[mrsorcerer:28370] ခလေးမလေး ဝေနှင်းပွင့်သုန် သို့

ဒကာမလေး ဝေနှင်း ဦးဇင်းက ဗုဒ္ဓဘာသာရဟန်း တစ်ပါးဖြစ်ပါတယ်။ ဒကာမလေး ဝေနှင်းကို ဦးဇင်း ပထမဆုံး သတိထားသိလိုက်ရတာက အင်္ဂလန်၊ မန်ချက်စတာက

 လေဘာပါတီကွန်ဖရင့်မှာ ထင်ပါရဲ့။ ဒကာမ လေး မိန့်ခွန်းပြောတုန်းကစပြီးသတိထားမိတာပါပဲ။ အဲဒီ ဗွီဒီယိုကို ကြည့်ပြီး ဦးဇင်းအတော်လေး အားတက်ခဲ့မိပါတယ်။ 

အင်မတန်မှ ဂုဏ်လည်းယူခဲ့


မိပါတယ်။ နောက်အဲဒီဗွီဒီယိုကို ကြည့်ပြီးတော့၊ ဦးဇင်းမျက်နှာပေါ်မှာ မျက်ရည်တစ်စက်မှ မကျခဲ့ပေမယ့်၊ ရင်ထဲမှာ မျက်ရည်အပြည့်နှင့် ဘုန်းကြီးတန်မဲ့ 

ဝမ်းနည်းပြီးငိုခဲ့ဘူးပါတယ်။ ကြိတ်ပြီးတော့လည်း ဝမ်းသာ

မိခဲ့ပါတယ်။

ဝမ်းနည်းရတဲ့အကြောင်းက ပြည်သူတွေလေးစားတဲ့ကိုမြအေး၊ ပြည်သူတွေအတွက်အကျဉ်းကျနေတဲ့ ကိုမြအေး၊ ဒကာမလေးချစ်တဲ့ လေးစားတဲ့ ဒကာမလေးရဲ့ 

ဖခင်နဲ့ကွေကွဲပြီး ခွဲခွာနေရတာ သိလိုက်ရလို့ ဝမ်းနည်းတာပါ။ ဝမ်းသာမိတာက ဒကာမလေးကအားမာန်အပြည့်နဲ့၊ ခံစားမှုအပြည့်နဲ့၊ ကြားရ

တဲ့ သူတွေကြက်သီးမွှေးညှင်းထလောက်အောင် ပြောသွားတာကို မြင်လိုက် ရလို့ဂုဏ်ယူဝမ်းသာမိခဲ့တာပါ။ ဒကာမလေး ဟာ ဒို့ဗမာပြည်က ဒို့လူမျိုး၊


ဒို့အားကိုးရတော့မယ်ဆိုပြီး ဝမ်းသာခဲ့တာပါ။ မူစလင်မို့လို့၊ ဟိဒ္ဒူမို့လို့၊

ခရစ်ယာန်မို့လို့၊ ဗုဒ္ဓဘာသာမို့လို့ ဆိုတာဦးဇင်းတို့ရင်ထဲမှာ မရှိခဲ့တာအမှန်ပါ။

ဒကာမလေး ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး

အတွက် ယုံကြည်ရမယ်၊အားကိုးရမယ်ဆိုရင်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတိုင်း၊ လူမျိုးအားလုံးကလေးစားကြမှာ၊ ကြည်ညိုကြမှာ၊ ချစ်ခင်ကြမှာ၊ အားကိုးကြ

မှာမြေကြီးလက်ခတ်မလွဲပါ ဒကာမလေး။

ဒီနေရာမှာ ကိုကိုကြီးရဲ့ စကားကို အငှားယူပြီးပြောရရင် "အမျိုးသားရေးဟာ

'ဆား' လိုပါပဲ။ ဆားမပါရင် ဟင်းမဖြစ်သလို ဆားများရင်လည်း ဟင်းပျက်

ပါတယ်။"ဒကာမလေး ဆားခတ်ဖို့ မေ့နဲ့နော်။

အခု "ဖြေရှင်းရမယ့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ" ဆိုတဲ့ ဗွီအိုအေက

