ဒီမိုဝေယံ

ဒီမိုဝေယံ


လောင်းလုံ ရေနံချက်စက်ရုံ စီမံကိန်းအနီးမှ ဒေသခံများအား တရုတ်ပြည် လေ့လာရေးခရီးစဉ် ခေါ်ဆိုမှုအား ဒေသခံများမှ သဘောထားဖော်ထုတ် ကန့်ကွက်...

Posted: 29 Aug 2012 11:37 AM PDT

လောင်းလုံ ရေနံချက်စက်ရုံ စီမံကိန်းအနီးမှ ဒေသခံများအား တရုတ်ပြည် လေ့လာရေးခရီးစဉ် ခေါ်ဆိုမှုအား ဒေသခံများမှ ကန့်ကွက်ကြောင်း သဘောထားဖော်ထုတ်...

တနသာင်္ရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ညင်းမော်ရွာတွင် တရုတ်နိုင်ငံမှ တည်ဆောက်မည့် လောင်လုံ ရေနံချက်စက်ရုံစီမံကိန်းမှ တရုတ်ပြည် လေ့လာရေးခရီးစဉ်အား သဘောမတူ ကန့်ကွက်သည့် အစည်းအဝေးတစ်ခုကို 27.8.2012(တနင်္လာနေ့) နံနက် ၉း၀၀နာရီခန့်က လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအ၀င် ဒေသခံရပ်မိရပ်ဖများ၊ လူငယ်လူရွယ်များ အပါအ၀င် ဒေသခံ(၂၀၀)ခန့် တက်ရောက်ကြသည်။

အစည်းအဝေးအစတွင် ဆရာတော်အရှင်ဦးညာဏိဒမှ အဖွင့်အမှာ စကား ပြောကြားရာတွင် တရုတ်နိုင်ငံမှ လာရောက်လုပ်ကိုင်မည့် ရေနံချက်စက်ရုံ အတွက် ဒေသခံများအား လာရောက်ခေါ်ယူသည့် တရုတ်နိုင်ငံ လေ့လာရေး ခရီးစဉ်အား မလိုက်သင့်သဖြင့် မလိုက်ကြစေလိုကြောင်း လိုက်သွားသူ များအားလည်း တစ်ရွာလုံး၊ တစ်ဒေသလုံးက ညီညီညွတ်ညွတ်နှင့် ကန့်ကွက်ကြရမည်ဖြစ်ကြောင်း မိန့်ကြားသွားခဲ့ပြီး၊ ဒေသခံများထဲမှ ကိုဝေလင်း၊ ကိုအာကာ၊ ဦးတင်စိုး၊ ဦးဟန်သိန်း၊ အုပ်ချုပ်ရေးမှူးတို့မှ အပြန်အလှန် ဆွေးနွေးသွားကြရာတွင်""ဒီခရီးစဉ်ကိုလိုက်လည်း မလိုက်ဘူး၊ ရေနံချက်စက်ရုံ တည်ဆောက်မှာကိုလည်း၊ လုံးဝ(လုံဒ၀) လက်မခံနိုင်ကြောင်းကို ဆွေးနွေးသွားကြသည်။

အဆိုပါ တရုတ်နိုင်ငံမှ တည်ဆောက်မည့် ရေနံချက်စက်ရုံနှင့် ရေနံသန့်စင်စက်ရုံအတွက် အနီးအနားရှိ ဥယျဉ်၊ ခြံမြေများအား သိမ်းယူရန် မြေတိုင်းထွာမှုများ ပြုလုပ်နေကြောင်း သိရှိရသည်...။

ထားဝယ်သား ပေးပို့သည်..

တနှစ်လျှင် ရေနံစိမ်း တန်ချိန် ၅ သန်း ချက်လုပ်နိုင်မည့် ထိုစက်ရုံသည် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်ခြင်း မရှိသော်လည်း စက်မှုဇုန်နှင့် ဆက်စပ်မှု ရှိပြီး စီမံကိန်းတွင် တရုတ် ၇၀ ရာနှုန်း၊ ဦးပိုင် ၂၀ ရာနှုန်းနှင့် ထူးကုမ္ပဏီမှ ၁၀ ရာနှုန်း ပါဝင်သည်ဟု မဇ္ဈိမသတင်းစာမျက်နှာတွင် ဖော်ပြပါရှိသည်။

တောင်သူလယ်သမား မဟုတ်သူများမှ စိုက်ပျိုးစရိတ်ချေးငွေများ လိမ်လည်ထုတ်ယူနေခြင်းအား (တိုင်ကြားစာ)

Posted: 29 Aug 2012 11:15 AM PDT

   နေပြည်တော် ဒက္ခိဏသီရိမြို့နယ် လမ်းပျဉ်းမနား ရွာမကျေးရွာအုပ်စုသည် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် (၂၀၁၀) ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံ အောင်မြင်ခဲ့သော မြို့နယ်တခုဖြစ်ပါသည်။ သမ္မတကြီးဧ။် နယ်မြေ အတွင်း စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် တောင်သူလယ်သမား မဟုတ်သူ လယ်ပိုင်မြေပိုင်မရှိသူ အမှန်တကယ် လယ်ယာလုပ်ကိုင် စားသောက်ခြင်းမဟုတ်သူ တို့ကို ကျေးရွာအုပ်ချူပ်ရေးမှူး၊ ဘဏ်ကော်မတီတို့နှင့်ပေါင်း၍ ဘဏ်စာအုပ်များအကြံအဖန်ပြုလုပ်ပြီး စိုက်ပျိုးစရိတ်ချေးငွေများ လိမ်လည်ထုတ်ယူနေပါသည်..။ အမှန်တကယ် တောင်သူလယ်သမားများမှာ စိုက်ပျိုးစရိတ်ချေးငွေ အပြည့်အ၀မရရှိ၍ ကျေးရွာတောင်သူတဦးမှ နိုင်ငံတော်သမ္မတကြီးထံ တိုင်ကြားစာ ပေးပို့ထားပါသည်။

ထိရောက်စွာ အရေးယူပေးနိုင်ပါရန် မီဒီယာ များမှတဆင့် အကူအညီ တောင်းခံအပ်ပါသည်

နာရေးကူညီမှုအသင်း(ရန်ကုန်) Website ဖွင့်ပြီ...

Posted: 29 Aug 2012 11:05 AM PDT

နာရေးကူညီမှုအသင်း(ရန်ကုန်) Website ဖွင့်ပြီ

Website သည် တစ်ကမ္ဘာလုံးကို ဖြန့်ချီပေးနေတဲ့ ကွန်ရက် (World Wide Web) တစ်ခုဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီး (United Nations)မှ ၂ဝ၁ဝ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာကြေညာစာတမ်း (Geneva Declaration on Internet Freedom)ကို ပြဋ္ဌာန်း ခဲ့သည်။ ထိုကြေညာစာတမ်းတွင် အင်တာနက် (Internet)သည် အတွေးအခေါ်များ ဖလှယ်ရာနှင့် ကူးလူး ဆက်သွယ်ရာ အပြည်ပြည်ဆိုင်ရာနေရာလေးတစ်ခု (auniversal space) ဖြစ်သည်။ အင်တာနက်သည် လူမျိုး၊ ဘာသာ၊ ပထဝီအနေအထားနှင့် စီးပွားရေးအခြေအနေများကို ထောက်ထားစရာမလိုပဲ လူ အချင်း ချင်း အပြန်အလှန်နားလည်စေခြင်းနှင့် လွတ်လပ်ခွင့်များကိုလည်း မြှင့်တင်ပေးနိုင်သည်ဟု ဆိုထားသည်။ 

၂၇.၈.၂ဝ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းပိုင်ဝက်ဘ်ဆိုဒ် အား စတင်လွှင့်တင်ခြင်းနှင့် စာနယ်ဇင်းမိတ်ဆက်ခြင်း အခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းဝက်ဘ်ဆိုဒ်အား Tun new technology co.,ltd. (TNT)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ဝက်ဘ်ဆိုဒ် ရေးဆွဲလှူဒါန်းခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် Website မရှိသည်မှာ မိမိတို့၏ အားနည်းချက်ဖြစ်ကြောင်း၊ အသင်းသည် (၁၂) နှစ်တာကာလ ရောက်ရှိ သော်လည်း ကိုယ်ပိုင်ဝက်ဘ်ဆိုဒ် မရှိခဲ့ချေ။ နာဂစ်မုန်တိုင်း အချိန်ကာလ၌ နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး အများပြည်သူတို့အား မည်သည့်နေရာဒေသများသို့ သွားရောက်၍ လှူဒါန်းမှုများ ပြုလုပ်နေ ကြောင်းနှင့် လိုအပ်သည့် လှူဒါန်းဖွယ်ပစ္စည်းများတို့အား အလှူရှင်များ လှူဒါန်းနိုင်ရန်နှင့် ပွင့်ပွင့်လင်းလင်း ချပြနိုင်ရန်အတွက် Website လုပ်ခဲ့၍ ကြိုးစားခဲ့ကြောင်း၊ နောက်ပိုင်း၌ Up date မလုပ်နိုင်ခဲ့ခြင်းကြောင့် ရပ်ဆိုင်းခဲ့ရပြီး နောက်တစ်ခါထပ်ကြိုးစားကြောင်း၊ ယခုအချိန်သည် စတုတ္ထအကြိမ်မြောက် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး မိမိတို့အသင်းအတွက် အရမ်းလိုအပ်နေသည့် အရာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလှူရှင်များ လှူဒါန်းထားသည့် အလှူငွေများနှင့် ပစ္စည်းများအား မိမိတို့ မည်သို့ပြန်လည်၍ လှူဒါန်းခြင်း၊ အသုံးချခြင်း များကို တင်ပြရန်အရေးကြီးပါကြောင်းနှင့် အသင်းအတွက် လိုအပ်လျှက်ရှိသော Website ကို လှူဒါန်း ပေးခဲ့သော TNT ကုမ္ပဏီအားလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသွားခဲ့ပါသည်။ 

