင်မခြင် မောင်းနှင်မှုကြောင့် လက်ထောက်ကထိက ဆရာမတစ်ဦးအား တိုက်မိပြီးထိခိုက်ဒဏ်ရာများရှိခဲ့ပါသည်။ ဒဏ်ရာများရရှိခဲ့သည့် ဆရာမအား သန်လျှင်ဆေးရုံသို့အရေးပေါ်ချက်ချင်းပိုဆောင်ပြီးလိုအပ်သည့် စစ်ဆေးမှုများနှင့်ကုသမှုများပြုလုပ်ခဲ့ပါတယ်။ စစ်ဆေးချက်တွေအရ ဆရာမဟာ ဦးခေါင်းတွင်ဖူးရောင်ဒဏ်ရာတစ်ခု၊ ၀ဲဖက်မျက်ခုံးကွဲဒဏ်ရာတစ်ခု၊ လက်နှင့် ပေါင်တွင်စုတ်ပြဲဒဏ်ရာများ-- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဦးသိန်းညွန့်က (NGO) များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန် အဆိုတင်မည် Posted: 26 Jul 2012 10:21 PM PDT
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှု ကာလတွင် နိုင်ငံတော် သမ္မတ က အရပ်ဘက် လူမှု အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် မိန့်ကြားခဲ့ပြီးဖြစ်၍ အရပ်ဘက် လူ့အဖွဲ့အစည်းတွင် ပါဝင်သည့် အစိုးရမဟုတ်သော လူ့ အဖွဲ့အစည်း (NGO) များ ဖွဲ့စည်းရေးအတွက် ခေတ်နှင့်လျော်ညီသော အစိုးရ မဟုတ်သော လူ့ အဖွဲ့အစည်း (NGO) များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန် နိုင်ငံတော်အစိုးရအား ဤ လွှတ်တော်မှ တိုက်တွန်းကြောင်း " အဆိုကို တင်သွင်းမည်ဖြစ်ကြောင်းလွှတ်တော်သို့ သွားရောက်သတင်းရယူနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ The Voice Weekly | ||
| မယ်ကမ္ဘာရရှိခဲ့သူ Miss Aishwarya Rai ၏ ဖက်ရှင်ဒီဇိုင်းဖန်တီးရှင် Ms. Sherna မှဟောပြောပို့ ချမည် Posted: 26 Jul 2012 10:17 PM PDT မယ်ကမ္ဘာရရှိခဲ့သူ Miss Aishwarya Rai ၏ ဖက်ရှင်ဒီဇိုင်းဖန်တီးရှင် Ms. Sherna မှ Fashion Industry တွင် အောင်မြင်မှု ဆွတ်ခူးနိုင်မည့် တီထွင်ဖန်တီးမှု လမ်းကြောင်းများနှင့် စပ်လျဉ်း၍ ဟောပြောပို့ချမည် ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်းနှင့်အတူ ထိပ်တန်း ဖက်ရှင်ဒီဇိုင်း များကို ဖန်တီးလိုသူများအတွက် မယ်ကမ္ဘာMiss Ashwariya Rai ၏ ဒီဇိုင်းဖန်တီး ရှင်မှ ရှင်းလင်းပြောကြားပေးမည်ဖြစ်ပါသဖြင့် Summit Parkview Hotel Ballroom တွင် ဇူလိုင် ၂၉ရက်၊ တနင်္ဂနွေနေ့ နေ့လည် ၂နာရီမှ ၃နာရီအထိ ကျင်းပပြုလုပ်မည့် MDIS's Open House တွင် စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက် နားထောင်နိုင်ပါသည်။ ဖက်ရှင်ပညာနှင့် ပတ်သက်သည့် ဖန်တီးနိုင်မှုစွမ်းရည်နှင့် ဈေးကွက်ဆိုင်ရာ ကျယ်ပြန့်မှုကို ဖြစ်စေရန်ထိုးဖောက်ရမည့်နည်းလမ်းများ၊ ကမ္ဘာပေါ်ရှိ ဖက်ရှင်စတိုင်နှင့် အရည်အသွေးတို့ကို စားသုံးသူထံ အရောက်ပို့ပေးရမည့် နည်းလမ်းကောင်း များနှင့် ပတ်သက်၍ အသေးစိတ်ဟောပြောမည်ဖြစ်သည်။ Ms. Shema မှ ဖက်ရှင်များကို ဖန်တီးရာ၌ အရောင်များကို ရွေးချယ်သုံးစွဲရာတွင် အဆင်ပြေ ညီညွတ်မှု၊ လိုက်ဖက်မှု၊ တစ်ရောင်ချင်းစီ၏ သီးသန့်အဓိပ္ပာယ်ဖော်ညွှန်းမှုများ၊ Ms. Sherna တက်ရောက်ခဲ့သော နိုင်ငံတကာဖက်ရှင် ရှိုးပွဲမျာမှ အတွေ့အ ကြုံများစွာ နှင့် ဖက်ရှင်ဒီဇိုင်းဘာသာရပ်များကိုသင်ယူပြီးမြောက်ပြီးနောက် အလုပ်အကိုင်အခွင့် အလမ်းများ အကြောင်းကို ဆွေးနွေးပြောကြား ပေးမည်ဖြစ် ပြီး၊ စိတ်ပါဝင်စားသူများ CROWN Education ဖုန်း ၀၉ ၇၃၂ ၇၃၂ ၇၇ နှင့် ၀၉ ၅၀၈၅ ၁၈၅ တို့တွင် ဆက်သွယ်စာရင်းပေး တက်ရောက်နိုင်ပါသည်။ | ||
| ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရန်ပုံငွေ ကာတွန်းပြပွဲ နှစ်ကား အပယ်ခံရ Posted: 26 Jul 2012 10:30 PM PDT ရန်ကုန်မြို့တော် ပန်းဆိုးတန်း လောကနတ် ခန်းမတွင် ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ ကာတွန်းပြပွဲတွင် ကာတွန်းဆရာ ၇၇ ဦး ရေးဆွဲထားသည့် ကာတွန်းကား ၁၆၈ ကားကို ပြသခွင့်ရခဲ့ပြီး ကာတွန်းဆရာ ရွှေဘို နှင့် ကာတွန်းဆရာ အာယုတို့၏ လက်ရာ-- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| Posted: 26 Jul 2012 09:15 PM PDT
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အိန္ဒိယဒေသခံ အာသံ တိုင်းရင်းသားနဲ့ ဘင်္ဂါလီ မူဆလင်အဓိကရုဏ်း Posted: 26 Jul 2012 08:26 PM PDT ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ၊ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းတွေမှာ အနည်းဆုံး (၄၁) ယောက် သေဆုံး ခဲ့ရပြီး ကယ်ဆယ်ရေးစခန်းတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတွေ ထောင်သောင်းချီပြီး ရောက်ရှိနေကြပါတယ်။ Bodo တောင်ပေါ်တိုင်းရင်း သားတွေနဲ့ နောက်ထပ်ဝင်ရောက် အခြေချလာတဲ့ ဘင်္ဂါလီ ---- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဒုသမ္မတ ရွေးချယ်ရန် စိစစ်နေဆဲဟု ဦးဌေးဦး ပြောကြား Posted: 26 Jul 2012 08:14 PM PDT လစ်လပ်နေတဲ့ ဒု-သမ္မတရွေးချယ်ဖို့ စိစစ်နေဆဲပဲလို့ ရွေးချယ်ရေး အဖွဲ့ဝင်တ ဦးဖြစ်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောပါတယ်။ "ကျနော်တို့ ဆွေးနွေးနေ ဆဲဖြစ်ပါတယ်။ မပြတ်သေးပါဘူး။ အကောင်း ဆုံးဖြစ်အောင် ရွေးမှာပါ။ အဖွဲ့ဝင် ၇ ဦးရဲ့ သဘောနဲ့ပဲ ညှိနှိုင်းပြီး ရွေးကြမှာပါ။ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ကလည်း အားလုံး အပြည့်အစုံ ရှိပြီးသား ဆိုတော့ မခက်ခဲပါဘူး။ ခိုင်လုံဖို့ပဲ လိုပါတယ်။ ပြီးသွားတဲ့အချိန်ကျရင်--- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဦးအောင်သိန်းလင်းကို ပခုက္ကူလူထုဆန္ဒပြရန် စီစဉ် Posted: 26 Jul 2012 07:53 PM PDT ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းဟာ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး၊ ပြည်သူတွေ ရူးနေတာပါလို့ ထုတ်ဖော်ပြောဆိုတာနဲ့ပတ်သက်ပြီး ချစ်သောဧရာဝတီ ထာဝရရှင်သန်ရေးအတွက် ပခုက္ကူမြို့လူထုက သက်ဆိုင်ရာထံ ဒီနေ့ ဆန္ဒပြခွင့် တင်ပြလိုက်ကြပါတယ်။ စီတန်းလှည့်လည်ခွင့် နည်းဥပဒေပါအတိုင်း