ဒကာမလေးရဲ့ အင်တာဗျူးဆောင်းပါးဖတ်ပြီး ဒီစာကို ရေးဖို့စိတ်ကူးလေး

ရလာတာပါ။ဒကာမလေးက "အစ္စလာမ်ဘာသာဝင် တစ်ဦးအနေနဲ့ ပြောရ

မယ်ဆိုလို့ရှိရင် ဒီလိုမျိုးအကြမ်းဖက်မှုဆိုတဲ့အရာကို လုံးဝယုံကြည်ချက်

မရှိဘူးရှင့်" လို့ဆိုပြန်တော့ဝမ်းသာရပြန်ပါပြီ။ အကြမ်းဖက်မှုကို မလိုလားတဲ့၊ အကြမ်းဖက်မှုကိုဆန့်ကျင့်တဲ့ ဒကာမလေး သာဓု သာဓု၊ လူတိုင်း လူတိုင်း 

အကြမ်းဖက်မှုကိုဆန့်ကျင်သင့်ပါတယ်။ မထောက်ခံသင့်ပါဘူး။ အင်ဒိုနီးရှား

က မြန်မာသံရုံးရှေ့၊အီဂျစ်နိုင်ငံက မြန်မာသံရုံးရှေ့၊ ကူဝိတ်၊ အိန္ဒိယ စတဲ့

မြန်မာသံရုံးရှေ့တွေမှာ၊ ကလဲ့စားချေပစ်ရမယ်၊ ဗမာပြည်ကို သွားကြ၊ ငါတို့

မူစလင်ညီအစ်ကိုတွေအတွက် လက်စားချေကြဆို့တဲ့ သံရုံးရှေ့က ဆန္ဒတွေ

အသံတွေဟာ အင်မတန်ကြောက်စရာ လန့်စရာတွေပါတကား။ 

အကြမ်းဖက်ရန်ကြံစည်နေကြပြီလား၊ ဒါလေးတွေကို ဒကာမလေးအနေနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ငြိမ်းချမ်းရေးကို လိုလားတဲ့ သူတစ်ယောက်

အနေနဲ့ ဒကာမလေး အဲဒါလေးတွေကိုတားမြစ်ပေးဖို့ ဦးဇင်းမျှော်လင့်

နေပါတယ်။ တတ်အားသရွေ့ပါ။အစ္စလာမ်ဘာသာဝင်အချင်းချင်းဆိုတော့ ဒကာမလေးပြောရင်တော့ ရလောက်ကောင်းတန်ရဲ့။ ဒကာမလေးက 

"ရိုဟင်ဂျာလို့ မခေါ်ချင်ဘူး။ ရတယ် ကိစ္စမရှိဘူး။ ရိုဟင်ဂျာလို့မခေါ်ချင်ဘူး 

ဆိုရင် မင်းတို့ ဘယ်လိုခေါ်ချင်သလဲ" ဆိုတော့၊ ပြည်တွင်းကအတော်များများ

ကတော့ ရိုဟင်ဂျာလို့ မခေါ်ပဲအင်္ဂလီတွေလို့ခေါ်နေကြပါတယ်။

ဒကာမလေးကတော့ သဘောတူရဲ့လား?။ ပြီးတော့ အဲဒီဘင်္ဂလီတွေဟာ ဗမာပြည်ကတိုင်းရင်းသားတွေ မဟုတ်ကြဘူးလို့ ပြောနေကြပြန်တယ်။ 

