ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆန်ဖရန်ဘေးဧရိယာတွေ့ဆုံပွဲဆိုင်ရာ မေးခွန်းနှင့် အဖြေများ
တွေ့ဆုံပွဲဆိုင်ရာပြန်ကြားရေးအဖွဲ့၊ သြဂုတ် ၂၈၊ ၂၀၁၂
ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲဖြစ်မြောက်ရေး ဆောင်ရွက်နေကြတဲ့ အလုပ်အဖွဲ့ကနေပြီးတော့ ဧည့်သည် ပရိသတ်များ သိလိုတဲ့ မေးမြန်းနေကြမေးခွန်းနဲ့ အဖြေတွေကို စုစည်းပြီး ထုတ်ပြန်လိုက်ပါတယ်။
၁။ ၀င်ကြေးပေးရမှာလား။ လက်မှတ်ဝယ်ရမှာလား။
အခမဲ့ပါ။ သို့သော် ၀ိုင်းဝန်းကူညီပံ့ပိုးမှုတွေ လိုပါတယ်။
၂။ တွေ့ဆုံပွဲဖြစ်မြောက်အောင် ဘယ်က ဘဏ္ဍာရေးနဲ့ ဖြစ်အောင်လုပ်မှာလဲ။
ဝိုင်းဝန်းကြတဲ့ စေတနာရှင်တွေ၊ လုပ်အားပေးတွေ၊ မိသားစုစိတ်ဓာတ်နဲ့ အားလုံး ထည့်ဝင်မတည်မှုများနဲ့ မြန်မာတွေအားလုံး ဂုဏ်ယူဝင့်ကြွားရတဲ့ တွေ့ဆုံပွဲတစ်ခု ဖြစ်မြောက်ဖို့ သန္နိဋ္ဌာန်ချထားကြပါတယ်။
၃။ စေတနာအလျောက် ဖြစ်မြောက်အောင် အများကြီး ပံ့ပိုးသူတွေကို ဘယ်လိုမျိုး သဘောထားမှာလဲ။
ဘဏ္ဍာရေးအရ စိုက်ထုတ်ပံ့ပိုးသူတွေရော လုပ်အားတွေ ကျွမ်းကျင်မှုတွေ အားစိုက် ကြိုးပမ်းသူတွေအားလုံးကို ဘာသာရေး လူမှုရေး နိုင်ငံရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့အတူ အလေးထားပြီး နေရာထိုင်ခင်းတွေကို သတ်မှတ်ပေးထားပါတယ်။
၎။ ၀င်ခွင့်လက်မှတ် ဘယ်လိုရယူရမလဲ။
ပွဲအတွက် ပြုလုပ်ထားတဲ့ အင်တာနက်စာမျက်နှာ http://suu-sf.blogspot.com မှာ ပုံစံဖြည့်ပြီး စာရင်းပေးရပါမယ်။ စာရင်းပေးထားသူအားလုံး တက်ရောက်နိုင်အောင် ပြန်လည်ဆက်သွယ်ပြီး စီစဉ်ပေးပါမယ်။
၅။ အခမ်းအနားနေ့မှာ ဘယ်လို ၀င်ခွင့်ပြုမှာလဲ။
အခမ်းအနားနေ့၊ အစီအစဉ် မစတင်မီ အချိန် ၁ နာရီခွဲခန့် ကြိုတင်ရောက်ရှိပြီးနောက် ဖိတ်ကြားထားတဲ့ ဖိတ်စာနဲ့ (သို့မဟုတ်) http://suu-sf.blogspot.com မှာ မိမိဖြည့်စွက်ထားတဲ့ စာရင်းနဲ့ တိုက်ဆိုင်ပြီး ၀င်ခွင့်ပေးမှာ ဖြစ်ပါတယ်။
၆။ နေရာ သတ်မှတ်ထားမှုတွေ ထိုင်ခုံနံပါတ် သတ်မှတ်ထားမှုတွေ ရှိပါသလား။
ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး ခေါင်းဆောင်များ၊ စေတနာရှင်များ၊ မြန်မာတိုင်းရင်းသား ကွန်မြူနီတီက ဧည့်သည်များအတွက် နေရာသတ်မှတ်ထားတာကလွဲပြီး ကျန်တဲ့ ထိုင်ခုံများ အားလုံးကို ဦးရာလူစနစ်နဲ့ ခွင့်ပြုမှာ ဖြစ်ပါတယ်။
၇။ ကြိုတင်စာရင်း ပေးမထားရင် ၀င်ခွင့်မရဘူးလား။
အခမ်းအနားနေ့မှာ စာရင်းပေးနိုင်ပါတယ်။ ကြိုတင်စာရင်းပေးထားသူတွေ အားလုံးဝင်ပြီး ထိုင်ခုံနေရာရှိရင် ၀င်ခွင့်ရပါလိမ့်မယ်။
၈။ ၀င်ခွင့်အတွက် စစ်ဆေးဖို့ ဘာလိုအပ်ပါသလဲ။
ပြည်နယ်က ထုတ်ပေးထားတဲ့ State I.D သို့မဟုတ် ဓာတ်ပုံနဲ့ အမည် ထင်ရှားတဲ့ ကတ်ပြား သို့မဟုတ် ပတ်စ်ပို့ ယူလာဖို့ လိုပါတယ်။
၉။ အခမ်းအနားကို သတ်မှတ်ချိန်အတိုင်း လုပ်မှာလား။
အခမ်းအနားကို ကြေညာထားတဲ့အတိုင်း အတိအကျ စတင်မှာဖြစ်ပါတယ်။
၁၀။ ပွဲကျင်းပနေတုန်း ရောက်ရင် ၀င်ခွင့်ရမှာလား။
ဝင်ခွင့်မရနိုင်ပါ။ ပွဲမစခင် ပရိသတ်အားလုံး ခန်းမထဲ ၀င်ရောက်ရမှာဖြစ်ပြီး အ၀င်အထွက်ကို လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်မှာဖြစ်ပါတယ်။
၁၁။ အခမ်းအနား မပြီးဆုံးခင် ပြန်ခွင့်ရမလား။
မရပါ။ တိကျခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ခန်းမထဲက ထွက်ခွင့်မရနိုင်ပါ။
၁၂။ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလို ပြောမှာလား။ အင်္ဂလိပ်လို ပြောမှာလား။
မြန်မာလိုပဲ အဓိက ပြောမှာဖြစ်ပါတယ်။
၁၃။ ဒေါ်အောင်ဆန်းစုကြည် ကို မေးခွန်း မေးလို့ရမလား။
မေးခွန်းများကို http://suu-sf.blogspot.com မှာ စက်တင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး ကြိုတင်ဖြည့်စွက် ပေးပို့ရပါမယ်။ လက်ခံချိန် ကျော်လွန်ပြီးနောက်ပိုင်း မေးခွန်းလက်ခံခြင်း မရှိတော့ပါ။
၁၄။ မေးခွန်းတိုင်းကို ဖြေကြားမှာလား။
မေးခွန်းတွေကို မဲနှိုက်ပြီး ဖြေကြားမှာ ဖြစ်ပါတယ်။ မေးခွန်းများကို မြန်မာ၊ အင်္ဂလိပ် ကြိုက်ရာဘာသာနဲ့ မေးနိုင်ပါတယ်။
၁၅။ အခမ်းအနားအတွင်း မေးခွန်း တိုက်ရိုက်မေးခွင့်ရမှာလား။
မရပါ။
၁၆။ ဒေါ်အောင်ဆန်းစုကြည် ကို လက်ဆောင်ပေးလို့ ရမလား။
လက်ဆောင်ပေးလို့ရပါတယ်။ ထုထည်မကြီးတဲ့ လက်ဆောင်ပစ္စည်းများကို ပေးလို့ရပါတယ်။ လက်ဆောင်ပစ္စည်းကို အလွယ်တကူကြည့်ရှုစစ်ဆေးနိုင်အောင် ထုပ်ပိုးရပါမယ်။ လက်ဆောင်ရှင်ရဲ့ အမည်၊ နေရပ်လိပ်စာ နဲ့ တယ်လီဖုန်းနံပါတ်တို့ပါမှ လက်ခံမှာဖြစ်ပါတယ်။
၁၇။ ကိုယ်တိုင်ကိုယ်ကျ ပေးခွင့်ရမလား။
မရပါ။ လက်ဆောင်ပစ္စည်းလက်ခံဌာန ထားရှိမှာဖြစ်ပြီး လိုအပ်သလို စစ်ဆေးပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်မှာဖြစ်ပါတယ်။
၁၈။ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင် ရိုက်ခွင့် ရှိမှာလား။
မိမိထိုင်ခုံကနေ အများပြည်သူ မထိခိုက်အောင် လွတ်လပ်စွာ ရိုက်ကူးခွင့် ရှိပါတယ်။
၁၉ ။ သတင်းအဖွဲ့တွေကိုရော နေရာ သီးသန့်စီစဉ်ပေးမှာလား။
ဒေသခံ သတင်းရုပ်သံအဖွဲ့တွေ၊ မြန်မာသတင်းမီဒီယာအဖွဲ့တွေအတွက် သင့်တင့်တဲ့ အစီအစဉ်တစ်ခု ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ သူတို့အတွက် သီးခြားနေရာတစ်ခု သတ်မှတ်ပေးထားပါမယ်။
၂၀။ တခြားရော ဘာတွေ သတိထားရမလဲ။
ခန်းမအတွင်း အစားအသောက်များ ယူဆောင်ခွင့် မရပါ။ မူးယစ်သောက်စားထားခြင်းကို လက်မခံပါ။ အခမ်းအနားက ထုတ်ဝေတဲ့ စာရွက်စာတမ်းကလွဲပြီး အခြား စာရွက်များ၊ ဆိုင်းဘုတ်များ၊ စာတမ်းများ ကိုင်ဆောင်ဖြန့်ဝေခြင်း ခွင့်မပြုပါ။
၂၁။ အခမ်းအနားအတွက် အကူအညီပေးချင်ရင် ဘယ်လိုဆက်သွယ်ရမလဲ။
အင်တာနက်စာမျက်နှာ http://suu-sf.blogspot.com က Volunteers and Work Force (Contact) မှာ ကော်မတီဝင်များနဲ့ ဆက်သွယ်ရမယ့်သူများကို ဖော်ပြထားပါတယ်။ သက်ဆိုင်ရာ ကော်မတီဝင်များကို ဆက်သွယ်နိုင်ပါတယ်။
MONDAY, AUGUST 27, 2012
အမည်မည်း(Black list) စာရင်းသွင်းခံထားရသူ မြန်မာနိုင်ငံသား ၂၀၀၀ ကျော်ကို ပယ်ဖျက်
သြဂုတ် ၂၈၊ ၂၀၁၂၊
( မူရင်း၊ Yangon Press International )
ပြည်ပရောက် မြန်မာနိုင်ငံသား စုစုပေါင်း ၆၁၆၅ ဦးကို အမည်မည်း (black list) စာရင်းသွင်းထားခဲ့ရာမှ ယင်းတို့အနက်၂၀၈၂ ဦးအား ပယ်ဖျက်ပေးလိုက်ကြောင်း ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ယနေ့ နံနက် သတင်းထုတ်ပြန်လိုက်သည်။
နိုင်ငံတော် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အတွက် နိုင်ငံရေး၊ သတင်းမီဒီယာနှင့် စီးပွားရေး စသည့် နယ်ပယ်အသီးသီးမှ ပြည်ပရောက် မြန်မာနိုင်ငံသားများအား အမည်မည်း စာရင်းသွင်းထားရာမှ ယခုလက်ရှိ အခြေအနေတွင် ဒီမိုကရေစီဖေါ်ဆောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအကောင်အထည် ဖေါ်ဆောင်ရွက် လျှက်ရှိခြင်းကြောင့် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟုကြေညာချက်တွင် ဖေါ်ပြထားသည်။
Myo Naing Case was informed to authority last month
သိန်း ၅ထောင် လိမ်လည်သူ ကိုမျိုးနိုင်အကြောင်း အစိုးရထံ တိုင်ကြားခဲ့
မိုးမခထံပေးစာ၊ သြဂုတ် ၂၈၊ ၂၀၁၂
အမည်ရင်း၊ မွေးသက္ကရာဇ် နှင့် အဖအမည်တို့ကို ပြင်ဆင်ထားသည့် မှတ်ပုံတင် အတု ကိုင်ဆောင်သူ ဦးမျိုးနိုင်(ခ) ဦးမင်းကျော်ဇော ဆိုသူက ၂၀၀၇ ခုနှစ်တွင် ငွေကျပ် သိန်း ၅,၀၀၀ ချေးငှားခဲ့သည့် အမှုကို ယခုလ ၁၅ ရက်နေ့တွင် ဖေါ်ထုတ်ဖမ်းဆီးခဲ့ကြောင်းမော်လမြိုင်မြို့ မြို့ခံများက ပြောသည်။
