Re: [mrsorcerer:27880] တတိယအကြိမ် မွတ်စ်လင်မ်နှင့် ဂျူး နှစ်ပတ်လည် ညီလာခံကျင်းပ

funny joke......



Two Arabs boarded a shuttle out of Washington for New York. One sat in the window seat, the other in the middle seat. Just before takeoff a fat, little Israeli guy  got on and took the aisle seat. Just before take off a fat, little Israeli guy got on and took the aisle seat next to the Arabs. He kicked off his shoes, wiggled his toes and was settling in when the Arab in the window seat said, "I think I'll go up and get a coke". "No problem", said the Israeli. "I'll get it for u". While he was gone, the Arab pick up picked up the Israeli's shoe and spit in it. When the Israeli returned with the coke, the other Arab said, "That looks good. I think I'll have one too".

Again the Israeli obligingly went to fetch it, and while he is gone the Arab other picked up the other shoe and spit in it. The Israeli returned with the coke, and they all sat back and enjoy the short flight to New York.

As the plane was landing the Israeli slipped his feet into his shoes and knew immediately what happen. "How long must this go on?" he asked. "This enmity between our peoples… this hatred… this animosity… this spitting in shoes and peeing in cokes?"



2012/7/18 Thantsin Phyoe <thantsinphyo@gmail.com>

MCJ Third Annual 2012

တတိယ အကြိမ်မြောက် ဂျူး၊ မွတ်စ်လင်မ် နှစ်ပတ်လည်ညီလာခံ ကို လူပေါင်း ၁၀၀ကျော်ပါဝင်သော မွတ်စ်လင်မ်နှင့် ဂျူး လူငယ်ခေါင်းဆောင်များက ဆလိုဗက်ကီးယားနိုင်ငံ(Slovakia )၏ မြို့တော် ဘရက်တစ်လာဗာ(Bratislava) တွင် ၂၀၁၂ခုနှစ် ဇူလိုင်လ ၈ရက်နေ့မှ ၁၅ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဆော်ဒီအာရေဗျ၊ ပါကစ္စတန်၊ အစ္စရေးလ်၊ ပါလက်စ်တိုင်း၊ လီဗျားနှင့် အမေရိကန်စသော နိုင်ငံပေါင်း ၃၅နိုင်ငံအား ပါဝင်နိုင်ရန်အတွက် ဖိတ်ခေါ်ထားပြီးဖြစ်သည်။

ယင်းညီလာခံ တက်ရောက်သူများအနေဖြင့် အဓိကထားဖြေရှင်းရမည့် အရေးကိစ္စများဖြစ်သော အစ္စလာမ်ဘာသာဝင်များအား အကြောင်းမဲ့ ကြောက်ရွံ မုန်းတီးခြင်း၊ ဂျူးဘာသာရေးဆိုင်ရာဆန့်ကျင်မှု (anti-Semitism)၊ ဂျူးဘာသာနှင့် အစ္စလာမ်ဘာသာတရားတို့၏ အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အထင်အမြင်မှားမှုများ စသည်တို့အပေါ် လူအများ နားလည်မှု ဖွံဖြိုးစေရေးအတွက် ပါဝင်ဆွေးနွေးအဖြေရှာ ဆောင်ရွက်သွားမည်ဖြစ်သည်။

ညီလာခံ၏ အဓိကအချက်ကြီး ခြောက်ရပ်မှာ အောက်ပါ အတိုင်းဖြစ်သည်။

  1. အမျိုးသမီးများနှင့် ဘာသာရေးဆိုင်ရာ အချက်အလက်များ
  2. နိုင်ငံသားဖြစ်မှုအပေါ် သစ္စာစောင့်သိခြင်း ဆိုင်ရာအခြေအနေများ
  3. လူမျိုးစုအတွက် အကျိုးပြုသော အပြန်အလှန်ဆွေးနွေးဆောင်ရွက်ရန်များ
  4. မွတ်စ်လင်မ် ဂျုး သမိုင်းကြောင်းဆိုင်ရာ အပြုသဘောဆောင်သောအချက်အလက်များ
  5. အစ္စလာမ်ဘာသာဝင်များအား အကြောင်းမဲ့ ကြောက်ရွံ မုန်းတီးရေးနှင့် ဂျူးဘာသာဝင်များအား ဆန့်ကျင်ရေးဆိုင်ရာ အကြောင်းတရားများ
  6. မွတ်စ်လင်မ် ဂျုးဘာသာဝင်များအကြား လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်

MJC တွင် တက်ရောက်သူများမှာ အသက်မွေးဝမ်းကျောင်းပညာ၊ လူမှုရေးနှင့် နိုင်ငံရေးစသည့် နယ်ပယ် အသီးသီးမှ ကျောင်းသားများနှင့် လူငယ်ပညာရှင်များဖြစ်ကြသည်။ တက်ရောက်သူများအနက်မှ လူငယ် စီးပွားရေးသမား တစ်စုမှာမူ မတူညီသော ဘာသာဝင်များ၏ ဓလေ့များဆိုင်ရာ အနုပညာ ပြပွဲတစ်ခု ကျင်းပနိုင်ရေးအလို့ငှာ စီးပွားရေးနှင့် အနုပညာသဘင်သည်များနှင့် အကျိုးတူ ပူပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

