2012/7/2 Lynn Htet Swe <myatchitshin@googlemail.com>
အယူအဆတွေ ဆိုတာတော့ သူ့ နေရာ နဲ့ သူ သုံးကြရတာပဲ။
မျိုးချစ်ဝါဒ လဲ သူ့နေရာနဲ့ သူ အသုံးဝင်သလို လူချစ်ဝါဒ လဲ သူ့နေရာ နဲ့ သူပေါ့။
မျိုးချစ်ဝါဒ နဲ့ စဉ်းစား ရမဲ့ နေရာ မှာ လူချစ်ဝါဒ ကို အခြေခံ နေရင် လဲ မှား မှာ ပဲ။
လူချစ်ဝါဒ နဲ့ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားသင့်တဲ့ အခြေအနေ မျိုးချစ်ဝါဒ ကို ရှေ့တန်းတင်ရင် အစွန်း ရောက်မှာ အမှန်။
တစ်ခါတစ်လေ ကျ တော့ လဲ ဒီ နှစ်ခုလုံး ကို ပေါင်းစပ်ပြီး စဉ်းစား ရတာ မျိုး လဲ ရှိတယ်။ ဒီလို အခါမျိုး မှာ ဥာဏ် ကို လွှာသုံးဖို့ တော့လို တယ်။
အခု ငြင်း နေခုံနေကြတဲ့ ရိုဟင်ဂျာ ခေါတော တွေ ရဲ့ အရေးကိစ္စ ကိုပဲကြည့်။
လူချစ်ဝါဒ သက်သက် နဲ့ စဉ်းစား ရင် မြန်မာပြည် ရဲ့ အနာဂတ် ပုံပန်းသဏ္ဍာန် အတွက် စိုးရိမ်ရတာ အမှန်ပဲ။
ရိုဟင်ဂျာတွေ က ပေါက်ပွားနှုန်းလဲ မြင့်တယ်။ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တဲ့ အတွက် ဌာနေတိုင်းရင်းသားတွေ နဲ့ တစ်သားတည်း Absorbed ဖြစ်ဖို့ Assimilated ဖြစ်ဖို့ လဲ မလွယ်လို့ ပါပဲ။ အမေရိကန်တောင်ပိုင်း မှာ ဟစ္စပန်းနစ် အနွယ်တွေ ရဲ့ လူဝင်မှု ပြဿနာ ခေါင်းခဲနေရသလိုပဲ။ အမေရိကန် က တိုင်ပြည်ကြီး ဖြစ်လို့ သိပ်မစိုးရိမ်ရပေမဲ့ မြန်မာလို နိုင်ငံသေးသေးလေး အတွက် က တော့ ရင် မအေးစရာ လို့ ဆို ရင် မလွန်လောက်ပါ။
ကိုင်း ဒါဆို မျိုးချစ်ဝါဒ ကို ပဲ ရှေ့တန်းတင် ကြမလား။
မျိုးချစ်ဝါဒ သက်သက် နဲ့ စဉ်းစားပြန်ရင်လဲ လက်တွေ့မကျတဲ့ စိတ်ကူးတွေ ပဲ ထွက်လာလိမ့်မယ်။
ရိုဟင်ဂျာခေါတော တွေ က သန်းချီ ရှိနေတဲ့ အပြင် ပြည်ပ ကွန်ယက်တွေ ရှိနေလို့ ပြဿနာ က ပို ကြီးထွားလာစရာ ပဲ မြင်တယ်။
မြန်မာ တွေ မို့ မြန်မာ တွေ ရဲ့ အရေး ကို ရှေ့တန်းတင်စဉ်းစား တာ သဘာဝကျပါတယ်။ လူချစ်ဝါဒ ကို အော်နေတဲ့ တိုင်းပြည်ကြီးတွေ တောင် မိမိ အမျိုးသား အကျိုးစီးပွား ကို ပဲ ဗဟိုပြု စဉ်းစားကြတာ မဟုတ်လား။