ဒကာမလေးကရောအဲဒီဘင်္ဂလီတွေ ဟာ ဗမာပြည်က တိုင်းရင်းသားတွေ

မဟုတ်ဘူးဆိုတာကို သဘောတူရဲ့လားလက်ခံရဲ့လား?။

နောက် ဒကာမလေးက ရန်ကုန်၊ မန္တလေးက မြန်မာမူစလင်တွေကိုယ်တိုင်

တချို့မှတ်ပုံတင်မရှိတဲ့ အကြောင်းပြောတာ ဘယ်သူမှငြင်းလို့မရပါဘူး။

ဒကာမလေး လုံးဝမှန်တယ်။ဒါပေမယ့် မှတ်ပုံတင်မရှိဘဲ မူစလင်အကြောင်း

ပဲပြောနေတော့ မူစလင်မဟုတ်တဲ့သူတွေတော့ မှတ်ပုံတင်တွေ ကိုယ်စီရှိနေ

ကြတယ်လို့ ဒကာမလေးယူဆလေသလား၊ သို့တည်းမဟုတ် မူစလင်တွေ

မရှိတာ ပဲပြောမယ်၊ ဒါပဲစိတ်ဝင်စားတယ်၊ တခြားဟာတွေစိတ်မဝင်စားဘူး

ဆိုတဲ့သဘောလား။ ဒကာမလေး အဲဒီစိတ်မျိုးတော့ မထားပါနဲ့ကွယ်၊

သဘောထားကြီးတဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ ဘာသာဝင် အားလုံးအတွက်ပြောပေးပါဦးလို့ ဦးဇင်းတိုက်တွန်းပါရစေ။ စိတ်တော့ မရှိ

နဲ့နော်။နောက်တစ်ခုက ဒကာမလေးက "တရားမဝင် လာနေထိုင်တယ်ဆိုပြီး ထားပါအုံး။ တရားမဝင်လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်

တော့ဘူးလား။ သူတို့အနေနဲ့ကျမတို့မှာရှိနေတဲ့ လူ့အခွင့်အရေးမျိုး သူတို့

အနေနဲ့ မပိုင်သင့်ဘူးလား"တဲ့ ကိုယ်ဟာကိုယ် ပြန်ဖြေကြည့်သေးလား ဒကာမလေး။ ဦးဇင်း ကြိုးစားပြောကြည့်မယ်နော်၊ မှားရင်လည်း ပြင်ပေးပါ။ တရားဝင်နေထိုင်တဲ့လူရော၊ 

တရားမဝင်နေထိုင်တဲ့ လူရော အားလုံးလူပါပဲ။ ဒကာမလေးတို့ ဦးဇင်းတို့တိုင်းရင်းသားတွေဖြစ်ကြတဲ့ မြန်မာတွေ၊ ရှမ်းတွေ၊ ချင်းတွေ၊ မွန်တွေ၊စတဲ့ စတဲ့ 

တိုင်းရင်းသားတွေဟာလဲ တရားမဝင်နေထိုင်ကြ

တာတွေထိုင်းနိုင်ငံမှာ၊ မလေးရှားမှာ၊ အိန္ဒိယမှာ ရှိနေကြပါတယ်။ ဒကာမ

လေးတို့ဦးဇင်းတို့ရဲ့ ညီအစ်ကို တိုင်းရင်းသားတွေဟာ မတရားအနိုင်ကျင့်

ခံကြရတယ်။ခေါင်းပုံဖြတ်ခံကြရတယ်။ သူတို့တတွေဟာ သူများနိုင်ငံသွားပြီး၊ ငါတို့ကိုဘာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပါ။ နိုင်ငံသားအဖြစ် အသိ

