Re: [aurorageneration] စစ်တွေ နည်းပညာကျောင်းသားများ ဘင်္ဂလီများတိုက်ခိုက်ခြင်း ခံရ

ကျောင်းသားများကိုလဲ မိမိကိုယ်ကိုကာကွယ်တဲ့အနေနဲ့ သေနတ်များ ၊ RPG များပေးလိုက်ရင်ပြေလည်သွားမယ်လို့ ထင်တယ်

2012/7/18 poppinn <poppinn@googlemail.com>
တော်တော်ကိုမိုက်ရိုင်းနေကြတာဘဲ ကျောင်းသားလေးတွေကိုမရှောင်

2012/7/18 သုရှင် <cyniccancer@gmail.com>
ယမန်နေ့က ဖွင့်လှစ်ခဲ့သော စစ်တွေ နည်းပညာ ကောလိပ်မှ ကျောင်းသားများကို
ယနေ့ ကျောင်းဆင်းချိန်တွင်  မွတ်ဆလင် လူအုပ် တစ်ခုက တိုက်ခိုက်ခဲ့ သည်ဟု
သိရသည်။

" ဖြစ်တာက နေ့လည် ၁ နာရီကျော် ကျောင်းဆင်းချိန်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းကားတွေကို ဘင်္ဂလီတွေက ဆွဲလား ရမ်းလား လုပ်တယ်လို့ ဒီလိုဘဲ
ကျွန်တော် တို့ သတင်းရပါတယ်" ရခိုင်ပြည်နယ် ပြန်ကြားရေး အရာရှိ
ဦးဝင်းမြိုင်က ပြောသည်။

ယခုကဲ့သို့ ပြဿနာ ပေါ်ပေါက်ခဲ့သည့် အကြောင်းအရင်းကို မေးကြည့်ရာ သူက
ယခုလို ဆက်ပြောသည်။

" သူတို့က ကျောင်းကားတွေကို တိုက်ခိုက်တာတွေ လုပ်တယ်လို့ ပြောပါတယ်။
ဘတ်စ်ကားတွေက ကျောင်းသားတွေ အတွက် စီစဉ်ပေးထားတာ။ အရပ်သားတွေ အတွက်
မဟုတ်ဘူး။ ကျောင်းကားတွေကို တိုက်ခိုက်ရာကနေ  ပြဿနာ ဖြစ်ကြတာပါ။
နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရောက်လာတော့ ပြဿနာက
ပီးဆုံးသွားခဲ့ပါတယ်" ဟု ဦးဝင်းမြိုင်က ပြောသည်။

ယခု တိုက်ခိုက်သည့် ဘင်္ဂလီရွာသားများမှာ ရေချမ်းပြင် အနီးရှိ ရွာကြီး၊
ရွာငယ်မှ ဖြစ်ပြီး တစ်ချို့မှာ ၎င်းရွာများ အနီးရှိ  ကုတင်ပိုက်ရွာက
ဖြစ်ကြောင်း သိရသည်။

နည်းပညာကောလိပ်မှ ကျောင်းသားတစ်ဦးကလည်း သူတို့ ယနေ့ကြုံတွေ့ခဲ့ရသည့်
အခြေအနေကို ယခုလို ပြောသည်။

" ကျွန်တော်တို့ ကျောင်းဆင်းချိန်မှာ နည်းပညာကောလိပ်  အနီးက အပြင်ဘက်မှာ
ရှိတဲ့ ဘင်္ဂလီ ရွာသားတွေက တုတ်တွေ၊ ဓါးတွေကို ထမ်းပြီး အုပ်စုလိုက်
ပြေးလိုက်လာကြတယ်။ ကျွန်တော်တို့လည်း ကျောင်းဆင်းချိန်ဆိုတော့
ကျောင်းပြင် လမ်းပေါ်ကနေ ကျောင်းထဲကို ပြန်ဝင် ပြေးကြတော့ ဖရိုဖရဲ
ဖြစ်ကုန်ပြီး ကျောင်းသူတွေ ငိုယိုပြီး အကူအညီ တောင်းကြတော့ အခြေအနေက
ရုတ်ရုတ်သည်းသည်း ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ကြားတာက ဘင်္ဂလီတွေနဲ့
ဂျီအီး တပ်က လူတွေ ရှေ့မှာ ပြဿနာ တက်နေကြတယ်လို့ဘဲ ကြားပါတယ်" ဟု
ပြောသည်။

အခင်း ဖြစ်ပွားစဉ် သုံးဘီး ဆိုင်ကယ်ပေါ်တွင် ပါလာသူ  ဆရာမ တယောက်က
သူမြင်တွေ့ ခံစားရပုံကို ယခုလို ပြောသည်။

"-အခုဆိုရင် ကျွန်မတို့ လုံခြုံမှု လုံးဝမရှိတောပါ။ ကျွန်မတို့ကို
ဆိုင်ကယ်ကို တုတ်တွေ ဓါးတွေနဲ့  ဘင်္ဂလီတွေက လာတိုက်ပါတယ်။ ကျွန်မတို့က
အသက်လု ပြေးကြရပါတယ်။ ဆိုင်ကယ် တက်စီ ဒရိုင်ဘာမှာ ဒဏ်ရာ ရရှိသွားပါတယ်။
ဒီအတိုင်းဆိုရင် ကျောင်းကို ဆက်မသွားနိုင်တော့ပါ။
အလုပ်ဖြုတ်မယ်ဆိုရင်တောင် အလုပ်ပြုတ်ခံတော့မှာပါ" ဟု ပြောသည်။

ဦးဝင်းမြိုင်မှ  စစ်သားများနှင့် စတင် ပြဿနာ ဖြစ်ပွားခြင်းမှာ
မဟုတ်မှန်ကြောင်း ငြင်းဆိုသလို ဒဏ်ရ ရသူလည်း မရှိပါကြောင်း ပြောသည်။

လုံခြုံရေးနှင့် ပတ်သက်ပြီးလည်း ဦးဝင်းမြိုင်က ယခုလို ပြောသည်။

" လုံခြုံရေးကတော့ ကျောင်းဝင်းထဲမှာ ရှိပါတယ်။ လမ်းတွေမှာတော့ မရှိဘူး။
ဒါကြောင်း မနက်ဖြန်က စပြီး လမ်းတွေမှာလည်း လုံခြုံရေး
တိုးမြှင့်သွားပါမယ်" ဟု ပြောသည်။

ယနေ့ ကျောင်းကားများကို တိုက်ခိုက်ရာတွင် မွတ်ဆလင် ရွာသား ၃၀၀
ခန့်ပါဝင်သည်ဟု ဆိုသည်။

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N  မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့   mail ပို့ ခြင်းဖြင့်  ၀င်နိုင်ပါတယ်။  group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။