ရှင်တော်ဗုဒ္ဓ တောင် တိတ္ထိတွေ က ဇေတ၀န်ကျောင်း ဘေး က မြေ ကို ပသေနဒီကောသလမင်းကြီး ကို လာဘ်ထိုးပြီး ၀ယ်ယူတော့ မဖြစ်ခြေဘူး ဆိုပြီး နန်းတော် ကို ကိုယ်တော်တိုင် ကြွတော်မူ လို့ ဘုရင် ကို သွား ကန့်ကွက်ခဲ့ ပါတယ်။ ဘဂ၀ါဇိနအရှင် တောင် လက်ပိုက်ကြည့်မနေ သင့် ရင် လက်ပိုက်ကြည့်မနေဘူး ဆို တဲ့ သဘော ပါ။
ဒီတော့ အားလုံး အတွက် တရားမျှတမှု ရှိတဲ့ ဥပဒေ ကို ရေးဆွဲ ပြဋ္ဌာန်းကြရမယ်။ ရေးဆွဲ ရာ မှာ မြန်မာနိုင်ငံရဲ့ ဥပဒေ ဖြစ်လို့ မျိုးချစ်ဝါဒ ကို တော့ အခြေခံ ရမှာ အမှန်။ ဒါပေမဲ့ လူချစ်ဝါဒ နဲ့ အလျှော် ဖြစ်အောင်လဲ လူသားတန်ဖိုးတွေ ကို ထည့်သွင်း စဉ်းစား ကြရမယ်။ မြန်မာ ပြည်နဲ့ ဗုဒ္ဓသာသာနာ ကို ချစ်ကြရမယ် တန်ဖိုးထား စောင့်ရှောက်ကြရမယ်။ တစ်ပြိုင်နက်တည်း မှာ လူချစ်ဝါဒ ကို အခြေခံလို့ ရိုဟင်ဂျာ ခေါ်တော တွေ ကို လဲ မုန်းတီး နေစရာ မလိုပါ။ ဥပဒေ အရ ထိုက်တန်တဲ့ အနေအထား ကို ပေး ရမှာ ပဲ ဖြစ်တယ်။ မြန်မာပြည်ရဲ့ ရေရှည် အကျိုးစီးပွား အတွက် လူသား အရင်း အမြစ်တွေ ကို ဘယ်လို အကျိုး ရှိ အောင် အသုံးချနိုင်မလဲ ဆို တာ ကို လူသား အရင်း အမြစ်ဖွံ့ဖြိုးရေးစီမံကိန်းတွေ သေချာ ချမှတ် ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။
ပြဿနာ က နက်ရှိုင်းတယ်။ အပ်နဲ့ ထွင်းလို့ ရတဲ့ အဆင့်မဟုတ်တော့ လို့ မျက်တောင်မွှေးတစ်ဆုံးလောက်ပဲ ကြည့်လို့ မရ ပါ။ မိုးကုပ်စက်ဝိုင်း အဆုံးအထိ မျှော်ကြည့် နိုင်မှ ဖြစ်မှာ ပါ။ ဗမာ-ဗုဒ္ဓဘာသာဝင်တွေ ရဲ့ Racial Identity-Cultural Identity ဆိုတာ တွေ ကို အပြည့် အ၀ ထိန်းသိမ်းနိုင်ဖို့ နည်းဗျူဟာ အသစ်တွေ ချဉ်းကပ်နည်း အသစ်တွေ လို အပ် နေပြီ ဆို တာ အမှန်ပဲ ဖြစ်ပါတယ်။
ကျွန်တော် တစ်ခါ က ပြောခဲ့ ဖူးတယ်။ မြန်မာဗုဒ္ဓဘာသာဟာ အာဏာ အမာ တွေ ရဲ့ အကာအကွယ် အထောက် အပံ့ တွေ နဲ့ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေခဲ့ တာ ဖြစ်တယ်။ အခုလာမဲ့ ဒီမိုကရေစီ အခင်း အကျင်း သစ် မှာ အရင် က Mindsets Skill sets တွေ Attitude တွေ နဲ့ မရ တော့ ဘူး ဆို တာ အသေအချာပဲ။ မြန်မာဗုဒ္ဓဘာသာဟာ အာဏာ အမာ တွေ ရဲ့ အကူ အကာ မပါပဲ မိမိ ဘာသာ ကျစ်လစ်သန်မာစွာ ရှင်သန် ရပ်တည် နိုင်တဲ့ အနေအထား ကို ရောက် အောင် လုပ်ကြဖို့လို တယ် (ဒီ အကြောင်း ကို သပ်သပ် အရှည်ကြီး ပြော မှ ပဲ ရမယ်ထင်တယ် )။