ထိုအမှုကို ၎င်း၏ဇနီးဟောင်းက ဇူလိုင်တွင်၎င်း၊ အခြားပြည်သူများက သြဂုတ်လတွင်၎င်း သက်ဆိုင်ရာ အာဏာပိုင်များ၊ အစိုးရများထံ တိုင်စာများ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း လက်ခံရရှိသော ပေးစာများအရ တွေ့နိုင်သည်။
LA Burmese community announced Venue location for Suu Event
ဒေါ်အောင်ဆန်းစုကြည်နှင့် အယ်လအေမြန်မာမိသားစု တွေ့ဆုံပွဲ နေရာသတ်မှတ်ပြီ
မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၂၈၊ ၂၀၁၂
လက်ခံရရှိသော သတင်းထုတ်ပြန်ချက်အရ အောက်ဖော်ပြပါနေရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အယ်လ်အေဒေသကြီးရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ LA Convention Center, South Hall G တွင် အောက်တိုဘာ ၂၊ အင်္ဂါနေ့၊ ညနေ ၂ နာရီ မှ ၃ နာရီ ခွဲ အထိဖြစ်ကြောင်း ဖော်ပြထားသည်။
နေရာချထားရေးနှင့် လုံခြုံရေးအတွက် အောက်ပါညွှန်ကြားချက်ကိုပါ အသိပေးထားသည်ကို ၎င်းတို့ စာမျက်နှာတွင် တင်ထားသည်။
" ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်ဖွား မိသားစုများ Los Angeles မြို့တွင် တွေ့ဆုံပွဲ၌ လုံခြုံရေး တင်းကျပ်စွာ စိစစ်ပါမည်။ ဦးရာလူ အရင်ဝင်စနစ် ကျင့်သုံးပါမည်။ သို့ပါသောကြောင့် ပွဲတက်ရောက်မည့်ဧည့်ပရိသတ်များသည် အတတ်နိုင်ဆုံး စောလျင်စွာ ကြွရောက်ပြီး ၁နာရီ ၃၀ မိနစ် နောက်ဆုံးထားကာ ခန်းမအတွင်း ၀င်ရောက် နေရာယူကြရမည်ဖြစ်ပါသည်။
၁၂ နာရီ ၃၀ မိနစ်တွင် ဂိတ်တံခါးများ စတင်ဖွင့်ပါမည်။ တဦးချင်းစီ လုံခြုံရေးစစ်ဆေးပြီးမှ ဝင်ရောက်ခွင့်ပေးပါမည်။ ဝင်ရောက် ပြီးသူများ အပြင်ပြန်ထွက်လိုကထွက်နိုင်သော်လည်း ပြန်လည်ဝင်ရောက်ရာတွင် လုံခြုံရေးစစ်ဆေးမှုများ ထပ်မံ ခံယူရပါမည်။
ခန်းမတံခါးကို ၁ နာရီ ၄၅ မိနစ်တွင် အတိအကျ ပိတ်ပါမည်။ ခန်းမတံခါး ပိတ်ပြီးလျှင် တာဝန်ကျသူများမှ အပ မည်သူမျှ၊ မည်သို့ သော အကြောင်းကြောင်းနှင့်မှ ခန်းမကြီးအတွင်း ဝင်ခွင့် မပေးတော့ပါ။ အကြောင်းတစုံတရာကြောင့် အပြင်ထွက်ခဲ့လျှင် (ဥပမာ၊ ၊ ဖုန်းထွက် ပြောခြင်း) ခန်းမအတွင်းသို့ ပြန်ဝင်ခွင့်မရနိုင်တော့ပါ။
မှတ်ချက် - အရေးပေါ်ကိစ္စ ရှိခဲ့သော်၊ လုံခြုံရေးကို အသိပေးပြီး ခန်းမတွင်းမှ ထွက်ခွင့်ပေးပါမည်။ တစုံတဦး၏ အဝင် အထွက် လှုပ်ရှားမှုကြောင့် ပွဲတက်ရောက်သူ အခြားပရိသတ်များ အနှောက်အယှက် မဖြစ်စေရန် မေတ္တာရပ်ခံရခြင်း ဖြစ်ပါသည်။
အခမ်းအနားတွင် ပဏာမဧည့်ခံမှု အစီအစဉ်များကို နေ့လည်၁ နာရီတွင်စတင်ပါမည်။
အခမ်းအနားတွင် ပဏာမဧည့်ခံမှု အစီအစဉ်များကို နေ့လည်၁ နာရီတွင်စတင်ပါမည်။
(မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုနှင့် ပြည်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူမှုထောက်ကူပြုအဖွဲ့လှုပ်ရှားမှုများ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝခရီး၊ မကြာသေးမီက သွားရောက်ခဲ့သော ထိုင်းနိုင်ငံ နှင့် ဥရောပခရီးစဉ် ဓါတ်ပုံ မှတ်တမ်းများ၊ မြန်မာ့နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသော သြဝါဒစကားများကို ဆလိုက်ထိုးပြသပါမည်။ အမျိုးသားရေးနှင့်သက်ဆိုင် သော တေးဂီတများဖြင့် ဧည့်ပရိသတ်ကို ဧည့်ခံမှုပြုပါမည်။)
အခမ်းအနားဖြစ်မြောက်ရေးကော်မတီ (Los Angeles) …"
talk with Dr. Jacques P. Leider - part one
"ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားနာမည် မဟုတ်ဘူး။ ခေါ်ဝေါ် စရာ နာမည်သက်သက်ပါပဲ"
Yangon Press International
သြဂုတ် ၂၇၊ ၂၀၁၂

ရခိုင်အရေးအခင်း နှင့်ပတ်သက်၍ နိုင်ငံခြား ပညာရှင်တဦး၏ အမြင်-အင်တာဗျူး၊ အပိုင်း (၁)
ဥာဏ်လင်း နှင့် ဇေယျာလှိုင်တွေ့မေးသည်။
"ပဋိပက္ခကအသစ်မဟုတ်ဘူး။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားထိ ရောက်သွားတယ်"