MJC ညီလာခံသို့ အမေရိကန်ပြည်ထောင်စု၏ သမ္မတဟောင်း Bill Clinton က "လူမျိုးစုနှင့် ဘာသာရေးအကြား သဘောထားကွဲလွဲမှုအား ခိုင်မာသော ငြိမ်းချမ်းမှုရရှိရေးကို သမ္မတတာဝန် ထမ်းဆောင်ခဲ့ရသည့် သက်တမ်းတစ်လျှောက်တွင် အဓိကထား ဆောင်ရွက်ခဲ့ရကြောင်း။ ၄င်းဆောင်ရွက်မှုက အနာဂတ်မျိုးဆက်သစ်များအတွက် လူမျိုးစုနှင့် ဘာသာရေးအကြား မကြာခဏ ကြုံတွေ့ရသည့် အတားအဆီးများကို ကျိုးပျက်စေခဲ့ကြောင်း" သဝန်လွှာရေးသားပေးပို့သည်ကို လူငယ်ခေါင်းဆောင်များအနေဖြင့် ရရှိခဲ့ကြသည်။

လွန်ခဲ့သည့် ၃နှစ်က စတင်တည်ထောင်ခဲ့သော ဩစတြီးယားအခြေစိုက် non-Profit အဖွဲ့အစည်း Muslim Jewish Conference ကို အီလီယာ့ ဆီကော့်ဗ်စကီ (Ilya Sichrovsky)ကဦးဆောင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အားပေးဆောင်ရွက်မှုများကြောင့် အဆိုပါညီလာခံအားဖြင့် လူငယ်ခေါင်းဆောင်များအကြား လူမှုအဖွဲ့အစည်းများ အတူလက်တွဲတည်ထောင်ရေးနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုနိုင်သည့် တွေ့ဆုံမှုများ ဖော်ဆောင်နိုင်ခဲ့သည်။

ဆီကော့်ဗ်စကီသည် ဂျုး-အမေရိကန် ပရဟိတဒါနရှင် Lynn Schusterman ထူထောင်ခဲ့သော ဂျူးလူမျိုး ဆန်းသစ် ပြောင်းလဲသူများ၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ဖြစ်သော ROI Community၏ ညီလာခံတွင် တက်ရောက်ပြီးသည့်နောက် မွတ်စလင်မ်-ဂျုး ညီလာခံအား စတင်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ် မွတ်စလင်မ် ကျောင်းဆရာ အန္နာ မဒ်နန်း (Anna Madnand) ဆိုသူက ကျွန်ုပ်၏ မွတ်စလင်မ် တပည့်တစ်ဦးသည် ဂျူးအားလုံးကို မုန်းတီးကြောင်း ပြောသည်ကို ကြားမိရာ စိတ်မကျေမနပ်ဖြစ်ခဲ့ရပြီးနောက် ဤညီလာခံသို့ တက်ရောက်လာခြင်း ဖြစ်ကြောင်း။ ယင်းကဲ့သို့ဂျူးဘာသာဝင်များအား ဆန့်ကျင်ရေးသည် အစ္စလာမ်ဘာသာဝင်များအားအကြောင်းမဲ့ ကြောက်ရွံ မုန်းတီးရေးကြောင့်ပင် မရှောင်နိုင်မလွှဲနိုင် သိသိသာသာကြီးထွားလာနေပြီး ၎င်းမုန်းတီးမှု၂ခုသည် အချင်းချင်း အပြန်အလှန် ဆက်သွယ်နေသည်ဟု ပြောကြားခဲ့သည်။

ကုလသမ္မဂ္ဂ ယဉ်ကျေးမှုများ ပူးပေါင်းဆောင်ရွက်ခြင်းအဖွဲ့မှ ညီလာခံကို ကျောထောက်နောက်ခံလုပ်ပေးခဲ့သလို ဘော့စနီးယား-ဟာဇီဂိုးဗီးနား(Bosnia-Herzegovina)၏ နိုင်ငံလုံးဆိုင်ရာ မွတ်ဖ်သီ ဒေါက်တာ မူစတာဖာ ဆီရစ်(Dr. Mustafa Ceric)ကလည်း ပါဝင် ကုညီခဲ့သည်။ ယခုနှစ် ညီလာခံအတွက် သြစတေးလျနိုင်ငံနှင့် စလိုဗက်ကီးယားနိုင်ငံ နိုင်ငံခြားရေးရာ ၀န်ကြီးဌာနများမှ အစိုးရဆိုင်ရာ အထောင်အပံ့ဖြင့်ကူညီပေးသလို မြို့တော် ဘရာတီဆီလဗာမှ လိုအပ်သောပံ့ပိုး ကူညီမှုများ ဆောင်ရွက်ပေးခဲ့သည်။

ပထမဆုံးအကြိမ် MJC ညီလာခံမှာ ၂၀၁၀၊ သြဂုတ်လ ၁ရက်နေ့မှ ၆ရက်နေ့များတွင် ဩစတြီးယားနိုင်ငံ ဗီယန်နာတက္ကသိုလ်၌ ကျင်းပခဲ့ရာ ကမ္ဘာ့နိုင်ငံ အသီးသီး ဂျူးနှင့် မွတ်စ်လင်မ်ကျောင်းသားပေါင်း ၆၀ကျော်တက်ရောက်ခဲ့ပြီး၊ ဘာသာနှစ်ခုအကြား တူညီသော ပန်းတိုင်များအတွက် ခိုင်မာသော ဆက်နွယ်များနှင့် ပတ်သက်ပြီး နှီးနှောတိုင်ပင်ခဲ့ကြသည်။

ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် MJC ညီလာခံကို ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် လွန်ခဲ့သည့် ၂၀၁၁ခုနှစ် ဇူလိုင် ၃ရက်နေ့မှ ၈ရက်နေ့များတွင် ပြုလုပ်ခဲ့သည်။

MJC Website >> http://www.mjconference.de/
Translated by မောင်ကိုကို
Translated from http://en.islamtoday.net/artshow-235-4489.htm

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