အခု အချိန် က မနှောင်းသေးပါဘူး။ မျိုးချစ်စိတ် ကို အခြေခံ တဲ့ လူချစ်ဝါဒ နဲ့ မြန်မာပြည်ကြီး တိုးတက်ဖွံ့ဖြိုးအောင် အားလုံး ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ ကြိုးစား ကြပါစို့ လို့ မြန်မာဗုဒ္ဓဘာသာ ညီအကို မောင်နှမ များ ကို တိုက်တွန်းနိုးဆော်လိုက် ပါတယ်။
2012/6/30 ANDREW @ <andrew3175@gmail.com>စာများများ ဖတ်ကြပါ။2012/6/30 apay atay <apayatay2009@gmail.com>
2012/6/27 Dr Sithu <dr.sithu1981@gmail.com>သည်ဆောင်းပါးကို ရေးရန် လက်တွန့်နေခဲ့သည်မှာ အတော်ကြာပေပြီ။ ရေးရန်
အချိန်အတော်ယူခဲ့ရပေသည်။ တစ်ဖန် မိမိ၏ အယူအဆသည် မိမိဘာသာမှန်သည်ဟု
အထင်ရှိစေဦး အကျိုးနှင့်အပြစ် ဘယ်သင်းက ပိုမိုများနေပါသလဲ၊
စဉ်းစားရပြန်ပါသည်။ အကြောင်းတွေကရော ခိုင် လုံပါ၏လော တွေးတောရပြန်ပါသည်။
၁၉၈၅ ခုနှစ်ခန့်(၁၉၈၈ ခုနှစ် အရေးအခင်း မဖြစ်မီ သုံးနှစ်အလိုခန့်က)
ကာလကစာရေးသူသည် 'ဒေါင်း' စာပေမှထုတ်သော 'အတွေးအမြင်' မဂ္ဂဇင်းကို လစဉ်
ဝယ်ယူဖတ်ခြင်းသာမက စုဆောင်း၍ပါ ထားသည်။ အခြားမဂ္ဂဇင်းနှင့်
အခြားသုတရသစာများလည်း ဖတ်ဖြစ်ခဲ့သည်။တစ်နေ့သောအခါတွင် ထူးထူးခြားခြား
စာတစ်အုပ်တွင် 'မျိုးချစ်စိတ်ဓာတ် ပပျောက်စေ၊
လူချစ်စိတ်ဓာတ်ကျရောက်စေ'ဟူသော စာစုကို ဒေါက်တာမောင်ဖြူး (Ph.D) က
ရေးသားထားလေသည်။ ဖတ်လိုက်ရသောအခါ ကျွန်တော့်အတွေး ချာချာလည်သွားသည်။
စာရေးသူတို့အနေဖြင့် 'မျိုးချစ်စိတ်ဓာတ် မွေးမြူရမယ်'လို့သာ ငယ်ငယ်ကတည်းက
စွဲခဲ့ကြသည်ကိုး။ အတွေးနယ်ချဲ့ရပါတော့သည်။ နီးစပ်ရာ
အပေါင်းအသင်းများနှင့်လည်း သည်အကြောင်း ဆွေးနွေးဖြစ်သည်။
စာရေးသူကျွန်တော်သည် ဆရာဝန်ဖြစ်သည်။ သို့ဖြစ်၍ စာရေးသူခံယူရ
မည့်အနေဖြင့်မူ လူချစ်စိတ်ဓာတ် အဓိကထားရပေလိမ့်မည်။ မှန်ကန်ပါသည်။
လူမျိုးမခွဲခြားရ၊ ဘာသာ မခွဲခြားရ၊ ဆင်းရဲချမ်းသာ မခွဲခြားရ။ လူကိုလူလို
သဘောထားကာ အကြင်နာဖြင့် ဆေးကုသပေးရပေလိမ့်မည်။
အကယ်၍ အခြားအသက်မွေးဝမ်းမှု ပြုသူများအနေဖြင့်ရော၊ နိုင်ငံရေးတက်ကြွစွာ
လုပ်ကိုင်နေကြသူများရော၊ မည်သည့်စိတ်ဓာတ်ကို အဓိကထားကြရပါမည်လဲ။
