[mrsorcerer:28559] Fwd: [လူဗိုလ်ဟူသည် ...] သွေးဆေးကန် ခေါ်တွင်သည်မှာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/7/31
Subject: [လူဗိုလ်ဟူသည် ...] သွေးဆေးကန် ခေါ်တွင်သည်မှာ
To: lubo601@gmail.com




ပြောရင်လည်း ကြိုက်ကြမှာ မဟုတ်ဘူး။ စာဖတ်ခြင်း လေ့လာခြင်းတွေလည်း အလွန်ပဲ အားနည်းလာ ကြတယ်။ တစ်ထွာပြရင် တစ်တောင် မြင်တာမျိုး မဟုတ်တော့ဘဲ တစ်သံကြားရင် ဆယ်သံစာလောက် ချဲ့ကားပြောကြတယ်။ ဘာမှအဓိပ္ပာယ်မရှိတဲ့ ဗျုပ္ပတ်တွေ ထွင်လာကြတယ်။ လိုရာဆွဲတွေ ဆွဲရေးလာကြတယ်။ ရွှေတိဂုံဘုရားရှေ့ကကန်ကို သွေးဆေးကန်လို့ အလွယ်ခေါ်ကြတယ်။ ကျူးကျော်လာတဲ့ ရန်သူကို တိုက်ထုတ်ခဲ့လို့ ဓားမှာပေနေတဲ့ သွေးတွေကို ဆေးကြောခဲ့တဲ့ကန် လို့ ဇာတ်အသစ်တေ
ွ ထွက်လာတယ်။ လုပ်ဇာတ်ကို နားဆင်ရတာ အားတက်ချင်စရာ ဂုဏ်ယူချင်စရာ ပေမယ့် အမှားကို အမှန်လို့ ပိုပိုထင်လာမှာစိုးလို့ ထောက်ပြချင်တာ သက်သက်ပါပဲ။

၅၀။ သွေးဆေးကန် ခေါ်တွင်သည်မှာ။ သိင်္ဂုတ္တရကုန်းတော်ကို။ ဥက္ကလာပမင်းကြီးနှင့်တကွ။ ဘုရားတည်ရန် တောချုံများကို သုတ်သင်ယှင်းလင်းကြရာ။ ဗိုလ်ခြေတို့ ဖျားနာကြသောကြောင့်။ ၎င်းဖျားသော ဝေဒနာတို့မှ။ ပပျောက်ရန်။ သိကြားမင်းက ရေကန်ဖန်ဆင်း၍ သွေးဆေးများကို ခတ်ထားလေသည်။ ၎င်းကန်ကရေကို ဗိုလ်ခြေတို့ သုံးသောက်ကြရသဖြင့်။ အဖျားဝေဒနာ ကင်းယှင်းကြလေသည်။ ၎င်းကန်ကို သွေးဆေးခတ်သည်ကို စွဲး၍။ သွေးဆေးကန်ခေါ်တွင်ကြောင်း ပြောကြသည်။ ယုတ္တိယှိလှ၏။ ဘုရားသမိုင်းတွင်မဆို။ တလိုင်းဘာသာမဟုတ်။ မြမဿ္မာဘာသာ ခေါ်တွင်လေသည်။ [မှတ်ချက်။ ယင်းသွေးဆေးကန် ဆိုသည်မှာ ယခု သိမှတ်နေကြသော ရွှေတိဂုံဘုရား အရှေ့မြောက်မုခ် အာဇာနည်ဗိမာန်နားမှ ကန်ကြီး မဟုတ်ချေ။ သွေးဆေးကန်အစစ်မှာ။ အုတ်မဟာရံတံတိုင်း ကာထားသော။ ရေကန်ငယ်ကို ဆိုလိုသည်။ အမှတ် ၂၇ လည်းရှု။]

၂၇။ တိကုန်ဘုရားကြီးမြောက်ဘက်စောင်းတန်းအဆင်း။ ရေကန်ကို သွေးဆေးကန် ခေါ်ခြင်းသည် မဟုတ်။ နိမ့်ယှိုင်းသော ရှိုကြီးကို ကန်ဘောင် အရှေ့ဘက်က ဆည်းကာထားခြင်း ဖြစ်သည်။ ၎င်းကန်ကြီး မြောက်ဘက်ကုန်းသည်။ ရှေးက ကုဿိဿနာရုံဘုရား တည်ထားလျက် ယှိသည်။ ကုဿိနာရုံကြီးကုန်း။ ၎င်းအနောက်ဘက်က။ ကုဿိနာရုံကလေးကုန်းဟု ခေါ်တွင်လျက် ယှိသည်။ ယခု ဆင်ကုန်း ခေါ်ကြသည်။ သွေးဆေးကန်အစစ်မှာ။ အုတ်မဟာရံတံတိုင်း ကာထားသော။ ရေကန်ငယ်ကို ဆိုလိုသည်။

ကိုးကား။
ရန်ကုန်မြို့ကြီးတွင် ရှေးမြန်မာမင်းတို့ လက်ထက်တော်အခါက မြို့၏အခြေအနေ ရပ်စုရပ်ကွက်တို့ တည်ရှိသည်ကို ဖော်ပြခြင်းအကြောင်း၊ မှော်ဘီဆရာသိန်း၊ JBRS

ပြောရရင် သိကြားမင်းတွေ၊ မာတလိတွေ၊ ဝိသကြုံတွေလည်း အိန္ဒိယက ဂန္ထဝင် ဘာသာရေးဝတ္ထုတွေ အတော်လေး ဖတ်ခဲ့ဖူးလို့ အယုံအကြည်လည်း သိပ်မရှိပါဘူး။ အဲဒီအတွက် သိကြားမင်း လာဆေးခပ်တယ် ဆိုတဲ့ဟာကိုလည်း မယုံကြည်ပါဘူး။ ဒါပေမယ့် အထောက်အထားကို ယူတဲ့အခါ စာထက်၊ ပေထက်၊ ကျောက်ထက် ပါတဲ့ဟာများကိုသာ ပညာရှင်များ ဂရုပြုကြတာမို့ ဟိုးရှေးနှစ်ပေါင်း ၁၀၀ လောက်က ရေးခဲ့တဲ့ မှော်ဘီဆရာသိန်းကြီးစာနဲ့ အခုနောက်ပိုင်း လူတွေ တလွဲထင်နေကြတာကို ယှဉ်တွဲ လေ့လာစေချင်တာပါပဲ။ အနည်းဆုံးတော့ ဘာလို့သွေးဆေးကန် ခေါ်ရတာလဲဆိုတဲ့ အကြောင်းထက် အခုမြင်နေကြတဲ့ ကန်ကြီးက တကယ့်သွေးဆေးကန် မဟုတ်ဘူး ဆိုတာလောက်တော့ သိရတာပေါ့။ (မှတ်ချက်။ တချို့လည်း သွေးတွေ ချေးတွေ ဆေးရင်တော့ ဆေးခဲ့ကြမှာပေါ့ဗျာ။ ကျွန်တော်ပြောချင်တာ မူလရင်းမြစ်ကနေ ဘယ်သို့ဘယ်ပုံ ပြောင်းလဲသွားတတ်ပုံလေးပါ)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/01/2012 01:48:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