အမှတ်ပြုပေးပါဆိုပြီးတောင်းဆိုနေကြတာလဲမဟုတ်ပါဘူး။ သူတို့တတွေဟာ

မျိုးဆက်တစ်ဆက်နှစ်ဆက် စသည် အဲဒီနိုင်ငံမှာ မွေးဖွားခဲ့ကြပေမယ့် အဲဒီ

နိုင်ငံသားလည်း မဖြစ်ကြပါဘူး။ လူ့အခွင့်အရေးလဲ သူတို့နိုင်ငံသားတွေနဲ့

တခြားစီ ခွဲခြားဆက်ဆံခံကြရတယ်ဆိုတာ ဒကာမလေးလဲ ကြားလိမ့်မယ်

လို့ ဦးဇင်းထင်ပါတယ်။


မလေးရှားမှာ လူ့အခွင့်အရေး ချိုးဖောက်ခံကြရတဲ့ ဒကာမလေးတို့

ဦးဇင်းတို့ရဲ့ တိုင်းရင်းသားတွေ အကြောင်းပြောဖို့လိုလိမ့်မယ်လို့ ထင်မိ

ပါတယ်။ မလေးရှားဝန်ကြီးချူပ်က " We do support human rights, but we must do so within the boundaries set by Islam," လို့ပြောသွားတာ 

ဒကာမလေးဘယ်လိုသဘောရလဲ။ ဒကာမလေးတို့ ဦးဇင်းတို့ရဲ့ တိုင်းရင်းသား

တွေဆုံးရှုံးနေကြရတဲ့ လူ့အခွင့်အရေး အကြောင်းလဲ အားစိုက်စေချင်ပါတယ်။

ဦးဇင်းအနေနဲ့တော့လေ လူချင်းတူပေမယ့် အသက်ရှုကွဲတယ်ဆိုတဲ့ ဗမာ

စကားပုံကိုမမေ့စေချင်ဘူး။ သတိရစေချင်တယ် ဒကာမလေး။ အားလုံးဟာ လူတွေချည်းပဲ လူ့အခွင့်အရေးအတူတူ ရသင့်တယ်လို့ ဒကာမလေးထင်ရင်၊ 

စစ်အစိုးရအပေါ်ချမှတ်ဖို့ sanction ၊စီးပွားရေးပိတ်ဆို့ဖို့ လှုပ်ရှားနေစရာ၊

ကြွေးကြော်နေစရာအကြောင်းမရှိတော့ဘူးလို့ ဦးဇင်းထင်တယ်။ ဒကာမ

လေး ဘယ်လိုသဘောရလဲ။နောက်တစ်ခုက တရားဝင်နေထိုင်သူနဲ့၊ တရား

မဝင်နေထိုင်သူဟာအခွင့်အရေးချင်းအတူတူပဲလို့ ယူဆရင်၊ ဒကာမလေးတို့

နေထိုင်တဲ့ အင်္ဂလန်မှာတရားမဝင်နေထိုင်တဲ့သူတွေ အိမ်ခန်းငှားလို့ရပါ

သလား။ မဲပေးပိုင်ခွင့်ရှိပါသလား။ အလုပ်လုပ်လို့ရပါသလား။ ဒကာမလေး

ကရော အင်္ဂလန်မှာတရားဝင် နေထိုင်နေတာလား။ လားပေါင်းများစွာပေါ့ ဒကာမလေးရယ်။ အချိန်ရမှဖြေပါ။


ပြီးတော့ သတင်းသမားတွေ၊ မီဒီယာသမားတွေ ဆွပေးချက်ကတော့

ပြောစရာမရှိလောက်အောင် ပါပဲ။ ဆွပေးတိုင်း ကနေလို့တော့လဲ မတော်ဘူးပေါ့လေ။ နောက် ဒကာမလေးပြောသလို facebook ပေါ်က ဆဲတာတွေ ဆိုတာတွေကတော့ 