စာရေးသူအဖြေ မပေးတတ်ခဲ့ပါချေ။ ကံအားလျော်စွာ ထိုစဉ်အခါ (၁၉၈၅)ခုက
မြ၀တီမဂ္ဂဇင်းအဟောင်း တစ်ခုထဲမှ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရသည်။
ဗိုလ်ချုပ်အောင်ဆန်းရေးသော ဆောင်းပါးဟုပင် ထင်ပါသည်။ မိန့်ခွန်းမဟုတ်ဟု
ထင်ပါသည်။ မည်သို့ဆိုစေ ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအမြင်ကတော့
အသေအချာဖြစ်ပါ၏။
ဗိုလ်ချုပ်က သည်လိုဆိုထားပါသည်။ 'ကွန်မြူနစ်တွေက ကမ္ဘာကြီးကို
အထက်အောက်ပိုင်း ကြည့်နေကြတယ်။ ပစ္စည်းရှိနဲ့ ပစ္စည်းမဲ့၊ ပညာတတ်နဲ့
ပညာမဲ့ဆိုပြီး ပိုင်းကြည့်နေကြတယ်။ ဂျာမန်တို့ ဂျပန်တို့ကျတော့လည်း
ကမ္ဘာကြီးကို ဒေါင်လိုက် စိတ်မြင်နေကြပြန်တယ်။ ဂျပန်၊ တရုတ်၊ မြန်မာ၊
ဂျာမန်၊ ပြင်သစ်၊ အင်္ဂလိပ်၊ အမေရိကန်အစရှိသဖြင့် မြင်နေကြပြန်တယ်။
သည်လိုအထက်အောက်ပိုင်း ကြည့်ခြင်းတို့၊ စိတ်မွှာကြည့်ခြင်းတို့ဟာ
လူတန်းစားစစ်ပွဲ၊ လူမျိုးရေး စစ်ပွဲတွေဆီကို ဦးတည်ပေးလိမ့်မယ်။
လူကိုလူလို့ပဲမြင်ထားမှသာ ငြိမ်းချမ်းမှုကို ဖြစ်ထွန်းပေလိမ့် မယ်'လို့
ရေးထားခြင်းကို ဖတ်ခဲ့ရပေသည်။ သည်ခါမှသာ စာရေးသူသည် ဉာဏ်အလင်း
ပွင့်သွားတော့သည်။ စာရေးသူ၏ မိတ်ဆွေအပေါင်းအသင်းများကို ပြတ်သားစွာ
ထင်မြင်မှုပေးနိုင်ပေတော့သည်။
စာဖတ်သူများ သိရှိပြီးဖြစ်ပါသည်။ ဗိုလ်ချုပ်သက်ရှိထင်ရှားရှိစဉ်
တစ်နေရာမှာ အင်္ဂလိပ်လူမျိုး အရာရှိကြီးတစ်ဦး(အမည်ကို မေ့နေပါသည်) နှင့်
ဗိုလ်ချုပ်တို့ စကားပြောကြစဉ်က ပြောခဲ့သော စကားများ။အင်္ဂလိပ်က
''ဗိုလ်ချုပ်အောင်ဆန်း ခင်ဗျားက အင်္ဂလိပ်ကို
တော်တော်မုန်းတယ်နော်''ဗိုလ်ချုပ်က ''ကျွန်ုပ်ကအင်္ဂလိပ်ကို မမုန်းပါဘူး။
ဗမာပြည်ကို လာရောက်ပြီး သွေးစုပ်ခြယ်လှယ်နေတဲ့ လုပ်ရပ်ကိုသာ မုန်းတာပါ။
အကယ်၍ ဗမာလူမျိုးအချို့က အဲသလို သွေးစုပ်ခြယ်လှယ်မှုမျိုးတွေ လုပ်နေ
တာတွေ့ရင်လည်း အဲဒီဗမာတွေကိုလည်း တော်လှန်ရမှာပါပဲ''။
ပြတ်သားလှပါသည်။ ရှင်းလင်းပါသည်။ ခိုင်မာပါသည်။
သည်အချက်များကို ထောက်ရှုကြည့်လျင်ဖြင့် နိုင်ငံရေးလုပ်သူဖြစ်စေ၊
ဆရာဝန်ဖြစ်စေ၊ အခြားအသက်မွေးမှုနှင့် လုပ်ကိုင် နေထိုင်သူဖြစ်စေ၊
