- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:28899] Fwd: Thet Tant Cho
---------- Forwarded message ----------
From: သက်တန့်ချို.....
Date: Wednesday, August 8, 2012
Subject: Thet Tant Cho
To: snsoenaing4@gmail.com
Thet Tant Cho
________________________________
ဝါးခြင်းတောင်းနဲ့ရေခပ်ခြင်း
Posted: 07 Aug 2012 12:57 AM PDT
ဝါးခြင်းတောင်းနဲ့ရေခပ်ခြင်း
တစ်ခါတုန်းက မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးရွာလေးမှာ အတူနေတဲ့ မြေးအဖိုး နှစ်ယောက်ရှိကြတယ် ။ မနက်တိုင်း မှာ အဖိုးဖြစ်သူက ထမင်းစားပွဲမှာထိုင်လို့ သူ့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တရားစာအုပ်ကြီးကို ဖတ်နေလေ့ရှိ တယ် ။ မြေးဖြစ်သူကလည်း အဖိုးဖြစ်သူကို အားကျပြီး အဖိုးဖြစ်သူလုပ် တဲ့အတိုင်း လိုက်လုပ်လေ့ ရှိတယ် ။
တစ်နေ့မှာ မြေးဖြစ်သူကမေးတယ် ။ " အဖိုး ကျွန်တော်လည်း အဖိုးလို တရားစာအုပ်ကိုဖတ်ချင်ပါတယ် ဒါပေ မယ့် ကျွန်တော်နားမလည်ဘူးဖြစ်နေတယ် ပြီးတော့ နားလည်တဲ့အရာလေးတွေကလည်း စာအုပ်ပိတ် လိုက်ပြီဆို တာနဲ့ မေ့မေ့သွားတယ် တရားစာအုပ်ကို ဖတ်လို့ ဘာကောင်းကျိုးတွေရတာလဲ " အဖိုးဖြစ်သူက တိတ်ဆိတ်စွာပဲ မီးဖိုထဲ ကို ကျောက်မီးသွေးတွေထည့်နေရာက လှည့်လိုက်တယ် ပြီးတော့ မြေးဖြစ်သူကိုပြောတယ် ။
" ဒီကျောက်မီးသွေးထည့်တဲ့ ၀ါး ခြင်းတောင်းကို ယူသွား မြစ်ထဲမှာ ရေတွေခပ်ပြီး ပြန်သယ်လာခဲ့ပါ "
မြေးဖြစ်သူက အဖိုးခိုင်းတဲ့အတိုင်း လုပ်ခဲ့တယ် ။ ဒါပေမယ့် သူအိမ်ကို ပြန်မရောက်ခင်မှာပဲ ၀ါးခြင်းတောင်းကနေ သူ ခပ်လာတဲ့ရေတွေအကုန်လုံးထွက်ကျပြီး ရေမပါပဲပြန်လာခဲ့ရတယ် ။ အဖိုးဖြစ်သူက ရယ်မောပြီး ပြောတယ် ။ " နောက်တစ်ခါ ခပ်မြန်မြန်လေး ခပ်ပြီး ပြေးလာပေါ့ ငါ့မြေး " ပြီးတော့ နောက်ထပ်တစ်ခါ ရေခပ်ဖို့ မြေးဖြစ်သူကို ထပ်ခပ်ခိုင်းလိုက်တယ် ။ဒီတစ်ကြိမ်မှာတော့ေ ကာင်လေးဟာ မြန်မြန်ပြေးတယ် ဒါပေမယ့် လည်း အိမ် မရောက်ခင်မှာ ၀ါးခြင်းတောင်းထဲက ရေတွေထွက်ကျပြီး ဘာမှ မပါလာခဲ့ဘူး ။ အမောဖြေပြီးတဲ့အခါ သူ့အဖိုးဖြစ် သူကို ပြောတယ် ။ " ၀ါးခြင်းတောင်းနဲ့ ရေကိုခပ်ဖို့မဖြစ်နိုင်ဘူး " အဲဒီလိုပြောပြီး ၀ါးခြင်းတောင်းကို လွှတ်ချ လို့ ရေခပ်ဖို့ ရေပုံးသွားရှာခဲ့တယ် ။ အဖိုးဖြစ်သူကပြောတယ် ။
" အဖိုးက ရေပုံးနဲ့ခပ်တဲ့ ရေကို လိုချင်တာမဟုတ်ဘူးမြေးရဲ့ ၀ါးခြင်းတောင်းနဲ့ ခပ်တဲ့ရေကိုလိုချင်တာပါ ငါ့မြေးလုပ်နိုင်ပါတယ် မင်း သေသေချာချာ ခက်ခက်ခဲခဲမကြိုးစားလို့ပါ " ပြီးတော့ မြေးဖြစ်သူကို ၀ါးခြင်းတောင်း နဲ့ပဲ ထပ်ပြီးကြိုးစားစေခဲ့တယ် ။
