[mrsorcerer:28579] နေပြည်တော် vs ဧရာဝတီ ယူနိုက်တက် ပွဲစဉ်သို့လာသော ရွှေစင်

နေပြည်တော် vs ဧရာဝတီ ယူနိုက်တက် ပွဲစဉ်သို့လာသော ရွှေစင်



အမည်ရင်း ရွှေစင်
အဖအမည် ဦးကျော်မြိုင်
အမိအမည် ဒေါ်ခင်ဝင်းကြည်
မွေးသက္ကရာဇ် သြဂုတ်လ ၂၁ ရက်
မွေးချင်း ၃ ယောက်
မွေးရာဇာတိ မန္တလေးမြို့

မော်ဒယ်ရွှေစင် ကို သြဂုတ်လ ၂၁ ရက် ၁၉-- ခုနှစ်တွင် တရားရုံးချုပ်ရှေ့နေ ဦးကျော်မြိုင်၊ မေမေဒေါ်ခင်ဝင်းကြည်တို့မှ မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။
မွေးချင်း(၃)ဦးအနက် အငယ်ဆုံးသမီးဖြစ်ပြီး အစ်ကို (၂)ဦးရှိသည်။ ပညာရေးအနေဖြင့် ဥပဒေမာစတာဘွဲနှင့် DBL တက်ရောက်ပြီးစီးခဲ့ပြီဖြစ်သ
ည်။

(သူကိုင်တဲ့ တယ်လီဖုန်း ဟမ်းဆက်ကအစ စီးတဲ့ ဇိမ်ခံကား အဆုံး အမေရိကန် ဒေါ်လာ သိန်းချီ အကုန်အကျခံ ၀ယ်ထားတဲ့ အကြောင်း
 လူသိရှင်ကြား ပြောခဲ့သူပါ။

သူနဲ့ပတ်သက်ပြီး နာမည်ကျော် သူဌေးကြီးတဦးက အစစ အရာရာ နိုင်ငံခြားဈေးဝယ်ထွက်တိုင်း အမေရိကန် ဒေါ်လာတွေ တထပ်ကြီး
 ပေးလေ့ရှိတယ်လို့လည်း နံမည်ကြီးတယ်။

သူ့ကို Lucky လေး လို့ ချစ်စနိုးခေါ်ပါသတဲ့။

နောက်တခုက သူက တကယ်လဲ အဲဒီစပွန်ဆာချစ်သူအတွက် ကံကောင်းခြင်းတွေ ယူဆောင်ပေးခဲ့၊ မပေးခဲ့တော့ ကာယကံရှင်ပဲ သိမှာပါ။
သူ ကစားပွဲသွားတိုင်း ရွှေစင်က အမြဲလိုက်ရသူလေးပါ တဲ့။ ရွှေစင်ပါတဲ့အတွက် အမြဲပဲ အနိုင်တွေ ရခဲ့လို့လား မသိဘူး။ (ဟိုတစ်လောကတော့
 ဒေါ်လာ သန်း၄၀ ရှုံးတယ်လို့ ၀ီးကလီးထဲမှာ ရေးထားတာ ဘယ်သဌေးလည်း မသိဘူး။ :P)

မနှစ်ကတော့ ရွှေစင်တယောက် ချစ်သူနဲ့ စကားများ ရန်ဖြစ်ရာကနေ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှာ ၁၉ ချက် ချုပ်လိုက်ရပါသတဲ့။

ဒီလောက် ပိုက်ဆံလည်း တတ်နိုင်ရဲ့သားနဲ့ ပြည်သူ့ဆေးရုံဘာကြောင့် တက်ရသလဲ ဆိုပြီး ပရိတ်သတ်က စိတ်ဝင်စားကုန် တာပေါ့။ တကယ်တော့ မှုခင်းသဘော သက်ရောက်သွားလို့ အဲဒီတုန်းက ပုဂ္ဂလိက ဆေးရုံမတက်ခဲ့တာပါ တဲ့။)

အနုပညာဘ၀အစ

မန္တလေးမြို့တွင် တစ်နှစ်နီးပါးခန့် မော်ဒယ်ပြုလုပ်ခဲ့သည်။ မန္တလေးမြို့တွင် အရီးတောင်းလက်ဖက်၊ ဗလာစာအုပ်၊ မိုးနတ်မယ်ပါတိတ်၊ ရွှေဆိုင်ကြော်ငြာတွေ
ရိုက်ကူးပြီး Step အင်္ကျီကြော်ငြာပြိုင်ပွဲအတွက်
ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။ ၂၀၀၉ ခုနှစ် တွင် ကျင်းပခဲ့သော Step Fashion Boy & Girl Model &
Photo Contest 2009 တွင် ၀င်ရောက်ယှဉ်ပြိုင်ရာမှ ဆုရရှိခဲ့ပြီး အနုပညာလောကသို့ စတင် ၀င်ရောက်လာခဲ့သူဖြစ်သည်


