CPI Company ရဲ့ လှည့်ကွက် .. နဲ့ မြန်မာ ပြည်သူ ၊ ပြည်သားအပေါင်း သတိမလွတ်စေရန်
တောင်းပန်နှိုးဆော်အပ်ပါသည်။
ကဲ စီအိုင်ပီ ကုမ္မဏီ မြစ်ဆုံစီမံကိန်း စဖို့ မစဉ်းစားနဲ့တော့တို့နိုင်ငံက သူတွေကိုအ တယ်လို့ထင်နေတာလား၊ မင်းတို့အရင်ကတစ်နေ့ ကားအစီးနှစ်ရာသုံးရာ မြန်မာပြည်ကမြေတွေ သယ်သွားတာကို ပြည်သူတွေ လက်ခံတယ်ထင်နေလား၊ မင်းတို့သယ်သွားတဲ့မြေတွေကို ဓါတ်ခွဲစမ်းသပ်ပြီး ပါသွားတဲ့ဓါတ်သတ္တုတွေရဲ့ တန်ဖိုးကို တွက်ပြီးတစ်နေ့ပြန်တရားစွဲမယ်ဆိုတာ မင်းတို့သိထားပါ။ ဂျာနယ်တစ်စောင်မှာ တရုတ်နိုင်ငံမှ အမေရိကန်နှင့် ဂျပန် စသည့်နိုင်ငံများသို့တင်ပို့နေသည့် အဖိုးတန်မြေ များကို လျော့ကျသည့်အတွက် အမေရိကန် ဂျပန် စသည့်နိုင်ငံများက တရုတ်နိုင်ငံကို အရေးယူရန် ပြင်ဆင်လျှက်ရှိသည်ကို သိရသည်။ ယင်းကိစ္စမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်လျက်ရှိသည်။ မြစ်ဆုံစီမံကိန်းမှ ထွက်ရှိသည့်မြေများကို တရုတ်နိုင်ငံသို့ နေ့စဉ် ကားအစီး (၂၀၀) (၃၀၀)ခန့် ၄င်းတို့နိုင်ငံတွင် မြေဖို့ရန်အကြောင်းပြုပီး သယ်ယူသွားခြင်းဖြစ်သည်။ ယင်းမြေများမှ ရွှေတန်ချိန် မည်မျှထွက်မည် နည်းပညာများတွင် မရှိမဖြစ်သုံးရသော အဖိုးတန်မြေများ မည်မျှထွက်မည်ကို မသိသော်လည်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားသောအခါ ယင်းမြေများကို တင်ပို့မှု လျော့ကျ သွားခြင်းသည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားခြင်းနှင့် တနည်းတစ်ဖုံ ပတ်သက်နေသည့်အတွက် တရုတ်ကုမ္ပဏီများမှ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် မြန်မာအစိုးရကို ဖိအားပေးခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ကျွန်တော်တို့နိုင်ငံ၏အဖိုးတန်သယံဇာတများ လုံးဝ ပျောက်ပျက်မသွားရန် ကာကွယ်ရမည့်တာဝန်မှာ ကျွန်တော်တို့နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။
လွန်ခဲ့လအနည်းငယ်က ဒီ fb မှာပဲ လူတစ်ဦးကနေ တရုတ်ရဲ့ မြစ်ဆုံစီမံကိန်းအပြင် ကချင်ဒေသမှာရှိတဲ့ ထူးခြားတဲ့ Rare Earth လို့ခေါ်တဲ့ ဓါတ်သတ္တုကို တူးဖော်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ရေးလိုက်တာကို အမှတ်ထင်ထင်စွဲနေမိပါတယ်။ ဒါကြောင့် ဒုတိယအကြိမ်အဖြစ် ဝီကီကနေ ရှာဖတ်လိုက်တော့ Rare Earth ဆိုတာ ဒဿမတန်း ဓာတုဗေဒမှာသင်တဲ့ Periodic Table မှာပါနေတဲ့ ဒြပ်စင် (Elements) များဖြစ်ကြပါတယ်။ ဒြပ်ပေါင်းတွေ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် သူတို့ကို အောက်ဆီဂျင်နဲ့ ဓါတ်ပြုထားတဲ့ အောက်ဆိုက်ဒြပ်ပေါင်းများအနေနဲ့ တွေ့ရပါတယ်တဲ့။
သူတို့ရဲ့ အဓိက အရေးပါမှုက လက်ရှိကမ္ဘာမှာ ထိပ်တန်းလျှပ်စစ်နဲ့ ကွန်ပြူတာပစ္စည်းတွေအပြင် မိုဘိုင်းဖုန်း၊ LCD တီဗီလိုဟာမျိုးတွေအတွက်လည်း သေရေးရှင်ရေးတမျှအရေးကြီးနေတဲ့ပစ္စည်းဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့ Rare Earth ထုတ်လုပ်မှု အများဆုံးက တရုတ်နိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံးထုတ်လုပ်မှုရဲ့ ၉၅% ရှိပါသတဲ့။ ဒါပေမယ့် တရုတ်ရဲ့ အားနည်းချက်က ကုန်ကြမ်းကိုသာ လျှော့ဈေးနဲ့တင်ပို့နေရာတဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးက Rare Earth ခိုးတူးနေတဲ့သူတွေကို စံနစ်တကျ ဖြိုခွင်းလိုက်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ရင်းမြစ်ပြုန်းတီးခြင်း အကြောင်းပြချက်နဲ့ rare earth တင်ပို့မှုကို လျှော့ချပစ်လိုက်ဖို့ ကြေငြာခဲ့ပါတယ်။
နောက် အရေးပါတဲ့တစ်ချက်က အဲ့ဒီ Rare Earth တွေကို Urainum
အမေရိကန်၊ ဂျပန်နဲ့ စီးပွားရေးပညာရှင်တွေစွပ်စွဲတာကတော့ တရုတ်ဟာ ဈေးပိုရချင်တာရယ်၊ နောက်ပြီး သူက ကုန်ကြမ်းကိုတင်ပို့နေရတာထက် ကုန်ချောထုတ်စက်ရုံတွေသူ့ဆီလာစေချင်ပြီး ကုန်ချောကိုတိုက်ရိုက်တင်ပို့ရောင်းချချင်တာကြောင့် ဒီလိုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ Rare Earth ဘယ်လောက် ဘယ်လိုတွေ့ထားသလဲဆိုတာ မသိရသေးပါဘူး။ လက်လှမ်းမီသမျှရှာကြည့်လိုက်တော့ DVB မှာ ၂၆၊စက်တင်ဘာ၊ ၂၀၁၁ သတင်းမှာ ဂျပန်က မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တွေ့ဆုံညှိနှိုင်းတဲ့အကြောင်းပဲတွေ့ရပါတယ်။ နောက်ပြီး ဆွစ်ဇာလန်က ကမ္ဘာ့ ဘူမိဗေဒ ညီလာခံမှာ ဦးကျော်သိန်း ဆိုတဲ့ မြန်မာတစ်ဦးရေးသားဖတ်ကြားတဲ့ စာစောင်ကိုတော့ အမြည်းသဘောပဲ ပေးစမ်းတာကြောင့် အပေါ်ယံပဲဖတ်ရှုခွင့်ရလိုက်ပါတယ်။ ဝက်ဘ်ဆိုက်ကနေဝယ်ရင်တော့ ရမှာပါ။ အောက်မှာ လင့်ခ်ကိုလည်းထည့်ပေးလိုက်ပါမယ်။
သယံဇာတကြွယ်ဝတဲ့မြန်မာပြည်မှာ ယနေ့ကမ္ဘာမှာတန်ဖိုးကြီးနေတဲ့ Rare Earth တွေကို တွေ့ရှိတူးဖော်ကြပြီဆိုရင် လူတွေမသိဘဲ အရင်ကလို အလိုလိုပျောက်သွားတာတွေ မဖြစ်ရလေအောင် မိတ်ဆက်ပေးလိုက်ပါတယ်။
Like · · Unfollow Post · a few seconds ago
အထက်ပါစာသားတွေက မိတ်ဆွေ အစ်မတစ်ယောက် မေးလ်ကနေပို့ပေးလိုက်တဲ့စာသားတွေပဲ
ဖြစ်ပါတယ်.. ဒီစာကိုဖတ်ပြီးတဲ့ အချိန်မှ ရင်ထဲမှာ တစ်ခုခု လိပ်ခဲတည်းလည်းနဲ့ မကျေမနပ်ဖြစ်ကျန်ရစ်ခဲ့တာ အမှန်ပါပဲ .. ဒါနဲ့ အိမ်အပြန် အသိတစ်ယောက်ဆီ ခဏအ၀င်မှာ စားပွဲပေါ်တင်ထားတဲ့ ဂျာနယ် အဟောင်းတွေလျှောက်လှန်ရင်း အမှတ်မထင်ထပ်ဖတ်မိရတာက တရုတ်နိုင်ငံကနေ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို နောင်လာမဲ့ အချိန်တွေမှာ အထက်စာသားပါ မိုဘိုင်းဖုန်းထုတ်လုပ်ရေး၊ ဖလင်ထုတ်လုပ်ရေး ၊ LCD ထုတ်လုပ်ရေး အပြင် အခြားလျှပ်စစ်နဲ့ သိပ္ပံပစ္စည်းတွေထုတ်လုပ်ရေးအတွက် အဓိက ကုန်ကြမ်းမြေသားတွေကိုမပေးတော့ဘူးဆိုတဲ့ ခြိမ်းခြောက်မှု သတင်းလေးပဲဖြစ်ပါတယ်။
ဒီမှာ စဉ်းစားလိုက်မိတာက တရုတ်တို့ရဲ့ မြန်မာနိုင်ငံအပေါ်သဘောထားတဲ့ သဘောထားအကြောင်းပါပဲ ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ပညာမတတ် ၊ စာမတတ် ၊ သိပ္ပံပညာ ၊ ဓါတုဗေဒ ၊ ဘူမိဗေဒ ပညာရပ်တွေနဲ့ ခေတ်ပေါ် လူ့အသုံးအဆောင်ထုတ်လုပ်မှုပိုင်းတွေကို လုံးဝမသိနားမလည်တဲ့ လူ့ဗာလ နိုင်ငံ ၊ ပေးသမျှယူ .. ကျွှေးသမျှစားပြီး သူတို့လိုအပ်တာမှန်သမျှ ပြန်လည်ပေးဆပ်ရမဲ့ ကိုလိုနီထက်ဆိုးတဲ့ .. ကျွန်နိုင်ငံထက် ပိုအောက်တန်းကျတဲ့ သဘောက်နိုင်ငံ အဆင့်လောက်ပဲ သဘောထားတယ် ဆိုတဲ့ အကြောင်းပါပဲ ။
သူတို့ ကျွန်တော်တို့နိုင်ငံ မြစ်ဆုံဒေသမှာ ဆည်တည်ဆောက်တာဟာ လျှပ်စစ်ထုတ်ယူဖို့ တစ်ခုတည်း ရည်ရွယ်ချက်မဟုတ်ပါဘူး ..
သူတို့တိုင်းပြည်မှာမြေဖို့ရန်အကြောင်းပြပြီး ကျွန်တော်တို့ တိုင်းပြည်ရဲ့ တန်ဖိုးရှိတဲ့ မြေသားတွေကိုနားလှည့် ပါးရိုက်ပြီး မလှိမ့်တစ်ပတ်နဲ့ ဗြောင် ခိုးနေကြတာပဲဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော် ဘူမိဗေဒပညာကိုနားမလည်ပါဘူး ..ဒါပေမဲ့ သာမာန်လူပြိန်းတစ်ယောက်အနေနဲ့တော့ ဒီလိုသုံးသပ်မိပါတယ် ..