Yangon Press International
သြဂုတ် ၂၇၊ ၂၀၁၂

ရခိုင်အရေးအခင်း နှင့်ပတ်သက်၍ နိုင်ငံခြား ပညာရှင်တဦး၏ အမြင်-အင်တာဗျူး၊ အပိုင်း (၁)
ဥာဏ်လင်း နှင့် ဇေယျာလှိုင်တွေ့မေးသည်။
"ပဋိပက္ခကအသစ်မဟုတ်ဘူး။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားထိ ရောက်သွားတယ်"
Min Kaung Chit - Short stories
အပမှီတဲ့ကား
မင်းကောင်းချစ်
သြဂုတ် ၂၇၊ ၂၀၁၂
တန်ခူးနေဟာ ဒေါသတကြီးနဲ့ကမ္ဘာမြေကို လောင်မီးမြိုက်လျှက်ရှိ၏။ နာရီပြန် (၂) ချက်ကျော် မွန်းလွဲနေရဲ့အရှိန်စော်ကြောင့် အရည်အ သွေးညံ့ဖျင်းတဲ့ကတ္တရာလမ်းမဟာ အရည်ပျော်စပြုနေပြီ။ တခါတရံ ဖြတ်သွားတဲ့ကားဘီးများနဲ့ အရည်ပျော်ကတ္တရာတွေနဲ့ ကပ်ညှိပွတ်တိုက် မှုကြောင့်ဖြစ်ပေါ်တဲ့ ဖြိုးဖြိုးဖျစ်ဖျစ်မြည်သံဟာ ကိုဘလွင်အတွက် နွေဥတုရဲ့ညည်းတွားသံတစ်ခု၊ အမှတ်လက္ခဏာတစ်ခုလိုဖြစ်နေခဲ့ကြပြီ။ တချက်တချက် အမှတ်မထင်ဝေ့လာတတ်တဲ့ လေရူးလေးကြောင့် တဖြပ်ဖြပ်ခပ်သွားတဲ့ ညောင်ရွက်သံတွေနဲ့အတူ လေပူအေးလေးက ကိုဘလွင်ရဲ့ကွမ်းယာဆိုင်လေးကို ပွေ့ဖက်ကျီစယ်သွားတိုင်း နွေနေရဲ့အပူဒဏ်ကိုအာခံနိုင်ဖို့ အင်အားတချို့ရလိုက်စမြဲဘဲ။ ရွှေညောင်ပင် ကွမ်းယာဆိုရင် ရန်ကုန်အနောက်ခြမ်း လှိုင်မြစ်ကမ်းဘေးတလျှောက် လူတော်တော်များသိကြတယ်။ အထူးသဖြင့် ဆိုက္ကားသမား၊ တက္ကစီ နဲ့ ကားသမားတွေကြားမှာ နာမည်ရတယ်။ ကိုဘလွင် ထုံးဖောက်ကောင်းတာရော ဆက်ဆံရေးပြေပြစ်တာကြောင့်လို့ထင်ပါတယ်။သြဂုတ် ၂၇၊ ၂၀၁၂
ကိုဘလွင်ကွမ်းယာဆိုင်က လမ်းမနှစ်ခု အင်္ဂလိပ် အက္ခရာ (T) ပုံသဏ္ဍန်ဆုံတဲ့ လမ်းဦးတိုက်က ညောင်ပင်ကြီးအောက်မှာတည်ထားတာမို့ ရွှေညောင်ပင်ကွမ်းယာလို့ခေါ်ကြတာပါ။ အသိဗေဒင်ဆရာတစ်ဦးက အကြံပေးတဲ့အတိုင်း လမ်းဦးတိုက်မှာဆိုင်ဖွင့်ထားလို့ အန္တရာယ်ကင်း အောင် ကျားခေါင်းပုံပန်းချီကားချိတ်ထားလို့ ကျားဘလွင်လို့လဲ ရင်းနှီးသူတချို့ကခေါ်ကြတယ်။ တကယ်တော့ ကိုဘလွင် ဒီကွမ်းယာဆိုင် လေးဖွင့်ပြီးလုပ်ကိုင်စားသောက်နေတာ နှစ်ပေါင်း (၂၀) ကျော်ခဲ့ပြီ။ ဖျာပုံဇာတိ၊ ဧရာဝတီတိုင်းသား ကိုဘလွင်တယောက်သူ့မွေးရပ်မြေကို ကျောခိုင်းပြီး ရန်ကုန်မြို့ကြီးကို စွန့်စွန့်စားစားတက်လာတာ မိသားစုဘ၀လေး တိုးတက်စေချင်လို့ပါ။ သားလေးတစ်ယောက် မွေးလာတော့ လည်း နာမည်ကို "တိုးတက်လွင်" လို့မှည့်ပေးခဲ့တယ်။ ရန်ကုန်ရောက်စကတော့ ကြုံရာကျပမ်းအလုပ်လုပ်ရင်း ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတာ။အခုတော့ မိသားစုကို ဖူလုံအောင်ထမင်းကျွေးနိုင်တဲ့ကွမ်းယာဆိုင်လေးလည်းပိုင်ပြီ။ သားကြီး "တိုးတက်" လည်း တက္ကသိုလ်အဆင့် ကျောင်းမထားနိုင်ပေမယ့် အရပ်ထဲက ကားဝပ်ရှော့မှာအပ်ထားပြီး ကားပညာသင်ခိုင်းထားနိုင်တော့ ဘာပဲပြောပြော ငါ့ဘ၀တိုးတက်လာ တာဘဲလို့ ကိုဘလွင်တစ်ယောက် တွေးရင်းကျေနပ်နေမိတယ်။
မနေ့တည်းကမှာထားတဲ့အော်ဒါတွေလာယူရင် အဆင်သင့်ဖြစ်နေအောင် ရေဖန့်ဖန့်လေးစွတ် ထားတဲ့စွတ်ထားတဲ့ အ၀တ်ဖြူနဲ့အုပ်ထားတဲ့ ခြင်းကြားတဲက ကွမ်းရွက်နုနုလေးတွေကို အထပ်လိုက်ထုတ်ပြီး တစ်ရွက်ချင်း အညှာဖြတ်၊ အရွက်ဖျားတိနေတုန်း လျောခနဲ နောက်ဆုံးပေါ် ကားကြီးတစ်စီး သူ့ဆိုင်ရှေ့ကိုလွန်ပြီး ငြိမ့်ခနဲထိုးရပ်လာတာ သတိပြုမိလိုက်တယ်။ ကြည့်လိုက်တာနဲ့အဖိုးတန်ကားမှန်း သိသာပါတယ်။ တဖိတ်ဖိတ် ထနေတဲ့အရောင်ကလည်း တွေ့လေ့တွေ့ထရှိတဲ့ကားရောင်မျိုးမဟုတ်၊ အပြာလို့လည်းပြောမရ၊ ငွေမင်ရောင်လို့လဲမဆိုနိုင် ကြားရောင်မို့ ဓာတ်ပြာရောင်လို့ဘဲခေါ်ရမလားမသိဘူး။ ကားစက်သံဆိုတာ နှိုးထားမှန်းတောင် မသိနိုင်ဘူး။
အင်္ဂလိပ်စာမတတ်လို့ ကားအမျိုးအစားကို မဖတ်တတ်ပေမယ့် နီကယ်ရောင်တလက်လက်တောက်နေတဲ့ သစ်ကျုတ်တစ်ကောင်ခုန်အုပ်မယ့်ပုံ၊ ဖောင်းကြွရုပ်လုံးလေးက ကားနောက်ဖုံးပေါ်မှာ ခမ်းခမ်းနားနား လှနေတာတွေ့ရတယ်။ ကြည့်ကောင်းလို့ကြည့်နေတုန်း မောင်းသူ ဘက်က ကားရှေ့တံခါးဖွင့်လာပြီး ရှပ်အင်္ကျီဖြူ ဘောင်းဘီနက်နဲ့ ကားမောင်းသူဟာ ကိုဘလွင်ဆိုင်ဘက်လျှောက်လာတာတွေ့ရတယ်။ က တုံးစတောက်ကေနဲ့ အညာသားပုံပေါ်လွင်တဲ့ဒရိုင်ဘာက အနားရောက်လာတော့ "နှပ်ဆေးနဲ့ ၅၀၀ ဖိုးလုပ်ပေးပါ" "ရတယ် ဆရာ အာမွှေး လေးထည့်ချင်သေးလား" ကိုဘလွင်က နှပ်ဆေးဘူးကိုဖွင့်ရင်း ပြန်ပြောလိုက်တယ်။ "ဟာ…မထည့်နဲ့ သိပ်မွှေးလွန်းတော့ အုံနာက မကြိုက် ဘူး"
ယာပြီးစကွမ်းတစ်ယာကို ကိုဘလွင်ကကမ်းပေးလိုက်ရင်း "တစ်ယာလောက်ဝါးသွားမလား ဆရာ" "ဟာ မလုပ်နဲ့ အလုပ်ချိန်မှာ ကျွန်တော် ကွမ်းစားလို့မရဘူး" ဒရိုင်ဘာက ပြာပြာသလဲငြင်းဆန်ရင်း ကွမ်းယာဆိုင်ဘေးက ခုံတန်းလျားမှာဝင်ထိုင်လိုက်တယ်။ "ဆရာ့ကားက လှ လိုက်တာဗျာ တော်တော်အဖိုးတန်မယ်နော်" ယာပြီးသားကွမ်းယာတွေ ပလတ်စတစ်အိပ်သေးလေးထဲသိပ်ထည့်ရင်း ကိုဘလွင် မနေနိုင် မထိုင်နိုင် ချီးမွှမ်းလိုက်မိတယ်။
"ကားကအသစ်ဆိုတော့ တန်ဖိုးကတော့ကြီးတာပေါ့ဗျာ။ ခင်ဗျားတို့ ပြောင်ပြောင်မြင်တိုင်း ရွှေမထင်နဲ့ဗျ။ အတော်ဂဂျီဂဂျောင်ကျတဲ့ကား ကျုပ်ကားမောင်းလာတာ အနှစ် (၂၀) ကျော်ပြီ ဒီလောက်ဗွေဖောက်တဲ့ကား တစ်ခါမှမကြုံဖူးသေးဘူး" လို့ ကိုင်ထားတဲ့ဂျာနယ်နဲ့ ယပ်ခပ်အ အေးခံရင်း ကားဒရိုင်ဘာက ပြန်ပြောလာတယ်။ "အားပါး ကောင်းလိုက်တဲ့ကားကြီး တာဝတိံသာက ဦးမာတလိကြီးမောင်းတဲ့ကားကြီးပါ လားဗျာ" ပုခုံးပေါ်ကဖျင်တဘက်ပိုင်းလေးနဲ့ ချွေးသုပ်ရင်း သူ့ဆိုက္ကားကို ညောင်ပင်ရိပ်အောက်မှာထိုးဆိုက်ရင်း ဆိုက္ကားသမား ကိုနီတွတ်က ရောက်မဆိုက် ၀င်ပြောလာတယ်။
"လာပြန်ပြီနောက်တစ်ယောက် ဗြမ္ဗာကြီးဦးခေါင်းနဲ့တူတဲ့ ဒီကားရဲ့ဒုက္ခကို မောင်းနေရတဲ့ကျုပ်ကအသိဆုံးပါ။ အင်မတန်သောက်သက် တဲ့ကားဗျ။" အတော်ကြီးစိတ်ပျက်တဲ့မာန်နဲ့ ငြီးငြူနေတဲ့ ဒရိုင်ဘာကို ဆိုက္ကားသမား ကိုနီတွတ်က တအံတသြကြည့်ရင်း ပြန်မေးလိုက်တယ် "ဘယ်လိုသောက်သက်တာလဲဗျာ" ကိုနီတွတ်က ပြန်မေးလိုက်တယ်။ "ကားထဲမှာ ဘာမှန်းမသိတဲ့အလုပ်အများကြီး၊ သိုးဆောင်းစာတွေနဲ့ ရှုပ်ပွလို့ ခါးပါတ်မပတ်ရင်လည်း သိုးဆောင်းစကားတွေထွက်လာ နားရှုပ်မျက်စိရှုပ် ဦးနှောက်ခြောက်စရာ အတော်ကောင်းတယ်" " သိုး ဆောင်းစာနဲ့စကားဆိုတာ ဘာလဲဆရာ" ကိုနီတွတ်ထပ်မေးတာကို ကားဒရိုင်ဘာက "အဖြူကောင်တွေရဲ့စာနဲ့စကားကိုပြောတာ" လို့ပြန် ဖြေလိုက်တယ်။ "သြော် ဘိုစာနဲ့အင်္ဂလိပ်စကားကိုပြောတာ လား" ကိုနီတွတ်က လက်ကလေးနောက်ပစ် ခါးကိုင်းပြီး ကားအားကပ်ကြည့်ရင်း မေးလိုက်ပြန်တယ်။ "ဟုတ်တယ် ဒီကားပြဿနာမလုပ်တဲ့ရက် မရှိဘူး။ စ၀ယ်တုန်းကတည်းက အုံနာကို ကျုပ်ကပြောတယ်၊ နတ်ကွန်းသွား ပြပြီး အစဉ်အလာအတိုင်းလုပ်ဖို့ပြောတာ အယုံအကြည်မရှိဘူးတဲ့။ အခုတော့ဘာလုပ်ကြမလဲ။ မောင်းနေရင်း ထိုးရပ်ရင် ရပ်သွားတတ်တယ်။ ဒီကားညဉ်ကိုမကောင်းဘူး ပြဿနာတွေကအစုံပါဗျာ" ကားဒရိုင်ဘာက သူ့ကားအကြောင်း အတင်းအရှည်ပြောပြီး စိတ်ပေါ့ပါးသွားပုံရပြီး ကိုဘလွင်ကမ်းပေးလိုက်သည့် ကွမ်းယာထုပ်ကိုယူပြီး ကားပေါ်တက်သွားတော့တယ်။
"ကားအသစ်ကြီးက ဒီလိုဖြစ်တာ နားမလည်နိုင်ဘူးဗျာ" ကိုနီတွတ်ရဲ့မှတ်ချက်သံကို ကိုဘလွင် ပခုံးတွန့်ပြရင်း ကွမ်းယာခုံကို အ၀တ်သန့် လေးနဲ့ပွတ်တိုက်သန့်စင်နေမိတယ်။ တအောင့်လောက်ကြာတော့ ကားဒရိုင်ဘာက ကသုတ်ကရက်ကားပေါ်က ပြန်ဆင်းလာပြီး "ပြဿနာ လေးပြန်ပြီဗျို့ စက်နှိုးလို့မရတော့ဘူး။ ဒီအနီးနားတ၀ိုက်မှာ ကားဝပ်ရှော့လေးများရှိသလား" ကိုဘလွင်က ချက်ခြင်းပြန်ဖြေလိုက်တယ်။ "မိုးကားဝပ်ရှော့ဆိုတာရှိတယ်။ ခေါ်ပေးရမလား" "လုပ်ပါအုံးဗျာ အုံနာရဲ့သားကို လေးနာရီခွဲအမှီ ကျူရှင်သွားကြိုရမှာ။ မိုးဝပ်ရှော့ကိုသွား ခေါ်ပေးပါလား" ကိုဘလွင်က ကိုနီတွတ်ကိုလှမ်းပြောလိုက်တော့ "ခုချက်ခြင်းခေါ်လာခဲ့မယ်" လို့ပြောရင်း ကိုနီတွတ်သူ့ဆိုက္ကားကို နင်း ထွက်သွားတယ်။
