---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/7
Subject: [လူဗိုလ်ဟူသည် ...] ငါသည် ငြိမ်သက်စွာ စောင့်ဆိုင်းလျက်
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/08/2012 12:34:00 AM
From: Blogger <no-reply@blogger.com>
Date: 2012/8/7
Subject: [လူဗိုလ်ဟူသည် ...] ငါသည် ငြိမ်သက်စွာ စောင့်ဆိုင်းလျက်
To: lubo601@gmail.com
by Zay Ya on Tuesday, August 7, 2012 at 6:35am ·
ငြိမ်သက် တိတ်ဆိတ် စွာ ထိုင်၍ စိတ်အာရုံ တို့ ၏ ကစားမြူးထူး ချယ်လှယ်သမျှ စေ့စေ့ စောင့်ကြည့် နိုင်ရန် တိုက်တွန်းပါသည်။ ယင်း အခါတိုင်း ၌ တစ်စ တစ်စ ပျော်ဝင် ပျောက်ကွယ် နေသည့် မိမိ သန္တာန် ကိုသာ မြင်တွေ့ရမည် ချည်း ဖြစ်သည်။ အညွှန်းဘောင် အနားသတ် တို့ ပါးလျှကုန်သည်။
သိစိတ် သက်သက် ၏ ကြည်လင်နေသော အဖြစ် သာ ထင်လင်း ကျန်ရစ် ခဲ့သည်။ ထိုသို့မျှ မဟုတ်ဘဲ - မိမိ အရေပြား တစ်ထောက် အတွင်း အဘယ် အကြောင်း နှင့် အချုပ်နှောင် ခံနေကြ ရပါသနည်း။ လူသည် ဤ ခန္ဓာကိုယ် တွင်း - တစ်လံမျှ အပိုင်းအခြား တစ်ခုတည်း၌ ရှိနေသည် မဟုတ်ပေ။ ၎င်းထက် ပိုသာ သော အဖြစ် သည် မြင်နိုင်သူ တို့ အတွက် စောင့်ဆိုင်း နေကြသည် ချည်း ဖြစ်သည်။ သင့် ကိုယ်ပိုင် ရတနာ သည် သင့်ကိုယ်တွင်း မှာသာ ရှိပါသည်။ မိမိ၏ ဝင်ရောက် ရှာဖွေ နိုင်စွမ်း ပေါ်တွင်သာ မူတည် သည်။ တစ်နည်း --- ယင်း ဝင်ရောက် ရှာဖွေ နိုင်သမှုကို "ဘာဝနာ" ဟု ဆိုရပါလျှင်၊ ဘာဝနာ အားဖြင့်သာ မိမိတို့ ရတနာဆီ ဆိုက်ရောက် နိုင်သည်။ ဘာဝနာ အားဖြင့်သာ အချိန်ကာလ ၏ အညွှန်းဘောင်ကို နောက်တွင် စိတ်ချလက်ချ ချန်ထား ခဲ့နိုင်သည်။
ဘာဝနာ မရှိ ခဲ့ပါလျှင် သင်သည် အချိန်ကာလ ၏ တစ်စိတ် တစ်ပိုင်းမျှ ထက် ဘာမှ မပိုပေ။ အချိန်ကာလ အတွင်း ဝင်ရောက် နေသည့် သင်၏ အဖြစ် သည် အဘယ်မှာ အဆုံးသတ် ပါမည်နည်း။ စင်စစ် - သေခြင်းတရား ၌ သာ အဆုံး ကမ္ပတ် တည်ရှိ၏။ သေခြင်းတရား သည် သင် နှင့် ကျွန်ုပ်တို့ ကြိုးစား ပမ်းစား ဆောက်လုပ် ခဲ့ကြသည့် အရာရာတိုင်းကို သဲအိမ်များ သဖွယ် အလွယ် တကူ တိုက်စား သွားလိမ့်မည်။
ဆင်းရဲသား ၏ တဲအိမ်ငယ် ကို ဖျက်ဆီးချရန်လည်း အလွယ်တကူ အစွမ်း ရှိသကဲ့သို့၊ သေခြင်းတရား သည် မင်းဧကရာဇ် တို့၏ ခမ်းနားသော နန်းဆောင် များ ကို လည်း ချေဖျက် ချရန် အစွမ်း ရှိသည်။ သူတောင်းစား ကိုလည်း လွယ်လင့်တကူ ခေါ်ယူ သွားမည် ဖြစ်သကဲ့သို့၊ မင်းစိုးရာဇာ တို့ကိုလည်း ချမ်းသာ မပေး၊ ခေါ်ဆောင် သွားလိမ့်မည်ချည်း။ ဖျက်ဆီး ပစ်ချခြင်း တည်း ဟူသော နိဂုံး အဆုံးသတ်ပြုရာတွင် သေခြင်းတရားသည် ကျွမ်းကျင်သော ၊ တတ်ပွန်သော ဆရာတစ်ဆူ ဖြစ်၏။ သူ ဆောင်ရွက်သည့် အမှု၌ - မည်သည့် မျက်နှာ ကိုမျှ ငဲ့ကွက်နေမည် မဟုတ်ပေ။ ထို့ကြောင့် - သူ့ကို မလို၊ ကျဉ်လိုသော သင်နှင့် ကျွန်ုပ်တို့ အဖို့ သူ ကျက်စားသော နယ်ပယ်ကို ဂရုပြုရန် လိုပါသည်။
သူ ကျက်စားသော နယ်ပယ်သည် အခြားမဟုတ်။ "အချိန်ကာလ" နှင့် "နေရာဒေသ" ဟူသော အညွှန်းဘောင် များ အတွင်းသာ ဖြစ် သည်။ သူတိုက်စား ဖျက်ချ သွားနိုင်သည်မှာ ယင်း ကန့်သတ်ချက် ဘောင်များ အတွင်း၌သာ ဖြစ်သည်။ အချိန်ကာလ ၏ အညွှန်းဘောင် အတွင်း တွယ်ညိ နေသမျှ အရာ အားလုံး ကို အဆုံးသတ် ပျက်သုဉ်း ဖြိုချပစ်ရန် သူသည် ပုန်းခို စောင့်ဆိုင်း လျက် ရှိသည်။ အညွှန်းဘောင် အတွင်း ပျော်မြူး မေ့လျော့နေကြသည့် အရာရာ တိုင်းကို မကြာသော ကာလတွင် ပျော်ပျော်ကြီး ဖျက်ဆီး ပစ်ရန် မျက်စေ့ ဒေါက်ထောက် ရှုကြည့် လျက် ရှိသည်။
လူသည် ၎င်း ကျက်စား ပျော်မွေ့ရာ အညွှန်းဘောင်ကို သူ မဦးခင် ကတည်းက ချေဖျက်ချ နိုင်စွမ်း ရှိပါ၏။ ယင်း အစွမ်းသည် မည်သည့် ကာလ၊ မည်သည့် ဒေသ၊ မည်သို့သော အခြေအနေ အောက်၌ မဆို - သင့်ကိုယ်တွင်း ၌သာ အထီးတည်း တည်ရှိ သည်။ သင်၏ ငုပ်လျိုး ဝင်ရောက် နိုင်သည့် အဖြစ် ကို၊ သင်၏ ဆိတ်ငြိမ် နိုင်သည့် အဖြစ်ကို ငြိမ်သက်စွာ စောင့်ဆိုင်းလျက် တည်ရှိသည်။
....................
Photo Credit: Vertical Here-Now
....................
August 7th 2012 at 7:54 PM
....................
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/08/2012 12:34:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