ကျွန်တော်တို့ မြစ်ဆုံဆည်တည်ဆောက်နေတဲ့ နေရာဟာ ပထ၀ီမြေအနေအထားအရ ဟိုးယခင့်ယခင်ကတည်းက တိုင်းရင်သားတွေရွှေကျင်ခဲ့ကြတဲ့ နေရာပါ ။ ဒီတော့ အဲဒီမြေသားတွေမှာ ရွှေပါဝင်မှု အနည်းနဲ့အများတော့ ရှိနေမှာပါ ။
နောက် အဲဒီမြေသားမှာ အထက်က ပြောခဲ့တဲ့ Rare Earth ခေါ် ရှားပါးတဲ့ မြေသားတွေလဲ ပါဝင်နေမှာပါ။ ဒါကတော့ သေချာတဲ့ အချက်ပါပဲ ..
ဘာကြောင့်လဲဆိုတော့ သာမာန်မြေဖို့ရရန်အတွက် စီးပွါးတွက် တွက်တတ်တဲ့ တရုတ်တို့က စက်ပစ္စည်းစရိတ်၊ လောင်စာဆီစရိတ် နဲ့ အခြားအထွေထွေ ကုန်ကျစရိတ်တွေ အပိုကုန်မဲ့ ကျွန်တော်တို့ မြေသားတွေကို အချိန်ကုန်ခံ ၊ အပင်ပန်းခံပြီးယူသွားမှာ မဟုတ်ပါဘူးခင်ဗျာ ။
သူတို့တိုင်းပြည်က တောင်တစ်တောင်ကိုဖြိုချပြီးမြေဖို့လို့ရပါတယ်..
ဒီတော့ ပြောရရင် အဖြစ်အပျက်တွေက လယ်ပြင် ဆင်သွားသလို၊ ထင်ရှားနေပါတယ်..
ခုလဲ CPI က ရွှေ့ပြောင်းပြည်သူတွေကို ဆန်ထောက်ပံ့နေပြန်ပါပြီ .. Asia World Company ကနေတစ်ဆင့်ပေါ့ဗျာ ။ သူတို့ အဆိုအရကတော့ ဒီလိုထောက်ပံ့တာ ဆည်ကိုပြန်တည်ဆောက်ဖို့အတွက်မဟုတ်ဖူးပေါ့ခင်ဗျာ .. ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ မြန်မာလူမျိုးတိုင်းရင်းသားတွေရဲ့ အားနာတတ်တဲ့ စိတ် ၊ ကျေးဇူးသိတတ်တဲ မွေးရာပါ စိတ်တွေကိုချနင်းဖို့ ပြင်ဆင်တဲ့အနေနဲ့ သွယ်ဝိုက်ပြီးစည်းရုံးနေတာပဲလို့ထင်မြင်မိပါတော့တယ်။
ဒီတော့ ကျွန်တော်တို့ ဒီမြစ်ဆုံဆည်တည်ဆောက်မှုကို ရပ်တန့်နေတဲ့ အခြေအနေကနေ လုံးဝဖျက်သိမ်းရန် ဆက်လက်ဆောင်ရွက်ဖို့ ရှိနေသေးတယ်ဆိုတာကို ညီ၊အကို.. မောင်နှမ .. ဦးဦး ၊ ဒေါ်ဒေါ် ..ဖိုးဖိုး၊ ဖွါးဖွါး .. သားသား၊မီးမီးမကျန် မြန်မာ နိုင်ငံသူ၊ နိုင်ငံသားအပေါင်းသတိလက်လွတ်မဖြစ်ကြစေဖို့ နှိုးဆော်လိုက်ရပါကြောင်းပါ ခင်ဗျာ ...။
အဲဒီ Rare Earth အကြောင်းကိုလဲ တတ်သိနားလည် ပညာရှင်တွေက အများသိရှိအောင် ပညာဖြန့်ဝေပေးစေလို့တဲ့ အကြောင်းကိုပါ မေတ္တာရပ်ခံ တောင်းပန်လိုက်ရပါတယ် ခင်ဗျာ။
လေးစားစွာဖြင့်
သူရအေး
(၇) ရက် ၊ ဇူလိုင်လ ၊ ၂၀၁၂ ခုနှစ်။
--
Wish you get successful life ..
Thura Aye
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