သိပ်မကြာလိုက်ပါဘူး။ ကိုနီတွတ်ဆိုက္ကားနဲ့ ၀ပ်ရှော့ဆရာ ဦးလှဒင်နဲ့ ကိုဘလွင်သား တိုးတက်တို့ ရောက်လာကြတယ်။ ဆီဂျီးအလိမ်းလိမ်းနဲ့ စွတ်ကျယ်လက်စက၀တ်ထားတဲ့ ဦးလှဒင်နဲ့ ဂွနဲ့စပန်နာတွေထည့်ထားတဲ့ ညစ်ပေတူးပြီး အရောင်မပေါ်တော့တဲ့ ပတ္တူအိတ်ကိုကိုင်ပြီး ကုပ် ကုပ်လေးရပ်နေတဲ့ တိုးတက်ကိုကြည့်ပြီး ကားဒရိုင်ဘာက ခေါင်းတရမ်းရမ်း လုပ်နေတာတွေ့ရတယ်။ "ဘယ်လိုဖြစ်တာလဲ" ဦးလှဒင်ရဲ့ မေးခွန်းကို ကားဒရိုင်ဘာက တိုတိုဘဲပြောတယ် "စက်နှိုးလို့မရဘူး" "အင်ဂျင်လည်သံကြားရလား" လို့ထပ်မေးတော့ ဘာသံမှမကြားရဘူးလို့ ပြန်ပြောတယ်။ ကျုပ်တချက်ဝင်ကြည့်လိုက်အုံးမယ်လို့ပြောပြီး ကားတံခါးကိုဆွဲဖွင့်ဖို့ ကြိုးစားတော့ ဒရိုင်ဘာက ပြာပြာသလဲ "ဟေ့လူ တစ် ခါထဲဝင်တော့မှာလား" လို့မေးလိုက်တယ်။ ဦးလှဒင်က နားမလည်သလိုပြန်ကြည့်ပြီး "ဘာဖြစ်လို့လဲ" ပြန်မေးလိုက်တဲ့အခါ "ခင်ဗျားရဲ့ ညစ်ပေနေတဲ့ ဒီအ၀တ်အစားတွေနဲ့ ကားထဲဝင်ရင် ထိုင်ခုံတွေညစ်ပတ်သွားမှာပေါ့ဗျ" လို့ ဒရိုင်ဘာက စိတ်ဆိုးမာန်ဆိုးနဲ့ပြောလာတယ်။ "ဒါဆို ကျုပ်ဘာလုပ်ရမှာလဲ အ၀တ်အစားအသစ်ပြန်လဲရမှာလား" လို့ ဦးလှဒင်က အငေါ့ထူစကားဆိုလာတာနဲ့ ကိုဘလွင်လဲ မနေသာတော့ ဘဲ "ကဲပါဗျာ ကျုပ်ဆိုင်က သတင်းစာစက္ကူဟောင်းတွေ ခုံပေါ်မှာဖြန့်ခင်းပြီးဝင်ထိုင်ရင် ပေစရာအကြောင်းမရှိပါဘူး" လို့ ကြားချပေးလိုက်မှ အဆင်ပြေသွားတယ်။
ဦးလှဒင်လည်း ကားထဲဝင်ထိုင်ပြီး ဘာတွေလုပ်နေသလဲတော့မသိဘူး။ အတန်ကြာတော့ ခေါင်းလေးထွက်လာပြီး "မောင်တိုးတက်ရေ ငါ့ မျက်မှန်လေး" လို့ပြောတော့ သားတိုးတက်က အိတ်ကပ်ထဲ အသင့်ပါတဲ့မျက်မှန်ကို သူ့ဆရာဆီ တရိုတသေပေးလိုက်တယ်။ အဲဒီမှာ ကား ဒရိုင်ဘာက "၀ပ်ရှော့ဆရာ ခင်ဗျား ဘိုစာဖတ်တတ်သလား" လို့ မေးလိုက်တော့ ဦးလှဒင်က "မဖတ်တတ်ပါဘူးဗျာ" လို့ပြန်ဖြေတယ်။ "ဘာ ဖြစ်လို့မျက်မှန်လိုတာလဲ" လို့ထပ်မေးတယ်။ ဦးလှဒင်က ကားဘောနက်ဖုံးဖွင့်ဖို့ ခလုတ်ရှာနေတောလို့ပြောတော့ "ဟာဗျာ ခင်ဗျားကလဲ ဖယ်ဖယ် ကျုပ်ဖွင့်ပေးမယ်" လို့ပြောရင် ခလုတ်တစ်ခုကို လှမ်းနှိပ်ပေးလိုက်တယ်။
အဲဒါနဲ့ ဦးလှဒင်နဲ့သားတိုးတက်တို့နှစ်ယောက် ကားဘောနက်ဖုံးကိုဖွင့်ပြီး အင်ဂျင်ကို ကြည့်ကြနှိုက်ကြတယ်။ ဆယ်ငါးမိနစ်လောက်နေတော့ ဦးလှဒင် ကားခေါင်းထဲဝင်ထိုင်ပြီး စက်နှိုးကြည့်ပြန်တယ်။ အင်္ဂလိပ်လိုပြောတဲ့အသံလေးတွေ ထွက်ပေါ်လာပြီး "နှိုးမရဘူး" ကားပေါ်က ဆင်းလာပြီး ဦးလှဒင်က ကားဒရိုင်ဘာကိုလှမ်းပြောလိုက်တယ်။ "ခင်ဗျားကားက စက်ပိုင်းဆိုင်ရာ အားလုံးကောင်းတယ်။ လျှပ်စစ်ပိုင်း ဆိုင်ရာမှာ ပြဿနာရှိနေတယ်။ ဒီလိုဘီးအင်ဂျင်မျိုးကိုပြင်ဖို့ ကွန်ပျူတာနဲ့ကြည့်မှရမှာ" ဒီမှာတင် ကားဒရိုင်ဘာက "ဟာဗျာ စောစောကပြော ရောပေါ့ မပြင်နိုင်ဘူးဆိုရင်လဲ" ဗျစ်တောက်ဗျစ်တောက်ပြောရင်း သူ့မှာပါလာတဲ့ လက်ကိုင်ဖုန်းနဲ့ အလုပ်ရှုပ်နေတုန်း ဦးလှဒင်နဲ့သား တိုးတက်တို့လဲ အိတ်ကလေးဆွဲပြီး ပြန်ထွက်သွားကြတယ်။
နာရီဝက်လောက်နေတော့ အမိုးဖွင့်ဂျစ်ကားတစ်စီးနဲ့ စက်ပြင်ဆရာနှစ်ယောက်ထပ်ရောက်လာတယ်။ သူတို့ကတော့ ဦးလှဒင်တို့ထက် ပို သန့်ပြန့်တဲ့ တူညီဝတ်စုံတွေဝတ်ထားပြီး ကြိုးတန်းလန်းနဲ့ ကွန်ပျူတာစက်အသေးလေးတွေလဲ ပါလာတယ်။ ကားဒရိုင်ဘာနဲ့ အကျိုးအ ကြောင်းပြောဆိုပြီးတော့ ပါလာတဲ့ကိရိယာတွေနဲ့ ချိတ်ဆက်ပြီး ပြင်ဖို့ကြိုးစားကြပြန်တယ်။