မျိုးချစ်စိတ်ဓာတ် အဓိကထားရမည်လား၊ လူချစ်စိတ်ဓာတ် အဓိကထားရမည်လား၊
ကွဲပြားလောက်ပြီဟု ယူဆမိပါသည်။အမျိုးဘာသာကို အလေးထားရမည်။ မှန်ပေသည်။
မိမိလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာနှင့် ယဉ်ကျေးမှုများကိုလည်း
ထိန်းသိမ်းကြရမည်။ မှန်ပေသည်။ မြတ်နိုးကြရမည်။ တန်ဖိုးထားကြရပါမည်။
........."ယနေ့အခါတွင် မျိုးချစ်စိတ်ဟု စကားလုံးသုံးရတော့မည့်
ကာလမဟုတ်တော့ချေ။ အမျိုးသားရေး စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ဟုသာ
အသံကျယ်ကျယ်ပြောရမည့် ကာလဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုကို
ကာကွယ်ထိန်းသိမ်းရမည့် ကာလဖြစ်သည်။ မျိုးချစ်၊ မျိုးချစ်ဟု
လူမျိုးတိုင်းက အော်ဟစ်နေလျှင် တိုင်းပြည် မငြိမ်းချမ်းနိုင်။
ကမ္ဘာကြီးသည်လည်း မငြိမ်းချမ်းနိုင်" . . .
သို့ရာတွင် မိမိလူမျိုးကသာ မြတ်သည်။ မိမိဘာသာကသာ မှန်ကန်သည်။
မိမိယဉ်ကျေးမှုကသာ သိမ်မွေ့သည်ဟု တစ်မျိုးတည်းမျိုး၍ တစ်ယူသန်နေလျှင်မူ
မျက်ကန်းမျိုးချစ် ဖြစ်ပေတော့မည်။ အမြင်ကျဉ်း နေပေတော့မည်။
လူမျိုးဆိုသည်မှာ အဓိကမကျ။ ဘာသာမှာလည်း ယုံ ကြည်ရာ ကိုးကွယ်ပေလိမ့်မည်။
သူ့ယဉ်ကျေးမှုနှင့်သူ၊ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ် သိမ်မွေ့နေကြပေလိမ့်မည်။
အမြင်ကျယ်ကျယ်နှင့် မြင်ပေးတတ်ဖို့ လိုပါမည်။ ကိုယ့်ယဉ်ကျေးမှု၊
ကိုယ့်ဓလေ့ ထုံးတမ်းစဉ်လာတွေကို မြတ်နိုးခြင်း၊ ထိန်းသိမ်းခြင်း
ပြုလုပ်ရမည်မှန်သော်လည်း အခြားသူတို့၏ ယဉ်ကျေးမှုနှင့်
ဓလေ့ထုံးစံတွေကိုလည်း မစော်ကားအပ်ချေ။ အပြန်အလှန် လေးစားကြရပေလိမ့်မည်။
ဗုဒ္ဓက သက္ကာယအယူဖျောက်ရန်၊ အတ္တကိုပယ်၍ အနတ္တကိုရှုမြင်ရန်
မြွက်ကြားခဲ့ပေသည်။ ဗိုလ်ချုပ်တို့ လွတ်လပ်ရေး တိုက်ပွဲများ
ဆင်နွှဲရုန်းကန်နေစဉ် ကာလကပင် ဗမာ့တပ်မတော်ကို ဗမာ့လွတ်လပ်ရေးတပ်မတော်၊
၎င်းနောက် ဗမာ့ ကာကွယ်ရေး တပ်မတော်ဟုသာ အမည်ပေးခဲ့သည်။ မျိုးချစ်တပ်မတော်ဟု
အမည်မပေးခဲ့ချေ။
တရုတ်ပြည်မှ မော်စီတုန်းသည်လည်း ပြည်သူ့လွှတ်မြောက်ရေး တပ်မတော်ဟုသာ
အမည်ပေးခဲ့သည်။ မျိုးချစ်တပ်မတော်ဟု အမည်မပေးခဲ့ချေ။ ယနေ့အခါတွင်
