[aurorageneration] ဘုန်းကြီးတု၊ ဦးဇင်းတု တို့နှင့် တွေ့သော အခါ




ဘုန်းကြီးတု၊ ဦးဇင်းတု တို့နှင့် တွေ့သော အခါ

စိန်ကောင်းမှန်လျှင် အနာမကင်း။ လူမှန်လျှင် အမှားမကင်း။ အမှန်တရားတိုင်းတွင် အားနည်းချက်ရှိလေ၏။ အားနည်းချက်ဟူသည် ယင်းအမှန်တရားကို မှားယွင်းသယောင် ထင်စေသော ပယောဂကို ဆိုလိုခြင်း ဖြစ်ပါသည်။

ထို့ကြောင့် သာသနာတစ်ခု ဖြစ်တည်လာလျှင် ယင်းသာသနာကို ဖျက်မည့် သူက အမြဲရှိနေတတ်သည်။ ယခုချိန်ခါမှာမှ မဟုတ်ပါ။ မြတ်စွာ ဘုရား ပွင့်ဖူးရှိစဉ်ခါတုန်းကလည်း သာသနာ ဖျက်မည့် ရန်သူမျ
ားက အမြဲရှိနေတတ်ပါသည်။ မြတ်စွာဘုရား၏ ဂုဏ်တော်ကို သေးသိမ် သွားအောင် ဖျက်လိုဖျက်ဆီးပြုသော ဒိဌိဂိုဏ်းများ၊ နတ်ဆိုးများ၊ ဗုဒ္ဓဘာသာချင်းတူသည့်တိုင် မြတ်စွာဘုရားထက် တန်ခိုး၊ ဂုဏ်ဝါ ကြီးချင်သူ ရဟန်း၊ ပုထုဇဉ်များ အစရှိသဖြင့် များပြားထူးထွေလှသည်။

ကမ္ဘာတွင် တက်ကပ်၊ ဆုပ်ကပ် ရှိသကဲ့သို့၊ သာသနာသည်လည်း တက်ကပ်၊ ဆုပ်ကပ် ဟူ၍ ရှိရသည်။ သာသနာ နှစ် ၅၀၀၀ ပြီးသော် သာသနာအပ ကာလဟူ၍ ဖြစ်ပေါ်လာပြီး ယခုထက်ဆိုးသည့် ခေတ်ကာလ အခြေအနေ သို့ ရောက်ရအပ်သည်။

နိုင်ငံတစ်နိုင်ငံတွင် ယနေ့ စနစ်တစ်ခု ကျင့်သုံး၍ နောက်နေ့ စနစ် ကျင့်သုံးမည်ဟု၍ ချက်ချင်း ပြောင်းလဲ၍ မရ။ (မှတ်ချက်- စာရေး သူ နိုင်ငံရေးသမားမဟုတ်ပါ။ ဥပမာ ပြရန်သက်သက်သာ) ထိုနည်းတူစွာ သာသနာသည်လည်း ယန့ထွန်းပေါ်၍ နှစ် ၅၀၀၀ ပြည့်ပြီး နောက်တစ်ရက်မှ သာသနာ ဆုပ်ကပ်အစတည် ပျက်ဆီးခြင်း မဟုတ်ရချေ။ သဲမှုန်ထည့်၍ သုံးသော နာရီကဲ့သို့ တစ်စက်စက်ဆီ ကျပြီးမှ အားလုံး ကုန်စင်ရသည်။ ထိုနည်းတူစွာ သာသနာသည်လည်း တဖြည်းဖြည်း ရော့ရဲလာပြီးမှ သာသနာ အပကာလသို့ နီးကပ် ရောက်ရချေသည်။ နှစ် ၅၀၀၀ ပြည့်ပြီး သာသနာ ဆက်တည်မတည်မှာ အသက်ရှင်ကျန်သော လူသားတို့အပေါ် တွင်သာ မူတည်ရချေသည်။

ထို့ကြောင့် လက်ရှိ အချိန်ကာလသည် သာသနာ နှစ်တစ်ဝက်ကျော် လာပြီဖြစ်သည့် အားလျော်စွာ ပျက်စီးယိုယွင်းလာသော ဗုဒ္ဓသာသနာ၏ အချင်းအရာများကို မြင်တွေ့လာရသည်။

ဥပမာ- ဖိနပ်ပျက်၍ အလှူခံသော ဦးဇင်းအတုက ဘုရားစောင်းတစ်ခုတွင် အမြဲတန်း ရှိနေခြင်း၊ ဆေးဖိုး အလှူခံသော ဘုန်းကြီးအတုက မီးပွိုင့်တစ်ခု တွင် အမြဲရှိနေခြင်း၊ ချဲဂဏန်း၊ နှစ်လုံး၊ သုံးလုံး ဂဏန်း ပေးသော ဘုန်းကြီး၊ ဦးဇင်းများ တိုးပွားလာရခြင်း၊ ကိုရင်တို့အား ဂိမ်းဆိုင်တွင် တွေ့ရခြင်း အစရှိသဖြင့် ပြောမကုန်အောင် များပြားလှချေသည်။

မြန်မာပြည်တွင် သာသနာ့ မည်သို့ ဖြစ်လာရသနည်း။

ဘုရား စင်းတုတော်၊ ကျောင်းကန်သာရှိပြီး မြန်မာပြည်တွင် ဘုရားဟောသော တရားတော်များ ပြည့်ပြည့်စုံစုံ မရှိခဲ့ချေ။ အဘိဓမ္မာဟူသည်ကလည်း သီရိလင်္ကာတွင်သာ ထွန်းကားခဲ့ရသည်။ အိန္ဒိယတွင် ထွန်းကားခဲ့ရသည်။ မြန်မာပြည်တွင် ကျမ်းဂမ် မစုံလင်ခဲ့ချေ။ အကျိုးဆက်က ဘုရားဟော တရား ပြည့်ပြည့်စုံစုံ မရှိမှုက သာသနာ ပျက်ဆီးရန် အကြောင်းဖော်ရသည်။

ထိုအခါ ယင်းအချက်ကို မျော်မြင်မိသော ရဟန်း၊ သံဃာများ က ပြည်တွင်း ကျောင်းတိုက်မှ ကျမ်းတို့ကို လေ့လာရုံနှင့် မပြီး သီရိလင်္ကာ၊ အိန္ဒိယ တို့ရှိ ဗုဒ္ဓတက္ကသိုလ်တို့တွင် သွားရောက် ပညာသင်ရ သည်။ လေ့လာဆည်းပူးရသည်။ အဌကထာဖြင့် ရေးသားပြီး သာမန်လူတို့ နားလည်ရန် ခက်ခဲသော ဘုရားဟော ကျမ်းတို့ကို ပုထုဇဉ်တို့ နားလည်ရန် ပါဌိပြန်၊ မြန်မာပြန် ဘာသာပြန်ပေးရသည်။ ကမ္ဘာတွင် သာသနာ ပြန့်ပွားစေ ရန် အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ရုရှားဘာသာ၊ အစရှိသဖြင့် ဘာသာစကား ပေါင်းစုံအထိ ဘာသာပြန်ပေးရသည်။

မြန်မာတို့ နားလည်ရန် မြန်မာပြန်ပေးသည်ကိုပင် တုနှိုင်းမဲ့ ကျေးဇူးကြီး ရသည်။ ထို့ကြောင့် သာသနာ အဓွန့်ရှည်ရန် တရားဟောကြားပေးသော၊ စာပေသင်ကြားပေးသော၊ သာသနာ့ဘောင် ကျယ်ပြန့်ရန် ကြိုးပမ်းနေ ကြသော ဘုန်းကြီး၊ ဦးဇင်း၊ ကိုရင်၊ ရဟန်း သံဃာ တို့ကို လူသားတို့ ကိုးကွယ်ရသည်။ ဆည်းကပ်အပ်သည်။ ပူဇော်အပ်သည်။ ရတနာ သုံးပါး ဂုဏ်ထိုက်၍ ဘုရားနှင့် တစ်ဂိုဏ်းတည်း ထားအပ်သည်။

ဤတွင် တစ်ချက်ပါဝင်လာသည်။ ၎င်းကား သာသနာ ဆုပ်ကပ်ဟူခြင်းပင်။ ထို့ကြောင့် သာသနာကို ဖျက်လိုဖျက်ဆီးအပ်သော အတုအယောင်များ စွာ ပေါ်လာရသည်။ ဝိနည်းနှင့် နေထိုင်ခဲ့သော်လည်း ဝိနည်းကို လွန်ဆန်လာသည့် ရဟန်းတို့ရှိလာသည်။ သာသနာကို အဓွန့်ရှည်အောင် ဖော်ဆောင် ပေးနေသော သံဃာတို့များစွာ ပေါ်ထွန်း လာသည့်တိုင် ဖျက်လိုဖျက်ဆီးများလည်း ပေါများလာရသည်။

ထိုသာသနာဖျက်တို့နှင့် တွေ့သည့်အခါ……..

စာဖတ်သူတို့ ရဟန်းတု အလှူခံသည်ကို ကြံဖူးပါသလား။ သင်္ကန်းခြုံ သံဃာတုကို ကြုံဖူးပါသလား။ ကြုံလာသည့်အခါ။ မတွန့်ဆုတ်ပါနှင့်။ သံသယ မဝင်ပါနှင့်။ လှူချင်သော စိတ်သဏ္ဍန်ဖြစ်လျှင် လှူလိုက်ပါ။ မလှူချင် လည်း ရဲရဲကြီးသား "ကန်တော့ပါဘုရား" ဟု လက်အုပ် ချီ လျှောက်ထားလိုက်ပါ။ စိတ်သဏ္ဍန်တွင် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ် ကို အမှတ်ရနေပါ။ သို့မဟုတ်လည်း ဖတ်ထားသော ဤစာမှ ရဟန်းတို့ ပြုသော ကောင်းကျိုးများကို ဆင်ခြင်လိုက်ပါ။

ပုဂ္ဂိုလ်ကို မကြည့်ပါနှင့်တော့။ စိတ်ထဲမထည့်ပါနှင့်တော့။ ဘုရား၏ သားတော်၊ ဘုရားခြုံအပ်သော သင်္ကန်းကိုသာ အမှတ်ရ ပူဇော်လိုက်ပါ။ ကန်တော့ပါဘုရားဟု ပြောဆိုရန် ရှက်ဝံ့နေစရာမလိုပါ။ လက်အုပ်ချီခြင်းက ရတနာသုံးပါးကို ပူဇော်သော သဘောသာ သက်ရောက်သည်။ အတုအယောင်ကို ပူဇော်ခြင်း မဟုတ်ရချေ။ လှူချင်သော စိတ်သဏ္ဍန်ဖြစ် ကလည်း လှူနိုင်ပါသည်။ လှူရန် စေတနာထက်သန်မှု မရှိပါက ဤသို့ ကျင့်သုံးနိုင်သည်။

အကျိုးအားဖြင့် အကုသိုလ်မဖြစ်သည့်အပြင် ရတနာသုံးပါးကို ရည်စူးသော ကုသိုလ်အကျိုးကြောင့် ကောင်းသည့်ကံကို ပေါ်ထွန်းစေသည်။ ကုသိုလ်ထူး ရအပ်သည်။

ဤတွင် ရဟန်းတုတို့ပင်မကပဲ ဘုရားသမီးတောင် ယောင်ဆောင် သီလရှင် အတုအယောင်များကိုလည်း ယခုကဲ့သို့ပင် ကျင့်သုံး ကုသိုလ်ယူအပ်သည်။

ထိုပင်မကသေး။ လက်တလော ဖေ့စ်ဘွတ်နှင့် အင်တာနက် စာမျက်နှာများတွင် အတုအယောင်တို့၏ သတင်းကို ထင်းထင်းဖြစ်အောင် ရေးသားကြသည်။ မည်သည့် ဘုန်းကြီး မည်သို့ဖြစ်သည်။ မည်သည့် ရဟန်းက မည်သို့ ဖြစ်သည် အစရှိသဖြင့် ဘာသာခြားတို့က ရေးသားခြင်းနှင့်အတူ မိမိဘာသာချင်းကိုပင် ထင်သာအောင် ရေးသားလာသူများ ရှိလာရသည်။ တစ်ဆင့် လည်း လောင်ပြောင်သဘောဖြင့် ပြန်လည် မျှဝေ (Share) ကြသည်။

ဤသို့ရေးသားတိုင်း ရေးသားသူတို့ စိတ်သဏ္ဍန်တွင် တစ်ခု စဉ်းစားဆင်ခြင်စေလိုသည်။ "ငါ ဒီသတင်းကို သတင်းပေးရုံသက်သက် သိစေချင်လို့ရေးတာလား၊ ပျက်ဆီးနေတဲ့ ငါတို့ဘာသာမကောင်းတော့ ဘူးဆိုတာကို ပြချင်တာလား"။ ထိုကဲ့သို့ စဉ်းစားစေလိုသည်။ သတင်းဟူ သည်ကား ဖော်ပြအပ်ချေသည်။ တားမြစ်မထား။ သတင်းဟူသည် လူသားတို့အတွက် အကျိုးကျေးဇူးကြီးရသည်။ ဆင်ခြင်တုန်တရား ရစေသည်။ ဗဟုသုတ ရစေသည်။ အခြားအကျိုးများစွာ လည်း ဖြစ်ထွန်း ရသည်။

ဘုန်းကြီးတု၊ ရဟန်းတု သတင်းကို တင်ပြသော်လည်း အာဘော်မလွန် ရန်လိုအပ်သည်။ ရေးသားမှုက သာသနာ့ ဂုဏ်ညိုးနွမ်းစေရန်မဟုတ်ပဲ သံဝေဂတရားရကာ သာသနာ ပိုမိုသန့်စင်ရန် အကျိုးဖြင့် တိုက် တွန်းနှိုးဆော်သည့် Message ပါသင့်သည်။

ဤနည်းဖြင့် သတင်းမီဒီယာသမားတို့ကလည်း ဆုပ်ကပ်တွင်းက သာသနာ ကို တစ်ဖက်တစ်လမ်းမှ ပြန်လည် မြင့်တင်ပေးခြင်းဖြစ်ရာ ကုသိုလ်ထူး၊ ကုသိုလ်မြတ် ရအပ်ချေသည်။

ဘာသာခြားတို့ ရေးသားသော သာသနာ ဆိုးဂုဏ်သတင်းကို တားဆီးရန် မတတ်နိုင်သော်လည်း တားဆီးရန် တတ်နိုင်သော ဗုဒ္ဓဘာသာဝင် မီဒီယာ သမားတို့က နည်းမှန်၊လမ်းမှန် ရေးသား တင်ပြအပ်ချေသည်။

စာဖတ်သူတို့ ဗုဒ္ဓသာသနာ အဓွန့်ရှည်ရန် စွမ်းစွမ်းတမံ ထမ်းရွက်နိုင်ကြ ပါစေ။ အမှောင်ကိုခွင်း၊ မသိခြင်း အဝိဇ္ဇာကင်း၍ သန့်စင်သော ဗုဒ္ဓဘာာသာ ဝင်တို့ ဖြစ်ကြပါစေ။
--
အောင်ခမ်း (International news for Myanmar) (Myanmar Young Buddhist)
http://innewsmyanmar.blogspot.com/2012/08/blog-post_23.html

 မာဃ

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။