ခဏနေတော့ စက်ပြင်ဆရာတစ်ယောက်က "ဘာဖြစ်တာလဲ မသိဘူး" ဆိုပြီး ချိတ်ထားတဲ့ ကွန်ပျူတာစက်လေးကို ပုတ်လိုက် နောက်ကျော မှာတပ်ထားတဲ့ဆော့ကတ်လေးကို ဖြုတ်လိုက် တပ်လိုက် ခလုတ်လေးတွေ နှိပ်လိုက်နဲ့လုပ်နေတုန်း နောက်ထပ်ကားသစ်ကြီးတစ်စင်း လျောခနဲ ထိုးဆိုက်လာတယ်။ "ဘာဖြစ်နေကြတာလဲ ကိုကြီးစိန်" လို့ ဒရိုင်ဘာကိုလှမ်းပြောပြီး စက်ပြင်ဆရာတွေလုပ်နေတောကို တဆက် တည်း လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ချက်ခြင်းဘဲ "ခင်ဗျားတို့လုပ်နေတာတွေ ရပ်လိုက်ပါ ကြိုးတွေဖြတ်သိမ်းလိုက်တော့" လို့ပြောရင်း "ခင်ဗျားဟာက ယူနီဗာဆယ်ဒိုင်ရာဂနော့တစ်တူး (စ်) မဟုတ်လို့ ကျွန်တော့်ကားကို ဖတ်လို့ရမှာမဟုတ်ဘူး ပြောပြန်တယ်" စက်ပြင်ဆရာ တွေ ပစ္စည်းသိမ်းပြီးတော့ သူ့ကားအကြောင်း သူကောင်းကောင်းသိပုံရတဲ့အုံနာက ကားထဲဝင်ထိုင်ပြီး ပါလာတဲ့သော့အပိုတစ်ချောင်းနဲ့ သော့ပေါက်ထဲ ထည့်လှည့်လိုက်တော့ စက်နှိုးသွားပါတော့တယ်။
"သားကိုကြိုဖို့ နောက်ကျနေပြီ။ ကျွန်တော်ပဲ သွားကြိုတော့မယ်။ ကိုကြီးစိန် ခင်ဗျားနောက်ကကားကိုသာ ပြန်မောင်းသွားတော့" လို့ပြောပြီး ထွက်သွားတော့တယ်။ ကိုကြီးစိန်ဆိုတဲ့ ကားဒရိုင်ဘာကလည်း ကိုဘလွင်ကို တစ်ချက်လှမ်းကြည့်ပြီး "တွေ့တယ်မဟုတ်လား ဒီကားက အဲ့သလိုဒုက္ခပေးတာ" လို့ပြောပြီး နောက်ကကားကို မောင်းထွက်သွားတော့တယ်။ ဆိုက္ကားသမား နီတွတ်က"အဲ့ဒါ နတ်ကွန်းမပြလို့ အပမှီ တာနေမှာ" လို့ ဘုမသိဘမသိ ၀င်ပြောလာတယ်။ "တောက်တီးတောက်တက် ကိုနီတွတ်ရယ် ဘယ်ကအပမှီရမှာလဲ ကားဒရိုင်ဘာ သူ့ ကားအကြောင်း သူမသိတာနေမှာပါ" လို့ ကိုဘလွင်ကပြန်ပြောလိုက်တုန်း "မယုံမရှိနဲ့ကိုဘလွင် ပိုင်ရာဆိုင်ရာတွေဆိုတာရှိတယ်" လို့ ပြောပြီး ကိုနီတွတ်လဲ ဆိုက္ကားနင်းပြီးထွက်သွားတော့တယ်။
ကိုဘလွင်လည်း ကွမ်းယာဆိုင်လေးရှေ့ ရေဖြန်းပြီး အမှိုက်လှည်းရင်း ဆက်ပြီးအတွေးနယ်ချဲ့မိနေတယ်။ ကားအသစ်ကြီးတွေနောက်ဆုံးပေါ်မော်ဒယ်ကားတွေ အီးအင်ဂျင်နဲ့ကားတွေချည်းဘဲအသစ်ဝင်လာရင် သားတိုးတက်တို့ရဲ့ မိုးကားဝပ်ရှော့မျိုးတွေ အလုပ်ရပါအုံးမလား။ အင်္ဂလိပ်စာကမတတ် ကွန်ပျူတာလဲနားမလည်တဲ့ ဦးလှဒင်တို့လိုစက်ပြင်ဆရာတွေ ဘယ်လိုဆက်ပြီးလုပ်စားကြမလဲ စဉ်းစားရင်း တွေးရင်း သားကြီးတိုးတက် ဘ၀အတွက် ရင်မောလာမိတယ်။ "အို ငါ့နှယ့် တစ်တီတူး မိုးပြိုမှာ ကြောက်သလိုမျိုးဖြစ်နေပြီ။ အီးအင်ဂျင်မဟုတ်တဲ့ ရိုးရိုးအင်ဂျင်နဲ့ကားတွေ ဗမာပြည်မှာ အများကြီးကျန်သေးတာဘဲ" လို့ ဖြေသိမ့်တွေးရင်း ဆိုင်ပေါ်ပြန်တက် ယာလက်စကွမ်းယာတွေ အပြီး သတ်ယာနေမိတော့တယ်။ လေပူအေးလေးတစ်ချက်အဝှေ့မှာ ညောင်ရွက်ဝါလေးတွေ တဖျောဖျော လမ်းမပေါ် ကြွေကျမစဲ နွေနေရဲ့ အပူ ဟာ ကိုဘလွင်ရင်ထဲက သောကအပူကို အနိုင်ယူနိုင်အားမရှိရှာတော့။
News & Media
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့်ထောက်ပံ့ရေးအစည်းဝေး ဒုတိယအကြိမ်မြောက်ကျင်းပ
မိုးမခမိတ်ဆွေ
သြဂုတ် ၂၇၊ ၂၀၁၂
သြဂုတ် ၂၇၊ ၂၀၁၂
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုနှင့် နိုင်ငံရေးအကျဉ်းသားများအားကူညီရေးအတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ၂၅-၈-၂၀၁၂-ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီတွင် မန္တလေးမြို့၊ ကံတက်ကုန်းမစိုးရိမ်တိုက်သစ်၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အစည်းဝေးသို့ ကံတက်ကုန်းမစိုးရိမ်တိုက်သစ် ဆရာတော်ဘဒ္ဒန္တတေဇောသာရ၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာ ယကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- အရှင်ဝီရသူ(မစိုးရိမ်)၊ ဆရာမင်းထက်ငြိမ်းချမ်း(စိမ်းရောင်စို)၊ ကိုမောင်မောင်ဦး (ဗကသ)၊ ဒေါ်နှင်းပပ(NLD)၊ ကိုရွှေသွေး (ဆရာဦးရွှေထူးသား) နှင့် နိုင်/ကျဉ်းဟောင်းများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြကြောင်း သိရ ပါတယ်။
