2012/7/31 SOE HTUT <soehtut1@gmail.com>
ကိုယ့်စကားအတွက် ကိုယ်တာဝန်ယူနိုင်ပါစေ......2012/7/31 Lynn Htet Swe <myatchitshin@googlemail.com>
ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ပြန်ဋ္ဌာန်းခြင်း ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ကို ပြိုကွဲစေခဲ့ခြင်း ရဲ့ အတိတ်သာ ဖြစ်လို့ မြန်မာပြည် ရဲ့ အနာဂတ် အတွက် သင်ခန်းစာ ယူရမဲ့ အဖြစ်အပျက် ဖြစ်တယ်။
ဗုဒ္ဓဘာသာ ကို တောင့်တင်းကြံခိုင် အောင် ၀ိုင်းဝန်းဆောင်ရွက် ကြတာ အလွန် မင်္ဂလာ ရှိပါတယ်။
သို့သော် ၀မ်းနည်းစရာ ကောင်းတာ က ထေရ၀ါဒဓမ္မကွန်ယက် လို့ အမည်ပေးထားတဲ့ အချက် ကို ထောက်လို့ အမြင်ကျဉ်းမြောင်းစွာ နဲ့ ဗုဒ္ဓဓမ္မ ကို အနက်ဖွင့်မဲ့ အရိပ်အယောင် ကို တွေ့ ရပါတယ်။
ရန်-ငါ စည်းခြားပြီး ဆန့်ကျင်ဖက် ကို အပြီးတိုင် ဖယ်ထုတ်ချင်တဲ့ ချဉ်းကပ်မှု မျိုး က အလားအလာ မကောင်းပါ။
အခြားသော ဘာသာတရား များ ကို လဲ ရန်သူတွေ လို သဘောထားပြီး ခံတပ်လုပ်မယ် ဆိုတဲ့ စိတ်ကူး က အလွန် အန္ထရာယ်များ လှ တဲက စိတ်ကူး ဖြစ်ပါတယ်။
မြန်မာပြည် ကို ချောက်ထဲ ထပ်တွန်းချ ဖို့ ကြိုးစား တဲ့ လုပ်ရပ် အဖြစ် ရှုတ်ချ အပ်ပါတယ်။ အခြေခံဝါဒစွဲ နဲ့ လစ်ဘရယ်ဒီမိုကရေက်တစ် အခင်း အကျင်း က မလိုက်ဖက် လှပါ။ စစ် အာဏာရှင် ၀ါဒဆိုးကြီး ကို ပြန်လည် ဖိတ်ခေါ်နေတဲ့ အ ရွေ့ အဖြစ် သုံးသပ် မိ ပါကြောင်း။
2012/7/30 Richard Aung <richardaung68@gmail.com>
ဒီမိုဝေယံ
ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ်
"ထေရ၀ါဒ ဓမ္မကွန်ရက်"
ကို ရန်ကုန်တွင် ပြုလုပ်သွားမည်
၁၂-သြဂုတ်-၂၀၁၂၊ ၁၃၇၄ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၁၀)ရက် တနင်္ဂနွေနေ့၊ နေ့လည် ၂း၀၀ နာရီတိတိ အချိန်တွင်ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် "ထေရ၀ါဒ ဓမ္မကွန်ရက်" ကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်လမ်း၊ (ရွှေတိဂုံစေတီတော် အလယ်ပစ္စယာ၊ ရှင်သာမဏေ ဓမ္မဗိမာန်ဘေးလမ်း) မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်၌ ပြုလုပ် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ "ထေရ၀ါဒ ဓမ္မကွန်ရက်"ကို အမျိုး-ဘာသာ-သာသနာ ကာကွယ်စောင့်ရှောက် ပြန့်ပွားရေး လုပ် ငန်းစဉ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (၁) ရည်ရွယ်ချက် ၊ ( ၂ ) လုပ်ငန်းစဉ် ၊ ( ၃ ) ဖြန့်ချီရေးစနစ် ၊ ( ၄ ) နှိုးဆော်ချက်၊ ( ၅ ) လက်တွေ့ဆောင်ရွက်ရန် လျာထားချက် ၊ ( ၆ ) ရန်ပုံငွေ ရှာဖွေစုဆောင်းခြင်း ဆိုတဲ့ အစီ အစဉ်တွေနဲ့ ပြုလုပ်သွားဖို့ ရှိပါတယ်။
ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် "ထေရ၀ါဒ ဓမ္မကွန်ရက်"
ကို ပြန်ပွားအောင်၊ တည်တံ့အောင်၊ ကြာရှည်အောင် ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ …..