တင်ပြလိုက်တာဖြစ်ပြီး ခွင့်ပြုချက်ရရင်--- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ထွန်တုံးတိုက်ပွဲဝင် တောင်သူများ စစ်ဆေးခံနေရ Posted: 26 Jul 2012 07:29 PM PDT မန္တလေးတိုင်း မိတ္ထီလာခရိုင်ထဲက မြို့နယ် ၄ မြို့နယ်က ထွန်တုံးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တောင်သူတွေကို အာဏာပိုင်တွေက ခေါ်ယူမေးမြန်းနေသလို လယ်ယာမြေသိမ်းယူသူတွေကလည်း တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ ---- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အမျိုးသမီးတွေ အခွင့်အရေး လွှတ်တော်မှာ ဆွေးနွေး Posted: 26 Jul 2012 07:18 PM PDT ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေး အဆင့်တွေအတွက် ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ အမျိုးသမီးတွေကို တင်မြှောက်ပိုင်ခွင့် ရှိ မရှိဆိုတဲ့ မေးခွန်းကို ဖလုံဆဝေါ ပါတီရဲ့ ဘားအံမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဆေအွာက တင်သွင်းခဲ့ပါတယ်။ သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ RFA ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်က နေပြည်တော်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ | ||
| အချိန်တန်ဖိုးထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို Posted: 26 Jul 2012 07:11 PM PDT လက်ရှိကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေက ဆွေးနွေးမှုတွေ အဆို တင်သွင်းချက်တွေဟာ အချိန်တိုတိုနဲ့ ထိရောက်မှုရှိဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ --- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ AFP ၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်က လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား စကားပြောကြားနေစဉ်။ | ||
| ရိုဟင်ဂျာကိစ္စအတွက် ပါကစ္စတန်အစိုးရကို တာလီဘန်က ခြိမ်းခြောက် Posted: 26 Jul 2012 07:12 PM PDT ပါကစ္စတန်အစိုးရအနေနဲ့ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ပိတ်ပစ်ပြီး မြန်မာအစိုးရနဲ့ အဆက်အသွယ် မှန်သမျှကို ဖြတ်တောက် ရမယ်လို့ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ TTP တာလီဘန်အဖွဲ့က တောင်းဆိုလိုက်ပြီး အဲဒီလို မဆောင်ရွက်ဘူးဆိုရင် မြန်မာနိုင်ငံမှာ မူစလင် ရိုဟင်ဂျာတွေကို နှိပ်ကွပ်နေမှုအတွက်--- သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဇူလိုင်လ ၂၆ ရက်နေ့ ထုတ် Hot News Weekly Posted: 26 Jul 2012 06:54 PM PDT ဇူလိုင်လ ၂၆ ရက်နေ့ ထုတ် Hot News Weekly ဂျာနယ် ဒေါက်တာဒေါ်အောင်ဆန်းစုကြည်ဟု မခေါ်ရန် ပြောကြား ဒေါက်တာခင်ရွှေ က အသေရေဖျက်မှုဖြင့် တရားစွဲ --- ဂျာနယ်ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ


















