[mrsorcerer:28903] [Richard Aung] မြန်မာနိုင်ငံရှိ အီဂျစ် သံရုံးရှေ့ ဆန္ဒပြမှု ဖြစ်ပွားခြင်း မရှိ

The Voice Weekly:
မြန်မာနိုင်ငံရှိ အီဂျစ် သံရုံးရှေ့ ဆန္ဒပြမှု ဖြစ်ပွားခြင်း မရှိ

ရန်ကုန်၊ သြဂုတ် ၇

အီဂျစ်နိုင်ငံ ရှိ မြန်မာသံရုံး အလံကို ဖြုတ်ချကာ မီးတင်ရှို့ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ ၇ရက်နေ့ (ယနေ့) နေ့လယ် တစ်နာရီတွင် မြန်မာနိုင်ငံရှိ အီဂျစ်နိုင်ငံ သံရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ်မည့် သတင်းများ ထွက်ပေါ် ခဲ့သော်လည်း အမှန်တကယ် ဆန္ဒ ဖော်ထုတ်မှု ဖြစ်ပေါ်ခြင်း မရှိခဲ့ကြောင်း တွေ့ရှိရသည်။

"အလံကို မီးရှို့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အီဂျစ်သံရုံး ရှေ့မှာ ဆန္ဒ ဖော်ထုတ်မယ်လို့ သတင်းထောက် တစ်ယောက်က ဖုန်း ဆက်လို့ သွားတာပါ။ ဘယ်သူမှလဲမလာဘူး" ဟု 7 Days သတင်းဂျာနယ်မှ သတင်းထောက်တစ်ဦးဖြစ်သူ ဦးဥက္ကာကိုကို က ဆိုသည်။

အီဂျစ်သံရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ်မည့် သတင်းများ ထွက်ပေါ်နေစဉ် နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦး၏ အင်တာနက် လူမှုစာမျက်နှာတွင် ဗီယင်နာ သဘောတူညီမှုအရ လက်မှတ်ထိုးထားသော နိုင်ငံတိုင်းသည် ထိုတိုင်းပြည် အတွင်းရှိ သံရုံးအတွင်းသို့ ဝင်ရောက်ခွင့်မရှိ။ ထို့ပြင် မည်သည့် အခြေအနေတွင် မဆိုဖျက်ဆီးခြင်း၊ တိုက်ခိုက်ခြင်းမှ ကာကွယ် ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

"တိုင်းပြည် တစ်ပြည်သည် သူ့နိုင်ငံ အခြေစိုက် သံရုံးကို ကာကွယ်ပေးရန် တာဝန်ရှိသည်။ ယနေ့တွင် အီဂျစ်နိုင်ငံ ရှိ မြန်မာသံရုံး အလံအား ဖြုတ်ချကာ မီးတင်ရှို့ခဲ့သည် " ဟု ၎င်းစာမျက်နှာတွင် ထပ်မံ ဖော်ပြထားသည်။

သြဂုတ်လ ၃ရက်နေ့က အွန်လိုင်းတွင် တွေ့ဆုံသော လူငယ်များ စုစည်းကာ နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာအရေး သဘော ထား ထုတ်ပြန်ချက် ကိုထောက်ခံသော အနေဖြင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံးရှေ့ တွင် ဆန္ဒဖော်ထုတ်မှု ဖြစ်ပေါ်ခဲ့သည်။

(Sent via Seesmic http://www.seesmic.com)



--
Posted By အောင်မျိုးကျော် to Richard Aung at 8/08/2012 10:39:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