[mrsorcerer:28995] Fwd: စနေ၊ တနင်္ဂနွေမှာဖတ်စရာ - ဆရာမ ဒေါ်ခင်နှင်းစိုး၏ သုတဆောင်းပါးများ



---------- Forwarded message ----------
From: Myanmar Network <mail@myanmar-network.net>
Date: 2012/8/10
Subject: စနေ၊ တနင်္ဂနွေမှာဖတ်စရာ - ဆရာမ ဒေါ်ခင်နှင်းစိုး၏ သုတဆောင်းပါးများ
To: "lubo601@gmail.com" <lubo601@gmail.com>


ဆရာမ ဒေါ်ခင်နှင်းစိုး၏ သုတဆောင်းပါးများ

ချင်းမိုင်တက္ကသိုလ် မှ ဆရာမ ဒေါ်ခင်နှင်းစိုး, BEng (Brunel University - UK), MSc (Nanyang Technological University - Singapore), MEd (University of Western Australia - Australia) ၏ "နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုရင်"၊ "ပညာယူသည် ဆိုရာဝယ်"၊ "ပြောင်းလဲနေသော ကျမ၏ စာအုပ်စင်" နှင့် "သင်တန်းတက်ရတာ ကိုယ့်အတွက် အကျိုးရှိဖို့" သုတဆောင်းပါး များကိုဖတ်ရှုနိုင်ပါပြီ။"


နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုရင်

ကျမ အသက် ၁၂ နှစ်မှာ မိဘများနှင့် စင်္ကာပူနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ပြီး နိုင်ငံခြားဆိုတာနှင့် စတင်ရင်းနီးခဲ့သည်။ အသက် ၁၇ နှစ်အရွယ်ကစပြီး ကနေဒါနှင့် အင်္ဂလန်နိုင်ငံတို့တွင် တစ်ယောက်တည်း ကောလိပ်နှင့် တက္ကသိုလ်သွားတက်တော့၊ နောက်ထပ်နိုင်ငံခြားသို့ ရောက်ခဲ့ပြန်သည်။ နိုင်ငံခြားဆိုသည့်အတိုင်း ကျမရင်ဆိုင်ရတာတွေက အပြောင်းအလဲ အသစ်အဆန်းတွေ ဖြစ်နေခဲ့သည်။

ရောမရောက်ရင် ရောမလိုကျင့်ရမယ် ဟု လူတွေပြောလေ့ရှိကြသည်။ အတိုင်းအတာတခုအထိ မှန်သည်။ သူများနိုင်ငံရောက်မှတော့ ကိုယ်က လူထူးလူဆန်းလို တသီးတခြားဖြစ်နေလျှင် ပတ်ဝန်းကျင်သစ်မှာ နေသားတကျဖြစ်ဖို့ ခဲယဉ်းသည်။ ပတ်ဝန်းကျင်သစ်များက ကျမတို့ အတွေးအခေါ်များ၊ အနေအထိုင်များအပေါ် အတိုင်းအတာတခုအထိ လွှမ်းမိုးတာတွေကို သေချာဆန်းစစ်ရမည်။ အဓိကက ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေအပေါ် စဉ်းစားဆင်ခြင် သုံးသပ်တာလုပ်ပြီး၊ စုံလုံးကန်း မျောပါမသွားဖို့ပင်။ ဆက်လက်ဖတ်ရှုပါရန် 

ပညာယူသည် ဆိုရာဝယ်

သင်ယူနေရတာတွေ ဘာမှ အသုံးဝင်မှာမဟုတ်ပါဖူး၊ စာမေးပွဲအောင်ရင် ပြီးတာပဲဆိုသော စိတ်မျိုးတွေထားလျှင် တက္ကသိုလ်မှာ သုံး-လေးနှစ်တက်လိုက်ရပြီး ဘာမှ မတတ်မြောက်ပဲ ဖြတ်သန်းလိုက်ရမှာ ဖြစ်သည်။ ငယ်တုန်းအချိန်မှာတော့ ဘွဲ့ရလျှင် ပြီးတာပဲဟု စိတ်မျိုး ထားကောင်း ထားကြမည်။ သို့သော် နောင်တချိန် ကိုယ့်တက္ကသိုလ်ကျောင်းသားဘ၀ကို ပြန်ကြည့်သောအခါ သုံး-လေးနှစ် အချိန်ဆိုတာ ဘွဲ့စာရွက်တရွက် ရဖို့ပဲလားဟု နှမြောတသ ဖြစ်ကောင်း ဖြစ်မိလိမ့်မည်။ ထိုကြောင့် ဘယ်လို ပညာရေးစနစ်အောက်မှာဖြစ်ဖြစ် ပညာယူတယ်ဆိုတာ ကိုယ်ကဘယ်လို အမြင်မျိုးထားလဲဆိုတာပေါ် အများကြီး မူတည်သည်။ ဆက်လက်ဖတ်ရှုပါရန် 

ပြောင်းလဲနေသော ကျမ၏ စာအုပ်စင်

လူအမျိုးမျိုးက အကြောင်းအမျိုးမျိုးကြောင့် စာဖတ်ကြသည်။ တချို့က စာအုပ်တွေနှင့် စိတ်အပန်းဖြေတတ်သလို၊ တချို့က လူအထင်ကြီးအောင် စကားလုံးကြီးကြီးတွေ ထုတ်သုံးနိုင်ဖို့ စာဖတ်ကြသည်။ တချို့ကတော့ ဗဟုသုတ ရချင်သောကြောင့် စာဖတ်ကြသည်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်စေ ကျမတို့ ဘယ်လိုစာအုပ်ကို ရွေးချယ်ဖတ်တယ်ဆိုတာ ကျမတို့ ဖြတ်သန်းနေရသော အခြေအနေများ၊ ပတ်ဝန်းကျင်များနှင့် သက်ဆိုင်နေသည်။ ဆက်လက်ဖတ်ရှုပါရန် 

သင်တန်းတက်ရတာ ကိုယ့်အတွက် အကျိုးရှိဖို့

ယခုခေတ် မြန်မာနိုင်ငံမှာ လူအများစုက သင်တန်းမျိုးစုံ တက်ကြသည်။ တချို့သင်တန်းတွေက အခကြေးငွေ ပေးရသလို၊ တချို့တွေက အဖွဲ့အစည်းတွေ၊ ကိုယ့်အလုပ်ဌာနတွေက အခမဲ့ စီစဉ်ပေးတာမျိုးဖြစ်သည်။ သင်တန်းတက်ရသော အကြောင်းပြချက်များကိုကြည့်လျှင် ပညာယူချင်လို့၊ လက်တွေ့တတ်ချင်လို့၊ သူငယ်ချင်းတွေတက်လို့ လိုက်တက်ဖြစ်တာ၊ လက်မှတ် (certificate) ရချင်လို့၊ မိဘတွေ အလုပ်ရှင်တွေက တက်ခိုင်းလို့ စသဖြင့် ကွဲပြားကြသည်။

ကျမတက်ခဲ့သောသင်တန်းများမှာ တချို့က ကိုယ့်ဘာသာ ရွေးချယ်ပြီး တက်ခဲ့သလို၊ တချို့ကျတော့ ကျမအလုပ်ဌာနမှ တက်ခိုင်းသောကြောင့် တက်ရတာဖြစ်သည်။ ကိုယ်ရွေးချယ်တာမဟုတ်ဘဲ တက်ရသော သင်တန်းမျိုးမှာတော့ ကိုယ့်အချိန် အလဟဿမဖြစ်အောင်၊ ကိုယ့်အတွက် တခုခု အကျိုးရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို ကျမ ထည့်သွင်းစဉ်းစားသည်။ အထက်လူကြီးက တက်ခိုင်းလို့ တက်ရင်ပြီးတာပဲ ဆိုတာမျိုးလုပ်လျှင် သင်တန်းအတွက် ပေးလိုက်ရသော ကျမတို့အချိန်တွေက နှမြောစရာကောင်းသည်။ နောက် ကိုယ့်အတွက် ဘာမှရမည်မထင်သော သင်တန်းမှာ အနည်းဆုံး တစ်နေကုန်လောက် ထိုင်နေရဖို့ကိုလည်း ကျမ အလွန်ဝန်လေးသည်။ ဆက်လက်ဖတ်ရှုပါရန်

 

Visit Myanmar Network at: http://www.myanmar-network.net/?xg_source=msg_mes_network

 
To control which emails you receive on Myanmar Network, click here


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