လက်ရှိ ရွှေစင့်အကြောင်း

လက်ရှိ ၀င်ငွေထက် ငွေကြေးသုံးစွဲမှု များနေသည့် တက်သစ်စ မော်ဒယ်လ်ရွှေစင်ကို ပြည်တွင်းဂျာနယ် များနှင့် အနုပညာ အသိုင်းအ၀န်းတွင်
 ဝေဖန် ပြောဆိုနေကြပြီး မည်သည့်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်နှင့
် ငြိစွန်းနေသည်ကိုလည်း သိချင် နေကြသည်။ "ဟန်းဖုန်းက LV တံဆိပ်
(Limited Edition) သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိမှာတော့ Branded တွေကို အကြိုက်များနေ တယ်။ Branded တွေကိုပဲ setလိုက် ၀ယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့အခါမှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။ ဈေးတခါဝယ်ရင် ဒေါ်လာ ၉ သောင်း နဲ့ ၁ သိန်းကြား သုံးဖြစ်ပါတယ်" ဟု မော်ဒယ်လ် ရွှေစင်က သြဂုတ်လ ၁၉ ရက်နေ့ထုတ် 7 day ဈေးဝယ်လမ်းညွှန် ဂျာနယ်တွင် ဖြေဆိုထားသည်။

သူ၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ သြဂုတ်လအတွင်း ဖြန့်ချိခဲ့သည့် The Crime ဂျာနယ်နှင့် အင်တာဗျူးတွင်လည်း "ဒီကိုလာစတုန်းက
မာ့ခ်တူး အလုံးလေးတွေကို သဘောကျနေတဲ့ အချိန်ဆိုတော့ မာ့ခ်တူး ၀ယ်ဖြစ်တယ်။ ရှုတင်သွားရင် ပစ္စည်းက အရမ်းများတော့ တစီးတည်းနဲ့
အဆင်မပြေဘူး။ ဒါနဲ့ နောက်တစီး ၀ယ်မယ်ဆိုပြီး စဉ်းစားလိုက်တော့ အဲဒီအချိန်မှာ မာစီဒီးကို အရမ်းကြိုက်နေတာနဲ့ မာစီဒီးပဲ ၀ယ်ဖြစ်သွားတယ်။
နောက်တစီးက စီလီယာ တူးဒိုးလေး။ ပြိုင်ကား ဒီဇိုင်းလေး ဆိုတော့ ညနေပိုင်း အရမ်းပင်ပမ်းနေရင် အမိုးလေးဖွင့်ပြီး စိတ်ပြေလက်ပျောက်
 မောင်းဖို့ ဝယ်လိုက်တယ်" ဟု ဖြေဆိုခဲ့သည်။

မော်ဒယ်လ်ရွှေစင်သည် မန္တလေးသူတဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် တွင် ကျင်းပခဲ့သော Step Fashion Boy & Girl Model & Photo Contest 2009 တွင်
ဝင် ရောက် ယှဉ်ပြိုင်ရာမှ ဆုရရှိခဲ့ပြီး အနုပညာလောကသို့ စတင် ၀င်ရောက်လာသူဖြစ်သည်။

ဂျာနယ်နှင့် မဂ္ဂဇင်း စာမျက်နှာများပေါ်တွင် အထက်ပါအတိုင်း ဖြေကြားခဲ့ပြီးနောက် ဝေဖန်ပြောဆိုမှုများ ပြင်းပြင်းထန်ထန် ပေါ်ထွက်လာခဲ့သည့်အပြင် တက်သစ်စ မော်ဒယ်လ်တဦးအနေနှင့် ယခုကဲ့သို့ သုံးစွဲနိုင်ခြင်းကြောင့် မြန်မာနိုင်ငံမှ မော်ဒယ်လ်များ၊ သရုပ်ဆောင်များ ၀င်ငွေ ကောင်းနေပြီလား ဟု
Weekly Eleven ဂျာနယ်တွင် ရေးသားထားသည်ကိုလည်း တွေ့ရသည်။

Weekly Eleven ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးက " တိုင်းပြည်က ဆင်းရဲနေတယ်။ တိုင်းပြည်မှာရှိတဲ့ လူတော်တော် များများက ငွေကို
ဒီလောက်အထိ မသုံးနိုင်ဘူး။ လူတော်တော်များများက တနေ့စာ တနေ့ကို အနိုင်နိုင် ရှာဖွေနေရတဲ့ အချိန်မှာ ဒီလိုစကားမျိုး ပြောတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ကြွားပဲပြောပြော၊ ဘာပဲပြောပြော ရေးသားဖော်ပြတဲ့လူက နောက်ကွယ်က အကြောင်းကို သိကို သိမှရမယ်။ မြန်မာနိုင်ငံရဲ့ သရုပ်ဆောင် မော်ဒယ်လ်လောက ရဲ့အခြေအနေကို အားလုံးသိပြီးသားပါ" ဟု ယင်းဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။