ဆက်လက်၍ TNT ကုမ္ပဏီမှ MD ကိုထွန်းထွန်းမှ အသင်း၏ ဝက်ဘ်ဆိုဒ်အား ရေးဆွဲလှူဒါန်းခြင်းနှင့်ပါတ်သက်၍ မိမိတို့ TNT ကုမ္ပဏီ၏ (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်လည်း Website မရှိသေးသည့်အတွက် (၁) နှစ်ပြည့် အခမ်းအနားနှင့် တိုက်ဆိုင်ခြင်းကြောင့် ဝက်ဘ်ဆိုဒ် ပုံစံအကြမ်း ပြသ ပေးခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုကျော်ဟိန်း၊ ကိုဖြိုးကိုကို တို့မှလည်း အစစအရာရာ ကူညီ ပေးသည့်အတွက်ကြောင့် ယခုကဲ့သို့ အထမြောက်သွားကြောင်းနှင့် ၄င်းတို့အားလည်း ကျေးဇူးတင် ပါကြောင်း၊ ဝက်ဘ်ဆိုဒ်စတင်ပြီဆိုပါက အမြဲတမ်း Up to date ဖြစ်ရမည်ဖြစ်ကြောင်း၊ ဝက်ဘ်ဆိုဒ် သို့ ဝင်ရောက်ကြည့်ရှုကြပြီး နောက်ဆုံးဖြစ်ပျက်နေသည့် သတင်းများ ဖတ်ရှုလိုချင်ကြပြီး အလှူရှင်များသည် လည်း မိမိတို့လှူဒါန်းလိုက်သည့် အလှူငွေများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး (ရေဘေး၊ မီးဘေး . . . )၊ အရေးပေါ်ကယ်ဆယ်ရေး အစရှိသည့် ကိစ္စရပ်များအား အသုံးပြု၍ လှူဒါန်းမှု များအား သိရှိနိုင်စေရန်အတွက် ဝက်ဘ်ဆိုဒ်တွင် လိုအပ်သ်ည့ အချက်အလက်များအား ကဏ္ဍအသီးသီး ဖြင့် အသေးစိတ် ဖော်ပြပေးထားကြောင်း၊ မကြာမီကာလအတွင်း အင်္ဂလိပ်ဘာသာဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ဝက်ဘ်ဆိုဒ်အား တင်ပြတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ အသင်းဝက်ဘ်ဆိုဒ် လိပ်စာနှင့် အသုံးပြုပုံအဆင့်ဆင့်ကို ပရိုဂျက်တာဖြင့် ကြွရောက်လာကြသော စာနယ်ဇင်းသမားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်နှင့် အသင်းသား/သူများတို့အား မိတ်ဆက်ပြသပေးခဲ့ပြီး မီဒီယာများ၏ မေးမြန်းချက် များအား ပြန်လည်ဖြေကြားခဲ့ပြီး အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

 ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အများပြည်သူတို့အပေါ် ပေးဆပ်ကူညီဖေးမမှု ကုသိုလ်ရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ တစ်ခုတည်းတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတို့မှ ဝက်ဘ်ဆိုဒ်ပေါ်၌ Up to date ပေးဆပ်မှုများအား ကြည့်ရှု့နိုင်တော့မည်ဖြစ်ပါသည်။ ကြည့်ရှု့လိုသူများအနေဖြင့် မိမိတို့၏ ကွန်ပြူတာပေါ်တွင် www.ffssyangon.org ဟူ၍ ရိုက်လိုက်ရုံဖြင့် ကျွန်တော်တို့ F.F.S.S(Ygn) နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အချိန်မရွေး ရောက်ရှိနိုင်တော့မည်ဖြစ်သည်။

"အင်တာနက် (Internet)ကို လွတ်လပ်စွာအသုံးပြုစေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသားလွတ်လပ်ခွင့် များ၊ လွတ်လပ်ပြီး ဒီမိုကရေစီဆန်သော လူ့ဘောင်ကို အပြည့်အဝ ခံစားနိုင်ရန် မရှိမဖြစ်လိုအပ်သည်။"
(ဂျီနီဗာကြေညာစာတမ်း ၂ဝ၁ဝ၊ မတ်လ ၉ရက်)