(၁) သာသနာတော်အရေးကို ကြောင့်ကြစိုက် ဆောင်ရွက်နေကြသော အသင်း-အဖွဲ့များနှင့် သာသနာ အကျိုး ဆောင်ရွက်နေကြသော ရဟန်း-ရှင်-လူအများကွန်ရက်ပမာ ချိတ်ဆက်ကာဖြင့် သာသနာအရေး ဆောင် ရွက်ဖွယ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ကြရန်။
(၂) အသင်း-အဖွဲ့အသီးသီးက ဆောင်ရွက်လျက်ရှိသော သာသနာတော် သန့်ရှင်း-တည်တံ့-ပြန့်ပွားရေး လုပ်ငန်းများနှင့် သာသနာ့အကျိုး ဆောင်ရွက်မှုအခြေအနေများ၊အခက်အခဲများကို ၀ိုင်းဝန်းအကြံပြု၍ အတွေ့ အကြုံများ ဖလှယ်နိုင်ကြရန်။
(၃) အဓမ္မ၀ါဒများနှင့် သာသနာ့ အန္တရာယ်များကို ဖော်ထုတ်အသိပေးရန်နှင့် ဘာသာခြား သာသနာပြုများ ၏ ထိုးနှက်ချက်များကို ကာကွယ် တားဆီးနိုင်ကြစေရန်။
(၄) ထေရ၀ါဒ ပိဋကတ်တော်နှင့် ညီညွတ်သော ဓမ္မတရားတော်များ ပြန့်ပွားရေးစီမံချက်များ ဖော်ဆောင် ရန် ဖြစ်ပါတယ်။
လုပ်ငန်းစဉ်
တွေ အနေနဲ့ကတော့ ……..ဘာသာ-သာသနာအကျိုး သယ်ပိုးနေကြသော အသင်းအဖွဲ့များ၊ အကျိုးဆောင်ပုဂ္ဂိုလ်များကို ဖိတ်ခေါ်စာ ဖြန့်ဝေပြီး၊ ပထမအကြိမ် အကြိုညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပရန်၊ "ထေရ၀ါဒ ဓမ္မကွန်ရက်" ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းရန်၊ ဖွဲ့စည်းပုံ (မူကြမ်း) ရေးဆွဲရန်၊ နာယကများ တင်မြှောက် ရန်၊ ကွန်ရက်တွင်ပါဝင်ချိတ်ဆက်မည့် အဖွဲ့များ စည်းရုံးဆက်သွယ်ရန်၊ မျက်မှောက်ခေတ် ဖြစ်ပွားနေသော အခြေအနေများနှင့် သိသင့်သည် သတင်း အချက်အလတ်များ၊ ဓမ္မဆောင်းပါများကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင် ရန်အတွက် "ထေရ၀ါဒမော်ကွန်း" ဓမ္မစာစဉ် ကို ကွန်ရက်အဖွဲ့များ၊ ပုဂ္ဂိုလ်များမှ တစ်ဆင့် လစဉ်ဖြန့်ချီရန် ဖြစ်ပါ တယ်။
လက်တွေ့တွင်လည်း အောက်ပါအချက်အလက်များကို ဆောင်ရွက်နိုင်ရန်
"ထေရ၀ါဒ ဓမ္မကွန်ရက်"
ဖြစ်မြောက်ရေး ကော်မတီများက လျာထားပါတယ်။
(၁) ထေရ၀ါဒ ဗုဒ္ဓသာသနာပြန့်ပွားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများပြုလုပ်ရန်။
(၂) အဓမ္မ၀ါဒများ ဟောပြောဖြန့်ဝေခြင်း၊ ဘာသာခြား သာသနာပြုများ ထိုးနှက်တိုက်ခိုက်ခြင်း အခြေ အနေများကို သတင်းများ စုဆောင်းပေးပို့ရန်။
(၃) ဘာသာတွင်း သာသနာ့အန္တရာများနှင့် သာသနာတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်စေမည့် (ရဟန်းတု၊ သာမဏေတု၊ သီလရှင်တုများ၏ စီးပွားရှာမှုများ၊ သိက္ခာပျက် ပုဂ္ဂိုလ်များ၏) လုပ်ရပ်များကို ဖော်ထုတ် တားဆီးရန်။ (သက်ဆိုင်ရာ တာဝန်ရှိသူများသို့ သတင်းပို့ အကူအညီရယူရန်)
