[mrsorcerer:28940] [Richard Aung] မုံရွာ အလုပ်ရုံ ဆွေးနွေးပွဲ သမ၀ါယမ ဝန်ကြီး ပွဲကြမ်း၍ပျက်

The Voice Weekly:
မုံရွာ အလုပ်ရုံ ဆွေးနွေးပွဲ သမ၀ါယမ ဝန်ကြီး ပွဲကြမ်း၍ပျက်

မုံရွာ၊ သြဂုတ် ၆

မုံရွာမြို့တော်ခန်းမ တွင်သြဂုတ်လ ၅ ရက်နေ့ က ကျင်းပ ပြုလုပ်ခဲ့သည့် လယ်ယာကဏ္ဍ နှင့် သားငါးဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲတွင် သမဝါယမ ဝန်ကြီး ဦးအုန်းမြင့် က စီးပွားရေး ပညာရှင် တစ်ဦး၏ ဝေဖန်ပြော ဆိုမှုကို ပြန်လည် စိန်ခေါ်သည် ပြောကြားမှုများ အပြီး အလုပ်ရုံ ဆွေးနွေးပွဲ ပျက်သွားခဲ့ကြောင်း ယင်းအစည်းဝေး တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြား သည်။

၎င်း စီးပွားရေး ပညာရှင်မှာ အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် အစိုးရ ဝန်ကြီးများ၏ ဆောင်ရွက်မှုများကို ဝေဖန် ပြောကြားသဖြင့် ၀န်ကြီးက ယင်းသို့ စိန်ခေါ် ပြောကြားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မုံရွာမြို့၊ မြို့တော် ခန်းမ ၌ နံနက်၈ နာရီတွင် ပြုလုပ်သည့် ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး၊ သမ၀ါယမ ၀န်ကြီး၊လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်း ဝန်ကြီးများ အပါအ၀င် လုပ်ငန်းရှင်များ၊ လယ်သမား ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြောင်း သြဂုတ်လ ၆ ရက်နေ့ မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၃ တွင် ဖော်ပြ ထားသည်။

တန့်ဆည်သား စီးပွား/ကူးသန်း ၀န်ကြီး ဦးဝင်းမြင့်က အခမ်းအနားကို ဦးခင်မောင်ညို ( ဘောဂဗေဒ)ကို အလွတ် သဘော ခေါ်လာတယ်။ သူက ဝန်ကြီးတွေ ပြောအပြီး ထုံးစံအတိုင်း ရိတိတိ ပြောသွားတယ်။ အဲဒါကို သမ၀န်ကြီးက ပြန်တွယ်တာ အဲဒီကနေ စဖြစ်တာပဲ တဲ့။ နေ့လည် ၂ နာရီကျော်မှာ အခမ်းအနား ပျက်သွားတယ် ဟု အစိုးရ ဌာနများနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောသည်။

ယင်းနေ့က အစည်းအဝေးသည် အလုပ်ရုံ ဆွေးနွေးပွဲ ခေါင်းစဉ် တပ်ထားသော်လည်း ဟောပြောပွဲ နှင့် တူနေကြောင်း စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင် တစ်ဦးတည်းက ၁နာရီကြာ မိန့်ခွန်း ပြောသွားကြောင်း ဌာနဆိုင်ရာများနှင့် အစည်းဝေး တက်ရောက်သူ များက ပြောကြားသည်။

မြန်မာနိုင်ငံ သမဝါယမ စနစ် ကိုဝေဖန် ပြောဆိုသူ စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)ကို သမ၀ါယမ ဝန်ကြီး ဦးအုန်းမြင့် ကသူသည် ၁၈ နှစ်သား ကတည်းကတပ်မတော်သို့ ဝင်ရောက်ခဲ့သူ ဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီးများဟု အမည် မတပ်ဘဲ သမ ဝန်ကြီးဟု အမည်တပ် ပြော နိုင်ကြောင်း ပြန်လည် စိန်ခေါ်ခဲ့ ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ အစိုးရ သတင်းစာတွင် ယင်းကိစ္စကို ဖော်ပြခြင်း မတွေ့ရကြောင်း ယင်းနေ့ တွင် ဆွေးနွေးသည့် လုပ်ငန်းရှင် အချို့မှာ အမှန်တကယ် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ၎င်းတို့က The Voice weekly သို့ပြောကြားသည်။

ယင်းနေ့က စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က အစိုးရ ဖော်ဆောင်နေသော အပြောင်းအလဲ သည် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ရောက်လာခြင်း သာ ထင်ထင်ရှားရှား မြင်ရကြောင်း အခြား အကြောင်းရာများမှာ ပြောင်းလဲခြင်း ရှိသည်ကို မတွေ့ရကြောင်း ဝေဖန် ပြောဆို ခဲ့သည်။

(Sent via Seesmic http://www.seesmic.com)



--
Posted By အောင်မျိုးကျော် to Richard Aung at 8/08/2012 10:39:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