အဲဒီအချိန်မှာ မြေးဖြစ်သူက ဒါဟာ မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့တယ် ။ ဒါပေမယ့် သူ ဘယ်လောက် ထိ မြန်မြန်ပြေးပြီး ခက်ခက်ခဲခဲ ကြိုးစားတာတောင် ရေတွေထွက်ကျတယ်ဆိုတာ သိအောင် အဖိုးဖြစ်သူ ကိုပြချင်ခဲ့တယ် ။ ဒီလိုနဲ့ မြေးဖြစ်သူဟာ မြစ်ဆီကို သွားပြီး ရေ ကို အမြန်ခပ် ခါတိုင်းထက်ပိုမြန်အောင်ပြေးပြီး အဖိုးဆီကိုပြန်လာခဲ့တယ် ။ ဒါပေမယ့်လည်း ၀ါးခြင်းတောင်းထဲမှာတော့ ဘာရေမှ ရှိမနေခဲ့ဘူး ။ အမောဖြေပြီးတဲ့အခါ အဖိုးဖြစ်သူကိုပြောတယ် ။ " အဖိုး တွေ့ပြီလား ဒါဟာ အသုံးမ၀င်ဘူးဆိုတာ " " ဒါက အသုံးမ၀င်ဘူးလို့ မြေးထင်သလား " အဖိုးဖြစ်သူကမေးတယ် ။ ပြီးတော့ ဆက်ပြောတယ် ။ " ခြင်းတောင်းကို ကြည့်လိုက် "
ကောင်လေးက ၀ါးခြင်းတောင်းကို ကြည့်တယ် ပြီးတော့ ပထမဆုံးအကြိမ်သူနားလည်လိုက်တာက ၀ါးခြင်းတောင်းဟာ အနည်းငယ်ကွဲပြားခြားနားနေခဲ့တယ်ဆိုတာကိုပဲ ။ အရင်က ကျောက်မီးသွေးတွေ သယ်ထား လို့ ညစ်ပတ်ပေရေနေတဲ့ ၀ါးခြင်းတောင်းဟာ အခုတော့ သစ်လွင်တောက်ပြောင်နေခဲ့တယ် ။
" ငါ့မြေး ဒါဟာ မင်းတရားစာအုပ်တွေဖတ်တဲ့အခါ ဘာတွေ ဖြစ်လာမလဲဆိုတဲ့အဖြေပါပဲ မင်းဟာ အကုန်လုံး ကိုနားလည်ချင်မှ နားလည်လိမ့်မယ် ဒါမှမဟုတ် အကုန်လုံးကို မှတ်မိချင်မှ မှတ်မိလိမ့်မယ် ဒါပေမယ့် မင်း တရားတော်တွေကို ဖတ်လိုက်တဲ့အခါ မင်းရဲ့ ညစ်နွမ်းနေတဲ့ အတွင်းပိုင်း စိတ်သဏ္ဍာန် ဟာ ပြောင်း လဲဖြူစင် သွားပါလိမ့်မယ် "
--------------------------------------
မြတ်စွာဘုရားက ကျွန်တော်တို့ကို တရားတော်တွေနဲ့ယဉ်ကျေးလိမ္မာအောင် လမ်းမှန်ရောက်အောင် ပို့ဆောင်ပေး ခဲ့တယ် ပြီးတော့ တဖြည်းဖြည်း တရားဓမ္မနဲ့နီးစပ်လို့ အမှန်တရားကို ထိုးထွင်း သိမြင်နိုင်တဲ့ သူဖြစ်အောင် လမ်းပြပေးခဲ့တယ် ။ မြတ်စွာဘုရားဟာ ဖန်ဆင်းရှင်မဟုတ်ပါဘူး ဒါပေမယ့် လူသားအားလုံးကို အကောင်း ဆုံး အမှန်တရားကို ပြသပေးနိုင်တဲ့ " လမ်းပြသူ " ဖြစ်ပါတယ် ။
နေ့တိုင်းနေ့တိုင်းအနည်းငယ် လောက်ဖြစ်ဖြစ် တရားဓမ္မတွေကို လေ့လာဖတ်ရှုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ညစ်နွမ်းခက်ထန်နေတဲ့ အတွင်းစိတ်တွေဟာ တရားဓမ္မတွေရဲ့အနှစ်သာ ရတွေကြောင့် ပျော့ပြောင်းဖြူစင် လာပါ လိမ့်မယ် ။
သက်တန့်ချို
The Bible and the Old Wicker Coal Basket အားဘာသာပြန်ခံစားသည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
You are subscribed to email updates from သက်တန့်ချို.....
To stop receiving these emails, you may unsubscribe now. Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