လွန်ရောပဲနှစ်ဖက်လုံးကပဲ ထင်ပါရဲ့။

အေးပေါ့လေ သူတို့တတ်သလောက် မှတ်သလောက် ပြောကြရေးကြ

ပါ့လေ၊ ဆဲတာပဲ တတ်တဲ့လူကလဲ ဆဲတာပဲပေါ့လေ။ လိမ်တဲ့ဟာကလဲ

နှစ်ဖက်လုံးကပဲနဲ့ တူပါတယ်။ နောက်တစ်ခုက Burma Campaign UK ကို

ဝေဖန်တာကြောင့်တော့ စိတ်မထိခိုက်ပါနဲ့ကွယ်။ ကိုယ့်လူမျိုးကို လာပြီး

ထိခိုက်လာရင်သာ ကာကွယ်ပါ၊ စောင့်ရှောက်ပါကွယ်။ ဒကာမလေးတို့၊

ဦးဇင်းတို့ ဗမာနိုင်ငံမှာက ဘာသာပေါင်းစုံဆိုတော့ အတူတကွ အေးအေး

ချမ်းချမ်းနေနိုင်အောင် ကြိုးစားကြရမှာပေါ့ ဒကာမလေး။ မတူညီတာလေး

တွေအတူတူမြင်ရတာလဲ တမျိုးကြည်နူးစရာပါပဲ။ မတူညီတာတွေ အတူအေးချမ်စွာနေထိုင်ခြင်းဟာ သဘောထားကြီးမြတ်ခြင်းပဲမဟုတ်လား။ တနည်းဆိုရရင် 

အဲဒါဒီမိုကရေစီပဲ မဟုတ်လား။ နောက် ဒီမိုကရေစီနိုင်ငံကြီး

မှာဆိုရင်အစ္စလာမ်ဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်မဟုတ်ဘဲ ခရစ်ယာန်၊

ဟိန္ဒူ၊ဗုဒ္ဓဘာသာဝင်စသည်တို့ ထိမ်းမြားမင်္ဂလာပြုရင်၊ ဘယ်ဘာသာထဲကိုမှ

ကူးပြောင်းစရာမလိုဘဲ၊ မတူညီတာတွေ အတူတကွနေနိုင်ကြတော့မယ်။ အဲဒါ


ဒီမိုကရေစီ မှတ်တာပါပဲ။ တစ်နည်း အဲဒါအမြင်ကျယ်တာပေါ့နော်။ သြော်

ကိုကိုကြီးပြောတဲ့ "ဆား" ကိုလဲ မမေ့နဲ့နော်။နောက် ဒကာမလေးနဲ့ ဒကာမ

လေးရဲ့ Burma Campaign UK အနေနဲ့ ရိုဟင်ဂျာတွေကို ကူညီတယ်။

ပံ့ပိုးမှုတွေရှိတယ်။ အထူးသဖြင့် ဗြိတိသျှပါလီမန်မှာသွားပြီးတော့ တင်ပြ

နိုင်ဖို့ ကူညီနိုင်တယ်ဆိုရင်၊ ဒကာမလေးအနေနဲ့ Burma Campaign UK နဲ့

တွဲပြီး မိမိတို့တိုင်းရင်းသားညီအစ်ကိုအရင်းအချာတွေဖြစ်တဲ့ရခိုင်

တိုင်းရင်းသားတွေ၊မြန်မာတိုင်းရင်းသားတွေ၊ စသဖြင့်ပေါ့လေ သူတို့ကိုလဲပဲ ဗြိတိသျှပါလီမန်မှာသွားပြီးတင်ပြနိုင်ဖို့ ပံ့ပိုးကူညီပါလို့ ဦးဇင်းမေတ္တာရပ်ခံပါတယ်။

တိုင်းပြည်နဲ့ ဗမာပြည်က တိုင်းရင်းသားတွေအားလုံးရဲ့ အကျိုးကို

မှန်ကန်ဖြောင့်မတ်ရိုးသားစွာ အနာဂတ်လူငယ်တွေပါ စံထားနိုင်အောင်

ဆထက်တပိုးဆက်လက်ပြီး ဆယ်ပိုးဆောင်ရွက်နိုင်ပါစေ။

မေတ္တာများစွာဖြင့်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