အရူးမီးဝိုင်း (ကဗျာရှင် နေရဲနီ)

Posted: 29 Aug 2012 11:05 AM PDT

အရူးမီးဝိုင်း
(ကဗျာရှင် နေရဲနီ)

လှည်းတန်း သမိုင်း ရွှေဂုံတိုင်
ဂုံးကျော်တံတားကြီးတွေ အပြိုင်အဆိုင်
ရန်ကုန်မြို့ကြီးကို စင်္ကာပူလိုဖြစ်အောင်
လေးလအတွင်းမှာ အပြီးဆောက်မယ်တဲ့
လွန်ခဲ့တဲ့ငါးလလောက်က
နာဂစ်ဥပဒေ နဲ့ ဂီရိရွေးကောက်ပွဲမှာ
သပွတ်အူကြိုတင်မဲတွေနဲ့ အနိုင်ရလာတဲ့
ဝန်ကြီးတပါးကပြောတဲ့စကား
လေးလလွန်လို့ ငါးလထဲရောက်လာတော့
ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့
တစ်နှစ်လောက်တော့ ကြာမှာပေါ့တဲ့
ဒါရိုက်တာမောင်မျိုးမင်း ကတော့
ရင်တွင်းကဖြစ်လာတဲ့စကားနဲ့ပြောလိုက်တာ
ဆောက်တုန်းပါဗျာ တဲ့။
သံတူကြောင်းကွဲ မြန်မာစကားကလဲ
တခါတလေတော့လဲ နားလည်ရအခက်သား။

တံတားဆောက်တဲ့အကြောင်းပြချက်နဲ့
လမ်းတွေတခြမ်းပိတ်ထားတော့
ယာဉ်ကြောတွေက ယခင်ကထက်ပိုလို့ကြပ်
ယာဉ်အဟောင်းနေရာမှာ အစားထိုးလာတဲ့ယာဉ်သစ်တွေကြောင့်လည်း
ယာဉ်ကြောတွေက ကြပ်ပြီးရင်းပိုလို့ကြပ်
လိုရာခရီးကို အချိန်မှီမရာက်နိုင်တဲ့
ခရီးသွားပြည်သူတွေရဲ့အသံက တစတစနဲ့ ပူညံပူညံ။

နေ့ညမပြတ်ယန္တယားသံဆူဆူညံညံကြောင့်
နားမခံနိုင်တဲ့ရပ်ကွက်ထဲက ပြည်သူတွေရဲ့အသံက ဆူဆူညံညံ
ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာဖိတ် ဆိုတဲ့
ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးစိတ်ကူးတွေနဲ့
လက်သင့်ရာဆွမ်းလောင်းပြီး ပြည်တွင်းကုမ္ပဏီကို
ကန်ထရိုက်ပေးလိုက်ပြန်တော့လည်း
အတွေ့အကြုံကမရှိ
စက်ယန္တယားကမပြည့်စုံ
လွဲချော်ခဲ့ရင် ပြန်ပြင်ဖို့မလွယ်တဲ့ ဒီလိုနေရာမျိုးမှာ
တကယ်တတ်တဲ့ အတတ်ပညာရှင်ဆိုတာဝေလာဝေး။

ဒီလိုနဲ့ဘဲ
တနှစ်နဲ့မှ မပြီးခဲ့သည်ရှိသော်
လိုရာခရီးမရောက်နိုင်တဲ့ ပြည်သူတွေရဲ့အသံ
ယာဉ်ကြောကြပ်လို့ စိတ်မရှည်နိုင်တော့တဲ့ယာဉ်မောင်းတို့ရဲ့အသံ
စက်ယန္တယားသံနားမခံနိုင်တော့တဲ့
အနီးအနားရပ်ကွက်ထဲက ပြည်သူတွေရဲ့အသံ
ဝေဖန်သံ
အပြစ်တင်သံ
အစရှိသော အသံမျိုးစုံကြားမှာ
အရူးမီးဝိုင်းဖြစ်တော့မှာပါလား။

နေရဲနီ

ဓာတ်ပုံ မြစ်မခ မီဒီယာ

ယနေ့ပြုလုပ်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး သတင်းစားရှင်းလင်းပွဲ ..

Posted: 29 Aug 2012 10:33 AM PDT

 ယနေ့ပြုလုပ်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး သတင်းစားရှင်းလင်းပွဲ .. မှတ်တမ်း၊ ဓာတ်ပုံများ..
ဓာတ်ပုံများ လင်းဆက် ပေးပို့သည်...။