(၄) သာသနာတော် သန့်ရှင်း-တည်တံ့၊ ပြန်ပွားရေးဆိုင်ရာ ဓမ္မစာဆောင် စာအုပ်များ ပြုစုထုတ်ဝေခြင်း၊ ရုပ်သံရိုက်ကူးခြင်း၊ မီဒီယာများမှ နှိုးဆော် အသိပေးခြင်းများပြုလုပ်ရန်။
(၅) သာသနာ့ အကျိုးဆောင် အရည်အချင်း မြှင့်တင်ရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ရန်။
(၆) မဖွံ့ဖြိုးသေးသော ဒေသများနှင့် တောင်တန်းနယ်ခြား သာသနာပြု ရဟန်းတော်များ၏ သာသနာပြု လုပ်ငန်းများတွင် နည်းစနစ်များ၊ ပစ္စည်းဝတ္ထု အင်အားများဖြင့် ကူညီထောက်ပံ့ လှူဒါန်းနိုင်ရန်ဖြစ်ကြောင်း "ထေရ ၀ါဒ ဓမ္မကွန်ရက်" ကော်မတီအဖွဲ့ဝင်များက ထုတ်ပြန် ကြေငြာထားပါသည်။
ယခုလို ဘာသာ-သာသနာကို ရွဲပြဲနေလို့ ပြုပြင်လိုသူများက ပြုပြင်ချင်ကြပေမယ့် ပြုပြင်လို့ ပြုပြင်ရ ကောင်းမှန်း မသိဘဲ ဘာသိဘာသာ နေတဲ့သူတွေနဲ့ ယနေ့မျက်မှောက်ခေတ် ကာလတွင် ဒီမိုကရေစီစနစ်အရ လွတ်လပ်စွာ ဟောပြော-ရေးသား-ကိုးကွယ်ခွင့်ကို အခွင့်အကောင်းယူကာ အဓမ္မ၀ါဒများနှင့် ဘာသာခြားသာ သနာပြုများ၏ ထိုးနှက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျှက်ရှိပါသည်။
ထိုသာသနာ့ အန္တရာယ်များကို ကာကွယ်ရန် အတွက် စေတနာ - သဒ္ဓ္ဓါတူမျှ၍ ဘာသာသွေး နွေးထွေးကြကုန်သော ဒေသအသီးသီးမှ သာသနာ့အကျိုးဆောင် အသင်း-အဖွဲ့များ နှင့် တစ်ဦးချင်း စွမ်းဆောင်နိုင်သူများ စုပေါင်းကာ ကွန်ရက်ပမာ ချိတ်ဆက်ဆောင်ရွက်နိုင်မှ ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်မည့် သာသနာရေး ခံတပ်အင်းအားစုကြီးတစ်ခု ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမျိုး- ဘာသာ- သာသနာအရေး အားပေးဆောင်ရွက်လိုသူ အပေါင်းတို့သည် အောက်ဖော်ပြပါ အကျိုးဆောင်ပုဂ္ဂိုလ်များ ထံသို့ ဆက်သွယ်စုံစမ်း နိုင်ပါကြောင်း နှိုးဆော် ဖိတ်ခေါ်အပ်ပါသည်။
(၄) မေတ္တာတံခွန်အသင်း၊ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်။
(လတစ်လ၏ နောက်ဆုံးအပတ် တနင်္ဂနွေမှအပ၊ ကျန်တနင်္ဂနွေနေ့တိုင်း နံနက် ၁၀ နာရီမှ နေ့လည့် ၁၂ နာရီအထိ)
--
Posted By Richard Aung to Richard Aung at 7/30/2012 05:59:00 PM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