မျိုးချစ်စိတ်ဟု စကားလုံးသုံးရတော့မည့် ကာလမဟုတ်တော့ချေ။
အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ဟုသာ အသံကျယ်ကျယ်
ပြောရမည့်ကာလဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းရမည့်ကာလ
ဖြစ်သည်။ မျိုးချစ် မျိုးချစ်ဟု လူမျိုးတိုင်းက အော်ဟစ်နေလျှင်
တိုင်းပြည် မငြိမ်းချမ်းနိုင်။ ကမ္ဘာကြီးသည်လည်း မငြိမ်းချမ်းနိုင်။
လူအားလုံးကို လူလို့သာ တန်ဖိုးထားကြရမည်။ Globalization
ဖြစ်တည်နေသောကာလတွင် လူသားအားလုံးကို တန်ဖိုးထားရုံသာမက
အခြားသောသက်ရှိများနှင့် သက်မဲ့သြကာသလောကကြီးကိုပင် တန်ဖိုးထား
ထိန်းသိမ်းကြရပေလိမ့်မည်။မျိုးချစ်စိတ်ဓာတ်သည် သာမညနေရာတွင်ထား၍
လူချစ်စိတ်ဓာတ်ကို အဓိကအနေဖြင့် မွေးမြူကြရပေလိမ့်မည်။
အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားရေးအမြင်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ
ရှင်သန်ကြရမည်ဖြစ်သော်လည်း လူချစ်စိတ်ဓာတ်ကိုဖြင့် နှလုံးသားတွင်
ကိန်းအောင်းကြမှသာ ငြိမ်းချမ်းသော ကမ္ဘာကြီး ဖြစ်ထွန်းပေလိမ့်မည်။
ဒေါက်တာလှိုင်မိုး
Eleven Media. 27, June 2012. 12:15
ဟုတ်ပါ့မလား၊ လူတွေက အရူးတွေ မှ မဟုတ်တာ။ ဒါဆိုရင် ဘယ်နိုင်ငံမှာ visa မလိုပဲ stay ကြိုက်သလောက်နေလို့ ရလဲ။ ဦးတည်ချက်မဲ့တဲ့ အရူးဆောင်းပါးတွေ လာလာ မတင်ပါနဲ့ ဗျာ။ မဖြစ်နိုင်တာတွေ ကို မဖြစ်နိုင်ဘူးလို့ ခံယူထားလိုက်ပါ။။။။ ဒီလို အတွေးအခေါ် မျိုးက ကလေကချေ အုတ်ကြားမြတ်ပေါက်၊ တိုင်းမရှိ ပြည်မသိကောင်တွေ ပဲ ထောက်ခံမှာပါ။။။ ကျနော်တို့ နိုင်ငံက မျိုးချစ်စိတ်ကြောင့်ပဲ လွတ်လပ်ရေး ရခဲ့တယ်ဆိုတာ၊ ဒီလို လူဗြိန်းတွေ ဘာလို့ မသိချင်ယောင်ဆောင်ပြီး ပြောနေကြတာလဲ။ လွတ်လပ်ရေး ရတာ ဘာကြောင့်ရတာလဲ၊ ကိုယ့် ကို မှ မချစ်ရင် ဘယ်သူမှ ကိုယ့် ကို လာမချစ်ဘူး။ ဒီလိုပဲ၊ ကိုယ့် လူမျိုး၊ ကိုယ်တိုင်းပြည် ကို မှ ကို မချစ်ရင် ရှင်းရှင်း လေး လျှောက်တရားဟော မနေနဲ့၊ ကိုယ်ဘာသာ ဒီတိုင်းပြည်က ထွက်သွားလိုက်။။။။ ရယ်စရာ တေံ လာရေးပြနေတယ်။။။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