"တက်သစ်စ မော်ဒယ်လ်တယောက်က မြန်မာငွေ သိန်း ဆယ်ဂဏန်းတောင် သုံးဖို့ဆိုတာ မလွယ်သေးပါဘူး။ ဒီအခြေ အနေမှာ သူ့အနေနဲ့
ဒီလောက်သုံးနေတယ် ဆိုတာတွေ ဖြေထားတော့ ဒီဝင်ငွေက ဘယ်ကရနေလည်း ဆိုတာ လူစိတ်ဝင်စားစရာ ပို ဖြစ်လာစေတယ်" ဟု နာမည်ကြီး
ဓာတ်ပုံဆရာ တဦးက ပြောသည်။

မြန်မာပြည် အနုပညာလောကတွင် ရုပ်ရည်ချောမောသည့် အနုပညာရှင်သစ်များ ပေါ်ထွက်လာပါက ငွေကြေးထောက်ပံ့မည့် စီးပွားရေး လုပ်ငန်းရှင်
(စပွန်ဆာ) ကြီးများ ပေါ်ထွက်လာတတ်သည်။ "နာမည်ကြီးပြီး ရုပ်ချောတဲ့ မော်ဒယ်လ်တို့၊ မင်းသမီးတို့ ပေါ်လာပြီဆို ငွေတတ်နိုင်တဲ့ စီးပွားရေးသမားတွေက
အရင် လာ ကြတာ။ ဒီလောကထဲ စ၀င်တာ အချိန်ဘယ်လောက်မှ မရှိသေးဘူး၊ ငွေတွေ ဒီလောက် သုံးနေတယ်ဆိုတော့ တော်ရုံ စီးပွားရေး လုပ်ငန်းရှင်တော့
မဟုတ်ဘူး။ ဒါကြောင့် အချိန် ခဏအတွင်းမှာ ငွေသုံးတာက အစ၊ ဖုန်းဆိုလည်း တော်ရုံ ၀ယ်လို့မရတဲ့ ဟာမျိုးတွေ ၀ယ်ပေးထားတာလို့ သိရတယ်" ဟု
 ပြည်တွင်း ဂျာနယ်လောကမှ ၀ါရင့်သတင်းထောက်တဦးက ဆိုသည်။

မော်ဒယ်လ်ရွှေစင်သည် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တဦး၏ ငွေကြေးထောက်ပံ့မှုကို ခံနေရကြောင်းပြည်တွင်း ဂျာနယ်လောကမှ
သတင်းထောက်တဦးက ဆိုသည်။

"မော်ဒယ်လောက ဆိုတာလည်း သိတဲ့အတိုင်း အကပ်မရှိရင် ပေါက်ဖို့ မလွယ်ဘူး။ ပိုက်ဆံ မရှိရင် လုပ်ဖို့မလွယ်ဘူး။ အေဂျင်စီနဲ့ ချိတ်ထားလို့ ကိုယ့်ကိုခေါ်ရင် သောင်းဂဏန်းလောက်တော့ ရတာပေါ့။ ဒါကြောင့်လည်း ထောက်ပံ့ပေးမယ့် လူတွေ ရှာကြတာ" ဟု မိတ်ကပ်လိမ်းသည့် အလှဖန်တီးရှင်
တဦးက ပြောသည်။

"မော်ဒယ်လ်လောကမှာ ရှိတဲ့ လူတိုင်းကိုတော့ ဒီလို လုပ်စားနေတယ်လို့ မပြောချင်ပါဘူး။ အနုပညာကို စိတ်ဝင်စားပြီး မော်ဒယ်လ် လောကထဲ
ဝင်လာတဲ့သူတွေ ရှိပါတယ်။ ခက်တာက မြန်မာပြည် မော်ဒယ်လ် ဈေးကွက်ကလည်း နိုင်ငံတကာလောက် မကျယ်ပြန့်ဘူး။ ရတဲ့ ငွေကြေးနည်းတယ်။
ပွဲတခုမှာ ပါမယ်ဆို ကိုယ်ကတောင် ပြန်စိုက်ရမယ့် အနေအထားတွေ ရှိနေတော့ ငွေချမ်းသာတဲ့ သူတွေရှာပြီး ပျက်စီးကြတာများတယ်" ဟု နာမည်ကြီး
 မော်ဒယ်လ်အေဂျင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

(www.myanmar-ccg.org မှ ကူးယူဖော်ပြပါသည်)

(Ref: Nay Pi Taw Football Club FB page, wikimyanmar, irrawaddy blog)


--
Ƭнαиκƨ, 

                         \\\ ///
                       /        \
                      | \\    // |
                    ( | (.)  (.) | )
 ---------------o00o-- (_)--o00o---------------
        
======ஜ۩۞۩ஜ=======
◄██▓░
  Ѧя Ƨσяcɛяɛя  ░▓██►
         ======ஜ۩۞۩ஜ=======

 
-------------ooo0---------------------------------
               (   )        0ooo
                \ (          (   )
                 \_)         )  /
                             (_/


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