- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:28994] Fwd: Thet Tant Cho
---------- Forwarded message ----------
From: သက်တန့်ချို.....
Date: Saturday, August 11, 2012
Subject: Thet Tant Cho
To: snsoenaing4@gmail.com
Thet Tant Cho
________________________________
ကျွန်တော်နှင့် နှစ်ပိုင်းတစ်ပိုင်း
Posted: 10 Aug 2012 08:45 PM PDT
ကျွန်တော်နှင့် နှစ်ပိုင်းတစ်ပိုင်း
အလုပ်ကိစ္စတွေနဲ့ ခေါင်းမဖော်နိုင်တာကြောင့် အခု ၂ ရက်လောက်အတွင်း ဘာစာမှ မရေးဖြစ်ခဲ့ဘူး ။ အမှန်တော့ လွန်ခဲ့တဲ့ ၂ ရက်လောက် အိမ်ကိုပြန်တော့ လမ်းမှာ ကြုံရတဲ့အတွေ့အကြုံလေးကို မျှဝေချင်လို့ပါ ။ အခု မှ အလုပ်လေးနည်းနည်းပါးတုန်း ရေးဖြစ်ခဲ့တယ် ။
အဲဒီနေ့က မိုးက သည်းထန်စွာ ရွာသွန်းလို့ ကောင်းကင်တစ်ခုလုံးမည်းလို့နေတယ် ။ လေကလည်း အရမ်း တိုက်တော့ ကျွန်တော်လည်း ထုံးစံအတိုင်း ဘောင်းဘီရှည်လေးအသာလိပ်တင် ကားဂိတ်ကို ထီးလေးဆောင်းလို့ ထွက်လာခဲ့တယ် ။ အချိန်က ည နေ ၅ နာရီ ၄၀ မိနစ်လောက် ။ နွေရာသီဆို ငါးနာရီလေးဆယ်မိနစ်ဆိုတာ လင်းတုန်းရှင်း တုန်း ကာလပေါ့ ။ မိုးတွင်းလိုအချိန်မှာတော့ ငါးနာရီကျော်တာနဲ့ မှောင်စပြုလာပြီ ။ ဆယ်မိ နစ်လောက်ကားဂိတ်မှာစောင့်ပြီးတဲ့အခါ ကျွန်တော်စီးနေကြ ၄၃ အထူးကားကြီး ၀ူးကနဲထိုးရပ်လာပါတော့တယ် ။ ဒါနဲ့ ကိုယ်လည်းဝမ်းသာအားရ ကားပေါ်တက်ခဲ့တယ် ။ အဲဒီအချိန်မှာ ကံဆိုးတာလားကံကောင်းတာလားမသိ ၂ ယောက်ခုံ တစ်ခုံလွတ်နေခဲ့တယ် ။ အဲဒီမှာ ၀င်ထိုင်ပြီးဟိုဟို ဒီဒီတွေးရင်း ငေးနေ တုန်းနောက် တစ်မှတ် တိုင်လောက်မှာ လူတစ်ယောက်တကျွန်တော့်ဘေးဝင်ထိုင်တယ် ။ အသက်က ၃၀ ကျော်လောက် ရှိမယ် ထင်တယ် ။ ဗလကြီးကလည်း ဟက်နေရောဗျာ ။ ဒီလူတော်တော် ကစားထားပုံပဲလို့တွေးမိသေးတယ် ။ စိတ်ထဲ ကတောင် ကြိတ်ပြီးအားကျနေတာ ။ ကိုယ်က ဖလံလေးကိုး ။
ဒီလိုနဲ့ ဆူးလေ ယောက်လမ်း ဗဟန်း ၃ လမ်းအဲဒီလောက်ထိ ဘာမှမထူးသေးဘူး ရွှေဂုံတိုင်နားရောက်တော့ ကိုယ့်လူတို့ သိပါတယ်ကားကလည်းသိပ်ကြပ်တယ်မဟုတ်လား ။ ဒီတော့ ကားပေါ်တက် လာတဲ့လူတွေ ကလည်း အ များကြီး အထူးကားကြီးပေါ် ကြပ်ပိတ်သိပ်နေတာ ရေးရတာများလွန်းလို့ အဲဒီအကြောင်း မရေးတော့ ဘူး ။ (တစ်ခါတုန်းက ကျွန်တော်နှင့်၄၃ အထူး ဆိုပြီးဆောင်းပါးရေးဖူးတယ် ဖတ်ချင်သူများ ဘလော့ထဲမှာ ရှာဖတ်ကြပါ ) အဲဒီလိုနဲ့ ကံဆိုးချင်တော့ ကျွန်တော်တို့ကားအနောက်ပိုင်းက မီးချောင်းက ပျက်သွားရောဗျာ ။ မှောင်သွားတာပေါ့ ။ အဲဒီမှာ ဇတ်လမ်းကစတော့တာပဲဗျို့ ။ ဘေးက ဗလ ကြီးက ပထမဆုံး ကျွန်တော့် ပေါင်ကို သူ့လက်နဲ့လာ ထိသဗျ ။ ပထမတော့ အော်ကားစီးရင်းအမှတ်တမဲ့ ထိတာပဲလေဆိုပြီး နေလိုက်တယ် ။ သိပ်မကြာဘူး ကျွန်တော့်ပေါင်ကို သူ့လက်နဲ့အပေါ်ကနေဆုပ်ကိုင်လိုက်တယ် ။ " ဟင် .. " အဲဒီမှာတင် ကြက်သီးမွှေးညှင်း ရှိသမျှ တကိုယ်လုံးအမွှေးတွေ ထောင်တက်ကုန်ပါရောဗျို့ ။ ဆံပင်မွှေးတို့ ဘာတို့ပြောပါတယ် ။ အဲဒီတော့ မှ သူ့ကိုကြည့်လိုက်တော့ အောင်မငီး " အပုန်းကြီး " ဗျာ တကယ့်ကို အပုန်းကြီး ။ ထင်တောင်မထင်ဘူး ။ ကျွန်တော့်ကို ရီဝေေ၀ မျက်လုံးနဲ့စိုက်ကြည့်နေလိုက်တာများ အခုထိ တွေးရင်းတောင် ကြည်သီးထတယ် ။ ကျွန်တော်လည်းချွေးတွေပျံလာပြီး ဘယ်လိုလုပ်ရပါ့မလဲစဉ်းစားတယ် ။
ပေါင်ကိုင်ယုံလောက်ဆို အင်းလေ ထားပါတော့ ငါ့ဘ၀တော့မပျက်သေးပါဘူးတော့ ။ ကိုယ့်လူရေ မရဘူးဗျို့ ဒီအပုန်းကြီး ကျွန်တော့်ဖက်ကို တိုးတိုးလာယုံသာမက သူ့လက်က ကျွန်တော့်ပေါင်ရင်းရောက်တော့မယ် အခြေအနေက သိပ်မကောင်းလှဘူး ။ဒီတော့ကျွန်တော်လည်း ခပ်တည်တည်နဲ့ ဟောက်လိုက်တယ် ။ တိုးတိုးတိတ်တိတ်ပေါ့ ။ " ဟေ့လူ ဒါဘာလုပ်တာလဲ " " မောင် ..မကြိုက်ဘူးလားဟင် " တဲ့ အောင် မငီး အောင်မငီး ကျုပ်ကို မောင်တဲ့ အရပ်ကတို့ရေ ကားပေါ်ကသာခုန်ချလိုက်ချင်တော့တယ် မသေရဲသေး လို့ ပေါ့ ။ သူက သူ့စာအုပ်တွေ ကိုင်ထားတဲ့ဖိုင်နဲ့လက်ပေါ်အုပ်ထားတော့ တခြားလူတွေက ဘယ်သိပါ့မလဲဗျာ ။ ကိုယ်က သာ ခံစားနေရဲ့ကောင်ကိုး ။ ကျုပ်မှာသာ ဆင်းမယ့်မှတ်တိုင်မြန်မြန်ရောက်ပါစေဆုတောင်းနေရတယ် ။ ပြီးတော့ ဒီအပုန်းကြီးက သူ့ဗလကြီးနဲ့တခါတခါ အိပ်ချင်ယောင်ဆောင်ပြီး ပေါင် ကိုလည်းကိုင် ထားသေး တယ်ကျုပ်ပခုံးကိုလည်း မှီထားလိုက်သေး အား....ဆိုးလိုက်တဲ့ဘ၀ ဗျာ ။ အဲဒီတော့မှ သေချာကြည့်မိ တာ အောင် မလေး ခြေသည်းလက်သည်းတွေတောင်ဆိုးထားသေးသဗျ ။ ပြီးတော့ အပုန်းကြီးက တိုးတိုးလေးမေးတယ် " မောင် ဘယ်မှာ ဆင်းမှာလဲတဲ့ " အောင်မလေး မြတ်စွာဘုရား ကျုပ်အိမ်ကိုတောင် သူကလိုက်ဦးမလို့လားမသိ ။ မဖြစ်ချေ ဘူးငါတော့ ဆင်းရမယ့်မှတ်တိုင်မရောက်ခင်ဆင်းမှဖြစ်မယ်လို့တွေးလိုက်တယ် ။
ကျုပ်သူ့လက်ကြီးကို ဖယ်ဖို့ ကျုပ်လက်နဲ့ဆွဲထုတ်တယ်မရဘူးဗျို့ သံလိုက်နဲ့ သံကပ်နေသလိုပဲ ။ အဲဒီအချိန်ဗျာ လူတစ်ကိုယ်လုံးအေးစက်ပြီး ကျုပ်ဘယ်လောက်ကြောက်နေမလဲ စဉ်းစားကြည့် ။ ကျုပ်ဗျာ ရန်တွေဘာတွေ လည်းဖြစ်ဘူးပါတယ် လူမိုက်ကြီးတွေဆိုတဲ့ရပ်ကွက်ထဲကလူတွေနဲ့လည်းတွေးဖူးပါတယ် ။ ဒါပေမယ့် အဲ ဒီလောက် မကြောက်မိပါ ဘူးဗျာ တကယ်ပါ ဒီအပုန်းကြီးနဲ့ကျမှ ကျောရိုးထဲ စိမ့်ဝင်ရလောက်အောင်ကြောက် တာပါကလား ။ ကျုပ်အသက်က သူ့လက်ထဲမှာ မဟုတ်လား ။ တလွဲမတွေးကြနဲ့ဦး ကျုပ်အရှက်ကို ပြောတာ အာ ပိုဆိုးကုန်ပါပြီ ။ ထားတော့ ဒါနဲ့ " ကျုပ်ဟာကျုပ်ဘယ်ဆင်းဆင်းခင်ဗျားနဲ့ဘာဆိုင်လဲ " ဆိုပြီးကျုပ်လည်း အဆင်း ကုန်းရုန်း ထပြီးဆင်းရမယ့်မှတ်တိုင်မရောက်ခင်ဆင်းလိုက်တယ် ။ ဟူး...အခုမှ လွတ်ပြီလို့တွေးပြီး အနောက် ကိုကြည့် လိုက်တော့ " အပုန်းကြီး " အောင်မလေး ကျုပ်နောက်လိုက်လာသဗျ ။ ဟာ ငါ ဒီတစ်ခါတော့ တကယ်ရေတိမ်နစ်ရှာပြီ သူနဲ့ကျုပ်က ဓါတ်တိုင်တစ်တိုင်အကွာမှာ ဆင်းလိုက်တဲ့မှတ်တိုင်ကလည်း မီးတွေ ပျက်နေတယ် ။ မိုးကလည်း သည်းသည်းလေး ဘေးနားမှာလည်းခြုံပုတ်တွေနဲ့လူကလည်းပြတ် ။ ဘုရားဘုရား ...
အဲဒီမှာ ကျုပ်ကြောင်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ တက်စီလည်းငှားမရ သွားရမယ့်မှတ် တိုင်ကလည်း လိုသေး တယ် ဒီတော့ ကျုပ်ကြံရာမရဖြစ်နေတုန်း ဆိုက်ကားတစ်စီး တွေ့လိုက်တယ် ။ ဘယ်ရမလည်း ကျုပ်လည်းအား ရ၀မ်းသာပြေးတာပေါ့ ဆိုက်ကားသမားဆီ ။ ပြီးတော့ ဘာမှမပြောပဲတက်ထိုင် နင်းနင်း..မြန်မြန်နင်း ...ဆို ပီး ပြောလိုက်တာ ဆိုက်ကားသမားလည်း ခြေဦးတည့်ရာစွတ်နင်းတော့တာပဲ ။ အပုန်းကြီး ကတော့မျက် ရည်တွေ ၀ဲလို့ ကြေကွဲနေရှာရော့မယ် ။ မတတ်နိုင်ဘူးဗျို့ ကျုပ်လည်း ဘယ်လို ဘယ်ပုံအိမ်ပြန်ရောက် ခဲ့မှန်းတောင် မသိတော့ပါဘူး ။
တကယ်ဗျာ ကျုပ်ဘ၀မှာ အပုန်းတွေနဲ့ ဘယ်လိုအကျိုးပေးမှန်းမသိ ။ ငယ်ငယ်တုန်းက အကြောင်းတွေ အချိန်ရ ရင် ပြန်ရေးပြ ချင်သေးတယ် ။ အခုတော့ ခဏနားကြဦးစို့း)
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
You are subscribed to email updates from သက်တန့်ချို.....
To stop receiving these emails, you may unsubscribe now. Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