ရှေးဦးစွာ ကံတက်ကုန်း မစိုးရိမ်တိုက်သစ် ဆရာတော်ဘဒ္ဒန္တတေဇောသာရ-နှင့် အရှင်ဝီရသူတို့က သြဝါဒစကားမိန့်ကြားပြီး ဆရာမင်း ထက်ငြိမ်းချမ်းက ပင်တိုင်ဆွေးနွေးကာ မူများချမှတ်ခြင်း၊ ဆိုင်ရာတာဝန်ခံများ ရွေးချယ်ခြင်း၊ တီရှပ်များ စတေကာများ ဖြန့်ချီရန် ဆွေးနွေး ခြင်းနှင့် အခြားလိုအပ်သောအစီစဉ်များကို အသေးစိပ်ဆွေးနွေးကြကြောင်း သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများအတွက် နိုင်/ကျဉ်းဟောင်းများက တစ်လလျှင် တစ်ထောင်ကျပ်စီ ပုံမှန်ထည့်ဝင် လှူဒါန်းသွားကြမှာဖြစ်ကြောင်း၊ အခြားစေတနာရှင် အလှူရှင်များ လှူဒါန်းနိုင်ရန် အလှူခံဖြတ်ပိုင်းများ ထားရှိသွားမှာ ဖြစ်ကြောင်း ထိုဘဏ္ဍာငွေပေါ်မူတည်ပြီး နိုင်ငံရေး အကျဉ်းသားများအား ကူညီရန် အရေအတွက်သက်မှတ်သွားမှာဖြစ်ကြောင်း၊ မန္တလေးနှင့် အထက်မြန်မာပြည်ရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့သွားမှာဖြစ်ကြောင်း၊ အိမ်ဝေးသူ၊ ထောင်ဝင်စာမလာနိုင်သူ၊ ကျန်းမာရေးမကောင်းသူများကို ဦးစား ပေး ကူညီသွားမှာဖြစ်ကြောင်း သိရပါတယ်။
အရှင်ဝီရသူ-ကျောင်းမှာ တစ်လတစ်ကြိမ် ပုံမှန်လှူဒါန်းသွားမှာဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားများ မိသားစုခရီးစရိတ် အတွက် အရှင်ဝီရသူက တာဝန်ယူထားကြောင်း သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့ကို နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မူတည်ဖွဲ့စည်းထားပြီး၊ နိုင်ငံရေး အကျဉ်းသားများလွတ် မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားများအား ကူညီရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေးစီအရေးတို့တွင် အားလုံးပါဝင်ရေး-ဟူသော ရည်ရွယ်ချက်သုံး ရပ်ဖြင့် ဖွဲ့စည်းထားကြောင်း သိရပါတယ်။
Thet Khaing - Poem
မလှတော့တဲ့တရား တနေရာမှာနားပါတော့လားကွယ်
သက်ခိုင်
သြဂုတ် ၂၇၊ ၂၀၁၂

ဟယ်
ပိုးစိုးပက်စက်
ဒီလို မျိုးရိုးပျက်တဲ့အခင်း
တို့
အရှက်ကိုတင်း
အသက်ကို ရင်းသင့်ရင်းရမယ်။
တကယ်
ဟုတ်တာတွေကို မသမာပြု
ယုတ်တာတွေကို ပမာမပြု
ဒါ
တို့ကိုစော်ကား
အော် မှောက်မှားနေလိုက်ကြတာများကွယ်။
အယ်
တောင်ပြောမြောက်ပြော
လျှောက်ပြောတိုင်း လူတို့မယုံ
တအုံတသင်းနဲ့
ဂုဏ်သတင်းပဲ့၊ ယုံခြင်းလည်းရွဲ့
အော်
သူတို့ကြုံရင်း (မျက်နှာ) မဲ့နေကြမယ်။
ညီလေးရေ
လရဲ့အချင်း
ကမ္ဘာအဆင်းအတွက်
ပြန်ထောက်ကွက်ရှု
ညမှ အသိအမှတ်ပြု
သူ ရင်အထုခံရဲတယ်။
လ မဟုတ်
မြ မဟုတ်
တရားစုတ်
ငါတို့ ဘာလုပ်ရမှာလဲ။
ဘယ်လိုပဲဖြစ်ဖြစ်
ဖြစ်ခြင်းပျက်ခြင်း
အသစ်တွေပေါ်လင်း
ဘဒ္ဒကမ္ဘာလည်း အပြစ်ကင်း
ဒါ
စကြာဝဠာထဲ လင်းရှင်းရမယ်။
ဒီလိုပေါ့ကွယ်
မလှတော့တဲ့တရား
တနေရာမှာ နားပါတော့လားကွယ်။
သက်ခိုင်
သြဂုတ် ၂၇၊ ၂၀၁၂

ဟယ်
ပိုးစိုးပက်စက်
ဒီလို မျိုးရိုးပျက်တဲ့အခင်း
တို့
အရှက်ကိုတင်း
အသက်ကို ရင်းသင့်ရင်းရမယ်။
တကယ်
ဟုတ်တာတွေကို မသမာပြု
ယုတ်တာတွေကို ပမာမပြု
ဒါ
တို့ကိုစော်ကား
အော် မှောက်မှားနေလိုက်ကြတာများကွယ်။
အယ်
တောင်ပြောမြောက်ပြော
လျှောက်ပြောတိုင်း လူတို့မယုံ
တအုံတသင်းနဲ့
ဂုဏ်သတင်းပဲ့၊ ယုံခြင်းလည်းရွဲ့
အော်
သူတို့ကြုံရင်း (မျက်နှာ) မဲ့နေကြမယ်။
ညီလေးရေ
လရဲ့အချင်း
ကမ္ဘာအဆင်းအတွက်
ပြန်ထောက်ကွက်ရှု
ညမှ အသိအမှတ်ပြု
သူ ရင်အထုခံရဲတယ်။
လ မဟုတ်
မြ မဟုတ်
တရားစုတ်
ငါတို့ ဘာလုပ်ရမှာလဲ။
ဘယ်လိုပဲဖြစ်ဖြစ်
ဖြစ်ခြင်းပျက်ခြင်း
အသစ်တွေပေါ်လင်း
ဘဒ္ဒကမ္ဘာလည်း အပြစ်ကင်း
ဒါ
စကြာဝဠာထဲ လင်းရှင်းရမယ်။
ဒီလိုပေါ့ကွယ်
မလှတော့တဲ့တရား
တနေရာမှာ နားပါတော့လားကွယ်။
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
mix.jpg)


.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)







