သျှမ်းသံတော်ဆင့် |
| သျှမ်းပြည် (မြောက်ပိုင်း) မုံးဝီးအုပ်စုအတွင်း သူခိုး သောင်းကျန်း Posted: 02 Aug 2012 09:49 PM PDT သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာ၌ မူးယစ်ဆေးသုံးစွဲသူ အမြောက်အများရှိနေပြီး ယခုရက်ပိုင်း အ တွင်း ကျေးရွာအတွင်း ဖေါက်ထွင်းခိုးယူမှုများ နေ့စဉ် ဖြစ်ပေါ်နေသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူမှု တစ်စုံတစ်ရာ မရှိကြောင်း စုံစမ်းသိရသည် ။ "အခုရပ်ရွာမှာ သူခိုးတွေအရမ်းထူပြောနေတယ်။ နေ့တိုင်း တစ်အိမ်ပြီးတစ်အိမ်ဖေါက်နေတယ်။ စစ်တပ် လည်းရှိတယ်။ ရဲ လည်းရှိတယ်။ ဘာမှဂရုမစိုက်ဘူး။ ရွာသူရွာသားတွေ အနေနဲ့ ဘယ်သူ့ကို အားကိုးရမှန်း မသိတော့ဘူး " ဟု မုံးဝီးရွာခံ တစ် ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ ယခုဖြစ်ပွားနေသော ခိုးယူမှုများသည် အကြီးစားဖေါက်ထွင်းခိုးယူမှုများ မဟုတ်သော်လည်း အိုးခွက် ပန်းကန်များ ၊ မီးသွေး များ ၊ စားသောက်စရာများနှင့် တိုလီမိုလီပစ္စည်းများ နေ့စဉ် ခိုးယူခံနေရကြောင်း သိရသည် ။ လွန်ခဲ့သည့် ၃ ရက်ခန့်က ကျေးရွာအတွင်းရှိ ဈေးဆိုင်တစ်ဆိုင် ဖေါက်ထွင်းခိုးယူခံခဲ့ရရာ ကျပ် ၁၀ သိန်းခန့် ဆုံးရူံးမှုရှိပြီး ခိုးယူမှု ကျူးလွန်သူများမှာ မူးယစ်ဆေးသုံးစွဲသူများ ဖြစ်ကြောင်း သိရသည် ။ |
| တိုက်ပွဲများရပ်တန့်ပေးရန် သမ္မတထံ RCSS စာပေးပို့ Posted: 02 Aug 2012 09:47 PM PDT တိုက်ပွဲများဆက်လက်ဖြစ်နေမှုအတွက် စစ်ဖက်ဆိုင်ရာအား အစိုးရကတားဆီးပေးရန် အပါ အဝင် အချက် နှစ်ချက်ပါပေးစာကို သျှမ်းပြည်တပ်မတော်က သမ္မတထံပေးပို့ လိုက်ပြီဖြစ် ကြောင်း RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောသည်။ သြဂတ်စ် ၁ ရက်နေ့ ရက်စွဲဖြင့် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် လက်မှတ်ရေးထိုးပြီး သမ္မတကြီး ဦးသိန်းစိန်ထံ စာတစောင်ပေးပို့ခဲ့ခြင်းဖြစ်၏။ တိုက်ပွဲဖြစ်ပွားနေသည့်အပေါ် အဖြေရှာရေး နှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး လက်တွဲဆောင်ရွက်ဖို့ အဓိကဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် ပြော ခွင့်ရဗိုလ်မှူးလောင်ဝ်ဆိုင်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။ "တကယ်လို့ ကျနော်တို့စာပို့ပေးပြီးတဲ့နောက်ပိုင်းမှာလဲတိုက်ပွဲတွေဆက်ဖြစ်နေသေးရင် အစိုးရဟာစစ်တပ် အပေါ်ထိန်းချုပ်နိုင်စွမ်းအာဏာမရှိဘူးဆိုတာ သတ်မှတ်ရတော့မှာဘဲ။ သို့မဟုတ် ရင်လဲ စစ်တပ်နဲ့အစိုးရ ပူးပေါင်းပြီးတိုင်းရင်းသားတွေအပေါ် ကစားတဲ့လှည့်ကွက် တခုဘဲဖြစ် မယ်။ တကယ်လို့ပြောင်းလဲမှုမရှိဘဲ တိုက်ပွဲဆက်ဖြစ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဟာ လေထဲမှာကြေငြာရုံသက်သက်ဘဲဖြစ် သွားပါလိမ့်မယ် လို့ကျနော်ပြောချင်ပါတယ်" ဟုဗိုလ်မှူးလောင်ဝ်ဆိုင်ကဆက်လက်ပြောပြသည်။ ဂျူလိုင်လ ၃၀ ရက်နှင့် ၃၁ ရက်က နမ့်စန်မြို့နယ် လွယ်ယေးဒေသ နှင့် မိုင်းပန်မြို့နယ် နောင်လေ အုပ်စု အတွင်း တိုက်ခိုက်များဖြစ်ပွားခဲ့သည့်အပြင် ယမန်နေ့ကလည်း မြန်မာစစ်တပ်ကအင်အားတရာကျော် ထပ်မံဖြည့်တင်းကာ RCSS/SSA အား အဆိုပါလွယ်ယေးဒေသအတွင်း ဆက်တိုက် နေသည်ဟု ပြောသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |