2012/7/15 Richard Aung <richardaung68@gmail.com>
နိရဉ္စရာ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ မြောက်ဦးမြို့နယ် ဒုဥက္ကဌ ဦးအေးမောင်သန်းကို စစ်တပ်က ဖမ်းခေါ်ဆောင်သွား ကြောင်း သတင်းရရှိသည်။
" ညနေ ၄ နာရီခွဲခန့်မှာ စစ်တပ်က သေနတ်တွေနဲ့ ၀င်လာပြီး ကျွန်မ ယောင်္ကျားကို ဖမ်းဆီးခေါ် ဆောင်သွားပါတယ်" ဟု ဦးအေးမောင်သန်း ဇနီးဖြစ်သူက ပြောသည်။
စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအခါ ဦးအေးမောင်သန်းကို မြောက်ဦးရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။
" သူ့ကို လက်ထိပ်ခတ်ပြီး စစ်တပ်က ယူသွားပါတယ်။ အခု သတင်းကြားတာ ကတော့ မြောက်ဦး ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါ တယ်။ သူ့ကို ဖမ်းတာက မြောက်ဦးဆန်စက်တွေကနေ မွတ်လင်ရွာတွေကို ဆန်တွေထုတ် ရောင်းနေတာကို မရောင်းကြဖို့ ဟန့်တားတဲ့ အတွက် ဆန်စက် ပိုင်ရှင်တွေက စစ်တပ်ကို သွားရောက်တိုင်ကြားတာကနေ အခုလိုအ ဖမ်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်" ဟု သူမက ပြောသည်။
မြောက်ဦးမြို့နယ် RNDP ရုံးကို ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ မှန်ကန်ကြောင်း၊ သူတစ်ဦးတည်းသာ ယခု အချိန် တွင် ဖမ်းဆီးခံနေရသေးကြောင်း ပြောကြားသည်။
မြောက်ဦးရဲစခန်းကို ဆက်သွယ် မေးမြန်းရန် ကြိုးစားနေသော်လည်း အဆက်အသွယ် မရရှိသေးပါ။
--
Posted By Richard Aung to Richard Aung at 7/15/2012 06:32:00 AM --
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။