ဘယ်သူပြောပြော မယုံပါနဲ့ ၊ မိမိ အသိညဏ်ကိုသာ အားကိုးပါ
ပုံပြင်လေး တစ်ပုဒ် ထပ်ပြောပြမယ် ။ ထွက်ရပ်ပေါက်တယ်လို့နာမည်ကြီးတဲ့ ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူသွားသတဲ့ ။
အရပ်ကလည်း ၀ိဇ္ဇာဖြစ်သွားတာ ၊ အသေထွက်တာ ၊ ဘာညာ ပြောကြတာပေါ့ ။
ဒီတော့ ရပ်ကွက်ထဲ က ကိုပေါလည်း ဆရာတော်ကြီးရဲ့ ကျောင်းတော်ကို သွားသတဲ့ ။ဆရာတော်ကြီးရဲ့နောက်မှာဆက်ခံမဲ့
ဘုန်းတော်ကြီးမရှိတော့ နှစ်ထပ်ကျောင်းကြီးတခုလုံးမှာလည်း အနယ်နယ်အရပ်ရပ်က ထွက်ရပ်ပေါက်ရူးတွေ ၊ ၀ိဇ္ဇာရူးတွေ
က ဆရာတော်ကြီးဆီမှာ ဆေးတွေ ၊ အင်းတွေ ကျန်လောက်တယ်ဆိုပြီး ရှိသမျှ ပစ္စည်းကို မသွားကြလို့ကုန်ပြီ ။ ကိုပေါလာ
တဲ့အချိန်က ကျောင်းကြီးတခုလုံး ပြောင်သလင်းခါ လူသူကင်းမဲ့နေတဲ့အချိန်ပေါ့ ။
ဒါနဲ့ ကိုပေါ ကျောင်းပေါ်ရောက်တဲ့အခါ ဆရာတော်ကြီးကျိန်းစက်တဲ့ အခန်းက ခါးပန်းမှာ ဒီလိုရေးထားတာ တွေ့သတဲ့ ။
ရှားမီးခဲ ရေထဲ ချ ရှဲ ခနဲ မြည်၏
ဆနွင်း နှင့် ထုံး ရေဖျော်စပ်က ရဲရဲ နီ၏
စကောနှစ်ချပ်အတောင်ပံတပ် ပျံလို့ရ၏
အဲ့ဒီစာကိုတွေ့တော ကိုပေါလည်း " ဟား ပွပြီ ၊ ဒါဆရာတော်ကြီး ရဲ့ ၀ိဇ္ဇာနည်း ၊ ထွက်ရပ်ပေါက်နည်းပဲ ဖြစ်ရမယ် " ဆိုပြီး
စာမှာပါတဲ့အတိုင်းစမ်းသတဲ့ ။ ပထမဆုံး ရှားမီးခဲ တစ်တုန်းကို ညှပ်နဲ့ကိုင်ပြီး ရေအင်တုံထဲကို ပစ်ချလိုက်သတဲ့ ။ အဲ့သလောက်
ပူနေတဲ့မီးခဲ ပဲ ။ မီးခဲတောင် ရိုးရိုးမီးခဲ မဟုတ်သေးဘူး ၊ ပူသတဲ့ပူတဲ့ ရှားမီးခဲဆိုတော့ " ရှဲ " ခနဲ အသံမြည်သွားတာပေါ့ ။
အဲ့ဒီမှာ ကိုပေါက ပိုယုံသွားတာပဲ ။ " ဟာ အဟုတ်ပဲ ဆရာတော်ကြီးရေးထားတာ အမှန်တရားပဲ " ဆိုပြီး ပိုယုံသွားသတဲ့ ။
ဒါနဲ့ နောက်တစ်ခု ကိုထပ်စမ်းပြန်ရော ။ ဆနွင်း နဲ့ ထုံးနဲ့ ကိုရော ရေထည့်ဖျော်လိုက်တာ အနီရောင်တွေ ဖြစ်သွာပါရောလား ။
ဒီတစ်ခါလည်း ကိုပေါက ဟာ မှန်လှချည့် ဆရာတော်ကြီးဘုရား ဆရာတော်ကြီးရဲ့ ၀ိဇ္ဇာလမ်းကို တပည့်တော် မောင်ပေါ
ရပါပြီ လို့တောင်ကြွေးကြော်လိုက်သေးသတဲ့ ။
ကဲ နောက်တစ်ခု ပဲကျန်တော့တယ် ဆိုပြီး စကောကြီးနှစ်ချပ်ကိုသွားရှာ ။ လက်မှာကြိုးနဲ့ မြဲအောင်ချည် ။ နှစ်ထပ်ကျောင်းကြီး
ခေါင်းမိုးပေါ်ကိုတက် ။ ဖလပ် ဖလပ် ခတ်ရင်း ကျောင်းကြီးပေါ်က ခုန်ချလိုက် တဲ့ အခါ ခြေကျိုးပါရောလား ။ ဒါတောင်အောက်
က ဘူးစင်ခံလို့ ။
အဲ့ဒါနဲ့ ကိုပေါတစ်ယောက်ခြေကျိုးတာ သက်သာတဲ့အခါ ဘုန်းတော်ကြီးကျောင်းကို သွားသတဲ့ ။ အရင်ဖတ်ခဲ့တဲ့ စာကြောင်းသုံး
ကြောင်းရဲ့ အောက်မှာ ဒီစာကြောင်းလေးကို တွေ့တော့ မှ အလင်းတခုရပြီး ပြုံးမိသွားပါတယ် ဗျား ။
ချင့်ချိန်ဝေဖန်ခြင်းသည် အသိတရားမှလာ၏

မာဃ ( မြန်မာ့အရုဏ်သစ် )
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