| ဘင်္ဂလာ(၁၂)မြို့ကို စိုးစံအုပ်ချုပ်ခဲ့သော မင်းဆက် (၁၅)ဆက်မြောက် ဗိုလ်မင်းဦးအောင်ရွှေဖြူ နတ်ရွာစံသွား | ||||
|
ဘင်္ဂလားဒေခ်ျနိုင်ငံ ဗိုလ်မင်းထောင် တောင်တန်းနယ်၊ ရွာတော်မြို့တွင် နေထိုင်သော ဘင်္ဂလာ(၁၂)မြို့ကိုစိုးစံအုပ်ချုပ်ခဲ့သော မင်းဆက် (၁၅)ဆက်မြောက် ဗိုလ်မင်းဦးအောင်ရွှေဖြူမှာ သြဂုတ်လ ၈ ရက်နေ့၊ နံနက် ၉နာရီ၊ ၁၅ မိနစ်တွင် နတ်ရွာစံ ကံတော်ကုန်သွားကြောင်း သိရသည်။
" ကျနော်တို့ ရခိုင်ဘုရင်မင်းမြတ်ဖြစ်တဲ့ ၁၅ ဆက်မြောက် ဗိုလ်မင်း ဦးအောင်ရွှေဖြူ နတ်ရွာစံ ကံတော်ကုန်သွားတဲ့အတွက် ရွှေတောင်ကြီး ပြိုလဲသွားသလိုမျိုး ခံစားရပါတယ်။ ကျနော်တို့ အရှင်သခင်အဖြစ် အားထားရတဲ့ ဗိုလ်မင်းကြီး၏ နောက်ဆုံး အန္တိမဈာလာယ ဂါရဝပူဇော်ပွဲဆိုရင်လည်း မမှားပါဘူး။ ကံတော်ကုန်သွားတဲ့နေ့ကနေ နောက်ဆုံး မီးသဂြိုလ်နေ့ထိ ရုပ်အလောင်းကို စံအိမ်တော်မှာပဲ ထားခဲ့ပါတယ်။ " ဟု သားတော်လတ်ဖြစ်သူ သာစိန်ဖြူ(ဇေရီ)က Arakan Times ကို ပြောသည်။
ဗိုလ်မင်း ဦးအောင်ရွှေဖြူမှာ ပါကိစ္စတန် အစိုးရလက်ထက်တွင် ၁၉၃၄ ခုနှစ်က ရဲအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ကာ၊ ၁၉၆၉ တွင် စားနပ်ရိက္ခာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်တော် ၉၈ နှစ်တွင် နတ်ရွာစံသွားခဲ့ခြင်းဖြစ်ပြီး သားတော် လေးပါးနှင့် သမီးတော် သုံးပါးကျန်ရှိခဲ့ကြောင်း သိရသည်။
ဗိုလ်မင်းဦးအောင်ရွှေဖြူ၏ ကျန်ရစ်သူ မိသားစုဝင်များက ဗိုလ်မင်းအား မင်းခမ်းမင်းနားနှင့်အညီ သြဂုတ်လ ၂၃ ရက်မှ ၂၄ ရက်နေ့ထိ ၀မ်းနည်းစွာပူဇော်ကျင်းပခဲ့ပြီး နောက်ဆုံးခရီးအား ဗိုလ်မင်းထောင်တစ်ခုလုံးမှ ပြည်သူလူထု ၂၀,၀၀၀ ကျော်ခန့်က လိုက်ပါပို့ဆောင် ခဲ့ကြကြောင်း သတင်းရရှိသည်။
" ဗိုလ်မင်းထောင်တစ်ခုလုံးဟာ ဟေဒ်မန် ကာရ်ဘာရီ(အုပ်စုအကြီးအကဲ) တွေနဲ့ ရွာပေါင်း အသီးသီးမှာနေထိုင်ကြတဲ့ မြို့ဖြစ်ပါတယ်။ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေက အလှူငွေများကောက်ခံကာ မူဇာပိုင်(အုပ်စုအပိုင်စားသူ) ဟေဒ်မန် တစ်ရာကျော်က တစ်ယောက်ကို ဘင်္ဂလာငွေ တာကာ ၁၀,၀၀၀ ကျော် လူပေါင်း ၁၅ဝ ခန့်လှူဒါန်းခဲ့ကြပါတယ်။ ပြီးတော့ ကတလား(၄)လုံး၊ ဆွဲတလားကြီးတစ်လုံး၊ စံကျောင်းတစ်လုံးနဲ့ ၁၅ ရက်တိုင်တိုင် ကျွေးမွေးလှူဒါန်းပေးခဲ့ကြပါတယ်။ ၂၃ နှင့် ၂၄ ရက်နေ့မှာပဲ ညဥ့်ပွဲအဖြစ် ဇာတ်သဘင်များဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပါတယ်။ " ဟု အဆိုပါပွဲမှာ ဇာတ်အငှား လိုက်လာသော ဟေဒ်မန်ထွီးနုအောင်က ပြောသည်။
ဗိုလ်မင်း ဦးအောင်ရွှေဖြူ၏ နောက်ဆုံးမီးပူးဇော်ပွဲအခမ်းအနားကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ အစိုးရနဲ့အတူ နိုင်ငံရေးခေါင်းဆောင်များ၊ သမိုင်းပညာရှင်များ၊ နိုင်ငံမော်ကွန်းဝင် ပုဂ္ဂိုလ်များ၊ တောင်းတန်းနယ် စစ်ဦးချုပ်၊ ရဲချုပ်၊ တောင်းတန်းနယ်ဆိုင်ရာမှ လွှတ်တော်ဝန်ကြီး၊ ပါလီမန်အမတ် မြို့ဝန်များက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြကြောင်း သိရသည်။
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။